စာရေးသူ

အားလုံးမြင်နိုင်ရန်
Jennifer Benson Schuldt

ဂျဲနီဖါဘန်စန်ရှော့ထ်

ဂျဲနီဖါဘန်စန်ရှော့ထ် (Jennifer Benson Schuldt)သည် ၁၉၉၇ ခုနှစ်၌ စီဒါဗေးလ် တက္ကသိုလ် (Cedarville University) မှ ဘွဲ့ရခဲ့ပြီး နည်းပညာဆိုင်ရာ စာရေးဆရာအဖြစ် စတင်လုပ်ကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင်နှင့် စာပေများရေးသားခဲ့သည်။ ယခုလက်ရှိတွင် ဆရာမသည် Our Daily Bread အတွက် စာမူများရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်း ဘော့ (Bob)တို့သည် သားသမီး နှစ်ဦးတို့နှင့် အတူ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသ၌ နေထိုင်ကြပါသည်။ စာမရေးသည့်အချိန်တွင် ဆရာမသည် အိမ်၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ဆက်ကပ် လုပ်ဆောင်နေလျက်ရှိသည်။ သူမသည် ပန်းချီဆွဲခြင်း၊ ကဗျာစာအုပ် နှင့် ဝတ္ထုစာအုပ်များ ဖတ်ခြင်း၊ မိသားစုနှင့်အတူ အပန်းဖြေလမ်းလျှောက်ထွက်ခြင်းများကို နှစ်သက်သည်။ သူမ၏ အနှစ်သက်ဆုံး သမ္မာကျမ်းစာပိုဒ်များထဲမှ တစ်ပိုဒ်မှာ “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာအနာဂတ္တိကျမ်း ၆:၈) ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျဲနီဖါဘန်စန်ရှော့ထ်

တောက်ပသောကြယ်

မျက်စိကိုမှိတ်ပြီး ကျွန်မကြီးပြင်းခဲ့သည့်အိမ်ကို စိတ်ကူးမြင်ယောင်ကြည့်လိုက်သည်။ ကျွန်မအဖေနှင့်အတူ ကြယ်များကြည့်ခဲ့သည်ကို သတိရမိသည်။ အဖေ့အဝေးကြည့်မှန်ပြောင်းဖြင့် တလက်လက် လင်းလက်တောက်ပနေသော အစက်များကို အာရုံစိုက်ပြီး မျက်စိမှေး၍ကြည့်ကြသည်။ အပူနှင့်မီးမှ ထွက်ပေါ် လာသည့် ဤအစက်အပြောက်အလင်းရောင်လေးများသည် ညအမှောင် ကောင်းကင်တွင် ထင်ရှားစွာတောက်ပနေကြသည်။

သင့်ကိုယ်သင် တောက်ပထူးချွန်သောကြယ် ဟုယူဆပါသလား။ ကျော်ကြား ထင်ပေါ်မှုကို ကျွန်မပြောနေခြင်း မဟုတ်ပါ။ ပျက်စီးယိုယွင်းမှုနှင့် မကောင်းမှု၏ မှောင်မိုက်နောက်ခံကို ဆန့်ကျင်ရပ်တည်အသက်ရှင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်ရှိယုံကြည်သူများအား "အသက်ရှင်ခြင်းနှင့် ဆိုင်သော (ဘုရားသခင်၏)နှုတ်ကပတ် တရားတော်"ကို စောင့်ထိန်းပြီး ညည်းညူ ငြင်းခုံခြင်းမပြုပါက ဘုရားရှင်သည် သူတို့၌သော်လည်းကောင်း၊ သူတို့မှတစ်ဆင့်သော်လည်းကောင်း ထွန်းလင်းလိမ့်မည်ဟု ပြောကြားခဲ့သည် (ဖိ ၂:၁၄-၁၆)။

အခြားယုံကြည်သူများနှင့် သင့်တင့်စည်းလုံးမှုနှင့် ဘုရားသခင်အပေါ် သစ္စာ ရှိမှုက ကျွန်ုပ်တို့ကို လောကသားများနှင့် ခြားနားစေသည်။ သို့သော် ထိုအရာများက အလိုအလျောက်ဖြစ်မလာပါ။ ဘုရားရှင်နှင့်ရင်းနှီးသော…

