စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Jasmine Goh

ဘုရားသခင် ချစ်မြတ်နိုးသူ

Ming (မင်း) ငယ်စဉ်က သူ့ဖခင်သည် အလွန်ရက်စက်ပြီး သူနှင့်ခပ်တန်းတန်း ဆက်ဆံသည်ဟု သူမြင်သည်။ သူဖျားနာသည့်အချိန်တွင် ကလေးအထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်သော်လည်း သူ့ဖခင်က သူ့အား သက်သက်ဒုက္ခပေးသည်ဟု ငြူစူခဲ့သည်။ တစ်ကြိမ်တွင် သူ့ဖခင်သည် စကားများရင်းမှ သူ့အားလိုချင်စိတ်မရှိ၍ ကိုယ်ဝန်ဖျက်ချ‌စေလိုသည့် ဆန္ဒရှိခဲ့ကြောင်းကို မင်း သိလိုက်ရသည်။ မလိုချင်သောသားအဖြစ် သူ၏ခံစားချက်က သူအရွယ်ရောက်သည့်အထိ နှစ်ပေါင်းများစွာ သူ့နောက်သို့ အရိပ်သဖွယ် တစ်ကောက်ကောက် လိုက်နေခဲ့သည်။ မင်းသည် ယုံကြည်သူတစ်ယောက် ဖြစ်လာချိန်တွင် ဘုရားသခင်ကို သူ့ဘဝ၏ အရှင်သခင်အဖြစ်သိသော်လည်း အဘအဖြစ်လက်ခံရန် ခက်ခဲနေသည်။

ကျွန်ုပ်တို့လည်း မင်း နည်းတူ လောကီဖခင်၏မေတ္တာကို မခံစားရပါက ဘုရားသခင်နှင့် ဆက်ဆံရေးတွင်လည်း သံသယရှိနေမည်ဖြစ်သည်။ မိမိသည် “ကိုယ်တော့်အတွက် ဝန်ဖြစ်နေမလား၊ ကိုယ်တော် ကျွန်ုပ်ကို ဂရုစိုက်ပါ့မလား”ဟု ကျွန်ုပ်တို့ ‌တွေးမိနိုင်သည်။ လောကီဖခင်က ဆိတ်ဆိတ်နေပြီး ကျွန်ုပ်တို့အပေါ်ခပ်တန်းတန်းဖြစ်နေစဥ် ကောင်းကင်ဘုံရှင် အဘဘုရားက…