စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

ကြီးမားကျယ်ပြန့်သော မေတ္တာ

အမေရိကန်နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းတွင် အရှည် ၁၆ပေနှင့် ပေါင် ၃၅၀၀ ရှိသော ဧရာမငမန်းဖြူကြီး မေရီလီကို သမုဒ္ဒရာအကြောင်း မှတ်တမ်းရိုက်ကူးရေးအဖွဲ့ ဓာတ်ပုံဆရာများက ၂၀၁၂ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ၎င်းရေပေါ်ပေါ်လာလျှင် သူ့ကျောရိုး ဆူးတောင်တွင် တပ်ဆင်ထားသော ထရန်စမစ်တာစက်မှထုတ်လွှင့်သည့် လှုပ်ရှားမှု ပုံရိပ်ကို ဂြိုလ်တုဆက်သွယ်ရေးမှတစ်ဆင့် ဖမ်းယူသည်။

ကမ်းရိုးတန်း အထက်အောက်တစ်လျှောက် မေရီလီ၏လှုပ်ရှားမှုပုံရိပ်များကို သုတေသီများမှအစ လှိုင်းစီးသူများပါမကျန် လူတိုင်းကြည့်ရှုလေ့လာခဲ့ကြသည်။ ၎င်း၏လှုပ်ရှားမှုကို မိုင်ပေါင်း ၄၀,၀၀၀ နီးပါးထိ လိုက်နိုင်ခဲ့ပြီး တစ်နေ့တွင်မူ အချက်ပြမှု ရပ်ဆိုင်းသွားသည်။
ဖြစ်နိုင်သည်မှာ သူ့ကိုယ်ပေါ် တပ်ဆင်ထားသောစက်၏ ဘက်ထရီ ကုန်သွားခြင်းကြောင့် ဖြစ်မည်။

လူ့အသိဉာဏ်နှင့် နည်းပညာများက အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။ မေရီလီကို စောင့်ကြည့်လေ့လာသူများ အဆက်ပြတ်သွားသော်လည်း ကျွန်ုပ်တို့၏ အသက်တာအချိန်တိုင်းကို သတိနှင့်ကြည့်ရှုသည့် ဘုရားရှင်၏စောင့်ကြည့်မှုမှ သင်နှင့်ကျွန်ုပ်တို့ မည်သို့မျှ မလွတ်မြောက်၊ မရှောင်တိမ်းနိုင်ပေ။ ‘‘ဝိညာဉ်တော်နှင့်…

သိကျွမ်းခြင်းအမှု တိုးပွားစေ

‘‘မင်းကို ပညာတော်သင်ကျောင်းသားအဖြစ် စေလွှတ်ဖို့ ရွေးလိုက်ပြီ။’’ ထိုစဉ်က ကျွန်တော့် အသက် ၁၇ နှစ်သာရှိသေးပြီး ဂျာမနီသို့ ပညာတော်သင်သွားရမည်ဖြစ်၍ အလွန် ပျော်သွားသည်။ သို့သော်အချိန် ၃ လအတွင်း သွားရမည်ဖြစ်၍ ဂျာမန်စာနှင့် စကားလည်း မသင်ရသေးပါ။

ထို ၃ လတာကာလအတွင်း နာရီပေါင်းများစွာ ဂျာမန်စာကို လေ့လာပြီး အချို့စကားလုံးများဆိုလျှင် ကျွန်တော် ရေးကျက်ခဲ့ရသည်။

နောက် ၃ လအကြာတွင် ဂျာမနီ၌ ကျောင်းတက်နေရပြီး ဂျာမန်စကားကောင်းကောင်း နားမလည်သဖြင့် စိတ်ပျက်အားလျော့ ဖြစ်ခဲ့ရသည်။ ထိုနေ့တွင် ဆရာမက ‘‘ဘာသာစကားကို လေ့လာတဲ့အခါ သဲတွင်းကိုယက်ပြီး တက်ရသလိုမျိုးပဲ၊ တစ်ခါတစ်လေ ဘာမှအရာမထင်ဘူးလို့ ထင်ရပေမဲ့ ဆက်ပြီးကြိုးစားပါ။ အကျိုးရှိလာပါလိမ့်မယ်’’ဟု အမြော် အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်ပေးခဲ့သည်။