မပြည့်စုံသော အစီအစဉ်များ

ရပ်ကွက်၏ ပြည်သူပိုင်အဆောက်အအုံသစ်၏ အောက်ဆုံးထပ်ရှိ စာကြည့်တိုက်အခန်းတွင် ကျွန်ုပ် စာအုပ်ရှာဖွေနေစဉ် အပေါ်ထပ်မှ တစ်စုံတစ်ခုက ပြိုကျသလိုဖြစ်ပြီး အခန်းတုန်ခါသွားသည်။ မိနစ်အနည်းငယ်အကြာတွင် ထပ်ဖြစ်ပြန်သည်။ ထပ်ခါထပ်ခါဖြစ်သည်။ စာကြည့်တိုက်မှူးက စာကြည့်တိုက်၏အပေါ်ထပ်တွင် အလေးမလေ့ကျင့်ခန်းရုံ ဖွင့်ထား‌သဖြင့် အလေးပြားများပစ်ချတိုင်း ထိုသို့ ဖြစ်ရ ကြောင်း စိတ်မကြည်မသာနှင့် ရှင်းပြသည်။ ဗိသုကာပညာရှင်နှင့် အဆောက်အအုံဒီဇိုင်းနာများက ရှုထောင့်ပေါင်းစုံမှ ပြည့်စံဒစွာ စီစဉ်ခဲ့ပါလိမ့်မည်။သို့သော် စာကြည့်တိုက်ကို သင့်လျော်သည့်နေရာတွင်ထားရှိရန် မေ့သွားပံဒရပါသည်။

ထိုနည်းတူ ဘဝ၌လည်း ကျွန်ုပ်တို့၏အစီအစဉ် အကြံအစည်များသည်လည်း မပြည့်စုံပါ။ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအရာများကို ကျွန်ုပ်တို့ သတိမမူမိပါ။ မတော်တဆမှု၊ ချွင်းချက်များကို ကျွန်ုပ်တို့မထည့်သွင်းပါ။ ကြိုတင် အစီအစဉ်ဆွဲထားခြင်းက ငွေကြေးပိုင်းအဆင်မပြေမှု၊ အချိန်အဆင်မပြေမှုနှင့် ကျန်းမာရေးပြဿနာစသည်တို့ကို ရှောင်နိုင်အောင် အထောက်အကူဖြစ်သည့် တိုင်၊ အဘက်ဘက်မှအသေးစိတ် အကောင်းဆုံးစီမံထားသည့်တိုင် ဘဝတွင် ကြုံဆုံလာနိုင်သော အခက်အခဲအားလုံးကို မဖြေရှင်းပေးနိုင်။ အပြစ်သို့ ကျဆင်း ပြီးသား…

သာ၍ကြီးမားသောတစ်စုံတစ်ရာ

အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မြို့ရှိ October Books(အောက်တိုဘာ စာအုပ်များ) အမည်ရှိ စာအုပ်ဆိုင် တစ်ဆိုင်သည် လက်ရှိဆိုင်တည်ရှိရာလမ်း၏ အောက်ဘက် နေရာတစ်ခုသို့ ပစ္စည်းများ ပြောင်းရွှေ့ရာ လုပ်အားပေးသူပေါင်း ၂၀၀ ကျော်က ပါဝင်ကူညီ ပြောင်းရွှေ့ပေးခဲ့သည်။ လုပ်အားပေးသူများသည် တန်းစီလျက် "လူသားရွေ့လျားစက်"ပုံစံဖြင့် စာအုပ်များကို လက်ဆင့်ကမ်းကာရွှေ့ပြောင်းခဲ့ကြသည်။ လုပ်အားပေးသူများ၏ကူညီဆောင်ရွက်မှုကို မြင်တွေ့ခဲ့ရသည့် စာအုပ်ဆိုင် ဝန်ထမ်းတစ်ဦးက "အခုလိုမျိုး လူတွေကူညီပေးနေတာကိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံ တစ်ခုပါပဲ။ သာ၍ကြီးမားတဲ့တစ်စုံတစ်ရာထဲမှာ တစ်စိတ်တစ်ဒေသ ပါဝင်ဖို့ သူတို့ဆန္ဒရှိခဲ့ကြတယ်" ဟုဆိုသည်။

မိမိထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာတွင် ကျွန်ုပ်တို့လည်း တစ်စိတ် တစ်ဒေသ ပါဝင်နိုင်ပါသည်။ သူ၏မေတ္တာသတင်းစကားဖြင့် လောကကြီးကို ထိတွေ့ရန် ဘုရားသခင် ကျွန်ုပ်တို့ကို အသုံးပြုသည်။ တစ်စုံတစ်ဦးက ထိုသတင်း စကားကို ကျွန်ုပ်တို့အား ဝေမျှခဲ့ခြင်းကြောင့် ကျွန်ုပ်တို့လည်း ထိုသတင်းစကားကို အခြားသူတစ်ဦးအား ပြန်လည်လက်ဆင့်ကမ်းဝေမျှနိုင်ပါသည်။…

အသစ်သောအရာ

ရေချိုမရှိသည့်ဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်ရန် မလွယ်ပေ။ ထိုပြဿနာကို ဖြေရှင်းရန် “Seawater Greenhouse(ပင်လယ်ရေ အစိမ်းရောင်အိမ်)” ကုမ္ပဏီက အာဖရိကရှိ ဆိုမာလီ နိုင်ငံနှင့် အခြားရာသီဥတုတူညီသောနိုင်ငံများတွင် “အအေးခံအိမ်များ”ကို တီထွင်တည်ဆောက်ခဲ့သည်။ ထိုအိမ်များတွင် အတွန့်အခေါက်များပါသည့်ဘုတ်ပြားဖြင့် ပြုလုပ်ထားသောနံရံပေါ်သို့ နေရောင်ခြည်သုံး ရေပန့်များဖြင့် ဆားငန်ရေကို ပက်ဖြန်းသည်။ ရေများစီးကျလာစဉ် နံရံမှဆားများကို စုတ်ယူလိုက်ပြီး ကျန်ရှိသည့် ရေသန့်မှာ အငွေ့ပျံပြီး အဆောက်အအုံအတွင်းပိုင်းကို စိုထိုင်းစေသဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို လန်းဆန်းသီးပွင့်စေသည်။

ဘုရားသခင်က ပရောဖက်ဟေရှာယမှတစ်ဆင့် ရှေးဣသရေလ လူမျိုးများ အတွက် “အမှုသစ်ကို ငါပြုမည်”ဟု ကတိပေးခဲ့ပြီး၊ “လွင်ပြင်၌ စီးသောရေ”ကို ပေးခဲ့သည်(ဟေရှာ ၄၃:၁၉)။ ထိုအမှုသစ်သည် လူမျိုးတော်ကို အဲဂုတ္တုစစ်တပ်ရန်မှ ကယ်တင်ခြင်းအမှုဟောင်းနှင့် ခြားနားသည်။ ပင်လယ်နီကိုဖြတ်ခဲ့သည့်အကြောင်းကို မှတ်မိပါသလား။ လူမျိုးတော်တို့အား အတိတ်မှအမှုကို မှတ်မိစေ လိုသော်လည်း လက်ရှိ သူတို့၏ဘဝတွင် ဘုရားရှင် ပြုပေးသည့်အမှုအရာအပေါ်…

စက္ကူသရဖူ

အားလပ်ရက်၌ဆုံပြီး ကျွန်မအိမ်၌ စားသောက်ကြပြီးနောက် လူတိုင်းအတွက် ပြင်ဆင်ထားသည့် သကြားလုံး၊ သေးငယ်သောကစားစရာများပါသည့် ရောင်စုံ စက္ကူစများနှင့်လက်ဆောင်ထုပ်ကို ဖောက်သည်။ ထိုအထဲတွင် လူတိုင်းအတွက် စက္ကူသရဖူများလည်း ပါရှိသည်။ မဆောင်းရမနေနိုင်ဘဲ သရဖူများဆောင်းကာ စားပွဲတွင်ဝိုင်းထိုင်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ပြုံးလိုက် ကြသည်။ ခဏတာအတွက်တော့ ကျွန်မတို့သည် ညနေစာ အကြွင်းအကျန်အမှိုက် များနှင့် ထမင်းစားခန်းနိုင်ငံ၏ဘုရင်နှင့်ဘုရင်မများ ဖြစ်နေပါသည်။

