စာရေးသူ

အားလုံးမြင်နိုင်ရန်
Alyson Kieda

အယ်လီဆန်ကီဒါ

အယ်လီဆန်ကီဒါ (Alyson Kieda) သည် စာတည်းဖြတ်ခြင်း အတွေ့အကြုံ လုပ်သက် ၃၅ နှစ်ထက် မနည်းရှိပြီး ODBM အတွက် စာတည်းအဖြစ် ပါဝင်လုပ်ဆောင်ပေးသည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီ။ သူသည် ငယ်စဉ်ကပင် စာရေးသားခြင်းကို မြတ်နိုးပြီး ODB စာမူများ ရေးသားရခြင်းကို အလွန်ကျေနပ်ဝမ်းမြောက်သူဖြစ်သည်။ သူသည် အိမ်ထောင်ရှင် မိခင်တစ်ဦးဖြစ်ပြီး၊ မိသားစု၌ အရွယ်ရောက် သားသမီး ၃ ဦးနှင့် မြေးများ တစ်ယောက်ပြီးတစ်ယောက် တိုးလာပါသည်။ စာဖတ်ခြင်း၊ တောတောင်ထဲ လမ်းလျှောက်ထွက်ခြင်း၊ မိသားစုနှင့် အတူရှိနေခြင်းများကို နှစ်သက်သူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြားသော ဝတ်ပြုကိုးကွယ်ခြင်း စာစောင်တစ်ခုတွင် စာမူများရေးသားခဲ့သည့်မိခင်၏ စံနမူနာအတိုင်း `အမေ့ခြေရာနင်းရခြင်းကို မင်္ဂလာတစ်ပါး' ဟု သူဂုဏ်ယူ သည်။ ပီတိဖြစ်သည်။

စာမူ/ အကြောင်းအရာ များ အယ်လီဆန်ကီဒါ

မုန်တိုင်းကြား၌ ချီပွေ့ပို့ဆောင်တော်မူ၏

၁၈၃၀ ခုနှစ်က စကော့လူမျိုး သာသနာပြုဆရာ Alexander Duff (အလက်ဇန္ဒြားဒဖ်)သည် အိန္ဒိယပြည်သို့ ပထမဆုံး ရေကြောင်းခရီးဖြင့်သွားခဲ့ရာ၊ တောင်အာဖရိကကမ်းလွန် ရေပြင်၌ မုန်တိုင်းမိပြီး သ‌င်္ဘောပျက်စီးနှစ်မြှုပ်သွားသည်။ သူနှင့်တစ်လှေတည်းစီး ခရီးသွားသူချင်းတို့သည် လူမဲ့ကျွန်းငယ် တစ်ကျွန်းသို့ ရောက်ရှိသောင်တင်ပြီး မကြာမီမှာပင် ကမ်းခြေသို့မျှောပါ ရောက်လာသည့် ဒဖ်၏ကျမ်းစာအုပ်ကို ၎င်းတို့အဖွဲ့သားတစ်ဉီးက တွေ့ရှိခဲ့ သည်။ စာအုပ်ခြောက်သွားသောအခါ ဒဖ်က ဆာလံကျမ်း အခန်းကြီး ၁၀၇ ကို ဖတ်ပြပြီး သူတို့ခွန်အားယူကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကယ်ဆယ်ခံရပြီး နောက်တစ်ကြိမ် သင်္ဘောပျက်ပြီးမှ ဒဖ်တို့ အိန္ဒိယသို့ ရောက်ရှိသွားသည်။

ဆာလံကျမ်း အခန်းကြီး ၁၀၇ တွင် ဣသရေလလူတို့အား ဘုရားသခင်ရွေးနုတ်ကယ်တင်ခြင်းအကြောင်းအချို့ကို ဖော်ပြထားသည်။ "လေပြင်းကို ပျောက်စေတော်မူ၍ လှိုင်းတံပိုးများသည် ငြိမ်ဝပ်ကြ၏။ ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏" (:၂၉-၃၀) ဟူသည် ကျမ်းပိုဒ်ကို…