ရံဖန်ရံခါ ထိုစကားကို ကျွန်တော်ဆင်ခြင်လျက် သခင်ယေရှု၏ နောက်တော်လိုက်တစ်ဦးအနေဖြင့် ကြီးထွားရင့်ကျက်ခြင်းသည် မည်သည့်…

မပြောင်းလဲသောအရာ

ကောလိပ်တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရန်အတွက် ကျွန်တော့်ဇနီး ကာရီနှင့်ကျွန်တော် လွန်ခဲ့သော ၃၅နှစ်က ချစ်ကျွမ်းဝင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ရှိ စန်တာဘာဘရာ မြို့လေးသို့ ခရီးပြုခဲ့ကြသည်။ ကျွန်တော်တို့ လူငယ်ဘဝက လည်ပတ်ခဲ့သော နေရာတော်တော်များများဆီသို့ သွားရောက် လည်ပတ်ရန်လည်း ဆုံးဖြတ်ထားကြသည်။ သို့သော် ကျွန်တော်အလွန်နှစ်သက်ခဲ့သည့် မက်ဆီကန် စားသောက်ဆိုင်သို့ ရောက်သောအခါ ဆောက်လုပ်ရေး ပစ္စည်းများရောင်းသော စတိုးဆိုင်ဖြစ်နေသည်။ နံရံပေါ်တွင် ရပ်ကွက်အတွင်း နှစ်ပေါင်း ၄၀ ၀န်ဆောင်မှုပေးခဲ့သည့် စားသောက်ဆိုင်အမှတ်တရ သံပြားကမ္ဗည်းလေး ချိတ်ဆွဲ ထားသည်။

ခြောက်ကပ်ကပ်ဖြစ်သော်လည်း တစ်ချိန်က ရောင်စုံစားပွဲများ၊ တောက်ပသော ထီးများနှင့် သက်ဝင်နေသော ရင်းနှီးပြီးသား လျှောက်လမ်းနေရာလေးကို လှမ်းကြည့် မိသည်။ အရာများစွာ ပြောင်းလဲခဲ့ပါသည်။ သို့သော် ထိုပြောင်းလဲမှုများကြားတွင် ဘုရားရှင်၏ သစ္စာတော်ကား ပြောင်းလဲမသွားပေ။ ဒါဝိဒ်သည် နက်ရှိုင်းစွာဖြင့် ဆာလံ ၁၀၃း ၁၅-၁၇ တွင်…

ဉာဏ်ပညာတော်ကြောင့် အံ့အားသင့်ရခြင်း

“ကျွန်မ အသက်ကြီးလာလေလေ အဖေက ပိုပညာရှိလေလေ ဖြစ်လာတယ်လို့ ထင်မိတယ်။ တစ်ခါတစ်ရံ ကျွန်မ သားနဲ့စကားပြောရင် အဖေ့ရဲ့စကားတွေက ကျွန်မ နှုတ်ကနေ ထွက်ထွက်လာတယ်”။

ကျွန်တော့်သမီး၏ပြောပုံဆိုပုံကြောင့် ကျွန်တော်ရယ်မိသည်။ ကျွန်တော်၏ သားသမီးများကို ပြောဆိုဆုံးမရာတွင်လည်း ကျွန်တော့် မိဘများ ပြောခဲ့သော စကားလုံးများကို မကြာခဏ အသုံးပြု ခဲ့သည်။ ကျွန်တော် မိဘဖြစ်လာသည့်အခါ ကျွန်တော့် မိဘများ၏ ဉာဏ်ပညာအပေါ် အမြင်ပြောင်းလဲ လာသည်။ ယခင်က မိုက်မဲမှုဟု ကျွန်တော်ထင်ခဲ့သည့်အရာများက ယခုအခါ ကျွန်တော် ထင်သည်ထက် ပို၍ပညာသားပါသည်ကို တွေ့ရှိလာသည်။ ယခင်က ၎င်းကို မသိခဲ့ပါ။

သမ္မာကျမ်းစာက “ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက် သာ၍ ပညာရှိ၏” ဟု (၁ ကော ၁း၂၅) တွင် သွန်သင်ထားသည်။ “အဘယ်သို့နည်း ဟူမူကား ဘုရားသခင်၏ပညာတော်စီရင်သည်နှင့်အညီ လောကီသားတို့သည် မိမိတို့ ပညာအားဖြင့်…

