စာရေးသူ

အားလုံးမြင်နိုင်ရန်
Ruth O'Reilly-Smith

Ruth O'Reilly-Smith

ရုသ်သည် ယူကေရှိ United Christian Broadcasters အဖွဲ့တွင် ရေဒီယိုအသံလွှင့် ပညာရှင်တစ်ဦးဖြစ်ပြီး လတ်တလောတွင် နေ့စဉ် UCB2 မှ နံနက် ၉း၀၀ နာရီ မှ နေ့လည် ၁း၀၀ နာရီအထိ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်နေပါသည်။ သူသည် ခရစ်ယာန်မိသားစုမှ ကြီးပြင်းလာပြီး မောင်နှမ ၅ ဦးတွင် အကြီးဆုံးသမီးဖြစ်သည်။ ရုသ်သည် သခင်ယေရှုကို အစဉ်ချစ်မြတ်နိုးသူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကပင် သခင့် နောက်တော်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ရန် ဆက်ကပ်အပ်နှံခဲ့သည်။ ရုသ်သည် တောင်အာဖရိက တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ယခုတွင် အင်္ဂလန်၌ ခင်ပွန်း၊ သားသမီးအမွှာတို့နှင့် အတူနေထိုင်လျက် ရှိသည်။ အစားအစာ ချက်ပြုတ်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ မိတ်ဆွေများနှင့် အတူ ကော်ဖီသောက်ခြင်းတို့က ရုသ် နှစ်ခြိုက်စွာ လုပ်ဆောင်သည့် အမှုအရာများဖြစ်သည်။

စာမူ/ အကြောင်းအရာ များ Ruth O'Reilly-Smith

ဆပ်ပြာပူဖောင်းပေါ်မှာ

၁၉၇၀ ခုနှစ် မေလထုတ်သတင်းဆောင်းပါးတစ်ပုဒ်တွင် “ဆပ်ပြာပူဖောင်းပေါ်မှာ (on the bubble)” ဟူသော ဥပစာစကားကို ပထမဆုံးအကြိမ်အဖြစ် သုံးနှုန်းထား သည်။ ၎င်းသည် မသေချာသောအခြေအနေတစ်ရပ်ကိုညွှန်းဆိုပြီး၊ ပြိုင်ကား မောင်းသမား Steve Krisiloff နှင့် ပတ်သက်နေပါသည်။ Indianapolis 500 ကားမောင်းပြိုင်ပွဲတွင် အရှိန်နှေးသောကြောင့် သူ့အဖြစ်က ယှဥ်ပြိုင်ခွင့်ရရန် မသေချာ “on the bubble” ဟုဖော်ပြထားခြင်း ဖြစ်သည်။ သူမောင်းသည့် စံနှုန်းက အဆင့်မီသောသူများနှင့်ယှဉ်လျှင် အနှေးဆုံးဖြစ်သော်လည်း နောက်ပိုင်းတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ဘဝပြေးပွဲကို ဆက်ယှဉ်ပြိုင်ရန် (သို့) အဆုံးတိုင်အောင် ပြေးနိုင်ရေး မည်သည်ကိုပေးဆပ်ရမည်ကို မသေချာသောအချိန်များ ခံစားဖူး ပေမည်။ ထိုသို့ခံစားရသောအခါ သခင်ယေရှု၌ ကျွန်ုပ်တို့ရှိနေပါက ဘယ်သောအခါမှ မသေချာ မရေရာသောဘဝ၌ ရှိမနေကြောင်းကို သတိရအပ် သည်။ ဘုရားသခင်၏သားသမီးများဖြစ်သည့်အလျောက် ကောင်းကင်နိုင်ငံရှိ ကျွန်ုပ်တို့၏နေရာသည်…

