ဘုရားသခင်၊ ကျွန်ုပ်စိတ်နှလုံးကို စစ်ဆေးပါ
အစားအသောက်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် စင်္ကာပူရှိ စူပါမားကတ် ဆိုင်ခွဲတစ်ခုသည် အပြစ်အနာဆာ အနည်းငယ်ပါသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို လျှော့စျေးဖြင့် ရောင်းချသည်။ ဤအစပြုမှုသည် တစ်နှစ်အတွင်းတွင် အမြင်မလှ၊ စံနှုန်းများနှင့် မကိုက်ညီခြင်းကြောင့် ယခင်က စွန့်ပစ်ခဲ့ရသော ထုတ်ကုန် တန်ချိန် ၈၅၀ ကျော် (၇၇၁,၀၀၀ ကီလိုဂရမ်ကျော်)ကို အကျိုးရှိစွာ သုံးစွဲနိုင်ခဲ့သည်။ အပြင်ပန်းအသွင်အပြင်များဖြစ်သည့် အမာရွတ်များနှင့် တစ်မူထူးသောပုံစံများသည် အတွင်းရှိ အရသာနှင့် အာဟာရတန်ဖိုးကို မထိခိုက် စေကြောင်း မကြာမီတွင် ဈေးဝယ်သူများ သိလာသည်။ အပြင်၌ရှိသည့် အရာက အတွင်း၌ရှိသည့်အရာ မည်သို့ ဖြစ်သည်ကို အမြဲ မဆုံးဖြတ်ပေးနိုင်ပါ။
ပရောဖက်ရှမွေလသည် နောက်ထပ်ဣသရေလရှင်ဘုရင်ကို ဘိသိက်ပေးရန် ဘုရားသခင် စေလွှတ်လိုက်သောအခါ အလားတူသင်ခန်းစာကို သင်ယူခဲ့ရသည် (၁ ရာ ၁၆:၁)။ ယေရှဲ၏သားဦး ဧလျာဘကို မြင်သောအခါ၊ ရှမွေလက ရွေးကောက်…
ကောင်းကင်ဘုံ၌ရှိသော သခင်
အလုပ်ရှင်များသည် နားရက်တစ်ရက်ပေးမည့်အစား နစ်နာကြေးပေးခြင်းမျိုးမလုပ်အောင် စင်္ကာပူနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်များသည် ပြည်ပမှ လာရောက်လုပ်ကိုင်ကြသော အိမ်အကူအလုပ်သမားအားလုံးကို တစ်လလျှင် အနည်းဆုံးတစ်ရက် အနားပေးရမည်ဟု ၂၀၂၂ ခုနှစ်တွင် ကြေညာခဲ့သည်။ သို့သော် ထိုနေ့ရက်များတွင် သူတို့ချစ်ရသူများအား ပြုစုစောင့်ရှောက်ပေးမည့်သူ မရှိမည်ကို အလုပ်ရှင်တို့ စိုးရိမ်ကြသည်။ ပြုစုစောင့်ရှောက်ခြင်းဝန်ဆောင်မှုကို အခြားသော အစားထိုးအစီအစဉ်များဖြင့် ဖြေရှင်းနိုင်သော်လည်း၊ အနားယူရန် လိုအပ်ကြောင်းကို မမြင်သည့် ၎င်းတို့၏စိတ်သဘောထားပြဿနာမှာ ဖြေရှင်းရန် မလွယ်ကူခဲ့ပေ။