၎င်းသည် ကျွန်မဆင်ခြင်လေ့မရှိသော သမ္မာကျမ်းစာမှ ကတိတော်တစ်ခုကို အမှတ်ရစေပါသည်။ နောင်ဘဝတွင် ယုံကြည်သူများသည် သခင်ယေရှုနှင့်အတူ စိုးစံရမည်ဖြစ်သည်။ ထိုအချက်ကို ၁ ကော ၆ တွင် “သန့်ရှင်းသူတို့သည် လောကီ နိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော”(:၂)ဟု ရှင်ပေါလုမေးကာ ဖော်ပြ ထားသည်။ အနာဂတ်တွင်ရရှိမည့်အခွင့်ထူးကို ရှင်ပေါလုဖော်ပြရခြင်းမှာ ယုံကြည်သူများအား လောကတွင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုသောကြောင့် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တရားစွဲဆိုခြင်း၏…

တိမ်လွှာမြူခိုး

တစ်မနက်က ကျွန်မအိမ်နားရှိ ရေကန်သို့သွားပြီး ကုန်းပေါ်၌လှန်ထားသော လှေပေါ်တွင်ထိုင်ကာ တွေးနေရင်း ညင်သာစွာ တိုက်ခတ်သောလေပြေနှင့် ရေပြင်ပေါ် ရှိ မြူခိုးလွှာလေးကိုကြည့်နေစဥ် လေဆင်နှာမောင်းငယ်လေးများ ဝှေ့တက်လာပြီး အားပျော့သွားသည်။ များမကြာမီ နေခြည်အလင်းတန်းက တိမ်ကိုထိုးဖောက်ထွက်လာသောအခါ တိမ်လွှာမြူခိုးများ ပျောက်ကွယ်သွားပါတော့သည်။

ထိုမြင်ကွင်းလေးက ကျွန်မဖတ်ခဲ့သော “သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ” (ဟေရှာ ၄၄:၂၂) ဟူသည့် ကျမ်းပိုဒ်နှင့်ဆက်စပ်မိသောကြောင့် စိတ်သက်သာရာရခဲ့ပါသည်။ ကျွန်မ၏အတွေးထဲတွင် ရက်အတော်ကြာမျှ စိုးမိုးထားသော အပြစ်ဖြစ်နေသောအတွေးများမှ စိတ်အာရုံလွဲရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ သွားခဲ့ခြင်းဖြစ်သည်။ အပြစ်ကို ဝန်ချတောင်းပန်ခဲ့သော်လည်း ထိုအပြစ်ကို ထပ်မံပြုလုပ်မိမည်ဆိုပါက ဘုရားရှင်ခွင့်လွှတ်ပါဦးမည်လားဟု တွေးမိသည်။

ထိုမနက်က ဘုရားရှင်ခွင့်လွှတ်မည်ဟု အဖြေရရှိခဲ့သည်။ ဘုရားရှင်သည် ရုပ်တုကိုးကွယ်ခြင်းပြဿနာနှင့် အဆက်မပြတ် လုံးပမ်းနေသည့် ဣသရေလလူတို့အား ပရောဖက်ဟေရှာယအားဖြင့် ကရုဏာပြခဲ့သည်။ ၎င်းတို့အား မှားယွင်းသောဘုရားများကိုးကွယ်ခြင်းကို ရပ်တန့်ရန် တားမြစ်ခဲ့သော်လည်း “သင့်ကို…

တစ်ဦးချင်းဖြစ်စေ၊ အားလုံးဖြစ်စေ

​အဲလ်ဆာဗေဒိုနိုင်ငံတွင် သခင်ယေရှုကိုချီးမြှောက်လျက် ကိုယ်တော်၏ရုပ်တုကြီးကို မြို့တော်၏အလယ်တွင် စိုက်ထူထားသည်။ ယာဉ်အသွားအလာများသော မြို့လယ်ခေါင်ဖြစ်သော်လည်း မြင့်မားသည့်ရုပ်တုနှင့် “ဤလောက၏ ကယ်တင်ရှင် ဘုရားသခင်” ဟူသည့်နာမတော်က ထင်ရှားပေါ်လွင်လျက် အများသူငှာတို့ အလွယ်တကူမြင်နိုင်ပြီး သခင်၏အံ့မခမ်းကြီးမြတ်မှုကို ရိုသေ လေးမြတ်ရန် ဆက်သွယ်ဖော်ပြနေသည်။

