စာရေးသူ

အားလုံးမြင်နိုင်ရန်
Kimya Loder

ကင်မ်ရာလိုဒါ

ကင်မ်ရာလိုဒါ (Kimya Loder)သည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ သုတေသီနှင့် ပညာရှင်တစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံ၊ အယ်လ်ဘားမားပြည်နယ်ရှိ သူ၏ဇာတိမြေ ဘာမင်ဟန်၏အမွေကို ဆက်ခံလျက် ၎င်းက သူ့အတွက် တွန်းအားဖြစ်စေပါသည်။ သခင်ယေရှု၏အစေခံသော ခေါင်းဆောင်မှု စံနမူနာကို ဆောင်ယူဖော်ပြသည့် သူ့မိဘနှင့် အဘိုးအဘွားတို့ ၎င်းတို့နေထိုင်သည့် ရပ်ရွာဝန်းကျင်ရှိ လူတို့၏ဝိညာဥ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတို့ကို စောင်မဖြည့်ဆည်းပေးလျက် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့သည်ကို သူကြီးပြင်းလာသည့် တစ်လျှောက်လုံး မြင်တွေ့ခဲ့ရသည်။ ဤအမွေအနှစ်ကို သူ၏သုတေသနပြုလုပ်ချက်၊ စာတမ်းရေးသားခြင်းနှင့် ရပ်ရွာအကျိုးပြု လုပ်ငန်းများအားဖြင့် ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းရှာကြံသည်။ ကင်မ်ရာသည် လူမှုရေးဘောဂဗေဒနှင့် နိုင်ငံတကာ‌ရေးရာ ဝိဇ္ဇာဘွဲ့ကို Spelman ကောလိပ်မှ အောင်မြင်ခဲ့ပြီး၊ Stanford တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ လက်ရှိတွင် သူသည် Stanford တက္ကသိုလ်၌ပင် ပါရဂူဘွဲ့ရရှိရန်အတွက် သင်ယူလုပ်ဆောင်နေပါသည်။ သူမ၏အားလပ်ချိန်များတွင် ရုပ်ရှင်ကြည့်ခြင်း၊ ခရီးသွားခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း စသည့်ဝါသနာများကို လုပ်ဆောင်ပါသည်။

စာမူ/ အကြောင်းအရာ များ ကင်မ်ရာလိုဒါ

လက်တော်ကို ဆန့်တန်းခြင်း

အွန်လိုင်း၌ စာရေးသားသူ Bonnie Gray (ဘိုနီဂရေး)သည် မကြာမီက “ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးအခိုက်အတန့်မှာ ကြောက်စိတ်ရဲ့တိုက်ခိုက်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ဆိုင်းမဆင့် ဗုံမဆင့် စတင်ခံစားခဲ့ရတယ်”ဟု ရေးသားလျက် သူမ၏နှလုံးသားထဲသို့ ဝမ်းနည်းမှုလှိုင်းလုံး မည်ကဲ့သို့ဝင်ရောက်လာကြောင်းကို ပြန်ပြောင်းပြောပြ သည်။ သူမ၏ဝေဒနာသက်သာစေရန် နည်းလမ်းများစွာ ရှာဖွေခဲ့သော်လည်း ထိုပြဿနာကို သူမတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် မစွမ်းသာကြောင်းကို မကြာမီမှာပင် ဂရေးသဘောပေါက်ခဲ့သည်။ “ကျွန်မရဲ့ယုံကြည်ခြင်းကို သူများတွေ မေးခွန်း ထုတ်တာမျိုးကို ကျွန်မ မလိုချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ တိတ်တဆိတ်နေပြီး ကျွန်မရဲ့စိတ်ကျဝေဒနာ ပျောက်ကွယ်သွားဖို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို အရှက်ခွဲဖို့၊ နာကျင်မှုကို ဖုံးကွယ်ထားအောင် မလုပ်ပါဘူး။ ကျွန်မတို့ကို ကုသပေးဖို့ အလိုတော်ရှိတယ်”ဟု ဘုရားသခင်မျက်မှောက်တော်၏ နှစ်သိမ့်သက်သာခြင်း၌ အနာငြိမ်းခြင်းကို ဂရေး တွေ့ရှိခဲ့သည်။ သူမအား လွှမ်းမိုးချုပ်ကိုင်ရန် ခြိမ်းခြောက်သည့် လှိုင်းလုံးများကြားတွင် ဘုရားသခင်သည် သူမ၏ကျောက်ဆူးဖြစ်ခဲ့သည်။…

