ရင့်ကျက်ပြောင်းလဲရန် အလိုတော်ရှိသည်
ပင်လယ်ဖြန်း (sea squirt) ဟူသောသတ္တဝါသည် အလွန်တစ်ရာထူးဆန်းသည်။ ၎င်းသည် ပင်လယ်ကြမ်းပြင်မှ ကျောက်တုံးနှင့်ခရုခွံများပေါ် ကပ်တွယ်ထားပြီး ရေစီး ကြောင်းအတိုင်း ယိမ်းနွဲ့နေသော ပလပ်စတစ် ပြွန်လေးကဲ့သို့ ဖြစ်သည်။ ဖြတ်သန်း စီးဆင်းနေသော ပင်လယ်ရေမှ အာဟာရဓာတ်များကို ရယူအားပြုရင်း ငယ်နုစဉ် ရှင်သန်သည့်သက်တမ်း လွန်ပြီး ယခုတွင် ငြိမ်သက်စွာ ဆက်လက်ရှင်သန်နေသည်။
ပင်လယ်ဖြန်းလေး၏ဘဝသည် ဖားလောင်းဘဝမှ စတင်ပြီး ကျောရိုးတိုင်နှင့်ဦးနှောက်က အစာရှာရန်နှင့် အန္တရာယ်ကိုသိရန် ထောက်ပံ့ပေးသည်။ ငယ်ရွယ်စဉ်က သမုဒ္ဒရာကို စူးစမ်းရှာဖွေရင်း အသက်ရှင်ကြသော်လည်း အရွယ်ရောက်သောအခါ ပြောင်းလဲလာသည်။ ကျောက်တုံးတွင် ထာဝရကုပ်တွယ်ရင်း စူးစမ်းရှာဖွေမှုမပြု၊ ဆက်လက်ကြီးထွားမှု မပြုကြတော့ပါ။ သက်တမ်းကုန်မည့်ရက်ကို မျှော်နေသယောင် ကိုယ့်ဦးနှောက်ကိုပင်ပြန်စားမိသော သတ္တဝါများ ဖြစ်ကြသည်။
လှုပ်လီလှုပ်လဲ့နှင့် တွေးခေါ်ချင့်ချိန်ခြင်းမရှိဘဲ ရေလှိုင်းအတိုင်းယိမ်းနွဲ့ရင်း ပင်လယ်ဖြန်းလေးများ၏ဘဝကဲ့သို့ အသက်မရှင်ကြရန် ရှင်ပေတရုက ကျွန်ုပ်တို့ကို သတိပေးလျက်ရှိသည်။ ရင့်ကျက်ကြီးထွားခြင်းသည် ဘုရားပကတိကို ဆက်ဆံနိုင်သူဖြစ်ခြင်းကြောင့်…
ထာဝရဘုရား၏ကြင်နာမှု
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကောလိပ်ကျောင်းသားဘဝက စိတ်ကျရောဂါ ပြင်းထန်စွာခံစားရပြီး “အကူအညီမဲ့၍ မျှော်လင့်ချက်မဲ့”သကဲ့သို့ မကြာခဏ ခံစားခဲ့ရကြောင်းကို ကျွန်တော်ကြားဖူးသည်။ ဝမ်းနည်းစရာမှာ ဤခံစားချက်များအကြောင်းကို ဆရာဝန်နှင့် သူမတိုင်ပင်ခဲ့ဘဲ အစွန်းရောက်သောအစီအစဥ်များ ပြုလုပ်ခဲ့သည်။ သေကြောင်းကြံစည်ခြင်းနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို နယ်ခံစာကြည့်တိုက်မှမှာယူ၍ သူ့ကိုယ်သူသတ်သေရန် ရက်သတ်မှတ်ခဲ့သည်။
ဘုရားသခင်သည် အကူအညီမဲ့သူများနှင့် မျှော်လင့်ချက်မဲ့သူများကို ဂရုစိုက်ပါသည်။ သမ္မာကျမ်းစာမှပုဂ္ဂိုလ်များအား ခက်ခဲကြမ်းတမ်းသောအချိန်များတွင် ကိုယ်တော်၏ကူညီစောင်မမှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယောန သေချင်သောအခါ ဘုရားသခင်သည် သူ့အား ကြင်နာစွာ ထိတွေ့ပြောဆိုခဲ့ပါသည် (ယောန ၄:၃-၁၀)။ ဧလိယသည် ထာဝရဘုရားအား သူ့အသက်ကို ရုပ်သိမ်းစေလိုခဲ့ချိန်တွင် (၃ ရာ ၁၉:၄) ဘုရားသခင်သည် သူ့အတွက် မုန့်နှင့်ရေကိုပြင်ဆင်ပေးခဲ့ပြီး (:၅-၉) ဖြည်းညင်းသောအသံဖြင့် မိန့်တော်မူခဲ့၍ (:၁၁-၁၃) သူထင်သကဲ့သို့ သူတစ်ယောက်တည်းမဟုတ်ကြောင်းကို မြင်စေခဲ့ပါသည် (:၁၈)။ ထာဝရဘုရားသည် စိတ်ပျက်အားငယ်သူများကို ချဥ်းကပ်၍ ကြင်နာစွာဖြင့်…