ဘုရားသခင်၏ကျေးဇူးတော်၌ ကြီးထွားခြင်း

အင်္ဂလိပ်တရားဟောဆရာကြီး Charles H. Spurgeon (ချားလ်စ် အိတ်ချ် စပါဂျင်) (၁၈၃၄-၁၈၉၂)သည် လူ့လောကတွင် "အစွမ်းရှိသ၍ အပြည့်အဝ" အသက်ရှင်သွားခဲ့သည်။ အသက် ၁၉ နှစ်တွင် သင်းအုပ်တစ်ဦးဖြစ်လာပြီး မကြာမီတွင် လူအုပ်ကြီးကို စတင်တရားဟောသည်။ သူကိုယ်တိုင်တည်းဖြတ်သော သူ၏ တရားဟောချက်များမှာ အတွဲ ၆၃ တွဲမျှရှိသည်။ သမ္မာကျမ်းစာ အနက်ဖွင့်ကျမ်းများ၊ ဆုတောင်းခြင်းစာအုပ်များနှင့် အခြားစာအုပ်များစွာကို ရေးသားခဲ့သည်။ တစ်ပတ်လျှင် စာအုပ် ၆ အုပ် ပုံမှန်ဖတ်လေ့ရှိသည်။ သူ၏ဒေသနာတစ်ခုတွင် စပါဂျင် က "ဘာမှ မလုပ်ဘဲ ငြိမ်နေခြင်းဟာ အကြီးဆုံးသောအပြစ် ဖြစ်တယ်။ အဲဒီထဲမှာ အပြစ် များစွာ ပါဝင်နေတယ်။ အလုပ်မရှိဘဲ အလဟဿနေနေတာက ဆိုးဝါးလိုက်တာ။ ကျွန်ုပ်တို့ကို အဲဒီအခြေအနေကနေ ဘုရားရှင်ကယ်နှုတ်ခဲ့တယ်" ဟုပြောခဲ့သည်။

ချားလ်စ်စပါဂျင် သည် ဘုရားသခင်၏ကျေးဇူးတော်၌ တည်လျက်တိုးပွားရန်၊ ကိုယ်တော်အတွက် အသက်ရှင်ရန်…

မီးဖြင့် လောင်မြိုက်စေသည်

ပင်ပန်းနွမ်းနယ်ပြီး အိုးမဲပေကျံနေသည့် မီးသတ်သမားနှစ်ဉီးသည် စားသောက်ဆိုင် တစ်ခု၌ မနက်စာလာစားရာ စားပွဲထိုးမိန်းကလေးက ၎င်းတို့နှစ်ဉီးမှာ မနေ့က ကုန်ကြမ်းစက်ရုံမီးလောင်ပြင်၌ တစ်ညလုံး မီးငြိမ်းသတ်ခဲ့သူများဖြစ်ကြောင်း သတင်းတွင် တွေ့လိုက်ပြီး မှတ်မိသွားသည်။ ကျေးဇူးတင်စိတ်ကို ဖော်ပြသည့် အနေဖြင့် ပြေစာစာရွက်တွင် "မနက်စာကို ကျွန်မကျွေးပါရစေ၊ လူတွေကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ လူအများက ထွက်ပြေးကြပေမဲ့၊ အရာရှိကြီး တို့က မီးလောင်တဲ့နေရာကို ပြေးပြီး ကယ်တင်ပေးကြလို့ ကျေးဇူးအရမ်းတင် ပါတယ်။ အင်မတန်မှ သတ္တိကြီးပြီး သူရဲကောင်းစိတ်ဓာတ်ဖြစ်တယ်။ တကယ် စံထားရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်" ဟု ရေးသားခဲ့သည်။

ဓမ္မဟောင်းတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသော လူငယ်သုံးဦး၏သတ္တိကို သာဓကအနေဖြင့် ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ ၌ တွေ့မြင်နိုင်သည်။ ဗာဗုလုန်ဘုရင် တည်ထားသော ရွှေရုပ်ထုကြီးကို ဘုရင်၏အမိန့်တော်ကို နာခံပြီး ပြပ်ဝပ်ကိုးကွယ်မည့်အစား ဘုရင့်အမိန့်ကို…