ချစ်ခြင်းမေတ္တာ၏လုပ်ဆောင်မှု

ဒေါက်တာ Rebecca Lee Crumpler (ရီဘက်ခါလီခရမ်ပလာ) သည် ဆေးပညာဘွဲ့ကို ပထမဆုံးရရှိခဲ့သည့် အာဖရိကန်အမေရိကန်အမျိုးသမီးဖြစ်သည်။ သူမ၏ဘဝသက်တမ်း (၁၈၃၁-၁၈၉၅) အတွင်း သူမသည် “လျစ်လျူရှုခံရခြင်း၊ အရှက်ခွဲခံရခြင်းနှင့် အရေးမပါသူအဖြစ်ရှိခဲ့ခြင်း”ကို သူမှတ်မိနေသည်။ သို့သော်လည်း သူမသည် ဆေးကုသခြင်းအမှုနှင့် သူမ၏ရည်မှန်းချက်ပြည့်စုံရေး၌သာ အာရုံစိုက်ခဲ့သည်။ အချို့သူများက သူမ၏လူမျိုးနှင့် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းကို အခြေခံ၍ ဝေဖန်အကဲဖြတ်သော်လည်း၊ သူမသည် “တာဝန်ဆင့်ခေါ်သည့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို သတ္တိရှိရှိနှင့်သွားရန် အဆင်သင့် ရှိနေသည်” ဟု ခရမ်ပလာ အခိုင်အမာပြောဆိုခဲ့ပြီး၊ ပြောသည့်အတိုင်း သူတစ်ကယ်လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ လွတ်မြောက်ကျွန်များကို ဂရုတစိုက်ဆေးကုသပေးခြင်းသည် ဘုရားအမှုတော်ကို ဆောင်ရွက်ပေးနေခြင်းဟု သူမယုံကြည်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူမသည် ရာစုနှစ်တစ်ခုနီးပါးကြာသည်အထိ သူမပြီးမြောက်ထမ်းဆောင်အောင်မြင်မှုများအတွက် တရားဝင်အသိအမှတ်ပြုမှု မရရှိခဲ့ပေ။

မိမိဝန်းကျင်ရှိသူများက လျစ်လျူရှု၊ တန်ဖိုးမထား၊ အသိအမှတ်မပြု စသည်တို့ ကြုံရသည့်အချိန်များ ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ…

ဘုရားသခင် သင့်ကို သိကျွမ်းသည်

အမေသည် တစ်မိုင်အကွာအဝေးမှ ပြဿနာအနံ့ခံနိုင်ပုံရသည်။ တစ်ခါက ကျောင်းတွင် အဆင်မပြေဖြစ်ပြီး ပြန်လာချိန်တွင် မည်သူမျှ သတိမထားမိစေရန် စိတ်ပျက်မှုကို ဖုံးကွယ်ရန် ကျွန်မကြိုးစားခဲ့သည်။ “ဘာဖြစ်တာလဲ” ဟု အမေက မေးသည်။ နောက်ပြီး သူမက “ဘာမှမဟုတ်ပါဘူးလို့မပြောခင် တစ်ခုသိထားဖို့က အမေဟာ သမီးရဲ့အမေနော်။ သမီးကို အမေမွေးခဲ့တယ်။ သမီးကိုယ်သမီးသိတာထက် အမေ ပိုသိတယ်” ဟုပြောပါသည်။ ကျွန်မမည်သို့သောသူဖြစ်သည်ကို ခရေစေ့တွင်းကျ နားလည်သဘောပေါက်ခြင်းသည် သူမကို ကျွန်မအလိုအပ်ဆုံးအချိန်တိုင်းတွင် ကျွန်မ၏နံဘေး၌ သူရှိနေရန် အထောက်အမဖြစ်စေသည်ဟု အမေ ကျွန်မကို အမြဲသတိပေးသည်။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်မတို့ကို ရင်းနှီးစွာသိကျွမ်းသော ဘုရားသခင်က ကျွန်မတို့အား စောင့်ရှောက်နေပါသည်။ သူ့သားသမီးများ၏ အသက်တာများကို ဘုရားရှင်အလေးပေး အာရုံစိုက်ခြင်းအတွက် ဆာလံဆရာ ဒါဝိဒ်က “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို…