စေတနာသဒ္ဓါစိတ်နှင့် ဝမ်းမြောက်မှု
သုတေသီများက စေတနာသဒ္ဓါစိတ်နှင့် ဝမ်းမြောက်ခြင်းကြားတွင် ဆက်စပ်မှုရှိကြောင်း ပြောကြသည်။ အခြားသူတို့အား မိမိတို့၏ငွေကြေးနှင့် အချိန်ကိုပေးလှူသူတို့သည် မပေးသူတို့ထက် ပို၍ဝမ်းမြောက်ကြသည်။ စိတ်ပညာရှင်တစ်ဦးက “ပေးကမ်းခြင်းကို ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် တာဝန်ဝတ္တရားအဖြစ် မတွေးဘဲ၊ ပျော်ရွှင်မှုအရင်းအမြစ်အဖြစ် တွေးကြပါစို့” ဟူ၍ ကောက်ချက်ချသည်။
ပေးလှူခြင်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်စဥ်တွင် ပျော်ရွှင်ခြင်းသည် ကျွန်ုပ်တို့ပေးလှူရခြင်း၏ပန်းတိုင် ဖြစ်သင့်ပါသလားဟု ကျွန်ုပ်မေးခွန်းထုတ်မိသည်။ အကယ်၍ ကျွန်ုပ်တို့သည် လူများကို ရက်ရက်ရောရောပေးလှူပြီး မိမိ၏ခံစားချက် ကောင်းမွန်စေရန် ပြုခြင်းဖြစ်ပါက ကျွန်ုပ်တို့၏ထောက်ပံ့မှုကို လိုအပ်သည့် ပို၍ ခက်ခဲသော သို့မဟုတ် သာမန်မျှသော လိုအပ်ချက်များအတွက် မည်သို့ပြုမည်နည်း။
သမ္မာကျမ်းစာမှ သဒ္ဓါစိတ်နှင့်ဝမ်းမြောက်ခြင်းတို့ကို ဆက်စပ်ထားသော်လည်း အကြောင်းပြချက်က ကွဲပြားခြားနားသည်။ ဒါဝိဒ်မင်းသည် ဗိမ္မာန်တော်တည်ဆောက်ရန် သူ၏စည်းစိမ်များထဲမှ လှူဒါန်းပြီးနောက် ဣသရေလလူတို့အားလည်း လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သည် (၅ ရာ ၂၉:၁-၅)။ လူတို့သည် ရက်ရောစွာဖြင့် ရွှေ၊ ငွေ၊…
အဆုံး၌
ဝိညာဥ်ရေးရာ အားသစ်လောင်းသင်တန်းများတွင် ဦးဆောင်ရန် မကြာခဏဆိုသလို ကျွန်ုပ် နေရာပေးခံရသည်။ ရက်အနည်းငယ်မျှ ဆုတောင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ဖြင့် အချိန်ယူခြင်းသည် စိတ်ခံစားမှုနှင့် စိတ်စွမ်းရည်တို့ကို နက်နက်နဲနဲ အားပြည့်စေနိုင်သည်။ အစီအစဥ်တွင် ပါဝင်တက်ရောက်သူများအား “သင်ကွယ်လွန်ပြီး သတင်းစာနာရေးတွင် သင့်အမည်ပါလာသည်ဟု တွေးကြည့်ပါ။ သင့်အကြောင်းကို မည်သို့ဖော်ပြစေလိုသနည်း”ဟု ကျွန်ုပ်မေးလေ့ရှိသည်။ ရလဒ်အနေဖြင့် ပါဝင်တက်ရောက်သူအချို့က ၎င်းတို့၏ဦးစားပေးမှုများ ပြောင်းလဲကာ ဘဝအဆုံးသတ်ကောင်းရေးအတွက် ပန်းတိုင်ထားခဲ့ကြသည်။