ရုပ်ဖျက်ထားသောယေရှု

ကျွန်ုပ်၏သားဖြစ်သူ ဂျော့ဖ်သည် မကြာမီက ‘‘အိမ်ယာမဲ့ပမာ ဟန်လုပ်သရုပ်တူ’’ အစီအစဉ်၌ ပါဝင်ခဲ့သည်။ သူသည် အပူချိန်ရေခဲအမှတ်အောက်ရောက်သည့် ရာသီတွင် သူမြို့ရှိ လမ်းမထက်၌ ၂ ည ၃ ရက်တာ အိပ်စက်ခဲ့သည်။ အစားအစာမရှိ၊ ငွေမရှိ၊ ခိုလှုံစရာမရှိ၊ သူ၏အခြေခံလိုအပ်မှုအတွက် တစ်စိမ်းတစ်ရံများ၏သနားမှု၊ မေတ္တာပြမှုအပေါ် မှီခိုရသည်။ တစ်ရက်တွင် သူ့အတွက် စားစရာမှာ အသားညှပ်ပေါင်မုန့်သာရှိသည်။ ထိုပေါင်မုန့်မှာ သူက အသင့်စားသောက်ဆိုင်မှ ပေါင်မုန့် တောင်းစား သည်ကို ကြားလိုက်သူတစ်ဦးက ယူလာပေးခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဂျော့ဖ်က ထိုအမှုသည် သူ့ဘဝ၌ သူလုပ်ခဲ့သည့် အခက်ခဲဆုံးအမှုများအနက်တစ်ခုဟု ကျွန်ုပ်ကို ပြောပါသည်။ သို့သော် ထိုအမှုက အခြားသူအပေါ် သူ့အမြင်ကို သိသိသာသာ ပြောင်းလဲပေးခဲ့သည်။ ထိုဟန်လုပ်သည့် ကာလနောက်ပိုင်းတွင် သူသည် လမ်းပေါ်၌ သူနေထိုင်ခဲ့စဉ်က သူ့ကို ကြင်နာမှု မေတ္တာ ပြခဲ့သူ…

ထောင်ချောက်မှလွတ်မြောက်ခြင်း

မြောက်ကယ်ရိုလိုင်းနားရှိ ကျွန်တော်တို့ အိမ်နှင့် မနီးမဝေးရှိ စိုစွတ်သောသဲမြေတွင် ဗီးနပ်စ်ဖလိုင်းထရပ် အင်းဆက်စားပင်ကို ပထမဦးဆုံးတွေ့ရှိခဲ့သည်။ ၎င်းတို့သည် အသားစားအပင်များဖြစ်သောကြောင့် ကြည့်ရသည်မှာ အလွန်ဆွဲဆောင်မှု ရှိသည်။

ထိုအပင်များသည် ပွင့်နေသော ပန်းပွင့်များနှင့်တူသည့် ရောင်စုံထောင်ချောက် အတွင်းသို့ ချိုမွှေးသောရနံ့ရှိသည့် ဝတ်ရည်များကို ထုတ်လွှတ်ပေးသည်။ ထောင်ချောက်အတွင်းသို့ အင်းဆက် တစ်ကောင် ဝင်သွားပါက ထောင်ချောက်အနားသတ်ရှိ အာရုံခံအင်္ဂါများ စတင်လှုပ်ရှားလာပြီး၊ မိနစ်ပိုင်းအတွင်း ထောင်ချောက်၏ ညှပ်ကလေးများက သားကောင်ကို ဖမ်းဆီး လိုက်ပြီး ပိတ်သွားသည်။ သည့်နောက် ထောင်ချောက် ပြန်ပိတ်သွားကာ၊ အင်ဇိုင်းများကို ထုတ်ပေးသည်။ ၎င်းသည် သားကောင်ကို အချိန် အတော်ကြာ စားသုံးပြီး၊ မြေဆီမှရသည့်အာဟာရအစား အပင်အတွက်အစာအာဟာရကို ထုတ်ပေးသည်။

