အသက်ရှင်စဉ် ပေးကမ်းပါ
အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် သူရှာဖွေစုဆောင်းခဲ့သည့် စည်းစိမ်များအား ပေးကမ်းခြင်းဖြင့် သူ့ဘဝ၏နောက်ဆုံး ဆယ်စုနှစ်အချိန်အနည်းငယ်ကို အသုံးပြုခဲ့သည်။ ဘီလီယံများစွာကြွယ်ဝသည့် ထိုသူသည် မြောက်ပိုင်း အိုင်ယာလန်နိုင်ငံအတွက် ငြိမ်းချမ်းရေးဆောင်ယူပေးခြင်းနှင့် ဗီယက်နမ်နိုင်ငံ၏ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို မြှင့်တင်ပေးခြင်းစသည်ဖြင့် အကြောင်း အရာအမျိုးမျိုးအတွက် ငွေလှူဒါန်းခဲ့သည်။ သူမကွယ်လွန်မီအချိန်၌ နယူးယော့မြို့ Roosevelt (ရုစဗဲ့)ကျွန်းကို နည်းပညာဌာနအဖြစ် ပြောင်းလဲရန် ဒေါ်လာမီလီယံ ၃၅၀ အသုံးပြုခဲ့သည်။ “အသက်ရှင်စဉ် ပေးကမ်းခြင်းက လုံးဝမှန်ကန်တယ်လို့ ကျွန်တော်ယုံတယ်။ ပေးလှူခြင်းအတွက် နှောင့်နှေးစရာအကြောင်း မရှိဘူး။... ဒါ့အပြင် အသက်ရှင်တုန်း ပေးကမ်းတာက သေပြီးမှပေးကမ်းတာထက် ပိုပြီးပျော်စရာကောင်းတယ်”ဟု သူက ဆိုသည်။ “အသက်ရှင်စဉ် ပေးကမ်းပါ” စိတ်သဘောသည် ထားရှိသင့်သည့် အံ့သြဖွယ်စိတ်သဘောပင် မဟုတ်ပါလား။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် မွေးရာပါမျက်စိမမြင်သူတစ်ဦးကို သခင်ယေရှု၏ တပည့်တော်များက “မည်သူ့အပြစ်ကြောင့်” မျက်စိမမြင်ဖြစ်ရသည်ကို ဆုံးဖြတ်လိုကြသည် (၉:၂)။ ရှင်ယေရှုက “ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို…
အသင်းတော်အသိုက်အဝန်းကို ကျွန်ုပ်တို့လိုအပ်ပေ
တောင်ပိုင်းနှစ်ခြင်းခရစ်ယာန် တရားဟောဆရာ၏သားဦးအဖြစ် ကျွန်တော် ကြီးပြင်းခဲ့သည်။ အပတ်စဥ် တနင်္ဂနွေနေ့တိုင်းတွင် မျှော်လင့်စရာက ရှင်းပါသည်။ ကျွန်တော်ဘုရားကျောင်း၌ ရှိနေရမည်။ ဖြစ်နိုင်ခြေချွင်းချက်အဖြစ် ကျွန်တော် နေမကောင်းဖြစ်လျှင် ဘုရားကျောင်းမသွားရပါ။ သို့သော် ဘုရားကျောင်းသွားရခြင်းကို ကျွန်တော်နှစ်သက်လှကြောင်းမှာ လုံးဝမှန်ကန်ပြီး အချို့အချိန်များတွင် အဖျားရှိလျက်ပင် သွားပါသေးသည်။ သို့သော်လည်း အခြေအနေများပြောင်းလဲကုန်ပြီး ဘုရားကျောင်းသို့ ပုံမှန်လာရောက် ဝတ်ပြုသူဦးရေမှာ ယခင်ကဲ့သို့ မဟုတ်တော့ပါ။ မည်သည့်အကြောင်းကြောင့်နည်း။ အဖြေအမျိုးစုံ ရှိပါသည်။ စာရေးဆရာမ Kathleen Norris (ကက်သလင်းနောရစ်)က “အဘယ်ကြောင့် ဘုရားကျောင်းသွားရသနည်း” ဆိုသည့်မေးခွန်း၏အဖြေတုံ့ပြန့်မှုကို သင်းအုပ်တစ်ဦးထံမှ ရရှိခဲ့သည်။ ထိုဆရာက “အခြားသူအတွက် ကျွန်ုပ်တို့ ဘုရားကျောင်းကို သွားရခြင်းဖြစ်တယ်။ တစ်စုံတစ်ယောက်က သင့်ကို လိုအပ်ကောင်းလိုအပ်နိုင်တယ်” ဟုဆိုသည်။
၎င်းသည် ကျွန်ုပ်တို့ ဘုရားကျောင်းသွားရခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက် မဟုတ်သော်လည်း သူ၏တုံ့ပြန်မှုသည် ဟေဗြဲသြဝါဒစာ ရေးသားသူ၏နှလုံးခုန်သံကို ထင်ဟပ်ပြနေသည်။ စာရေးသူက ယုံကြည်သူများအား…
စစ်မှန်သောကိုးကွယ်ဝတ်ပြုသူများ
နောက်ဆုံးတွင် ဘုရားကျောင်းသို့သွားရန် အခွင့်ရခဲ့ပါပြီ။ ဘုရားကျောင်းအတွင်း မြေအောက်ခန်းအောက်ဆုံးရှိ ဂူသေးသေးလေးထိ သူမ ရောက်သွားသည်။ နေရာကျဥ်းကျဥ်းလေး၌ ဖယောင်းတိုင်အပြည့်ရှိနေပြီး ချိတ်ဆွဲထားသည့်မီးအိမ်လေး ကြောင့် ကြမ်းပြင်ထောင့်လေးလင်းနေသည်။ ထိုနေရာတွင် အချွန်အတက် ၁၄ ခုပါရှိသည့် ငွေရောင်ကြယ်ကြီးက နေရာယူထားသည်။ သမိုင်းအရ ခရစ်တော် ဖွားမြင်ခဲ့သည့်နေရာဟု ယူဆထားသည့်ဗက်လင်မြို့ရှိ ဖွားမြင်ခြင်းနိပတ်တော်ကို ခင်းကျင်းပြထားသည့်ဂူသို့ သူမ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ သိုသော် ဘုရားသခင်သည် ထိုနေရာထက် ကြီးမြတ်ကြောင်း သိရှိသောကြောင့် စာရေးဆရာမ Annie Dillard (အယ်နီဒီလတ်)သည် ထိုနေရာကို အထင်မကြီးမိပါ။
သို့သော် ထိုနေရာမျိုးသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းဇာတ်လမ်း၌ ကြီးမား သော ထူးခြားသက်ရောက်မှုကို ဖြစ်စေသည်။ သခင်ယေရှုနှင့် အမျိုးသမီးတစ်ဦးတို့ ရေတွင်းအနီးစကားပြောသည့်အဖြစ်အပျက်တွင် အခြားနေရာတစ်ခုကို ဖော်ပြ ထားသည်။ ထိုအမျိုးသမီး၏ဘိုးဘေးများ ကိုးကွယ်မှုပြုလေ့ရှိသည့်တောင်မှာ (ယော ၄:၂၀) ဂေရဇိမ်တောင်ကိုရည်ညွှန်းပါသည် (တရား ၁၁:၂၉)။ ယေရုရှလင် ၌…
ဘုရားသခင် သင့်အတွက်သီချင်းဆိုပေးသည်
