ဧပြီလခေါင်းစဥ် | နိုင်ငံသားဖြစ်ခြင်း

ငါတို့ကျင့်သောအကျင့်မူကား ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ – ဖိလိပ္ပိသြဝါဒစာ ၃:၂၀

သခင်ယေရှု၏နောက်တော်လိုက်များသည် လောကကမ္ဘာနှစ်ခု၏နိုင်ငံသားများဖြစ်သည်။ ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် “ကောင်းကင်ဘုံနှင့် စပ်ဆိုင်”ကြပြီး ယခုတွင်မူ ဤလောကနှင့်စပ်ဆိုင်သူများ ဖြစ်သည်။ သို့သော် ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်ခြင်းကြောင့် ဤလောက၏တာဝန်ဝတ္တရားများ မထမ်းဆောင်အောင် အဟန့်အတား မဖြစ်ရပါ။ ဤလောက၌ ကျွန်ုပ်တို့ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်မှုကို မည်သို့ဖော်ပြအသက်ရှင်မည်နည်း။

ခေါင်းဆောင်များအတွက် ဆုတောင်းပေးခြင်း“ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကို ပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်း ပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။” (၁ တိ ၂:၁-၂)

အုပ်ချုပ်သူမင်းအာဏာပိုင်များကိုဝန်ခံခြင်း “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်း ကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင်၊ မင်း အာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။” (ရော ၁၃:၁)

ကဲသာနှင့်ဆိုင်သောအရာကို ကဲသာအားပေးပါ“ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။” (မ ၂၂:၂၁)

အသရေတင့်တယ်သော အသက်တာဖြင့် ဘဝရှင်သန်ပါ“ခပ်သိမ်းသောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။” (၁ ပေ ၂:၁၇)

သခင်ယေရှု၏နောက်တော်လိုက်များသည် လောကကမ္ဘာနှစ်ခု၏နိုင်ငံသားများဖြစ်သည်။

ဆင်းရဲသားများကို စောင့်မခြင်း၊ အားနည်းသူကို မစခြင်း၊ ဖိနှိပ်ခံရသူအတွက် တရား မျှတမှုကို တောင်းဆိုခြင်းစသည့် သခင့်စိတ်နှလုံးကို ကိုယ်စားပြုဖော်ပြသည့် အမှုအရာများ ကြောင့် မိမိနေထိုင်သည့်နိုင်ငံ၌ သခင်ယေရှုကဲ့သို့ အသက်ရှင်ရန်မှာ စိန်ခေါ်မှုဖြစ်သည်။

သို့သော် တစ်မူထူး၍ အောင်မြင်စေသည့်အရည်အသွေးတစ်ရပ်သာလိုသည်။ ဣသရေလဘာသာရေးခေါင်းဆောင်များ၏ ခြိမ်းခြောက်မှုကို ခံရသောအခါ ရှင်ပေတရုက “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏” (တ ၅:၂၉)ဟု အမြော်အမြင်နှင့် တုံ့ပြန်ခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် သူ့နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းက ကျွန်ုပ်တို့၏ပထမဉီးစားပေးဖြစ်သည်။

BILL CROWDER၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်