ဤရုပ်တုတွင်ဖော်ပြထားသည့် အမည်နာမသည် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော သခင်ယေရှု (၁ ယော ၄:၁၄)၏အကြောင်းကို ပိုမိုခိုင်မာစေ သည်။ကိုယ်တော်သည် လူသားတိုင်းအား ကယ်တင်ခြင်းကိုပေးသော သခင် ဖြစ်သည်။ ကိုယ်တော်သည် မတူညီသောယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဂရုမပြု။ မည်သည့် အသက်အရွယ်၊ ပညာ၊ လူမျိုးစု၊ အတိတ်မှအပြစ်၊ လူမှု အဆင့်အတန်းမဆို သူ့အား သိကျွမ်းရင်းနှီးလိုသူမှန်သမျှကို လက်ခံသည်။

ရှင်ပေါလုသည် ရှေးခေတ်ကမ္ဘာ့နေရာအနှံ့အပြားသို့ လှည့်လည်ပြီး ယေရှု၏ အသက်တာ၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြော ခဲ့သည်။ ဤသတင်းကောင်းကို နိုင်ငံရေးသမား၊ ဘာသာရေးခေါင်းဆောင်၊ စစ်သား၊…

မီးလျှံအတွင်းမှာ

စပိန်နိုင်ငံ၊ အန်ဒီလာတောမီးကြောင့် သစ်တောဧရိယာ ဧက ၅၀,၀၀၀ မီးလောင် ကျွမ်းခဲ့သည်။ သို့သော် အပျက်အစီးများအလယ်တွင် အပင် ၁,၀၀၀ ခန့်မျှသော စိမ်းလန်းသည့်သစ်မာထင်းရှူးတောမှာ မပျက်မစီးရှိနေသည်။ ထိုအပင်များ၏ ရေဓာတ်ထိန်းသိမ်းနိုင်မှုကြောင့် မီးဒဏ်ကို ခံရပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗာဗုလုန်ပြည်၊ နေဗုခနေဇာမင်းကြီးလက်ထက်တွင် ဘုရင်၏အမျက်တော် မီးဒဏ်မှ လက်တစ်ဆုပ်စာ မိတ်ဆွေသုံးဉီးတို့ ခံရပ်ရှင်သန်ခဲ့ကြသည်။ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခနေဇာမင်းကြီး၏ရုပ်တုကို ကိုးကွယ်ရန် ငြင်းဆိုခဲ့ပြီး၊ “အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် မီးလောင်လျက် ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွတ်နိုင်တော်မူသည်”(၃:၁၇) ဟု ပြောခဲ့သည်။ မင်းကြီးသည် ပြင်းစွာအမျက်ထွက်လျက် မီးအပူကို ခုနှစ်ဆ အထိ တိုးလိုက်ရန် မိန့်လိုက်သည် (:၁၉)။

ဘုရင့်အမိန့်ကို နာခံပြီး ထိုမိတ်ဆွေသုံးဉီးကို မီးထဲချပစ်သည့် စစ်သားများမှာ မီးလျှံအရှိန်ကြောင့် သေကြ၏။ သို့သော် ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ သုံးဉီးမှာ “မတုတ်နှောင်ဘဲ…

သူမကို နောက်တစ်ဖန် ပြန်တွေ့မှာပါ

ဂျက်ကီ ၏ ကုတင်အနီးသို့ ကျွန်မထိုင်ခုံဆွဲထိုင်လိုက်သည်။ အခန်းလေး၌ မီးရောင်မှိန်မှိန်သာရှိပြီး ငြိမ်သက်နေသည်။ ကင်ဆာဝေဒနာနှင့် တိုက်ပွဲမဝင်ရမီ လွန်ခဲ့သောသုံးနှစ်က ကျွန်မသူငယ်ချင်းသည် အားအပြည့်နှင့်သွက်လက် နေသူ ဖြစ်သည်။ တောက်ပသောမျက်လုံးနှင့်အပြုံးပန်းဝေသော မျက်နှာလေးကို မြင်ယောင်မိသေးသည်။ ယခုတွင် သူသည် မလှုပ်မယှက် ငြိမ်နေပြီး အထူးကြပ်မတ်ဆောင်တွင် သူ့ထံကျွန်မသွားရောက်ခြင်းဖြစ်ပါသည်။