ပထမသားလေးမွေးပြီး ၁၇ လ အကြာတွင် သမီးလေးကိုမွေးပါသည်။ သမီး ရသည့်အတွက် အလွန်ဝမ်းမြောက်မိသော်လည်း သားယောင်္ကျား၏အလေ့အလာများကို ကျွန်ုပ်အနည်းအကျဥ်းသိပြီး သမီးမိန်းကလေး၏အလေ့အလာကို မသိသောကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်မိသည်။ သမီးကို စာရာ ဟုအမည်မှည့်ခေါ်ပြီး၊ ကျွန်တော်၏ဇနီး အနားယူနိုင်အောင် သမီးကို ပုခက်လွှဲသိပ်ပေးရသည့် အခွင့်အရေးကို ရခဲ့သည်။ ဘာကြောင့်မှန်းမသိ၊ သူအိပ်ပျော်အောင် ချော့သိပ်ရန် ကျွန်တော်သီဆိုလိုက်သည့် သီချင်းမှာ You Are My Sunshine (သမီးလေးဟာ ဖေဖေ့ရဲ့နေခြည်ဦး) သီချင်းဖြစ်နေသည်။ သမီးကို ချီပွေ့ထားစဉ်ဖြစ်စေ၊ သူမ၏ ကုတင်အနီး၌ရပ်နေစဉ်ဖြစ်စေ သူ့အတွက် သီချင်းသီဆိုပေးရသည့် မိနစ်တိုင်းကို နှစ်သက်ကြည်နူးမိသည်။ ယခုအခါ သမီးသည် အသက် ၂၀ ပြည့်တော့မည်ဖြစ်ပြီး သူမအား "နေခြည်ဦး"လေးဟု ခေါ်နေဆဲပင်ဖြစ်သည်။
ကောင်းကင်တမန်တို့၏ သီချင်းကျူးဧသံကို ကျွန်ုပ်တို့တွေးဆင်ခြင်ဖူးသည်။ ဘုရားရှင်သီချင်းဆိုခြင်းကို မည်သည့်အချိန်တွင်သင်နောက်ဆုံးဆင်ခြင်ခဲ့သနည်း။ မှန်ပါသည်။ ဘုရားရှင် သီချင်းဆိုနေပါသည်။ ထိုထက်ပို၍ ပြောရလျှင်…
မည်သည့်အရာဖြစ်စေ
သောကြာနေ့ညနေတိုင်း ကျွန်တော့်မိသားစုကြည့်လေ့ရှိသည့် နိုင်ငံသတင်းတွင် စိတ်အားတက်ဖွယ်အဖြစ်အပျက်ကို အသားပေးဖော်ပြသည့် အစီအစဉ်ပါဝင်သည်။ ဤအစီအစဉ်က အခြားသတင်းများနှင့်မတူဘဲ အမြဲတမ်းအားပြည့်စေသည်။ မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် အစီအစဥ်ကောင်းတွင် ကိုဗစ်ကူးစက် ခံခဲ့ရသည့် သတင်းထောက်အကြောင်းကို အသားပေးထားသည်။ သူသည် အပြည့်အဝ ပြန်လည်ကျန်းမာလာပြီးနောက် ဗိုင်းရပ်စ်ကို တိုက်ထုတ်နေရသည့် အခြားသူများအတွက် အကူအညီဖြစ်ရန် သွေးရည်ကြည်လှူရန် သူဆုံးဖြတ်ခဲ့သည်။ ပဋိဇီဝပစ္စည်းများက မည်မျှထိရောက်မှုရှိသည်ကို ထိုအချိန်က အကဲဖြတ်အဖွဲ့မှ တပ်အပ်မပြောနိုင်ခဲ့သေးပါ။ သို့သော် လူအတော်များများက အကူအညီမဲ့နေသကဲ့သို့ ခံစားရချိန်၊ သူမအနေနှင့် မသက်မသာနှင့် အပ်မှတဆင့် သွေးရည်ကြည် လှူဒါန်းရမည်ဖြစ်၍ "ဒီအရာဟာ အလားအလာရှိတဲ့အောင်မြင်မှု အတွက် ပေးရတဲ့ မဆိုစလောက်ပေးဆပ်မှုတစ်ခု" ဟုသာမှတ်ယူခဲ့သည်။