မမျှော်လင့်ဘဲ ဖမ်းချုပ်နိုင်သော အခြားထောင်ချောက်တစ်ခုအကြောင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ ပြောပြသည်။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့ သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်း…

ဘုရားသခင်အပေါ် ရိုးသားခြင်း

သုံးနှစ်သားအရွယ် ကျွန်တော့်မြေး၏တစ်နေ့တာက စိတ်ရှုပ်ထွေးမှုနှင့် အစပြုခဲ့သည်။ သူအနှစ်သက်ဆုံးအင်္ကျီကို သူရှာမတွေ့၊ သူစီးချင်သည့် ရှူးဖိနပ်က အလွန်ပူနေသည်။ သို့နှင့် သူ့အဖွားအပေါ် ပုံကြီးချဲ့၊ ဒေါသချောင်းချောင်းထွက်ကာ ထိုင်ငိုတော့သည်။

‘‘ဘာကြောင့် ဒီလောက်ဝမ်းနည်းရတာလဲ မြေးရယ်’’ ဟု ကျွန်တော်မေးလိုက်ပြီး ကျွန်တော်တို့ ခဏလေး စကားပြောဖြစ်သည်။ သူငြိမ်သက် သွားပြီးနောက်မှ ‘‘ဖွားဖွားအပေါ် သားကောင်းရဲ့လား’’ ဟု ကျွန်တော် ဖြည်းညှင်းစွာ မေးလိုက်သည်။ မြေးက သူ့ရှူးဖိနပ်ကို နှံ့နှံ့စပ်စပ် ကြည့်ပြီးနောက် "မကောင်းဘူး သားသား ဆိုးခဲ့တယ်၊ တောင်းပန်ပါတယ်" ဟု တုံ့ပြန်ခဲ့သည်၊

ကျွန်တော့် နှလုံးသားအရည်ပျော်သွားသည်။ သူဘာလုပ်ခဲ့သည်ကို ငြင်းဆန်မည့် အစား သူရိုးသားခဲ့သည်။ ထို့နောက် အမှားလုပ်သောအခါ ခွင့်လွှတ်ရန်နှင့် ပို၍ ကောင်းမွန်စွာ နေထိုင်ပြုမူနိုင်အောင် မစရန် သခင်ယေရှုထံ ကျွန်တော်တို့ဆုတောင်းခဲ့သည်။

ဟေရှာယ ၁ ၌ သူတို့ကျူးလွန်ခဲ့သော အမှားများအတွက်…

ရတနာများရှာဖွေခြင်း

ဂျွန်နှင့် မေရီသည် သူတို့ခွေးလေးနှင့်လမ်းလျှောက်ထွက်စဉ် မိုးရွာထားသောကြောင့် မြေကြီးတစ်ဝက်တစ်ပျက်ဖုံးနေပြီး သံချေးများ တက်နေသောစည်သွပ်ဘူးဟောင်းကိုတွေ့လိုက်သည်။ ထိုဘူးကို အိမ်သို့ယူလာပြီး ဖွင့်ကြည့်သောအခါ နှစ်တစ်ရာကျော်ခန့်က ရွှေဒင်္ဂါးဟောင်းများကို တွေ့ရှိခဲ့သည်။ သူတို့သည် ဘူးကောက်ရခဲ့သောနေရာသို့ ပြန်သွားပြီး နောက်ထပ် ဒင်္ဂါးပေါင်း ၁၄၂၇ ပြား ပါသော ဘူး ၇ ဘူးကို ထပ်မံတွေ့ရှိခဲ့သည်။ သူတို့ ရှာဖွေတွေ့ရှိခဲ့သော ရတနာများကို အခြားတစ်နေရာတွင် ပြန်လည်မြှုပ်နှံ ခဲ့သည်။

ကာလတန်ဖိုး ဒေါ်လာ ၁၀သန်းတန်သော ဒင်္ဂါးများကို The Saddle Ridge Hoard ဟုခေါ်ပြီး အမေရိကန်သမိုင်း တွင် ၎င်းသည် အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုဖြစ်သည်။ ထိုအဖြစ်အပျက်သည် သခင်ယေရှု ပြောပြခဲ့သော ပုံဥပမာကို ပြန်ပြောင်းသတိရစေပါသည်။ “တစ်နည်းကား ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သောသူသည် တစ်ဖန် ဖုံးအုပ်၍ ဝမ်းမြောက်သော စိတ်နှင့်သွားပြီးလျှင်…