ဘုရားသခင်၌ မျှော်လင့်ခြင်း

ခရစ္စမတ်နားနီးလာသည်နှင့်အမျှ အွန်လိုင်းမှ မှာယူမှုများ မကြုံစဖူး စုပြုံလွန်းလာသောကြောင့် ပါဆယ်ထုပ် သယ်ယူပို့ဆောင်မှုများ နှောင့်နှေးကုန်သည်။ စာတိုက်ဝန်ဆောင်မှု မည်မျှမြန်မည်ကို မသေချာသောကြောင့် ကျွန်မတို့မိသားစုသည် ဆိုင်၌သာ ပစ္စည်းများ သွားရောက်ဝယ်ယူခဲ့ကြသည်ကို ကျွန်မမှတ်မိပါသေးသည်။ သို့သော်လည်း ကျွန်မအမေက အမြန်ချောပို့ဝန်ဆောင်မှုရယူရန် စာရင်းသွင်းလိုက်သောအခါ မျှော်မှန်းချက်များ ပြောင်းလဲကုန်သည်။ ယခုအခါ (၂) ရက်အတွင်း ပစ္စည်းရောက်ရန် အာမခံသည့်စနစ်ကြောင့် ပစ္စည်းများ အမြန်ရောက်လာသည့်စနစ်နှင့် ကျွန်မတို့အသားကျလာပြီး နှောင့်နှေးမှုကြုံရလျှင် စိတ်ရှုပ်လာတော့သည်။

ကျွန်မတို့သည် ချက်ချင်းအလိုပြည့်ဝခြင်းနှင့် နေသားကျလာသောအခါ စောင့်ဆိုင်းရခြင်းသည် ခက်ခဲလာသည်။ သို့သော် ဝိညာဥ်ရေးရာတွင် သည်းခံခြင်းသည် အကျိုးရှိပါသည်။ ယေရမိမြည်တမ်းစကား ရေးသားစဥ်က ဗာဗုလုန်စစ်တပ်က ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဣသရေလအမျိုးသားတို့ ငိုကြွေးမြည်တမ်းနေကြပြီး အခက်အခဲများစွာ ကြုံတွေ့နေရချိန်ဖြစ်သည်။ သို့သော်လည်း ဖရိုဖရဲအခြေအနေကြားမှ ထာဝရဘုရားသည် သူလိုအပ်သမျှကိုဖြည့်ဆည်းပေးမည်ဟု ယုံကြည်သောကြောင့် ကျမ်းရေးသူက ထာဝရဘုရားအား စောင့်ဆိုင်းမည်ဟု ရဲရင့်စွာ ဆိုသည်…

ကယ်တင်ခြင်း၏ အံ့ဖွယ်ရာ

ဘလော့ဂါ Kevin Lynn (ကီဗင်လင်း)၏ဘဝသည် တစ်စစီ ကျိုးပဲ့ပျက်စီးခဲ့ဟန်တူသည်။ မကြာမီက ဆောင်းပါးတစ်ခုတွင် “ကျွန်တော်တကယ်ပဲ ကျွန်တော့်ခေါင်းကို သေနတ်နဲ့တေ့ခဲ့တယ်။ အဲဒီအခါမှာ သဘာဝကိုကျော်လွန်ပြီး နားမလည်နိုင်စွာ ကျွန်တော့် အခန်းထဲ၊ ကျွန်တော့်ဘဝထဲ ဘုရားသခင်ဝင်ရောက်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ဘုရားသခင်ကိုတွေ့ရှိခဲ့တယ်ဆိုတာ အခုသိပါပြီ” ဟု သူပြန်ပြောင်းပြောပြသည်။ ဘုရားသခင်သည် လင်း၏ဘဝသို့ ဝင်ရောက်လျက် သူ့ကိုယ်ကို အဆုံးစီရင်မည့်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။ သူ၏နှစ်သက်ဖွယ်တည်ရှိမှုကို လင်းအား အတည်ပြုဖော်ပြလျက် အံ့သြဖွယ်သတိပေးပြသခဲ့သည်။ လွှမ်းမိုးအားကြီးသော ဤအတွေ့အကြုံကို လင်းသည် ဖုံးကွယ်မထားဘဲ လောကကြီးသို့ ဝေမျှခဲ့သည်။ သူသည် ယူကျု့သာသနာကို တည်ထောင်ကာ သူ့ကိုယ်ပိုင်ပြောင်းလဲမှုအတွေ့အကြုံနှင့် အခြားသူများ၏ဇာတ်ကြောင်းများကို ဝေမျှလျက်ရှိပါသည်။

