စာရေးသူ

အားလုံးမြင်နိုင်ရန်
John Blase

ဂျွန်ဘလိတ်စ်

ဆရာ ဂျွန်ဘလိတ်စ်သည် ၁၀ နှစ်တာမျှ တရားဟောပြောသည့် အမှုတော်ကို ထမ်းဆောင်ခဲ့ပြီးနောက် ကဗျာရေးသား ထုတ်ဝေရောင်းချခြင်းလုပ်ငန်းကို အစပြုခဲ့သည်။ လက်ရှိတွင် ကိုလိုရာဒို ပြည်နယ်၊ ကိုလိုရာဒို စပရင်းဒေသရှိ WaterBrook & Multnomah Publishers စာအုပ်တိုက်အတွက် စာတည်းအဖြစ် လုပ်ကိုင်လျက် ရှိသည်။ သူရေးသားသည့် စာအုပ်များမှာ The Jubilee: Poems; Know When to Hold ’Em: The High Stakes Game of Fatherhood; Touching Wonder: Recapturing the Awe of Christmas, All Is Grace: A Ragamuffin Memoir တို့ဖြစ်ပါသည်။ ဆရာ၌ အလွန်ချောမောသည့် ဇနီးသည်နှင့် မအေတူကလေး ၃ ဦး ရှိခြင်းကြောင့် သူ့ကိုယ်သူ အလွန်ကျေးဇူးတော် ခံစားရသူဟု ဆိုသည်။

စာမူ/ အကြောင်းအရာ များ ဂျွန်ဘလိတ်စ်

ပြန်လည်ရှင်သန်လာသော မျှော်လင့်ချက်

နေသည် အရှေ့အရပ်မှထွက်ပါသလား။ ကောင်းကင်သည် အပြာရောင်ဖြစ်ပါသလား။ သမုဒ္ဒရာရေသည် ငန်ပါသလား။ ကိုဘော့လ်သတ္တု၏ အက်တမ်အလေးချိန်သည် ၅၈.၉ ဖြစ်ပါသလား။ နောက်ဆုံးမေးခွန်းအား သိပ္ပံကြမ်းပိုး သို့မဟုတ် အသေးအဖွဲများကို စပ်စပ်စုစု လေ့လာသောသူများသာလျှင် ဖြေဆိုနိုင်မည်ဖြစ်ပြီး ကျန်သောမေးခွန်းများ၏အဖြေများမူကား ရိုးစင်းလွန်းလှပါသည်။ ထိုမေးခွန်းများသည် မေးလေ့မေးထမရှိသည့် သရော်တော်တော်မေးခွန်းများသာ ဖြစ်သည်။

“သင်သည် ကျန်းမာခြင်းသို့ရောက်လိုသလော” (ယော ၅း၆) ဟူသည့် သခင်ယေရှု၏ သရော်သလိုထင်ရ သည့် မေးခွန်းကို ကြားရစဉ် ထိုကဲ့သို့အမေးခံရလျှင် “လာနောက်နေတာလား။ ကျွန်တော် အကူအညီကို စောင့်နေတာ ၃၈ နှစ် ရှိပြီ” ဟုပြန်ဖြေမည်မှာ အသိသာကြီး ပါ။ သို့သော် ကိုယ်တော်မေးသော မေးခွန်းသည် ထေ့ငေါ့ နောက်ပြောင်သောမေးခွန်း မဟုတ်ပါ။ မှန်သောစကား သာလျှင် ဖြစ်သည်။ သခင်ယေရှု၏အသံတော်သည် ကြင်နာသနားခြင်းနှင့် အမြဲပြည့်ဝ လျှက် ရှိသည့်အပြင် သူ၏မေးခွန်းသည် ကျွန်ုပ်တို့…