ထိုသောကြာနေ့ ထုတ်လွှင့်မှုအစီအစဥ် အပြီးတွင် ကျွန်တော်နှင့် ကျွန်တော့်မိသားစု စိတ်အားတက်ကြွသလိုဖြစ်ပြီး၊ မျှော်လင့်ချက်အပြည့် ဖြစ်လာသည်ဟု ကျွန်တော်ပြောရဲပါသည်။ ၎င်းသည် ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၄ ၌ ရှင်ပေါလု…
အလောတကြီး ဆုတောင်းချက်မဟုတ်
ဟာဝိုင်ယီကျွန်းသားတို့သည် ဂူဘုရားအပြင်ဘက်တွင် ကြာမြင့်စွာထိုင်လျက် ဂူဘုရားထဲသို့ဝင်ရန် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ကြသည့်အကြောင်းကို Alice Kaholusuna (အဲလစ်ကာဟိုလူစူနာ)က ဆိုသည်။ ဂူဘုရားထဲသို့ဝင်လာပြီးနောက် တွင်လည်း ယဇ်ပလ္လင်သို့ ရိုကျိုးစွာ တိုးဝင်ချဉ်းကပ်ပြီး မိမိတို့ဆုတောင်းချက်များကိုဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဂူဘုရားအပြင်ဘက်သို့ထွက်ပြီး တစ်ဖန် ကြာမြင့်စွာပြန်ထိုင်လျက် ဆုတောင်းချက်အတွက် "အသက်ရှူသွင်း"ကြသည်။ ထိုကျွန်းသို့ သာသနာပြုများရောက်လာသောအခါ ၎င်းတို့၏ဆုတောင်းပုံသည် ဒေသခံများအတွက် ထူးဆန်းနေပါသည်။ သာသနာပြုများသည် မတ်တပ်ရပ်ကာ စကားလုံးအနည်းငယ်ရွတ်ဆို ဆုတောင်းပြီး 'အာမင်' ဟု အဆုံးသတ်လိုက်သည်။ ဟာဝိုင်ယန်များက ၎င်းကို "အသက်မရှုဘဲဆုတောင်းခြင်း" ဟုခေါ်ဆိုကြသည်။
အဲလစ် ပြောပြသည့်အဖြစ်အပျက်က ဘုရားသားသမီးများသည် "ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင်ကို သိမှတ်ရန်”အခွင့်အရေး (ဆာ ၄၆:၁၀)ကို မရယူကြောင်း ဖော်ပြနေသည်။ အလွှဲမယူပါနှင့်။ ကျွန်ုပ်တို့၏ဆုတောင်းသံများ မြန်ဆန်သည် ဖြစ်စေ၊ နှေးကွေးသည်ဖြစ်စေ၊ ဘုရားသခင် နားညောင်းပါသည်။ သို့သော် ဘဝ အသက်တာသည် နှလုံးသား၏တည်ငြိမ်မှုအဟုန်ကို…
ဘုရားသခင်နှင့် အချိန်ယူခြင်း
Norman Maclean (နော်မန် မက်ကလင်း)၏ လက်ရာမြောက်လှသော ‘A River Runs Through It’ (မြစ်တစ်ခု ဖြတ်သန်းစီးဆင်းသွားသည်) ဇာတ်လမ်း သည် အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်အနောက်ပိုင်း၌ ပရက်ဘေ တေးရီးယန်းသင်းအုပ်ဖခင်နှင့်အတူ ကြီးပြင်းခဲ့ရသည့် လူငယ်နှစ်ဦးအကြောင်း ရေးသားထားသည်။ တနင်္ဂနွေနေ့မနက်တိုင်း နော်မန် နှင့် သူ့ညီအစ်ကို ပေါလ် တို့သည် ဘုရားကျောင်းသို့သွားပြီး