သခင်ယေရှု၏ နောက်တော်လိုက်မိတ်ဆွေ လာဇရုသေဆုံးသောအခါ လူအများက သခင်ယေရှုအလွန်နောက်ကျမှ ရောက်လာသည်ဟု ယူဆကြသည် (ယော ၁၁:၃၂)။ သခင်ယေရှု ရောက်မလာမီအထိ လာဇရုသည် သချိုင်းတွင်း၌ လေးရက်ပတ်လုံး ရှိနေပြီး၊…

ရဲ့ရင့်စွာ ရပ်တည်ခြင်း

အမေရိကန်နိုင်ငံ၊ အီလီနွိုက်မြို့ငယ်လေးတွင် ရပ်ရွာအတွင်း ရာဇ၀တ်မှုအားလုံး၏ (၄၀) ရာခိုင်နှုန်းသည် အိမ်တွင်းအကြမ်းဖက်မှုဖြစ်သည်။ ဒေသခံသင်းအုပ်ဆရာ တစ်ဦး၏ ပြောကြားချက်အရ၊ ဤပြဿနာကို ပြောဆိုရခြင်းက အဆင်မပြေသောကြောင့် ယုံကြည်သူအသိုင်းအဝိုင်းတွင် မကြာခဏဖုံးကွယ်ထားကြသည်။ ထို့ကြောင့်ပြဿနာကြောင့် ရှက်ရွံ့နေမည့်အစား အကြမ်းဖက်မှုလက္ခဏာများကို သိရှိရရန် အမှုတော်ဆောင်များသည် သင်တန်းများတက်ခြင်းနှင့် ဤပြဿနာများကို ဖြေရှင်းပေးသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကို ပံ့ပိုးကူညီခြင်းဖြင့် ပြဿနာကို သတ္တိရှိရှိဖြေရှင်းရန်နှင့် ယုံကြည်ခြင်းကို လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။ ဒေသခံ အမှုတော်ဆောင်တစ်ဦးက ယုံကြည်ခြင်းနှင့် အ‌ရေးယူလုပ်ဆောင်ခြင်း၏အစွမ်းကို အသိအမှတ်ပြုဝန်ခံလျက် “ကျွန်တော်တို့ရဲ့ဆုတောင်းခြင်း၊ သနားကြင်နာခြင်းနှင့် တကွ မြင်သာထင်ရှားတဲ့ ထောက်ပံ့မှုက အရေးကြီးတဲ့ ခြားနားမှုတစ်ခုကို ဖန်တီးနိုင် ပါတယ်”ဟု ပြောသည်။

ပါးရှားဘုရင်မ ဧသတာသည် သူ့လူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ခွင့်ပေးထားသော ဥပဒေကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောကြားရန် ချီတုံချတုံ ဖြစ်နေသော အခါ သူမ နှုတ်ဆိတ်နေပါက သူနှင့်သူ့မိသားစုလည်း မလွတ်ဘဲ…

ဘုရားသခင်၌ စိတ်ချမှုရှိသည်

၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူများကို လေ့လာမှုတစ်ခုအရ ပျမ်းမျှအားဖြင့် တစ်နေ့တာလုံးတွင် ၁၂ မိနစ်တိုင်း သူတို့၏စမတ်ဖုန်းကို စစ်ဆေးကြကြောင်း တွေ့ရှိခဲ့ရသည်။ ရိုးသားစွာပြောရလျှင် မကြာခဏ ဂူဂဲလ်(Google)မှ မေးခွန်းတစ်ခု၏အဖြေကိုရှာရခြင်း၊ တစ်နေ့တာလုံးတွင် ဖုန်းထဲသို့ မဆုံးနိုင်အောင် ဝင်လာသောမက်ဆေ့ဂျ်စာများ၊ ခေါ်ဆိုမှုများနှင့် အီးမေးလ်များ ဖြေကြားရခြင်းကို တွေးမိသောအခါ ဤစစ်တမ်းက လက်တွေ့နှင့် အလွန်ကွာဟနေပုံပေါ်သည်။ ဖုန်းများက မိမိလိုအပ်သောအရာများကို စုစည်းပေးသည်၊ အသိပေးသည်၊ ချိတ်ဆက်ပံ့ပိုးပေးမည်ဟု ယုံကြည်လျက် ကျွန်ုပ်တို့အများစုသည် မိမိတို့၏ဖုန်းများကို အမြဲ ပုံမှန် စစ်ကြည့်ကြသည်။

ယေရှုကိုယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့တွင် စမတ်ဖုန်းတစ်လုံးထက် အတိုင်းအဆမရှိ သာလွန်သော အရင်းအမြစ် ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရင်းနှီးကျွမ်းဝင်စွာ ချစ်မြတ်နိုးပြီး ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့်အတူ သူ့ထံလာရန် အလိုရှိသည်။ “ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ”ကြောင်း (၁ ယော ၅:၁၄)…

အစေခံသောနှလုံးသား

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်၊ ကားလ်ဘဒ်မြို့ရှိ သာသနာပြုအဖွဲ့တစ်ခုသည် ဒေသခံများထံသို့ အလေးချိန်ပေါင် ၂၄,၀၀၀ ကျော်ရှိသည့် အစားအသောက်များကို လစဥ် ဝေမျှထောက်ပံ့သည်။ အဖွဲ့ခေါင်းဆောင်က “လူတွေဒီကိုလာနိုင်တယ်။ ကျွန်ုပ်တို့က သူတို့ကိုလက်ခံပြီး သူတို့ရှိတဲ့နေရာမှာတင် ရှိတဲ့အတိုင်း သူတို့နဲ့တွေ့ဆုံပါတယ်။ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်က သူတို့ရဲ့ဝိညာဥ်ရေးရာလိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရဖို့ သူတို့ရဲ့လက်တွေ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ” ဟုဆိုသည်။ ကျွန်မတို့၏ရပ်ရွာဝန်းကျင်မှလူများ ကိုယ်တော်နှင့်သာ၍နီးစေရေး ဆွဲခေါ်လျက် ခရစ်တော်၏နောက်လိုက်များအနေဖြင့် မိမိကိုပေးအပ်ထားသည့်အရာများဖြင့် အခြားသူများကို အကျိုးပြုရန် ဘုရားရှင်အလိုရှိသည်။ ဘုရားဘုန်းတော်ထင်ရှားစေမည့် အစေခံနှလုံးသားကို မည်ကဲ့သို့ ပျိုးထောင်နိုင်မည်နည်း။

ကျွန်မတို့အား အပ်နှင်းထားသော ဆုကျေးဇူးများကို အခြားသူများအကျိုးအတွက် မည်ကဲ့သို့အသုံးပြုရမည်ကိုပြသရန် ဘုရားရှင်အား တောင်းလျှောက်ခြင်းဖြင့် ပျိုးထောင်နိုင်ပါသည် (၁ ပေ ၄:၁၀)။ ဤသို့ဖြင့် ကျွန်မတို့ကို သွန်းလောင်းပေး သည့် ကြွယ်ဝသောကောင်းချီးများအတွက် “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင့်ပြည့်စုံ” စေပါသည် (၂ ကော ၉:၁၂)။