အလုံးစုံသက်သာခြင်းတို့၏အရှင်

နာလန်မထူလာနိုင်လောက်အောင် ဖျားနာနေသည်ဟုယူဆလျက် သူ့သခင်က သူ့အား တိရိစ္ဆာန်ဂေဟာ၌ စွန့်ပစ်ခဲ့စဥ်က ရာဒါမီန်းစ်သည် ကြောင်ပေါက်စလေး မျှသာ ရှိသေးသည်။ ၎င်းကို တိရိစ္ဆာန်ဆေးကုဆရာဝန်က ကျန်းမာလာအောင် ပြုစုစောင့်ရှောက်မွေးမြူခဲ့သည်။ ကြောင်လေးသည် ထိုဂေဟာတွင် အမြဲတမ်း နေထိုင်သူဖြစ်လာခဲ့ပြီး ယခုအခါတွင် သူ၏နွေးထွေးသော အဖော်ပြုမှုနှင့် သိမ်မွေ့သောမြည်သံသဲ့သဲ့အားဖြင့် ယခုမှခွဲစိတ်ပြီးသော (သို့) နာမကျန်းဖြစ်ရာမှ နာလန်ထခါစ ကြောင်နှင့်ခွေးများအား "နှစ်သိမ့်ပေး"လျက် ရှိတော့သည်။

ဤအဖြစ်အပျက်သည် ချစ်ကြင်နာသောဘုရားသခင်က ကျွန်မတို့အတွက် ပြုပေးသောအရာနှင့် ကျွန်မတို့က အခြားသူများအတွက် အတုံ့အလှည့်အဖြစ် ပြုပေးနိုင်သောအရာကို ဖော်ပြသည့် ပုံရိပ်လေးဖြစ်သည်။ ဖျားနာနေစဥ်နှင့် ကြိုးစားရုန်းကန်ရစဥ်တွင် ဘုရားသခင်သည် ကျွန်မတို့အား ဂရုစိုက်စောင့်ရှောက် ပေးပြီး သူ၏မျက်မှောက်တော်အားဖြင့် စိတ်ငြိမ်သက်ခြင်းကို ရစေသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်တွင် ရှင်ပေါလုက ဘုရားသခင်ကို "သနားခြင်း ကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်"ဟု ခေါ်သည်။ စိတ်ဓာတ် ကျပြီး စိတ်ပျက်အားငယ်စဥ် (သို့) ညှဥ်းဆဲနှိပ်စက်ခံရစဥ်တွင်…

ဥယျာဉ်ထဲ၌

ကျွန်မ၏ဖခင်သည် ဓမ္မသီချင်းဟောင်းများ သီဆိုရခြင်းကို နှစ်သက်သည်။ သူ့အကြိုက်သီချင်းတစ်ပုဒ်မှာ "In the Garden”(ဥယျာဉ်ထဲ၌) ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူ၏ဈာပနတွင် ကျွန်မတို့ ထိုသီချင်းကို သီဆိုခဲ့သည်။ ထပ်ကျော့သီဆိုရန်အပိုဒ်မှာ ရိုးရှင်းသည်။ "ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းလျက်၊ စကားပြောလျက်၊ ကျွန်ုပ်ကို သူပိုင်ကြောင်းဆိုပေ။ ထိုနေရာ၌ လျှောက်လှမ်းစဥ် ကိုယ်တော်နှင့်မျှဝေသော ဝမ်းမြောက်ခြင်းကို မည်သူမျှမသိ နားမလည်နိုင်ပြီ။" ထိုသီချင်းက အဖေ့ကိုသာမက ကျွန်မကိုလည်း ဝမ်းမြောက်စေသည်။

ဓမ္မတေးရေးဆရာ C. Austin Miles က ၁၉၁၂ ခုနှစ် နွေဦးအချိန်တွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၂၀ ကို ဖတ်ရှုပြီးနောက် ဤသီချင်းကို ရေးစပ်ခဲ့ကြောင်း ဆိုပါသည်။ "အဲဒီနေ့က ဒီကျမ်းပိုဒ်ကိုဖတ်တဲ့အခါ ကျွန်တော် လည်း အဲဒီနေရာမှာ ရောက်ရှိနေသလို ခံစားခဲ့ရတယ်။ မာရိက သခင့်ရှေ့မှောက် ဒူးထောက်ပြီး 'ရဗ္ဗုနိ (ဆရာ)'လို့ ခေါ်လိုက်တဲ့ သူ့ဘဝရဲ့အံ့ဖွယ်အခိုက်အတန့်လေးကို…