ဆုတောင်းခြင်း၏ လက်တစ်ကမ်းမှာ

ကီဗင်သည် သူ့မျက်လုံးမှမျက်ရည်များကို သုတ်ရင်း ကျွန်တော့်ဇနီး ကာရီထံ စာရွက် တစ်ရွက် ကမ်းပေးလိုက်သည်။ ကျွန်တော်တို့ဇနီးမောင်နှံမှာ ကျွန်တော်တို့၏ သမီးလေး သခင်ယေရှုထံ ယုံကြည်ခြင်းဖြင့် လှည့်ပြန်လာရန် ဆုတောင်းနေခြင်းကို ကီဗင် သိသည်။ ‘‘ဒီစာကို အမေဆုံးပြီးမှ သူ့ကျမ်းစာအုပ်ထဲမှာ တွေ့ခဲ့တာ၊ ဒီစာက မင်းတို့ အတွက် အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဆိုသည်။ စာရွက်အပိုင်း၏အပေါ်ဆုံးတွင် ‘‘သား ကီဗင်အတွက်’’ ဟု ရေးထားပြီး သူ၏ကယ်တင်ခြင်းအတွက် သူ့မိခင် ဆုတောင်း ပေးသော ဆုတောင်းချက်ဖြစ်သည်။

‘‘အခု ဒီစာရွက်အပိုင်းလေးကို ကျွန်တော့် ကျမ်းစာအုပ်ထဲမှ ညှပ်ပြီး သွားလေရာရာ ယူသွားတယ်။ အမေက ကျွန်တော့်ကယ်တင်ခြင်းအတွက် ၃၅ နှစ်ထက် မနည်း ဆုတောင်းပေးခဲ့ရတယ်။ ကျွန်တော်က ဘုရားနဲ့ အဝေးကြီးဝေးခဲ့ပြီး အခုတော့ ယုံကြည်သူ ဖြစ်နေပါပြီ’’ ဟု ရှင်းပြသည်။ သူက…

ချေးငှားပေးထားသော ကောင်းချီးမင်္ဂလာများ

နေ့လည်စာအတွက် ချီးမွမ်းဆုတောင်းရန် ခေါင်းငုံ့လိုက်ကြရာ ကျွန်တော့်သူငယ်ချင်း ဂျက်က “အဘဘုရား၊ ကိုယ်တော်၏လေကို ရှူရှိုက်ရသောအခွင့်၊ ကိုယ်တော်၏ အစာကို စားသုံးရသောအခွင့် ပေးသောကြောင့် ကျေးဇူးတင်ပါ၏” ဟု ဆုတောင်းသည်။ ဂျက်သည် အလုပ်ပြုတ်သဖြင့် ခက်ခဲသည့်အခြေအနေကို ကျော်ဖြတ်ခဲ့ရသည့်အတွက် သူ၏ စိတ်နှလုံး အကြွင်းမဲ့ လှိုက်လှိုက်လှဲလှဲ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်း၊ အရာအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း အသိအမှတ်ပြု ဝန်ခံခြင်းက ကျွန်တော့် စိတ်ကို ထူးထူးခြားခြား ထိတွေ့ခဲ့သည်။ အခြေခံ အသေးအဖွဲ အရာလေးမှအစ အသက်တာရှိ အရာခပ်သိမ်း သည် ဘုရားသခင်ပိုင်သည့်အရာဖြစ်ပြီး ကိုယ်တော်က ကျွန်တော်တို့ကို ပေးသုံးထားခြင်းဖြစ်သည်ဟု ရိုးသားစွာ နားလည်ပါရဲ့လားဟု မိမိကိုယ်ကို ပြန်ဆင်ခြင်မိသည်။

ယေရုရှလင်မြို့၌ ဗိမာန်တော် ဆောက်ရန်အတွက် ဣသရေလလူတို့ထံမှ အလှူပစ္စည်းများကို ဒါဝိဒ်မင်း လက်ခံရရှိ
သောအခါ သူက “ကြည်ညိုသောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်…