အခြေအနေကို သတိပြု

ခရစ်စမတ်အားလပ်ရက်၌ ကျွန်တော်တို့မိသားစု ၅ ယောက် ရောမမြို့သို့ ရောက်ရှိနေကြသည်။ လူများစုဝေး ကျပ်သိပ်နေသည့်နေရာသို့ ကျွန်တော် ရောက်မှန်းမသိ ရောက်နေသည်။ ဗာတီကန်နှင့် ခေါ်လစီယမ်ကဲ့သို့သော နေရာများကို မြင်တွေ့နိုင်ရန် လူအုပ်ကြီးကြားမှ တိုးဝှေ့နေစဉ် ကျွန်တော့်သားသမီးများကို ဘယ်ရောက်နေပြီလဲ၊ အနီးအနားမှာ ဘယ်သူတွေရှိနေလဲ၊ ဘာတွေဖြစ်နေလဲ ဆိုတာကို သတိရှိပါ ဟူသော “အခြေအနေဆိုင်ရာ သတိပြုမှု”ကို လုပ်ဆောင်ရန် ထပ်ခါတလဲလဲ ပြောနေမိသည်။ လုံခြုံမှုမရှိသည့် လောက၊ နေအိမ်၊ နိုင်ငံရပ်ခြားတွင် ကျွန်ုပ်တို့ နေထိုင်ကြရသည်။ ထို့အပြင် ကလေးငယ်များက လက်ကိုင် ဖုန်းများ၊ နားကြပ်များ တပ်ဆင်အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်အခြေအနေကို အမြဲသတိမပြုမိကြပါ။

“အခြေအနေကို သတိပြုမှု” - ဤအရာသည် ဖိ ၁း၉-၁၁ တွင် မှတ်တမ်းတင်ထားသည့် ဖိလိပ္ပိမြို့ရှိ ယုံကြည်သူများအတွက် ရှင်ပေါလု ဆုတောင်း၏ ရှုထောင့် တစ်ခုဖြစ်သည်။ ဖိလိပ္ပိမြို့သားများအနေဖြင့် သူတို့ဘယ်သူ၊…

ကျွန်ုပ်တို့နှင့်အတူ ထိုနေရာ၌ ရှိနေသည်

သူမအာရုံက စပါကတီဆော့ အချဉ်ရည်ပုလင်းရှိသည့် စင်အပေါ်ဆုံးသို့သာ ကြည့်နေ သည်။ ကျွန်တော်ကလည်း သူ့အနီးမှာပင် ထိုစင်ကို ကြည့်လျက် ဝယ်သင့် မဝယ်သင့် စဉ်းစားနေသည်။ သူကတော့ ကျွန်တော်ရှိသည်ကို လုံးဝသတိမထား၊ မသိပါ။ သူ့အာရုံနှင့် သူဖြစ်သည်။ ကျွန်တော်က အရပ်မြင့်သဖြင့် ပြဿနာမရှိ၊ သူမကတော့ အရပ်မမြင့်ပါ။ သို့နှင့် သူ့ကို ကူညီရန် စကားခေါ်လိုက်သည်။ သူမ ရုတ်တရက် လန့်ဖြန့်သွားပြီး “အမလေး... ရှင်ရှိနေတာ မတွေ့မိပါဘူး၊ ဟုတ်ကဲ့... ကျေးဇူးပြု၍ အချဉ်ရည်ပုလင်း ယူပေးပါ” ဟု ပြန်ဖြေခဲ့သည်။

တပည့်တော်တို့သည်လည်း ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆာလောင်နေသည့် ပရိသတ်ကြီး၊ တောအရပ်ဖြစ်နေခြင်း၊ အချိန်လင့်နေခြင်း ကြောင့် “ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကို ဝယ်စေခြင်းငှာ အခွင့် ပေးတော်မူပါ ဟု…

စာထဲမှာထည့်ပို့လိုက်

၎ နှစ်အရွယ် ကလေးအများစုကဲ့သို့ပင် ရူဘီလေးသည် ပြေးလွှားကစားကခုန်ကာ၊ သီချင်းဆိုခြင်းကို နှစ်သက်လှသည်။ သို့သော် ရူဘီက သူ့ဒူးနာကြောင်း စပြီးပြော လာသည်။ မိဘများက သူ့ကိုကျန်းမာရေးစစ်ဆေးရန် ခေါ်သွားရာ ကင်ဆာအကြိတ် အဆင့် ၄ ဆိုသည့်ရလဒ်မှာ ထိတ်လန့်စရာကောင်းလှသည်။ ရူဘီလေးမှာ အခက်ကြုံရပြီ။ သူ့ကို အမြန်ပင် ဆေးရုံတင်လိုက်ရသည်။