ကျွန်ုပ်ကို ကြည့်

သုံးနှစ်အရွယ်မြေးမလေးက ကျွန်မတို့အိမ်အပြင်ဘက်ရှိခြံထဲ ပတ်ပြေးရင်း မျက်နှာ ပြုံးလေးနှင့် "သမီးရဲ့ နတ်သမီးလေးအကကို ကြည့်ပါဦးဖွားဖွား"ဟု မြူးထူးစွာ အော်ပြောသည်။ သူမ၏ "ကခုန်ခြင်း"က အပြုံးကို ဆောင်ယူလာပြီး "သူ ကနေ တာ မဟုတ်ဘူး၊ ပြေးနေတာပါ" ဟုပြောသည့် မရွှင်မပျနှင့် သူမအစ်ကိုကြီး၏ စကားက မိသားစုအပန်းပြေခရီးထွက်ချိန် သူမအပျော်ကို မလွှမ်းမိုးနိုင်ခဲ့ပါ။

ပထမဆုံးသော သံလွင်ခက်တနင်္ဂနွေနေ့သည် အတက်အကျများသောနေ့ ဖြစ်သည်။ မြည်းကိုစီးလျက် သခင်ယေရှု ယေရုရှလင်မြို့သို့ ဝင်ရောက်လာစဉ် လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် "ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း"ဟု အော်ဟစ်ကြသည် (မ ၂၁:၉)။ သို့သော် ထိုလူအုပ်ကြီးထဲမှလူများစွာသည် ထိုသီတင်းပတ်အတွင်း၌ပင် သူတို့အပြစ်အတွက် အသေခံပေးမည့် ကယ်တင်ရှင် မဟုတ်ဘဲ ရောမတို့လက်မှကယ်လွတ်မည့် မေရှိယကို မျှော်လင့်ကြသည်။

ထိုနေ့နောက်ပိုင်းတွင် ရှင်ယေရှု၏အခွင့်အာဏာကို မေးခွန်းထုတ်ကြသည့် ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများက စိတ်ဆိုးနေကြသော်လည်း…

အသက်ကယ်ပါဟု အကူအညီတောင်းခံခြင်း

တောင်ထူထပ်သည့် အမေရိကန်နိုင်ငံ၏ အအေးဆုံးပြည်နယ် အလက်စကာတွင် အလွန်အေးစိမ့်သောဆောင်းကာလ၌ ဒေသခံတစ်ဦး၏တဲ မီးလောင်သွားသဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ သူ၌စားစရာအနည်းငယ်သာကျန်တော့သည်။ အချိန်သုံးပတ် ကြာပြီးနောက် ဆီးနှင်းထဲတွင် မီးလောင်သွားသည့်တဲမှအိုးမဲများဖြင့် SOS ဟု အသက်ကယ်ရန် ပို့လိုက်သောသတင်းကို အပေါ်မှဖြတ်၍ပျံသန်းသွားသော လေယာဉ်ပျံတစ်စီးက တွေ့ပြီး လိုက်လံရှာဖွေကာ ထိုသူကို ကယ်တင်ခဲ့သည်။

ဆာလံဆရာဒါဝိဒ်သည်လည်း အမှန်ပင် ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည်။ မနာလိုစိတ်ရှိသည့် ရှောလုမင်းက သူ့ကိုသတ်ရန် လိုက်လံရှာဖွေနေသဖြင့် ဂါသမြို့သို့ သူရှောင်ပြေးစဉ် သူ့အသက်လွတ်အောင် စိတ်မနှံ့သူတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့ ရသည် (၁ ရာ ၂၁)။ ထိုအဖြစ်အပျက်မှ ထွက်ပေါ်လာသော ဆာလံ ၃၄ အရ ဒါဝိဒ်သည် ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းပြီး ငြိမ်သက်မှုကို ရရှိခဲ့သည် (:၄၊ ၆)။ ဘုရားသခင်သည် သူ၏ တောင်းပန်သံကိုကြားပြီး သူ့အား ကူညီမစခဲ့သည်။

