ကယ်ဆယ်ရေးလုပ်ငန်းတာဝန်

Saving Private Ryan ရုပ်ရှင်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အမေရိကန်စစ်တပ်မှ လေထီးစစ်သည်အား ကယ်ဆယ်ရေးအကြောင်း ဇာတ်လမ်းရိုက်ကူးတင်ဆက်ထားပါသည်။ တိုက်ပွဲအတွင်း Priviate James Ryan ညီအစ်ကို ၃ ဦး ကျဆုံးခဲ့ရာ၊ ငယ်ရွယ်သော တပ်သားသာ မိသားစုနာမည်နှင့် ဆက်လက်အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဗိုလ်ကြီး John Miller နှင့် သူ၏တပ်စိတ်တို့ စွမ်းဆောင်မှုဖြင့် Priviate Ryan ကို ကယ်တင်ခဲ့ရာ၊ အရာရှိနှင့် တပ်သားအချို့ အသက်စွန့်ခဲ့ရသည်။ တစ်ယောက်ကို ကယ်ရန်၊ လူအများ အသက်ပေးခဲ့ရပါသည်။

လွန်ခဲ့သောနှစ်ပေါင်းများ ၂၀၀၀ ကျော်က ကယ်ဆယ်ရေးလုပ်ငန်းတာဝန်တွင် ဘုရားရှင် ကိုယ်တော်တိုင် အစပြုပါဝင်လာသည်။ လမ်းပျောက် မှောင်မိုက်နေသော ကမ္ဘာလောကဆီသို့ သားတော်ကို ဘုရားရှင် စေလွှတ်ခဲ့သည်။ သားတော်သခင်ယေရှုသည် ရိုးရှင်းစွာ လာရောက်ခဲ့သော်လည်း၊ အလွန်အရေးကြီးသည့် လုပ်ငန်းတာဝန်ဖြစ်သော ပျောက်ဆုံးလူသားထုကို ရှာဖွေပြီး၊ ကယ်တင်ခြင်းကို ဆောင်ရွက်ရန်ဖြစ်ပေသည် (ရှင်လုကာခရစ်ဝင် ၁၉း၁၀)။

ဤကယ်ဆယ်ရေးလုပ်ငန်းသည် ဘုရားရှင်၏ဘက်မှ တစ်ရေးနိုးမှ ပေါ်လာသော အကြံအစည် မဟုတ်ပါ။ သခင်ခရစ်တော်အား စေလွှတ်၍ ကျွန်ုပ်တို့ကို ကယ်တင်ရန် ရှေးမဆွကပင်၊ ရည်ရွယ်ချက်ထားရှိခဲ့ပါသည်။

ရာစုနှစ်များတစ်လျှောက် ပဿခါသိုးသူငယ်များသည် သခင်ယေရှုနှင့် သခင်၏ အပြစ်ဒုစရိုက်အတွက် တစ်ကြိမ်တည်းနှင့်၊ အားလုံးအတွက် အသက်စွန့်ပေးဆပ်ခြင်းကို ညွှန်ပြခဲ့ကြပြီး ဖြစ်ပါသည်။ သခင်ယေရှု ကမ္ဘာလောကသို့ ရောက်ရှိချိန်တွင်၊ မဆုတ်မနစ်သော ရည်ရွယ်ချက်နှင့်၊ အသေခံပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ ခမည်းတော်ဘုရား၏ အကြံအစည်တော်ကို ပြီးမြောက်စေခဲ့ပါသည်။ သခင်ယေရှုကို ယုံကြည်စိတ်ချသူအားလုံး၊ မည်သူမဆို ယခု ကယ်ဆယ်ခြင်းကို ရရှိနိုင်ပြီဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၏ အသက်စွန့်ပေးဆပ်မှုဖြင့်၊ အများကို ကယ်တင်ရန် ဖြစ်ပါသည်။

လာမည့် ရှေ့နေ့ရက်များတွင်၊ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း အခါသမယသို့ ဦးတည်ကာ သခင်ယေရှု၏ သေခြင်းမာရ်ကို အောင်မြင်သောပွဲကို ဆင်နွဲကိုးကွယ်လျက် အောင်မြင်မှုအထွတ်အထိပ်ကို ကျွန်ုပ်တို့ ရှာဖွေကြမည်ဖြစ်ပါသည်။ ဤ `ရှင်ပြန်ထမြောက်ခြင်း – Easter ဆိုင်ရာ နေ့စဉ်ခွန်အား ဖတ်ရှုဆင်ခြင်ခြင်း´ ဖြင့် ၊ ထိုရင်သပ်ရှုမောဖွယ် နေ့ရက်ကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်မျှော်လင့်ထားရန် ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် ကယ်တင်ခြင်း၊ ကယ်တင်သောအရှင်နှင့် စပ်ဆိုင်၍ ကျွန်ုပ်တို့၏ဆင်ခြင်ဝတ်ပြုမှုကို ပံ့ပိုးကူညီရန် အထူးရွေးချယ်ထားပါသည်။

ဤဆင်ခြင်ဖတ်ရှုစရာများအားဖြင့် မိတ်ဆွေ သင်သည် အင်အားတိုးပွား၊ တိုက်တွန်းအားပေးခြင်းခံရကာ၊ စိန်ခေါ်မှုကိုလည်း ရရှိလျက်၊ အသက်တာပြောင်းလဲရန်၊ ကျွန်ုပ်တို့ ဆုတောင်းပဌနာပြုပါသည်။အဖြစ်အပျက်များ တစ်လျှောက်၊ သခင်ခရစ်တော်နှင့် သင်လျှောက်လှမ်းခြင်းအားဖြင့်၊ သင်သည် ချစ်မေတ္တာဖြင့် အဓွန့်ရှည်တည်တံ့ကာ၊ ကျေးဇူးတင်သော စိတ်သဘောဖြင့် သခင့်အား ကိုးကွယ်ဝတ်ပြုနိုင်မည်ဖြစ်ပါသည်။ သခင်ဘုရား၏ ကရုဏာတော်နှင့် ကျေးဇူးတော်အပေါ်၊ သင် တစ်စိမ့်စိမ့်တွေးဆခြင်းအားဖြင့်၊ သခင်၏ ကယ်တင်ခြင်းသည် သင့်အတွက် တစ်ဖန် သစ်လွင်လန်းဆန်းစေလျက် အဓိပ္ပာယ်သစ် ရရှိစေမည်ဖြစ်ပါသည်။

ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။