ဖခင်၏တရားဒေသနာကို ခံယူရသည်။ ညနေပိုင်း၌ ဝတ်ပြုစည်းဝေးခြင်း တစ်ကြိမ်ထပ်ရှိပြီး သူတို့ဖခင်က နောက်တစ်ကြိမ် ဟောပြောသည်။ သို့သော် ထိုဝတ်ပြုချိန်နှစ်ကြိမ်ကြား အားလပ်ချိန်တွင် ဖခင်က "ဝတ်ပြုစည်းဝေးနှစ်ချိန်ကြား စိတ်ဖိစီးမှုကို ဖြေလျှော့"စဉ် သူတို့ မှာမူ ဖခင်နှင့်အတူ တောင်ကုန်းများပေါ်၊ စမ်းချောင်းဘေးတစ်လျှောက် လမ်းလျှောက်ထွက်ကြ သည်။ "ညနေခင်းတရားဟောချက်အတွက် သူ့ဝိညာဉ်ကို တစ်ဖန် အားပြန်ဖြည့်ရန်၊ အားပြည့်လျှံစေရန်"အလို့ငှာ ဖခင်က တမင်တောထဲသွားခြင်းဖြစ်သည်။
ခရစ်ဝင်ကျမ်းများတွင် ယေရှုသည် တောင်စောင်းပေါ်နှင့်…
ဘုရားသခင်၏နိုင်ငံတော်
ကျွန်တော့်အမေသည် သူ့ဘဝသက်တမ်းတစ်လျှောက်တွင် ကတိကဝတ်များစွာ ပြုခဲ့ပါသည်။ သို့သော် သူ့စိတ်တွင် အမြဲရှိနေသောအရာတစ်ခုမှာ ကလေးများကို သခင်ယေရှုနှင့်မိတ်ဆက်ပေးလိုသောဆန္ဒလေးပင်ဖြစ်သည်။ သူသဘောမတူ သောကိစ္စကို အမေ လူသိရှင်ကြားထုတ်ဖော်သော အဖြစ်အပျက်တချို့ကို ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ဖူးသည်။ ထိုအဖြစ်အပျက် အားလုံးသည် သူတို့အထင် ပို၍အရေးကြီးသောအသုံးစရိတ်အတွက် ကလေးသာသနာမှ ရန်ပုံငွေကို ဖြတ်တောက်ရန် တစ်စုံတစ်ဉီးက ကြိုးစားချိန်များတွင် ဖြစ်သည်။ အမေက "သားညီလေးကို အမေကိုယ်ဝန်ဆောင်တဲ့ နွေရာသီမှာပဲ ခွင့်ယူဖူးတယ်။ အဲဒီ တစ်ကြိမ်ပဲ နားခဲ့တာ" ဟုကျွန်တော့်ကိုပြောပြသည်။ ကျွန်တော်ပြန်တွက်ကြည့် လိုက်သောအခါ အမေသည် အသင်းတော်ရှိ ကလေးများအတွက် (၅၅)နှစ်မျှ အလုပ်လုပ်ခဲ့သည်ပင်။
ခရစ်ဝင်ကျမ်းများတွင် "ရှင်ယေရှုနှင့် ကလေးသူငယ်များ" ဟု ခေါင်းစဥ် တပ်သည့် ချစ်နှစ်သက်ဖွယ်ဇာတ်လမ်းကို ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ တွင် မှတ်တမ်းတင်ထားသည်။ လူအများက သူတို့ကလေးများကို သခင်ယေရှုထိတွေ့ပြီး ကောင်းချီးပေးရန် ကိုယ်တော်ထံ ခေါ်ဆောင်လာကြသည်။…
လမ်းလျှောက်ပါ၊ မပြေးပါနှင့်။