သင်လည်း ထိုကဲ့သို့အကျပ်အတည်းတွေ့ပြီး အကူအညီတောင်းခံဘူးပါ သလား။…

သံသရာကို ချိုးဖျက်ခြင်း

(၇) နှစ်ပြည့်မွေးနေ့တွင် ဒေးဗစ်သည် ပြတင်းပေါက်မှန်ကို မတော်တဆခွဲမိ၍ ဖခင်၏လက်ဖြင့် ပထမဦးဆုံး အရိုက်ခံခဲ့ရသည်။ “အဖေက ကျွန်တော့်ကို ကန်တယ်၊ ထိုးတယ်။ နောက်တော့ ပြန်တောင်းပန်တယ်။ သူဟာ ကြမ်းတမ်းတဲ့ အရက်သမား တစ်ယောက်ပါ။ ဒီသံသရာကို အခု အဆုံးသတ်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားနေတယ်”ဟု ဒေးဗစ်ပြောပြခဲ့သည်။

သို့သော် သူ့ရည်မှန်းချက်ပြည့်ရန် အချိန်အတော်ကြာခဲ့သည်။ ထောင်ကျခြင်း၊ ခံဝန်ချက်နှင့်နေရခြင်း၊ ဆေးဖြတ်သည့်ဂေဟာ၌ ဝင်လိုက်ထွက်လိုက်နှင့် သူ၏ ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်နှစ်များ ကုန်လွန်ခဲ့သည်။ သူ့အိပ်မက်များ လွှင့်ပျောက်ပြီဟုခံစားရချိန်တွင် ခရစ်တော်ဗဟိုပြု ဆေးဖြတ်ဂေဟာ၌ သခင် ယေရှုနှင့် သိကျွမ်းလာခြင်းအားဖြင့် မျှော်လင့်ခြင်းကို သူတွေ့ရှိခဲ့သည်။

“အရင်က စိတ်ပျက်အားငယ်ခြင်းတွေနဲ့ပဲ အမြဲပြည့်နေတယ်။ အခုတော့ အခြားဦးတည်ချက်တစ်ခုဆီကိုပဲ ကျွန်တော် ကိုယ့်ကိုကိုယ် တွန်းအားပေးတယ်။ မနက်အိပ်ရာကနိုးတဲ့အခါ ကျွန့်တော့်အလိုဆန္ဒတွေကို ကိုယ်တော့်ထံ အပ်နှံပါတယ်လို့ ဘုရားသခင်ကို ပြောတယ်” ဟု…

ကောင်းမွန်သောစာအုပ်တစ်အုပ်နှင့် ခွေနေခြင်း

အိုက်စ်လန်နိုင်ငံငယ်လေးသည် စာဖတ်သူများ၏နိုင်ငံဖြစ်သည်။ အစီရင်ခံတင်ပြမှုများအရ ဤနိုင်ငံသည် နှစ်စဉ် စာအုပ်ပုံနှိပ်ထုတ်‌ဝေမှုနှင့် လူတစ်ယောက်၏ စာဖတ်သည့်အုပ်ရေက အခြားနိုင်ငံများထက် ပိုများကြောင်း တင်ပြထားသည်။ အိုက်စ်လန် နိုင်ငံသားများ၏အလေ့အထမှာ ခရစ္စမတ်အကြိုနေ့တွင် မိသားစု၀င်နှင့်သူငယ်ချင်းများကို စာအုပ်များပေးလေ့ရှိပြီး ညသန်းခေါင်ထိ စာဖတ်ကြသည်။ ဤအလေ့အထသည် သွင်းကုန်များကို ကန့်သတ်ထားပြီး စက္ကူများ စျေးပေါပေါနှင့်ရသော ဒုတိယကမ္ဘာစစ် အချိန်ကတည်းက ရှိခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းတွင် အိုက်စ်လန်မှ ပုံနှိပ်ထုတ်‌ဝေသူများသည် အသစ်သောစာစဉ်များဖြင့် စျေးကွက်ကျဆင်းအောင် စတင်လုပ်ခဲ့သည်။ ယခုအခါ နိုင်ငံ၏အသစ်ထွက်ရှိသော စာအုပ်စာရင်းကို နိုင်ငံတွင်းရှိအိမ်တိုင်းသို့ နို၀င်ဘာလလယ်ခန့်တွင် ပေးပို့ကြသည်။ ဤအလေ့အထကို ခရစ္စမတ်စာအုပ်ပွဲတော်ဟုခေါ်ကြသည်။

