ဥပဒေ – ဝတ်ပြုရာကျမ်း
ရုပ်ရှင်တစ်ကားကို သင်ကြည့်ပြီး ကောင်းလွန်းသဖြင့် ချက်ခြင်းပင် နောက်တစ်ခေါက် သင်ထပ်ကြည့်ခဲ့ဖူးပါသလား။ သခင်ယေရှု၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင် ကယ်တင်ခဲ့ပုံမှာ ထိုရုပ်ရှင်မျိုးနှင့် အနည်းငယ်ဆင်တူသည်။ ထိုအကြောင်းအရာ မဖြစ်ပျက်မီ
ကပင် ဝတ်ပြုရာကျမ်းကဲ့သို့သော ကျမ်းစာများ၌ပင် ဖော်ပြရသည်အထိ၊ သမ္မာကျမ်းစာက ထပ်ခါထပ်ခါ ဖော်ပြရသည်အထိ ထိုကယ်တင်ခြင်းက အံ့သြဖွယ်ကောင်းလှသည်။
ဝတ်ပြုရာကျမ်းသည် ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ ဘုရားသခင်၏ လူမျိုးတော် ဣသရေလလူမျိုးတို့ ဘုရားသခင်အား မည်ကဲ့သို့ ဝတ်ပြုကိုးကွယ်ရမည်ကို အသေးစိတ်ညွှန်ကြားထားသော လမ်းညွှန်ချက် စာစောင် ဖြစ်သည်။
ထိုကျမ်းရှိ ပညတ်တရားများစွာအနက် ထင်ရှားသည့်အချက်တစ်ခုမှာ ဘုရားသခင်သည် အဘက်ဘက် ပြီးပြည့်စုံလျက် သန့်ရှင်းမြင့်မြတ်သောဘုရားဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များကြောင့် သေခြင်းကို ကျွန်ုပ်တို့
ခံထိုက်သော်လည်း ဝတ်ပြုရာကျမ်း၌ ဘုရားသခင်သည် သူ၏လူမျိုးတော်တို့ သူ့အထံတော်သို့ချဥ်းကပ်နိုင်မည့် နည်းလမ်းတစ်ခုကို ပြင်ဆင်ပေးသည်။ သူတို့ကိုယ်အစား အသေခံပေးသည့် ယဇ်ကောင် သိုးသူငယ်ဖြစ်သည်။
သူတို့၏အပြစ်အတွက် ပေးဆပ်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ ဘုရားသခင်နှင့် ရန်ငြိမ်းသင့်မြတ်မှုရယူခြင်း စသည့် အကြောင်းချင်းရာများနှင့်ပတ်သက်ပြီး သူတို့ပြုလုပ်ရမည့် ယဇ်ပူဇော်မှုများကို ဝတ်ပြုရာကျမ်း၌ ရှင်းပြထားသည်။ ထိုယဇ်ပူဇော်မှုတစ်ခုစီတိုင်းသည် နောင်လာမည့် အနာဂတ် ရာစုနှစ်ပေါင်းများစွာ၌ သူ၏ယဇ်ပူဇော်မှုအားဖြင့် ကျွန်ုပ်တို့အတွက် သခင်ယေရှု ပြုပေးမည့်အရာနှင့်ပတ်သက်ပြီး အနည်းအကျဥ်းစီ ပုံဖော်ပြသလျက် ရှိသည်။
ဝတ်ပြုရာကျမ်းကို ဖတ်ရှုရာ၌ အမြဲတမ်း လွယ်ကူသည်တော့ မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်ကတိတော် ထားရှိသည့် သူရဲကောင်း သခင်ယေရှုသည် ကားတိုင်တော်ပေါ်၌ အဘယ်ကြောင့် အသေခံရန် လိုအပ်သည် ဆိုသည့် အချက်ကို ဝတ်ပြုရာကျမ်းက ကျွန်ုပ်တို့အား နားလည်စေပါသည်။ သခင်ယေရှုသည် အပြစ်ကင်းလျက် ပြီးပြည့်စုံသော သိုးသူငယ်ဖြစ်ကာ သူ၏ အသွေးတော်က သက်ရှိလူသားအယောက်စီတိုင်း၏ အပြစ်ကြွေးကို ဆပ်ပေး နိုင်စွမ်းရှိပေသည်။