သခင်ယေရှု၏သာသနာတွင်…

ယုံကြည်ခြင်း၌ ကြီးထွားခြင်း

ကျွန်မ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးစအချိန်ကဆိုလျှင် မနက်တိုင်းစောစောထကာ မျိုးစေ့လေးများအစို့ပေါက်ပြီလားဟု အပြေးသွားကြည့်သည်။ သို့သော် ဘာမှမထူးခြားပါ။ အင်တာနက်တွင် “အပင်အကြီးမြန်နည်း” ဟုရှာကြည့်သောအခါ အစေ့လေးဖြစ်သော အချိန်ကာလသည် အပင်တစ်ပင်၏သက်တမ်းတွင် အရေးအကြီးဆုံးကာလဖြစ်ကြောင်း သိလိုက်ရတော့သည်။ အပင်အစို့ မြန်မြန်ထွက်ရန် လော၍မရကြောင်း သိရပြီးနောက်တွင် အပင်အစို့လေးများ၏ မြေဆီကို ထိုးဖောက်ထွက်ရန် ကြိုးစားမှု၊ အပူချိန်နှင့်ရာသီဥတု ပြောင်းလဲမှုအပေါ်ခံနိုင်ရည်ရှိစွာ ချိန်ဆရှင်သန်မှု အစရှိသည့် အားထုတ်မှုလေးများကို ကျွန်မအသိအမှတ်ပြုတတ်လာသည်။ နောက်ထပ် ရက်သတ္တတစ်ပတ် နှစ်ပတ်ခန့် သည်းခံစောင့်ဆိုင်းနောက် ကျွန်မအား ဆီးကြိုနေသည့် မြေကြီးထဲမှထိုးထွက်လာသော အစိမ်းရောင်အစို့လေးများကို မြင်ရပါတော့သည်။

တစ်ခါတစ်ရံ အချိန်နှင့်ရင်းကာ ရုန်းကန်ထားရသောရင့်ကျက်မှုများ၊သင်ခန်းစာများကို အသိအမှတ်ပြုခြင်းထက် အောင်မြင်မှုနှင့်ရလဒ်ကောင်းတို့ကို ချီးမွမ်းခြင်းက ပိုလွယ်ကူသည်။ ရှင်ယာကုပ်က “အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်း”တို့နှင့် ကြုံရသောအခါ “ဝမ်းမြောက်စရာ အကြောင်းသက်သက်” ဟု မှတ်ယူရန် ကျွန်ုပ်တို့အား သွန်သင်သည် (ယာ ၁:၂-၃)။ သို့သော် စုံစမ်းစစ်ကြောခြင်းနှင့်…

မဆုံးဖြတ်နိုင်ခြင်းကိုကိုင်တွယ်ဖြေရှင်းခြင်း

စက္ကူလက်သုတ်ပဝါများမှသည် အသက်အာမခံကုမ္ပဏီအထိ ရွေးချယ်စရာ အမျိုးစုံ လှသည့်ကမ္ဘာကြီးတွင် ကျွန်ုပ်တို့နေထိုင်ကြသည်။ ၂၀၀၄ ခုနှစ်တွင် စိတ်ပညာရှင် Barry Schwartz (ဘယ်ရီရှဝဇ်)က ‘The Paradox of Choice’ (ရွေးချယ်မှု၏ ဝိရောဓိများ) ဟူသည့်စာအုပ်တွင် “လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် ကျွန်ုပ်တို့၏ ကျန်းမာချမ်းသာရေးအတွက် အရေးကြီးသည်ဟု ငြင်းခုံစဥ်မှာပင် များစွာသောရွေးချယ်မှုက အလွန်အကျွံဝန်ပိခြင်းနှင့် မဆုံးဖြတ်နိုင်သည့် အခြေအနေသို့ တွန်းပို့သွားသည်” ဟုရေးသားခဲ့သည်။ မည်သည့်စက္ကူလက်သုတ်ပုဝါကို ဝယ်မည်ဟု ဆုံးဖြတ်ခြင်းက မပြောပလောက်သော်လည်း ဘဝ၌သက်ရောက်မှု ဖြစ်စေသည့် အဓိကဆုံးဖြတ်ချက်များချရန် ချီတုံချတုံဖြစ်ခြင်းသည် အားအင်ကုန်လျက် လူကိုချည့်နဲ့စေသည်။ ထို့ကြောင့် ရှေ့ဆက် သခင်ယေရှုအတွက် ယုံကြည်ချက်ရှိရှိ အသက်ရှင်ရန် ချီတုံချတုံဖြစ်လျက် မဆုံးဖြတ်နိုင်ခြင်းကို မည်သို့ကျော်လွှားနိုင်မည်နည်း။

ဆုံးဖြတ်ချက်ချရန်ခက်ခဲနေစဉ် ခရစ်တော်ကို ယုံကြည်သူများအနေနှင့် ဘုရားသခင်၏ဉာဏ်ပညာကို ရှာဖွေခြင်းက ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေပါသည်။ ဘဝ၌ အမှုကြီးငယ်မဟူအတွက် ဆုံးဖြတ်သည့်အခါ “ထာဝရဘုရားကို စိတ်နှလုံး…