သြဂုတ်လခေါင်းစဥ် | မိသားစု
ညစဥ်ညတိုင်း မည်မျှပင်ပန်းပြီး မည်မျှအလုပ်ရှုပ်သည်ဖြစ်စေ၊ ဂျိုသည် သူ့မိခင်အိုထံ ည ၇ နာရီတွင် ဖုန်းခေါ်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုအချိန်၌ စကားမပြောနိုင်ပါက မအားကြောင်း မိခင်ထံ စာတိုလေးပို့ကာ အသိပေးသည်။ ထိုသို့ နေ့စဥ်ပြုရန်မှာ စိန်ခေါ်မှုဖြစ်သော်လည်း ဝမ်းမြောက်စွာနှင့် မပျက်မကွက် ပြုသည်။ သူ့မိခင်ကို သူအလွန်ချစ်ပြီး စိတ်မပူစေချင်သောကြောင့် ဖြစ်သည်။
ကျွန်မ၏ကလေးများ ငယ်စဥ်က ကျွန်မတို့ဇနီးမောင်နှံမှာ အတော်အလှမ်းဝေးသည့်နေရာတွင် အိမ်ဝယ်ခဲ့သည်။ ပြောင်းရွှေ့ရန်အတွက် အချိန်ယူရသလို ကျောင်းပြန်ဖွင့်မည့်အချိန်ကလည်း နီးလာပြီဖြစ်သည်။ ကျောင်းအပြောင်းအရွှေ့နှင့် ကလေးများအတွက် စိတ်ဖိစီးမှုဖြစ်မည်ကို သိခြင်းကြောင့် သူတို့အတွင်းဖိစီးမှုကို လျော့ချပေးရန် အိမ်ဟောင်းမှ ကလေးများကို (အိမ်သစ်နှင့်နီးသည့်) ကျောင်းသစ်သို့ပို့၊ ထို့နောက် ရုံးဆက်သွား၊ ညနေ ကလေးများကို ပြန်ကြိုကာ အိမ်ပြန် စသည်ဖြင့် လမ်းကြောင်းရှည်ကြီးကို နှစ်ပတ်တာမျှ ကြိုးစားလှုပ်ရှားခဲ့ရသည်။
အိမ်ထောင်ကျသည်ဖြစ်စေ၊ အပျိုကြီးလူပျိုကြီးဖြစ်သည်ဖြစ်စေ၊ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ဘဝ၌ ဘုရားသခင် ချပေးသနားသည့် ဘိုးဘွား၊ မိဘ၊ မောင်နှမအရင်းအချာ၊ တူတူမ စသည်တို့အား မေတ္တာပြရန် အခွင့်အရေးရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရှေးဦးစွာ ချစ်တော်မူခြင်းကြောင့် မိမိ၏မိသားစုဝင်များနှင့် အခြားသူများကိုချစ်ရန် (၁ ယော ၎:၇-၂၁) သူ၏ဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့အား ခွန်အား ပေးမစပေသည်။ ထို့ပြင် ၁ ကော ၁၃:၄-၇ ၌လည်း လမ်းညွှန်ချက်အချို့ကို တွေ့ရသည်။
• မေတ္တာသည် စိတ်ရှည်တတ်၏။
• မေတ္တာသည် ကိုယ်အကျိုးကို မရှာတတ်။
• မေတ္တာသည် ကျေးဇူးပြုတတ်၏
• မေတ္တာသည် ဒေါသအမျက် မထွက်တတ်၊
• မေတ္တာသည် မလျောက်ပတ်စွာမကျင့်တတ်၊
• မေတ္တာသည် အပြစ်ရှိသည်ဟု မထင်တတ်၊
• မေတ္တာသည် မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏”
လိုအပ်ရာများအတွက် မိသားစုကိုပံ့ပိုးထောက်ပံ့ဖြည့်ဆည်းပေးခြင်းကလည်း ဘုရားပေးတာဝန်ဝတ္တရားဖြစ်သည်(၁ တိ ၅:၈)။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားမှုပိုင်း၊ ဝိညာဥ်ပိုင်းတို့တွင် ပံ့ပိုးပေးရပါမည်။
ယခုလတွင် အခြားသူများအား ခရစ်တော်နည်းတူ သင်မည်သို့ ချစ်နိုင်မေတ္တာပြနိုင်မည်နည်း။ အခြားသူများအား အားပေးမစနိုင်မည့် နည်းလမ်းကို ရှာကြံစဥ်းစားပြီးနောက် လက်တွေ့လုပ်ဆောင်ပါ။
နေ့စဉ်ခွန်အားစာရေးသူ | Alyson Kieda