ဘာပြောရမှန်းမသိသောကြောင့် ကျွန်မသည် ရွှေကျမ်းချက်များကို ဖတ်ပြရန် ဆုံးဖြတ်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ ကျမ်းစာအုပ်ထုတ်ပြီး ကောရိန္သုသြဝါဒစာ ပဌမစောင်ကို စတင်ဖတ်လိုက်သည်။

သူ့ကိုကြည့်ပြီး အလွန်ခံစားရလျက် သူ့ထံမှပြန်ထွက်လာပြီး ကားရပ်ထား သောနေရာ၌ ကျွန်မတစ်ကိုယ်တည်း နာကျင်ခံစားမှုဖြင့် ငိုယိုမိစဉ် သူ့ကို ပြန်တွေ့ရ မှာပါဟူသည့် အတွေးလေးဝင်လာပြီး မျက်ရည်များ ရပ်တန့်သွားသည်။ ဝမ်းနည်းမှုလွှမ်းမိုးနေသဖြင့် ယုံကြည်သူများအတွက် သေခြင်းတရားသည် ယာယီသာ ဖြစ်ကြောင်းကို မေ့သွားသည် (၁ကော ၁၅:၂၁-၂၂)။ ကျွန်မတို့သည် ရှင်ယေရှုသည် မိမိအပြစ်များကို ခွင့်လွှတ်ကာ အသက်ခံပေးပြီး…

အလုပ်အပေါ် စိတ်အားထက်သန်မှု

ကျွန်မမိတ်ဆွေ အယ်လန်သည် စာရင်းအင်းကုမ္ပဏီတစ်ခု၏ဝန်ထမ်းများအတွက် လစာကို တွက်ချက်ပေးရသည်။ ထိုအလုပ်က ရိုးရှင်းသည်ဟုထင်ရ သော်လည်း ဝန်ထမ်းများဘက်မှ သတ်မှတ်ချိန်ထက် နောက်ကျမှ သူတို့၏ အချက်အလက်များကို တင်ပြလာခြင်းများ ရှိတတ်သည်။ ထို့အတွက်ကြောင့် ဝန်ထမ်းများအနေဖြင့် ကြန့်ကြာမှုမရှိဘဲ သူတို့လစာကိုရရှိနိုင်ရန် ရံဖန်ရံခါ အယ်လန်သည် လစာစာရင်းများကို နာရီပေါင်းများစွာ ပြင်ဆင်ရသည်။ အစားအစာနှင့်ဆေးဝါးများဝယ်ရန်၊ အိမ်စရိတ်ပေးရန်စသည်ဖြင့် ထိုလစာအပေါ် မှီခိုနေရသည့် မိသားစုများအပေါ်စာနာပြီး ဤသို့ သူလုပ်ဆောင်ပေးခြင်းဖြစ်သည်။

သူ့အလုပ်နှင့်ပတ်သက်ပြီး အယ်လန်၏ ကရုဏာပြသည့်နည်းလမ်းက ကျွန်မကို ရှင်ယေရှုထံ ညွှန်ပြပေးသည်။ ရှင်ယေရှု လောက၌ကျင်လည်စဉ် တစ်ခါတစ်ရံ သူ့အတွက်အဆင်မပြေဖြစ်လည်း လူများကို သူပြုစုခဲ့သည်။ ဥပမာ - နှစ်ခြင်းဆရာယောဟန် အသတ်ခံရကြောင်းကြားသိရသော် သူ တစ်ဦးတည်းရှိနေလိုသည့်အတွက် လှေစီးပြီးဆိတ်ကွယ်ရာအရပ်သို့ သွားခဲ့ သည် (မ ၁၄:၁၃)။ သူ့ဝမ်းကွဲအစ်ကိုအတွက် ဝမ်းနည်းကြေကွဲပူဆွေးလျက် ဆုတောင်းရန် သူ့အတွက်အချိန် လိုအပ်ကောင်းလိုအပ်မည်။

ပြဿနာမှာ…