အခြားသူများကို ပညာပေးရန်၊ တွန်းအားပေးရန်၊ လှုံဆော်ပေးရန်၊ ကောင်းမွန်သောပုံပြင်၊ အကြောင်းအရာ၊ ဇာတ်လမ်းကို ဖန်တီးနိုင်စွမ်းရှိသူများကို ဘုရားသခင် ကောင်းချီးပေးထားခြင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်သင့်သည်။ စာအုပ်ကောင်းတစ်အုပ်နှင့် တူသောအရာဘာမှမရှိပါ။ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာ၌ စာရေးသူများစွာတို့က “ကဗျာ၊ စကားပြေ၊ ဇာတ်လမ်းကောင်းများ၊…

အသက်ရှူတစ်ရှိုက်နှင့်ဘဝ၏တိုတောင်းမှု

မေမေနှင့် ကျွန်မတို့ညီအစ်မသည် ဖေဖေ၏ကုတင်ဘေးတွင် ရှိနေပြီး၊ ဖေဖေ၏ အသက်ရှူမှုသည် တဖြည်းဖြည်းနှေးလာပြီး အပြည့်အဝမရှူနိုင်တော့ဘဲ နောက်ဆုံး အသက်ရှူရပ်သွားသည်။ ဘုရားသခင် စောင့်ကြိုနေသည့်အရပ်သို့ ဖေဖေညင်သာစွာထွက်သွားသည်အချိန်တွင် အသက် ၈၉ နှစ်ရှိနေပြီဖြစ်သည်။ သူ၏ထွက်ခွာခြင်းသည် အိမ်တွင် တစ်ခုခုလစ်ဟာနေသကဲ့သို့ခံစားရစေပြီး သူ၏အမှတ်တရများအားဖြင့် ကျွန်မတို့သူ့ကို သတိရမိသည်။ တစ်နေ့သောအခါ ဖေဖေနှင့်ပြန်လည်ဆုံစည်းကြမည်ဟု ကျွန်မတို့မျှော်လင့်ခြင်းရှိပါသည်။

ကျွန်မတို့ ထိုကဲ့သို့မျှော်လင့်ခြင်းရှိရခြင်းမှာ ဖေဖေ့ကိုချစ်သော အဘ ဘုရားသခင်နှင့်အတူ သူရှိနေကြောင်း ကျွန်မတို့ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ဖေဖေပထမဆုံးအသက်ရှူသွင်းချိန်တွင် ဘုရားသခင်သည် သူ၏အဆုတ်ထဲ သို့ အသက်ကို မှုတ်သွင်းပေးခဲ့သည်(ဟေရှာ ၄၂:၅)။ ပထမဆုံးအသက် မရှုသွင်းမီသာမက သူ့ဘဝတစ်လျှောက်လုံး အသက်ရှူရှိုက်သည့်အခါတိုင်း ဘုရားသခင်သည် သင်နှင့်ကျွန်မတို့၏ဘဝ၌ပြုသကဲ့သို့ပင် ဖေဖေ့ဘဝ၏ အသေးစိတ်ကဏ္ဍများထိတိုင် ပါဝင်လုပ်ဆောင်နေသည်။ ဖေဖေ့အား သူ၏ အမိဝမ်းထဲမှာ ဖုံးအုပ်တော်မူ၍ အံ့ဖွယ်သောအမှုများ ပြုပေးသူသည် (ဆာ ၁၃၉:၁၃-၁၄) ဘုရားသခင်သာလျှင်ဖြစ်သည်။ ဖေဖေ၏နောက်ဆုံး ထွက်သက်၌လည်း ကိုယ်တော်၏ဝိညာဉ်သည်…