ထို့ကြောင့် မြို့ဝန်မင်းသည် ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်းဟု လူများကို တစ်ဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။ (မဿဲ ၂ရ:၂၁)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၂၇:၁၅-၂၆

၁၅ ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသော သူတို့တွင်၊ လူများတို့ အလိုရှိသော သူတစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။ ၁၆ ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗ အမည်ရှိသော ကျော်စောသောသူတစ်ယောက်ရှိ၏။ ၁၇ လူများစည်းဝေးကြသည် ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အားမေးလေ၏။ ၁၈ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံကြောင်းကို ပိလတ်မင်းသိ၏။ ၁၉ ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိမ်မက်၌ ပြင်းစွာ ခံရပါပြီဟု မှာလိုက်၏။ ၂၀ လူအစုအဝေးတို့သည် ဗာရဗ္ဗကို တောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။ ၂၁ ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချသနည်းဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။ ၂၂ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က။ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။ ၂၃ မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ်ကြ၏။ ၂၄ ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကို မြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည်ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။ ၂၅ ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌ လည်းကောင်း၊ တည်ရှိပါစေဟု ပြန်ပြောကြ၏။ ၂၆ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကို ကားရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။

ခွေးအ လား၊ သိုးသူငယ်လား

လူများအုပ်စုဖွဲ့နေပြီး၊ တစ်စုံတစ်ဦးကို လွှတ်ပေးစေချင်နေပါသည်။ ထိုခေတ်အခါက ပဿခါပွဲကာလအတောအတွင်းတွင် ဂျူးလူမျိုးများသည် အီဂျစ်နိုင်ငံ၏ ကျွန်ဘဝမှ လွတ်မြောက်ခြင်း အမှတ်တရ အထိမ်းအမှတ်အဖြစ်၊ ပြစ်မှုကျူးလွန်သူတစ်ဦးကို လွှတ်ပေးသည့် ဓလေ့ရှိခဲ့သည်။

ပိလတ်မင်းသည် နိုင်ငံရေးရာ၌ လူသစ်မဟုတ်ပါ။ ဆူပူနေသော လူအုပ်ကို ရွေးချယ်ခွင့်ပေးလိုက်ရာ၌၊ လာဇရုကို သေခြင်းမှ ပြန်ရှင်စေသူလား (သို့) လူ့အသက်များစွာကို သတ်ခဲ့သူတစ်ဦးလား၊ နှစ်ဦး အနက်မှ လူသတ်သမား ဗာရဗ္ဗကို လူအုပ်ကြီးက ရွေးချယ်ခဲ့သည်။

ဆူပူနေသော လူအုပ်သည် အစဉ်ရိုင်းစိုင်း၊ ပုန်ကန်၊ ကြမ်းရမ်းမှုကို တိုး၍ လုပ်ဆောင်ပါသည်။ ကမ္ဘာလောကသည် နိမ့်ကျ၊ နှိမ့်ချ၊ အလုပ်အကျွေးပြုသော သိုးသူငယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည့် ရက်စက်ဆိုးရွားဖျက်ဆီးသော ဗာရဗ္ဗ (သို့) ခွေးအ ကို ရွေးချယ်ခဲ့သည်။

အကယ်၍ ကျွန်ုပ်တို့ ထိုနေရာ၌ ရှိပါက မည်သည့်အရာကို ပြုလုပ်မည်နည်း။

မည်သူ့ကို ရွေးချယ်မည်နည်း။ သခင်ယေရှုကို ကျွန်ုပ်တို့ရွေးချယ်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ အမှန်တကယ် ကျွန်ုပ်တို့ ရွေးပါမည်လား။ လူအုပ်၏အသံမှာ အလွန်အားကြီး လွှမ်းမိုးလှသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က “ဒါဝိဒ်၏ သားတော် – ဟောရှဏ္ဏ ဖြစ်စေသတည်း” ဟု ဟစ်အော်ခဲ့ကြသော လူအုပ်သည် ယခုတွင် “သူ့ကို ကားတင်သတ်ပါ”ဟု အော်ဟစ် နေပေသည်။ လူထု၏ ဖိအားက ကျွန်ုပ်တို့ကို ရှုတ်ထွေး၊ ထိတ်လန့်စေပြီး လမ်းလွဲစေနိုင်ပါသည်။

အိုဘုရားရှင်။ ကျွန်ုပ်တို့ကို ကူညီတော်မူပါ။ တစ်ခါတစ်ရံ လူအုပ်ထဲရောက်နေချိန်၌၊ ကျွန်ုပ်တို့ အားလုံးသိနေသော်လည်း၊ မကောင်းမှု/ခွေးအ ကို ရွေးချယ်ရန် စုံစမ်းဖြားယောင်းခံနေရပါသေးသည်။ သိုးသူငယ်ကို ရွေးချယ်ရန် ကျွန်ုပ်တို့ကို ကူညီတော်မူပါ။ — Dave Egner

ကမ္ဘာလောကသည် သူ၏ပုံစံအတွင်းသို့ ကျွန်ုပ်တို့အံဝင်ရန်၊ ဖိအားပေးကြိုးပမ်းနေပါသည်။
အကယ်၍ ဘုရားရှင်၏ သမ္မာတရားကို ကျွန်ုပ်တို့ ကိုင်ဆွဲထားလျှင်၊
ဘုရားရှင်၏ ထောက်ပံ့မှုဖြင့် ထိုဖိအားကို ကျွန်ုပ်တို့ ခုခံဆန့်ကျင်နိုင်မည်ဖြစ်သည်။ — Sper

လောက၏ ဖိအားများကို ခုခံဆန့်ကျင်ရန်၊ ဘုရားသခင်၏ တန်ခိုးစွမ်းအားအပေါ် အမှီပြုပါ။

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။