တိမောသေဩဝါဒစာဒုတိယစောင် ၄ တွင် တမန်တော်ပေါလုနောက်ဆုံး ရေးသားသည်ဟု ထင်ရှားသောစာများပါရှိသည်။ သူ့အသက် (၆၀) ဝန်းကျင်နီးပါးခန့် ဖြစ်နိုင်သော်လည်း၊ သေခြင်းဘေးကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုသူ့ဘဝဆုံးလုနီးပြီဟု သူသတိထားမိသည် (၂ တိ ၄:၆)။ ယခုတွင် သာသနာခရီးစဥ်များ၊ အသင်းတော်သို့စာရေးခြင်းများ မရှိတော့ပေ။ သူ့ဘဝကိုသူ ပြန်လည်သုံးသပ်ကာ “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင် အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”…
တစ်ဖန် ပြန်လည်သီချင်းဆိုပါ
သြစတြေးလျမျိုးရင်း ပျားရည်စုပ်ငှက်လေးများသည် သူတို့သီချင်းကို သူတို့ မေ့နေသည့် ပြဿနာနှင့် ကြုံနေရသည်။ ယခင်က အရေအတွက် အများအပြားရှိသော်လည်း ယခုတွင် အကောင်ရေ (၃ဝဝ) ခန့်သာကျန်ရှိတော့သဖြင့် အချင်းချင်းထံမှ သင်ယူရန် အရေအတွက် နည်းပါးလှသဖြင့် ငှက်အဖိုတို့သည် ၎င်းတို့၏ မူပိုင်တေးသံကိုမသီဆိုနိုင်သဖြင့် ငှက်အမများကို မဆွဲဆောင်နိုင်ဘဲ ဖြစ်နေတော့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတို့က ယင်းငှက်များကို သီချင်းပြန်ဆိုပြခြင်းဖြင့် ကယ်တင်နိုင်ရန် လမ်းစရှာတွေ့ခဲ့သဖြင့် ကျေးဇူးတင်ရမည်။ အသံသွင်းထားသည့် ၎င်းတို့ ယခင်က သီကျူးခဲ့ကြသည့်သီချင်းကို ဖွင့်ပြလျက် ၎င်းတို့၏ နှလုံးသားတေးသံကို ပြန်လည်သင်ယူနိုင်အောင် ပြုလုပ်ပေးသည့်အစီအစဉ်ပင် ဖြစ်သည်။ ငှက်အထီးလေးများသည် သံစဉ်ကို နားယဉ်လာပြီး ကိုယ်တိုင်ကြိုးစားအသံပြုလျက် ငှက်အမလေးများကို ပြန်လည်ဆွဲဆောင်ကာ ပွားများလာရန် မျှော်လင့်မိပါသည်။
ပရောဖက်ဇေဖနိသည်လည်း ဒုက္ခရောက်နေသူတို့အကြောင်းကို ပြောပြသည်။ အကျင့်ပျက် ခြစားမှုများကြားတွင် ဘုရားသခင်၏စီရင်ခြင်း နီးကပ်လာပြီဖြစ်ကြောင်း သူသတိပေးခဲ့သည် (ဇေ ၃:၁-၈)။ ဖမ်းဆီးခံရပြီး တိုင်းတစ်ပါးသို့ခေါ်ဆောင်ခံရသည့်…
ကရန် ထလာခြင်း
လူများစွာတို့ ဖြန့်ဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကျက်သရေရှိသော အဘွားအို တစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တစ်ချိန်ကကျော်ကြားခဲ့သော ဘဲလေးကချေသည် Marta González Saldaña (မာတာ ဂန်ဇားလေ့စ် ဆာဒါးညှာ)သည် ယခုတွင် မှတ်ဉာဏ်ချို့တဲ့သည့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရသည်။ သို့သော် Tchaikovsky (ချိုင်းကော့စကီ)၏ ‘Swan Lake’ (ဘဲငန်းကန်) သီချင်းကို ဖွင့်ပြသည့်အခါ အံ့ဖွယ်အမှု ဖြစ်လာသည်။ သီချင်းအရှိန်မြင့်လာသည့်အခါ သူမ၏ချည့်နဲ့သောလက်များ တစ်ဖြည်းဖြည်းမြှောက်လာပြီး ပထမခရာမှုတ်သံ ကြားလိုက်သည့်အခါ ကုလားထိုင်ပေါ်၌ စတင်လှုပ်ရှား ကပါတော့သည်။ သူမ၏စိတ်နှင့်ရုပ်ခန္ဓာက ယိုယွင်းသော်လည်း သူ့စွမ်းရည်က ကျန်နေသေးသည်။
