ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ (ယော ၁:၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၁:၁-၁၄

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။- ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။ ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကို ပေးသောသူဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။ ၁၂ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက် ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

အမှောင်ထဲမှအလင်း

ကျွန်တော်နှင့် ကျွန်တော်၏သားများ နယ်သာလန်နိုင်ငံ Bonaire ကျွန်းပေါ်ရှိ လိုဏ်ဂူငယ်ကလေးကို စူးစမ်းခဲ့ကြသည်။ ယခင် ဝင်ရောက်သူ ဧည့်သည်များ ချန်ထားခဲ့သည့် ကြိုးတန်းအတိုင်း လိုက်သွားကာ ကျွန်တော်တို့ စကြလမ်းသို့ ဝင်ရောက်ခဲ့ကြသည်။ ကျွန်တော်တို့၏ အပေါ်ဘက်ရှိ နေရောင်လင်းသော နေရာသို့ ပြန်မလှည့်မီ၊ ကျွန်တော်တို့၏ မီးအိမ်ကို ငြိမ်းကာ၊ လုံးဝအမှောင်အတိဖြစ်ခြင်း ခံစားချက်ကို ခံစားကြည့်ရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် ညအမှောင်ကဲ့သို့သော အမှောင်မိုက်ဆုံးက ကျွန်တော်တို့ကို ဖုံးလွှမ်းသွားပါတော့သည်။

ကြီးမားလှသော မြေအောက်ဥမင်ကြီးအတွင်း မည်သည့် အလင်းရောင်မျှမရှိ၊ လမ်းပျောက်ပါက မည်မျှ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ဖြစ်မည်နည်း။ လူသား၏ ဝိညာဉ်ရေး ဘုရားတရားရေးရာ အခြေအနေကို ဖော်ပြရန်၊ ဓမ္မသစ်ကျမ်းက မှောင်မိုက်၏ အယူအဆကို အသုံးပြုထားပါသည်။ လူသန်းပေါင်းများသည် မျှော်လင့်ချက်ကင်းစွာ အုပ်စုဖွဲ့လျက်၊ သူတို့၏လမ်းကို မရှာတွေ့နိုင် ဖြစ်နေပါသည်။ မာန်မာနကြောင့်၊ များစွာသောသူများသည် ၎င်းတို့၏ ကြောက်ရွံ့ဖွယ်အဖြစ်အခြေအနေကို သတိမပြုမိကြပါ။ ပညာရေးက ကျွန်တော်တို့အား မသိမိုက်မဲခြင်းနှင့် အယူသည်းခြင်း၏ လောင်းရိပ်များမှ လွတ်ထွက်ရန် အဆုံးစွန် ယူဆောင်သွားမည်၊ ပိုမိုတောက်ပသောနေ့များ၌ အသေအချာ ခရီးဦးကြိုပြုမည်ဟု ၎င်းတို့ ပြောကြားပါသည်။

နည်းပညာဆိုင်ရာ တိုးတက်မှုများအတွက် ဘုရားရှင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပြီး၊ နည်းပညာများ ကင်းမဲ့သည်ကို ကျွန်တော်တို့ မလိုလားပါ။ သို့သော် မကင်းလွတ်နိုင်သော အချက်တစ်ချက် ရှိပါသည်။ လူသားထု မိသားစုသည် အမှောင်ထဲတွင် ဆက်ရှိနေသည်၊ အပြစ် အကုသိုလ်နှင့် ဂလန်ဂဆန်ပြုခြင်း၌ ပျောက်ဆုံးနေဆဲဖြစ်သည်။ လွတ်မြောက်ရာလမ်းမှာ သခင်ယေရှု ခရစ်တော်တည်းဟူသော ဖြောင့်မတ်ခြင်း နေမင်းက ကားတိုင်ပေါ်တွင် ကျွန်တော်တို့၏ အမှားများအတွက် ပေးဆပ်ပြီး၊ လမ်းကို ပြညွှန်နေပါသည်။ သခင်ယေရှုသည် သင်၏ မှောင်မိုက်ခြင်းတွင် အလင်းဖြစ်လာပါပြီလား။ — Dennis DeHaan

အပြစ်ကြောင့် မမြင်တွေ့နိုင်သော မျက်လုံးများနှင့် အမှောင်ထဲတွင် နေထိုင်သူများ –
လောက၏အလင်းသည် သခင်ယေရှုဘုရား၊
ဖြစ်ပေါ်လာမည့် အရှင်၏ အလင်းနှင့် တိုက်တွန်းချက်၌ သွားရောက် ဆေးကြော
လောက၏အလင်းသည် ယေရှုခရစ်တော် — Biss

သခင်ယေရှုခရစ်တော်သည် နားအတွက် တေးဂီတ၊ မျက်စိအတွက် အလင်းရောင်ဖြစ်သည်။


ထင်ဟပ်ဖော်ပြချက်

ရှင်ယောဟန်၏ ရေးသားချက်တွင် အဓိကဆိုလိုရင်းသည် အမြဲတမ်းလိုလို အလင်းနှင့် အမှောင်၏ ဆန့်ကျင်မှုဖြစ်သည်။ အခန်းငယ် ၄ မှ ၉ နှင့် အခန်းကြီး ၃:၁၉-၂၁၊ အခန်းကြီး ၉:၅ နှင့် အခြားကျမ်းပိုဒ်တို့တွင် ဆက်တိုက် တွေ့ရှိရပါသည်။ ရှင်ယောဟန်သြဝါဒစာ ပထမစောင် အခန်းကြီး ၁ တွင် “ထိုနှုတ်ကပတ်တော်ထဲ၌ ငါတို့သည် ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရားကို မကျင့်၊ မုသားကို သုံးသောသူဖြစ်ကြ၏” ဟု ဖော်ပြထားပါသည်။ ဤဆိုလိုရင်းက သခင်ခရစ်တော်တည်းဟူသော လောက၏ အလင်းကို ကျွန်ုပ်တို့ လက်ခံယုံကြည်ရန်နှင့် အရှင်၏ အလင်း၌ ရှင်သန်နေရန်ဖြစ်ပါသည်။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။