နောက်တစ်ခုကို လုပ်ပါ

တစ်စုံတစ်ယောက်ကို ကူညီရန် စိတ်၌လှုံ့ဆော်မှုဖြစ်ပြီး ၎င်းကို မတုံ့ပြန်ဘဲ မကူညီဘဲ နေလိုက်သည်။ မည်သည့်အချိန်က ထိုသို့ဖြစ်ခဲ့သနည်း။ “၁၀ စက္ကန့် နည်းဥပဒေသ” စာအုပ်တွင် ကလဲဒီဂရပ်ဖ် က နေ့ရက်စဉ်တိုင်းတွင် ကျွန်ုပ်တို့၏တုံ့ပြန်ပြုမူမှုသည် ဘုရားကို ချစ်ခြင်းကြောင့် နာခံမှုရှိသော အသက်တာဆီသို့ခေါ်ယူသည့်၊ သာ၍ နက်ရှိုင်းသော ဝိညာဉ်ရေးရာ လျှောက်လှမ်းမှုဆီသို့ ခေါ်ယူ သည့် ဘုရားသခင်၏နည်းလမ်းဖြစ်သည်။ ထို ၁၀ စက္ကန့်နည်းဥပဒေသ စာအုပ်ထဲတွင် “သခင်ယေရှု သင့်ကို လုပ်ဆောင်စေလိုသောအရာ မှန်သည်ဆိုပါက ထိုအရာကို လုပ်ဆောင်ပါ။ သင့်စိတ်မပြောင်းခင် ချက်ခြင်း လုပ်ဆောင်ပါ” ဟု တိုက်တွန်းထားသည်။

သခင်ယေရှုက ‘‘ငါ့ကိုချစ်လျှင် ငါ့ပညတ်တော်ကို စောင့်ရှောက်ကြလော့’’ ဟု ယော ၁၄း၁၅ တွင် မိန့်မှာထားသည်။ သို့သော် ‘‘ကိုယ်တော့်ကိုတော့ချစ်ပါရဲ့၊ သို့ပေမဲ့ အလိုတော်အားလုံးကို ဘယ်လိုလုပ် သေချာသိပြီး လိုက်လျှောက်နိုင်မလဲ’’ ဟု…

ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးသည့်အခွင့်အာဏာ

ဘာဘရာသည် ၁၉၆၀ ခုနှစ်များအတွင်း ဗြိတိသျှအစိုးရ၏ ကြည့်ရှုစောင့်ရှောက်မှု အောက်တွင် ကြီးပြင်းခဲ့ရသည်။ သို့သော် သူမအသက် ၁၆ နှစ်ပြည့်သောအခါ သူနှင့် သူမ၏မွေးဖွားကာစသားငယ်လေးဆိုင်မွန်တို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ အစိုးရက ထိုအသက်အရွယ်တွင် သူမကို မထောက်ပံ့ တာဝန်မယူတော့ပါ။ သို့နှင့် ဘာဘရာသည် အဲလီဇဘက်ဘုရင်မကြီးထံ စာရေး၍ အကူအညီတောင်းရာ ပြန်စာရရှိခဲ့သည်။ ဘုရင်မကြီးက ကရုဏာသက်စွာဖြင့် ဘာဘရာအား အိမ်တစ်လုံးပေးရန် စီစဉ်ပေးခဲ့သည်။

ဘုရင်မကြီး၌ ဘာဘရာ ကို ကူညီရန် ဥစ္စာဓန ပြည့်စုံစွာရှိပြီး သူမ၏ကြင်နာသောစောင်မမှုက ဘုရားသခင် ၏မစကူညီနိုင်မှုကို ထင်ဟပ်စေသည်။ ကောင်းကင်ဘုံ ရှင်ဘုရင်သည် ကျွန်ုပ်တို့၏လိုအပ်မှုများ အားလုံးကိုသိပြီး ကျွန်ုပ်တို့၏အသက်တာများကို သူ၏အကြံအစည်အတိုင်း တန်ခိုးအာဏာတော်ဖြင့်လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သူ့ထံသို့ လာရန် ဘုရားသခင် အလိုရှိပြီး ကျွန်ုပ်တို့လိုအပ်မှုများနှင့် သောကများကို သူနှင့်ဝေမျှခြင်းက ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ နှစ်သက်ဖွယ်ဆက်ဆံရေး၏ အစိတ်အပိုင်းဖြစ်သည်။ ထိုသို့ပြုရန်…