နေ့ရက်တိုင်း၊ အာရုဏ်ဦးအချိန်လေးကိုသူအမြဲကြိုဆိုကြောင်း ကျွန်ုပ်တွေ့ရသည်။ သူသည် ကျွန်တော်တို့ဒေသ၏ ပါဝါလမ်းလျှောက်အားကစားမယ်ဖြစ်သည်။ ကျွန်တော့်ကလေးများကို ကျောင်းသို့ကားမောင်းပို့စဉ် အရေးပေါ်ကားရပ်ရန် ယာဥ်ကြော၌ သူရှိနေသည်။ နားကြပ်ကြီးကြီးကို တပ်ထားပြီး ဒူးအထိရှည်သည့် ရောင်စုံခြေအိတ်ကိုစွပ်ထားသည်။ ခြေလက်များကို ဘယ်ညာ တစ်လှည့်စီ လှုပ်ရှား ပြီး လမ်းလျှောက်သည်။ ဤအားကစားသည် အပြေး(သို့) ရွရွပြေးနည်းနှင့် မတူဘဲ ကွဲပြားသည်။ ပါဝါလမ်းလျှောက်အားကစားတွင် ခန္ဓာကိုယ်၏အလိုလို ပြေးလိုသည့်သဘာဝကို တမင်ကန့်သတ်ထိန်းထားရသည်။ အားစိုက်ထုတ် ရမည်ဟု မထင်ရသော်လည်း အပြေး (သို့) ရွရွပြေးနည်းကဲ့သို့ပင် အင်အား၊ အာရုံ စူးစိုက်မှုနှင့် စွမ်းအင်တို့ လိုအပ်သည်။ သို့သော် ၎င်းတို့ကို ထိန်းချုပ်ထားသည်။
ထိန်းချုပ်မှုအောက်ရှိ စွမ်းအင်ဆိုသည်က အဓိကအချက်ဖြစ်သည်။ ကျမ်းစာ ထဲမှ နှိမ့်ချခြင်းအား ပါဝါလမ်းလျှောက်ခြင်းအားကစားကို ရှုမြင်သကဲ့သို့ပင် အားနည်းချက်အဖြစ် များသောအားဖြင့် ရှုမြင်ကြသည်။ အမှန်မှာ အားနည်းချက် မဟုတ်ပါ။ နှိမ့်ချခြင်းသည် ကျွန်တော်တို့၏ခွန်အားများ…
အငယ်ဆုံးသောသူကို အစေခံခြင်း
သူ၏အမည်က စပန်စာ (Spencer) ဖြစ်သည်။ သို့ရာတွင် အများက စပန့်(စ်) ဟုသာခေါ်ကြသည်။ အထက်တန်းကျောင်းသားဘဝတွင် သူသည် ပြည်နယ်၏ ပြေးခုန်ပစ်ချန်ပီယံဖြစ်ပြီး၊ အထင်ကရတက္ကသိုလ်တစ်ခုမှ ပညာသင်စရိတ် ထောက်ပံ့ကြေးအပြည့်ရပြီး ဆက်လက်ပညာဆည်းပူးခဲ့သည်။ ယခုတွင် သူသည် ဓာတုဗေဒဆိုင်ရာအင်ဂျင်နီယာပညာရပ်တွင် ရှင်ရိုသေလူရိုသေ ဆရာတစ်ဆူ ဖြစ်သည်။ သို့သော် သူ၏အကြီးမားဆုံး အောင်မြင်မှုတစ်ခုကို ပြောပြပါဟု မေးလျှင်၊ သူသည် အထက်ပါအချက်များကို သူပြောမည်မဟုတ်ပါ။ သူပြောပြ မည်မှာ လွန်ခဲ့သည့်လများက နီဂါရာဂွါနိုင်ငံ (Nicaragua)၏ အဆင်းရဲဆုံးဒေသတစ်ခုတွင် သူကူညီတည်ထောင်ထားသော ပညာသင်ကြားရေး အစီအစဉ်မှ ကလေးငယ်များနှင့်ဆရာမများထံ မကြာခဏ သွားရောက် ကြည့်ရှုခဲ့သည့် ခရီးစဉ်များအကြောင်းနှင့် ထိုသူတို့အား အစေခံရခြင်းသည် သူ့ဘဝကို တိုးတက် ကောင်းမွန်စေကြောင်း ဝမ်းမြောက်စွာ သင့်ကို ပြောပြလိမ့်မည်။
"အငယ်ဆုံးသောသူ" ဟူသည့်စကားကို ပုံစံအမျိုးမျိုးဖြင့် လူတို့ သုံးနှုန်းကြသည်။ သို့သော် အငယ်ဆုံးသောသူဟု သခင်ယေရှုဆိုရာတွင်…