သူတစ်ပါးကို စာနာဆက်ဆံခြင်းသည် အသစ်အဆန်းပြဿနာမဟုတ်ပါ။ အစေခံကျွန်များကို သခင်ပိုင်ဆိုင်သော အရာတစ်ခုအဖြစ် ရှုမြင်သည့်ခေတ်တွင် တမန်တော်ပေါလု ရှင်သန်နေထိုင်ခဲ့သည်။ သို့တိုင် ခရစ်တော်နှင့်တူသောအိမ်ထောင် စုများ မည်သို့ဖြစ်တည်ရှင်သန်ရမည်ကို အသင်းတော်သို့ မှာကြားချက်၏ နောက်ဆုံးစာကြောင်းတွင် သူက သခင်များသည် ၎င်းတို့၏ ကျေးကျွန်များကို တရားမျှတစွာဆက်ဆံရမည်ဟု ဆိုသည် (ကော ၄:၁)။ THE MESSAGE အင်္ဂလိပ် ဘာသာပြန်ကျမ်းစာတွင် “သူတို့အပေါ်တွင်…
ခရစ်တော်ထံ အပြည့်အဝအပ်နှံမှု
၁၉၂၀ တွင် တရုတ်သင်းအုပ်ဆရာတစ်ဦး၏ ခြောက်ယောက်မြောက်သားဖြစ်သူ John Sung (ဂျွန်ဆန်း)သည် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားရန် ပညာသင်ဆုရရှိခဲ့သည်။ သူသည် အမြင့်ဆုံးအဆင့်ဖြင့် ဘွဲ့ရခဲ့ပြီး၊ မဟာဘွဲ့ကိုပါ ပြီးမြောက်အောင်မြင်ကာ၊ ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။ သို့သော်လည်း ပညာရေးနောက် လိုက်လျှောက်စဥ် ဘုရားသခင်ထံမှ သူလမ်းလွဲသွားခဲ့သည်။ ထို့နောက် ၁၉၂၇ ခုနှစ်၊ ညတစ်ညတွင် သူ၏အသက်တာကို ခရစ်တော်ထံ အပ်နှံပြီး တရားဟောဆရာတစ်ပါးဖြစ်ရန် ဘုရားသခင်စေခိုင်းသည်ဟု ခံစားခဲ့ရသည်။
တရုတ်ပြည်တွင် လစာကောင်းသော အလုပ်အကိုင်အခွင့်အလမ်းများစွာ စောင့်ဆိုင်းနေသော်လည်း သူ၏အိမ်အပြန်လမ်း သင်္ဘောပေါ်တွင် သူ၏ရည်မှန်းချက်ပေါင်းများစွာကို ဘေးဖယ်ရန် သန့်ရှင်းသောဝိညာဥ်တော်က သူ့အား စိတ်ချသေချာမှုပေးခဲ့သည်။ သူ၏ဝန်ခံအပ်နှံမှု သင်္ကေတအဖြစ် သူ၏ဆုတံဆိပ်အောင်လက်မှတ်များအားလုံးကို ပင်လယ်ထဲသို့ ပစ်ချခဲ့ကာ သူ၏မိဘများကို ရိုသေသမှု ပြုသောအားဖြင့် သူ၏ပါရဂူဘွဲ့တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။
တပည့်တော်ဖြစ်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှု ပြောခဲ့သည့် “လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း”…
ဘုရားသခင်ကို အမှီပြုအားကိုးပါ
ရေပန်းဥယျာဉ်တွင် ရေပေါ်မျောနေသည့် လေထိုးဘောကွင်းနှင့် ပြုလုပ်ထားသော အတားအဆီးလမ်းကြောင်းပေါ် လမ်းလျှောက်ရန် သူငယ်ချင်းတစ်ချို့နှင့်ကျွန်မတို့ ကြိုးစားခဲ့ကြသည်။ တလှုပ်လှုပ်နှင့်ပြောင်ချောနေသည့် ဘောကွင်းများပေါ်ဖြောင့်ဖြောင့်လမ်းလျှောက်ရန် မဖြစ်နိုင်သလောက်ပင်။ လမ်းအခုံးများ၊ ချောက် ကမ်းပါးများနှင့် တံတားများကို ဒယီးဒယိုင်ဖြတ်ကျော်လာစဥ် ကျွန်မတို့ ရေထဲသို့ ဗြုန်းကနဲပြုတ်ကျကာ အော်ဟစ်နေခဲ့ကြသည်။ လမ်းကြောင်းတစ်ခု ပြီးသွားသောအခါ ကျွန်မသူငယ်ချင်းမှာ မောပန်းသွားပြီး အသက်ဝဝပြန်ရှုရန် “လေဖောင်းမျှော်စင်” တစ်ခုပေါ် မှီချရာ၊ သူမ၏ အလေးချိန်ကြောင့် ပြိုလဲသွားပြီး သူမမှာ တစ်ရှိန်ထိုး ရေထဲသို့ ကျသွားသည်။
ရေပန်းဥယျာဉ်ရှိ ပျော့ပျော့အိအိမျှော်စင်များနှင့်မတူဘဲ သမ္မာကျမ်းစာခေတ်ရှိ မျှော်စင်သည် ခံတပ်နှင့် အကာအကွယ်အတွက် ခိုင်ခံ့လုံခြုံသောနယ်မြေဖြစ်သည်။ တရားသူကြီးမှတ်စာ ၉:၅၀-၅၁ တွင် သေဗက်မြို့သားများသည် အဘိမလက်က သူတို့မြို့ကို လာတိုက်ခိုက်သဖြင့် “ခိုင်ခံ့သောရဲတိုက်” သို့ ထွက်ပြေးပုန်းခိုခဲ့ရကြောင်း ဖော်ပြထားသည်။ သုတ္တံကျမ်း ၁၈:၁၀ တွင် ကျမ်းရေးဆရာက ဘုရားသခင်အား ယုံကြည်ကိုးစားသူများကို ကယ်တင်သောအရှင်အဖြစ်…
ဘုရားသခင် ချစ်မြတ်နိုးသူ
Ming (မင်း) ငယ်စဉ်က သူ့ဖခင်သည် အလွန်ရက်စက်ပြီး သူနှင့်ခပ်တန်းတန်း ဆက်ဆံသည်ဟု သူမြင်သည်။ သူဖျားနာသည့်အချိန်တွင် ကလေးအထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်သော်လည်း သူ့ဖခင်က သူ့အား သက်သက်ဒုက္ခပေးသည်ဟု ငြူစူခဲ့သည်။ တစ်ကြိမ်တွင် သူ့ဖခင်သည် စကားများရင်းမှ သူ့အားလိုချင်စိတ်မရှိ၍ ကိုယ်ဝန်ဖျက်ချစေလိုသည့် ဆန္ဒရှိခဲ့ကြောင်းကို မင်း သိလိုက်ရသည်။ မလိုချင်သောသားအဖြစ် သူ၏ခံစားချက်က သူအရွယ်ရောက်သည့်အထိ နှစ်ပေါင်းများစွာ သူ့နောက်သို့ အရိပ်သဖွယ် တစ်ကောက်ကောက် လိုက်နေခဲ့သည်။ မင်းသည် ယုံကြည်သူတစ်ယောက် ဖြစ်လာချိန်တွင် ဘုရားသခင်ကို သူ့ဘဝ၏ အရှင်သခင်အဖြစ်သိသော်လည်း အဘအဖြစ်လက်ခံရန် ခက်ခဲနေသည်။
ကျွန်ုပ်တို့လည်း မင်း နည်းတူ လောကီဖခင်၏မေတ္တာကို မခံစားရပါက ဘုရားသခင်နှင့် ဆက်ဆံရေးတွင်လည်း သံသယရှိနေမည်ဖြစ်သည်။ မိမိသည် “ကိုယ်တော့်အတွက် ဝန်ဖြစ်နေမလား၊ ကိုယ်တော် ကျွန်ုပ်ကို ဂရုစိုက်ပါ့မလား”ဟု ကျွန်ုပ်တို့ တွေးမိနိုင်သည်။ လောကီဖခင်က ဆိတ်ဆိတ်နေပြီး ကျွန်ုပ်တို့အပေါ်ခပ်တန်းတန်းဖြစ်နေစဥ် ကောင်းကင်ဘုံရှင် အဘဘုရားက…