ကျွန်ုပ်တို့၏အားနည်းခြင်းထဲ၌

အယ်နီရှယ်ဖီမေလာ သည် အသက် ၉၀ အရွယ်၊ ၁၉၉၉ ခုနှစ်တွင် ကွယ်လွန် ခဲ့သော်လည်း၊ ၁၉၄၂ ခုနှစ်တွင် သွေးဆိပ်တက်၍ ကိုယ်ဝန်ပျက်ကျပြီး ဆေးမတိုးတော့ သည့်အတွက် အသက်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ ထိုဆေးရုံ၌ တက်နေသည့် လူနာတစ်ဦးက ဆေးဝါးအသစ်စမ်းသပ်နေသည့် သူ့ဆွေမျိုး သိပ္ပံပညာရှင်တစ်ဦး အကြောင်းကို ပြောပြရာ အယ်နီ ၏ ဆရာဝန်က အယ်နီ အတွက် ဆေးပမာဏအနည်းငယ်ချပေးရန် အစိုးရကို ဖိအားပေးခဲ့သည်။ တစ်နေ့ချင်းတွင်ပင် အယ်နီ အဖျားကျသွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ အယ်နီ၏ အသက်ကို ပင်နီစလင် က ကယ်တင်ပေးခဲ့သည်။

လူသားတို့ကျရှုံးခြင်း ပျက်စီးခန်းမှစ၍ လူသား အားလုံးသည် အပြစ်က ဆောင်ယူလာသည့် ၀ိညာဉ်ရေးရာ ပျက်စီးဆုံးရှုံးခြင်းကို တွေ့ကြုံခံစားကြရသည် (ရော ၅း၁၂)။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်တို့
ကသာ ကျွန်ုပ်တို့ကို ကုသပျောက်ကင်းစေနိုင်သည်…

ဘုရားသခင် ပြင်ဆင်သော အငြိမ်းစားယူမည့်အစီအစဉ်

ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ ဝါးရစ်ရော့ဒ်ဝဲလ်သည် အင်္ဂလန်နိုင်ငံ လိခ်ျဖီးလ် ကသီဒြယ် ဘုရားဝတ်ပြုကျောင်းတော်၌ တစ်မူထူးခြားသောအရာကို ရှာဖွေတွေ့ချိန်၌ သူသည် အငြိမ်းစားယူရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ဖြစ်စဉ်တစ်ခုကို ခြေရာကောက်ရန် သက်တမ်း နှစ်ပေါင်း ၁၂၀၀ ခန့် ရှိသည်ဟု ယူဆရသည့် ကောင်းကင်တမန်မင်းဂါဗြေလ၏ ရုပ်တုကို တွေ့ရှိခဲ့ရာ၊ ထိုတွေ့ရှိမှုက သူ့အတွက် စိတ်လှုပ်ရှားဝင်စားစရာ၊ အလုပ်များစေသည့် အခန်းကဏ္ဍကို ဖွင့်လှစ်ပေးခဲ့၍ ဒေါက်တာ ရော့ဒ်ဝဲလ် ၏ အငြိမ်းစားယူမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။

မောရှေသည် အသက် ၈၀ အရွယ်တွင် မီးလောင်ပြီး ချုံမကျွမ်းသည့်အဖြစ်ကို တွေ့ကြုံခဲ့ရပြီး သူ့အသက်တာ ထာဝရပြောင်းလဲစေခဲ့သည်။ အီဂျစ်မင်းသမီး၏ မွေးစားသား ဖြစ်ခဲ့ရသော်လည်း သူ၏ဟေဗြဲမျိုးနွယ်ဖြစ်ခြင်းကို မမေ့၊ သူ့အမျိုးသားချင်းအပေါ် မတရားပြုမူခြင်းကို မြင်ရသောအခါ အမျက်ထွက်ခဲ့သည် (ထွက် ၂း၁၁-၁၂)။ ဟေဗြဲလူတစ်ဦးကို ရိုက်သည့် အီဂျစ်လူကို မောရှေ သတ်ခဲ့ကြောင်း…

