ဒီဇင်ဘာလခေါင်းစဥ် | သောင်းပြောင်းယဉ်ကျေးမှုအစုံအလင်ကြား ရှင်သန်ခြင်း

ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကပ်စ်ဒေသ၏ညလေထုမှာ နွေးထွေးသိပ်သည်းသည်။ ရှုပ်ထွေးစည်ကားနေသည့်လမ်းမ၌ ဒေသခံအစားအစာများဖြစ်သည့် ပင်နာဒါရီစ် (panaderies) မုန့်၊ တာကိုမုန့်ရနံ့များ၊ ဓာတ်ဆီနံ့များ ဖုံးလွှမ်းနေသည်။ ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဉီးကို ညစာဖိတ်ကျွေးသည့် တိုက်ခန်းသို့ရောက်သောအခါ ကိုယ်ခန္ဓာကြီးထွားပြီး နေဝန်းပမာအပြုံးကြီးနှင့် ဖော်ရွေသည့်လူတစ်ဉီးက တံခါးဖွင့်ပေးပြီး ကျွန်ုပ်တို့ကို ေပွေ့ဖက်ကြိုဆိုသည်။

အမဲသား၊ ထမင်း၊ ငှက်ပျောသီးများ ခင်းကျင်းထားသည့် သစ်သားစားပွဲရှည်ကြီး၌ သူ့မိသားစုနှင့်အတူ ကျွန်ုပ်တို့ နေရာယူလိုက်သည်။ ကျွန်ုပ်၏သူငယ်ချင်းက စပိန်စကားတတ်သည်။ ကျွန်ုပ်မှာမူ သူတို့ပြောဆိုနေသည့် အကြောင်းအရာများ၊ ရယ်စရာများကို နားထောင်နေယုံသာရှိသည်။ ရံဖန်ရံခါ ကျွန်ုပ်တော်နားလည်အောင် ဟန်အမူအရာများ လုပ်ပြသည်။ အလျဉ်းသင့်သလို ကျွန်တော့်သူငယ်ချင်းက ဖြတ်ပြီး သူတို့ပြောဆိုသည့် အကြောင်းအရာအကျဉ်းချုပ်ကို ပြောပြသည်။ သူတို့ မေးခွန်းများကို ဘာသာပြန်ပေးသည်။ နာရီများစွာကြာပြီး ကျွန်ုပ်ဘာမှနားမလည်သော်လည်း အပြင်လူကဲ့သို့ ကျွန်တော် မခံစားရပါ။ ၎င်းနှင့်ဆန့်ကျင်ဘက် သူတို့၏နှစ်လိုဖွယ်ကြိုဆိုမှုက ကျွန်ုပ်ကို ဝန်းရံခဲ့ပါသည်။ တစ်ခါမှ မရောက်ဖူးသည့်မြို့၌ ကျွန်ုပ်ရောက်နေပြီး နောက်ခံချင်း၊ လူမျိုးချင်း လုံးဝကွဲပြားသူများနှင့် တွေ့ဆုံနေရသည်။ သူတို့နှင့် စကားအားဖြင့် မဆက်သွယ်နိုင်သော်လည်း သူတို့က ကျွန်ုပ်ထံ နွေးထွေးသောနှလုံးသားနှင့် လက်ဖွင့်ကမ်းလှမ်းခဲ့သဖြင့် ကျွန်ုပ်သည် သက်ဆိုင်မှုကို ရရှိခံစားခဲ့ရပါသည်။

သခင်ယေရှုကို ယုံကြည်သူ ကျွန်ုပ်တို့သည် ထိုသို့လက်တွေ့ကျကျကြိုဆိုမှုကို အစဉ်ပြုရန် စေစားခြင်းခံရသည်ဟု ရှင်ပေါလုက သတိပေးခဲ့သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ကို လက်ခံသကဲ့သို့ အချင်းချင်းကို ကျွန်ုပ်တို့ လက်သင့်ခံရပါမည် (ရော ၁၅:၇)။ အချင်းချင်းကို ကြိုဆိုပြီး စိတ်နှလုံးကို ကျယ်ကျယ်ဖွင့်၍ အခြားသူများကို ဖိတ်ခေါ်ရမည်။ ဤအမှုအရာသည် အထူးသဖြင့် ကျွန်ုပ်တို့နှင့် ကွဲပြားနေသူများအတွက် ဖြစ်ရပါမည်။ ရှင်ပေါလုက ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားတို့ကြားရှိ အမှုအခင်းပြဿနာကို ပြောခြင်းဖြစ်သော်လည်း ၎င်းသည် လူမျိုး မတူခြင်း၊ လူမှုအဆင့်အတန်းမတူခြင်း၊ မည်သည့် ဖြစ်နိုင်ခြေအတားအဆီးများနှင့်မဆို သက်ဆိုင်ပါသည်။ မတူညီသောယဥ်ကျေးမှုသည် အတားအဆီး မဖြစ်သင့်ဘဲ သခင်ယေရှု ကျွန်ုပ်တို့ကို ကမ်းလှမ်းပေးခဲ့သည့် လက်တွေ့ကျသောကြိုဆိုမှုမျိုးကို ပြသရန် အခွင့်ထူးပင်ဖြစ်တော့သည်။

Winn Collier ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်