ရူဘီလေး ဆေးရုံတက်ရသည့်အချိန်မှာ ခရစ်စမတ် နီးလာချိန်အထိတိုင် ကြာသွားသည်။ အိမ်နှင့်ဝေးကွာချိန် များက သူ့အတွက် အလွန်ပင်ခက်ခဲလှသည်။ ရူဘီလေး၏ သူနာပြုဆရာမက ရူဘီ၏အခန်းအပြင်ဘက်၌ စာတိုက်ပုံး ထားရှိရန် အကြံကောင်းရပြီး မိသားစုများက ဆုတောင်း မေတ္တာပို့စာများကို ပေးပို့ပြီး သူ့ကို အားပေးနှစ်သိမ့်နိုင်မည် ဖြစ်သည်။ ထိုတောင်းခံချက်က ဖေ့စ်ဘွတ်ပေါ် ပျံ့သွားပြီး မိတ်ဆွေသူငယ်ချင်းများသာမက သူစိမ်းများထံမှပင် စာအမြောက်အမြား ရရှိခဲ့သည့်အတွက် လူအားလုံးအပါအ၀င် ရူဘီလေးမှာ အထူးပင် အံ့သြခဲ့သည်။ စာပေါင်း တစ်သိန်းကျော်မျှရှိရရှိပြီး…

နားထောင်ရန်အတွက် နားများကို ပေးထားသည်

မင်းသမီး ဒိုင်အဲန်း ခရုဂါ သည် အိမ်သူတစ်ဦး၏အခန်းကဏ္ဍတွင် သရုပ်ဆောင်ရန် ငှားရမ်းခံရသည်။ သူမသည် ခင်ပွန်းနှင့်သားကို ဆုံးရှုံးရသော ငယ်ရွယ်သည့် ဇနီး/မိခင်တစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် သူမ၌ ထိုအတွေ့အကြုံမျိုး မရှိခဲ့ဘူးပါ။ သူ့ကိုယ်သူလည်း သရုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ပါ။ သို့သော် ထိုအလုပ်တာဝန်ကို လက်ခံလိုက်သည်။ ကြိုတင် ပြင်ဆင်မှုအနေဖြင့် ကြီးကြီးမားမား ဝမ်းနည်းပူဆွေးမှု ခံစား နေရသူများအတွက် မစအားပေးသည့် တွေ့ဆုံပွဲများသို့ သူတက်ရောက် လေ့လာခဲ့သည်။

အစပိုင်းတွင် အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ခံစားချက်များကို မျှဝေဆွေးနွေးကြစဉ် သူကဝင်၍ အကြံဉာဏ်များ ထင်မြင်ချက်များပေးသည်။ ကျွန်ုပ်တို့ကဲ့သို့ပင် သူမသည်လည်း အခြားသူများကို အကူအညီရစေချင်သည်။ သို့သော် တစ်စတစ်စ သူမသည် အကြံပြု ပြောဆိုခြင်းများကို ရပ်ဆိုင်းလိုက်ပြီး နားထောင်ခြင်းအမှုကိုသာ အစပြုတော့သည်။ ထိုအချိန်မှစ၍ သူမသည် အခြားသူများ၏ခံစားမှုများကို အမှန်တစ်ကယ် လေ့လာ သင်ယူ…

သခင်ယေရှုသည် သင့်အနားမှာပင်ရှိသည်

သမီးသည် ကျောင်းသွားရန် ခါတိုင်းထက်ပိုစောပြီး အဆင်သင့်ဖြစ်နေသောကြောင့် ကျွန်တော့်အား လမ်းခုလတ်ရှိ ကော်ဖီဆိုင်၌ ကော်ဖီဝင်သောက်မည်လားဟု မေးသည်။ ကော်ဖီဆိုင်သို့ ချိုးဝင်လာရင်း ကျွန်တော်က “ဒီမနက်မှာ ဝမ်းသာစရာတစ်ခုခု လုပ်ရင်မကောင်း ဘူးလား” ဟုမေးရာ သူက “လုပ်ကြတာပေါ့ ” ဟုပြန်ဖြေသည်။