ချောင်ထိုးပြီး ရှေ့ဆက်ပါ

ရေဒီယိုအသံလွှင့်တင်ဆက်သူမိတ်ဆွေတစ်ဦး၏ ဉာဏ်အမြော်အမြင်ပြည့်သော အကြံပြုချက် တစ်ချို့ကို ကျွန်ုပ်အမှတ်ရသည်။ သူအလုပ်ဝင်စက ပြစ်တင်ဝေဖန်မှုနှင့် ချီးမွမ်းမှုများကို မည်သို့ကိုင်တွယ်ရမည်ကိုသိရှိရန် သူအတော်ရုန်းကန်ခဲ့ရသည်။ ထိုအရာ နှစ်ခုစလုံးကို ချောင်ထိုးထားရန် ဘုရားသခင် တိုက်တွန်းကြောင်း သူခံစားခဲ့ရ သည်။ သို့နှင့် ‘‘ပြစ်တင်ဝေဖန်မှုမှ မည်သည့်သင်ခန်းစာ ရမည်ကို သင်ယူပြီး ချီးမွမ်းခြင်းကို လက်ခံပါ။ ထို့နောက် နှစ်မျိုးလုံးကို ချောင်ထိုးပြီး နှိမ့်ချစွာဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် တန်ခိုးတော်၌ ရှေ့ဆက်ပါ’’ ဟု သူခံယူ နှလုံးသွင်းခဲ့သည်။

ပြစ်တင်ဝေဖန်မှုနှင့် ချီးမွမ်းမှုတို့ကို မဆန်းစစ်ဘဲ ထားလိုက်ပါက ကြီးမားသောစိတ်ခံစားမှုကို ဖြစ်စေပြီး မိမိ ကိုယ်ကိုမုန်းတီးခြင်း သို့မဟုတ် အတ္တမာနထောင်လွှားခြင်း တစ်ခုခု ဖြစ်သွားနိုင်သည်။ သုတ္တံကျမ်း၌ ခွန်အားပေး တိုက်တွန်းမှုနှင့် ဉာဏ်အမြော်အမြင်ပြည့်သော အကြံဉာဏ်တို့၏ အကျိုးကျေးဇူးများကို ဖတ်ရှုရသည်။ ‘‘ကောင်းသောသတင်းစကားသည်လည်း အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။ အသက်နှင့်ယှဉ်သော ဆုံးမခြင်းစကားကို…

ပြောင်းလဲခံရခြင်း နှင့် ပြောင်းလဲစေခြင်း

တာနီနှင့် မိုဒူပေတို့သည် နိုင်ဂျီးရီးယားနိုင်ငံတွင် ကြီးပြင်းလာကြပြီး ၁၉၇၀ ခုနှစ် များတွင် ယူကေ သို့ သွားရောက်၍ ပညာဆည်းပူးကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတို့နှစ်ဦး၏အသက်တာပြောင်းလဲခဲ့ပြီး၊ မထင်မှတ်ဘဲ အင်္ဂလန်နိုင်ငံ လီဗာပူးဒေသရှိ အဲန်ဖီးလ်တွင် နေထိုင်ကြသော ဆင်းရဲနွမ်းပါး သူများ၊ ခွဲခြားပစ်ပယ်ထားခြင်းခံရသူများ၏ အသက်တာများကို ပြောင်းလဲပေးရန် ဘုရားသခင်က သူတို့နှစ်ဦးကို အသုံးချခဲ့သည်။ ဒေါက်တာဘွဲ့ရခဲ့သူ တာနီ နှင့် မိုဒူပေအိုမီဒယီ တို့သည် ဘုရားသခင်အပေါ် သစ္စွာရှိစွာ နောက်တော်သို့လိုက်ပြီး ထိုရပ်ကွက်၌ အစေခံကူညီခဲ့သည်။ ဤသို့ဖြင့် လူများစွာ၏မျှော်လင့်ချက်များကို ဘုရားရှင် ပြန်လည်တည်ဆောက်ပေးခဲ့သည်။ သူတို့သည် တက်ကြွ လှုပ်ရှားသော အသင်းတော်ကို ဦးဆောင်လျက် ရပ်ကွက် လူမှုအဖွဲ့မှ ချမှတ်သည့် အစီအစဉ်များကို အကောင်အထည် ဖော်ကာ လူမြောက်များစွာ၏ဘ၀ကို ပြောင်းလဲစေခဲ့သည်။

မနာရှေသည် သူ၏ပြည်ကို ဦးစွာ မကောင်းမှုသို့ လမ်းပြခဲ့ပြီး၊ နောက်မှ…