မှာစရာရှိသည်ကို မှာပြီး အရောင်းစာရေးလေးက မည်မျှ ကျသင့်ကြောင်းပြောပါသည်။ ကျွန်တော်တို့နောက်မှ မိန်းကလေးအတွက်ပါ ငွေရှင်းပေးလိုကြောင်း ကျွန်တော် ပြောလိုက်သည်။ ကျွန်တော့်သမီးလေး မျက်နှာပေါ်တွင် အပြုံးပန်းလေးများ ဝေဆာသွားပါတော့သည်။

ကြီးကျယ်ခမ်းနားသော လုပ်ဇာတ်များကြားတွင် ကော်ဖီလေးတစ်ခွက်သည် ဘာမှမဟုတ်ပါ။ (သို့) ရေးကြီးခွင်ကျယ်ဖြစ်နေပါသလား။ ၎င်းသည် အငယ်ဆုံး သောသူဟု သခင်ယေရှု ခေါ်ဆိုသူများအပေါ် ကရုဏာပြရန် သခင့်အလိုတော်ကို ဆောင်သည့်နည်းလမ်းများအနက် တစ်ခု ဖြစ်နေမည်လားဟု ကျွန်တော်တွေးမိသည် (မ ၂၅း၄၀)။ တွေးမိသည့်အရာတစ်ခုမှာ မိမိအနီး (သို့) မိမိနောက်၌ တန်းစီနေသူအား အရေးပါသူအဖြစ်…

မေးမြန်းခြင်းသည် အကောင်းဆုံးနည်းလမ်း

ကျွန်တော့်ဖခင်၏လားရာအရပ်(တည်နေရာ)ကို ခံစားသိရှိနိုင်ခြင်းအပေါ် ကျွန်တော် အမြဲ အားကျမိသည်။ သူ၏ပင်ကိုယ်အသိဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မှန်ကန်စွာ အလိုလို ညွှန်ပြနိုင်သည်။ ထိုခံစားသိရှိမှုသည် သူ၏မွေးရာပါအသိဖြစ်ပုံ ရသည်။ သူပြောတိုင်းလည်း အမြဲမှန်ကန်သည်။ နောက်ဆုံး သူလမ်းပျောက်သွားသည့် ညမတိုင်မီအထိ သူပြောတိုင်း အမြဲမှန်ကန်သည်။

အဖေလမ်းပျောက်သွားသည့်ညက သူနှင့်အမေသည် အကျွမ်းတ၀င်မရှိသော မြို့တစ်မြို့၌ အခမ်းအနားတစ်ခုသို့ တက်ရောက်ပြီး မှောင်သွားချိန်မှ ထိုမြို့မှ ပြန်လည်ထွက်ခွာ လာကြသည်။ အဖေသည် အဝေးပြေးလမ်းမကြီးသို့ သွားသောလမ်းကို သိနေသည်ဟု သူ့ကိုယ်သူ ယုံကြည်သော်လည်း အမှန်စင်စစ် သူလမ်းမှားနေသည်။ သူပြန်လှည့်၍ မောင်းလာသော်လည်း စိတ်ရှုပ်ထွေးပြီး ခေါင်းပူနေသည်။ ကျွန်တော့်မိခင်က “ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်။ ရှင်ရဲ့တယ်လီဖုန်းကနေ လမ်းညွှန်တောင်းလိုက်ပါလား။ အဆင်ပြေသွားမှာပါ” ဟု အဖေ့ကို အကြံပြုလိုက်သည်။

ဤအဖြစ်အပျက်သည် အသက် ၇၆ နှစ်အရွယ်ရှိ ကျွန်တော့်ဖခင်၏ဘ၀၌ ပထမဆုံးအကြိမ်…