ထိုဗီဒီယိုကို မြင်လိုက်ရချိန်၌ ကောရိန္သုသြဝါဒစာပထမစောင် ၁၅ မှ ထမြောက်ခြင်းနှင့် ပတ်သက်ပြီး တမန်တော်ရှင်ပေါလု၏ သွန်သင်ချက်များသို့ ကျွန်ုပ်၏အတွေး ရောက်သွားသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အပင်ပေါက်စေရန် မြေ၌စိုက်သည့်အစေ့နှင့်နှိုင်းပြီး၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် အိုခြင်း၊ နာခြင်းကြောင့် အသရေမဲ့ပြီး…
အချစ်သီချင်း
စနေနေ့မွန်းလွဲပိုင်းတွင် ငြိမ်သက်သောကမ်းနားပန်းခြံ၌ အပြေးသမားများ ဖြတ်ပြေးသွားသည်၊ ငါးမျှားတံများပတ်ချာလည်နေသည်၊ ပင်လယ်ဇင်ယော်များသည် ငါးကြွပ်၊ အာလူးကြော်အိတ်ခွံများကို ထိုးဆိတ်လုကာ လုံးထွေးနေပြီး ကျွန်ုပ်တို့ဇနီးမောင်နှံမှာ ထိုင်၍စုံတွဲတစ်တွဲကိုကြည့်နေသည်။ သူတို့က အသက် (၄၀) နှောင်းပိုင်းခန့် ဖြစ်မည်ဖြစ်ပြီး ကျွန်ုပ်နားမလည်သော ဘာသာ စကားဖြင့် စကားပြောဆိုနေကြသည်။ ထိုအမျိုးသမီးသည် စိတ်လေလွင့်ခြင်းမရှိဘဲ ၎င်းတို့၏ဘာသာစကားဖြင့် သူမအတွက် အချစ်သီချင်းသီဆိုနေသော အမျိုးသား၏မျက်လုံးများကို ငေးကြည့်နေသည်။ လေပြေများက ကျွန်ုပ်တို့ကြားနိုင်ရန် ထိုသံစဥ်ကို သယ်ဆောင်လာသည်။
ကြည်နူးစရာမြင်ကွင်းကြောင့် ဇေဖနိအနာဂတ္တိကျမ်းအကြောင်းကို ကျွန်ုပ်တွေးမိသည်။ အဘယ့်ကြောင့်နည်းဟု ပထမ သင်အံ့သြမိမည်။ ဇေဖနိခေတ်တွင် ဘုရားသခင်၏လူမျိုးသည် မှားယွင်းသောဘုရားများကို ကိုးကွယ်ဦးညွှတ်ခြင်းဖြင့် စတင်ပျက်စီးခဲ့သည် (၁:၄-၅)။ ဣသရေလလူမျိုး ပရောဖက်နှင့် ယဇ်ပုရောဟိတ်များသည် မောက်မာပြီး ဘုရားကို စော်ကားကြသည် (၃:၄)။ ဤကျမ်းအများစုတွင် ဣသရေလလူမျိုးအပေါ်သာမက ကမ္ဘာပေါ်ရှိ လူမျိုးများအားလုံးအပေါ်တွင် ဘုရားသခင်၏စီရင်ခြင်း လာတော့မည်ဖြစ်ကြောင်း ကြေညာထားသည် (:၈)။
သို့သော်…
တံခါးဝကို ကြဥ်ရှောင်ပါ
ကြွက်နှင့်တူသောသတ္တဝါလေး၏နှာခေါင်းမှာ လှုပ်လှုပ်ရွရွနှင့် အနံ့ခံနေသည်။ အရသာရှိသောအရာတစ်ခုခုသည် အနီးအနားတွင်ရှိသည်။ အမှန်ပင်၊ ထိုအနံ့သည် အရသာရှိသောအစေ့များ အပြည့်ရှိနေသည့် ငှက်အစာခွက်မှ လာသည်။ ထိုသတ္တဝါလေးသည် အစာခွက်ကို ချိတ်ဆွဲထားသည့်သံကြိုးတစ်လျှောက် တွယ်၍ ဆင်းသွားကာ တံခါးမှတစ်ဆင့်လျှော၍ဝင်သွားပြီး အစေ့များကို တစ်ညလုံး စားနေတော့သည်။ မနက်ရောက်မှသာ မည်သည့်အန္တရာယ်သို့ သူကျရောက်သွားသည်ကိုသိလာသည်။ ယခုအခါ ငှက်များသည် အစာခွက်၏ တံခါးပေါက်မှတစ်ဆင့် သူ့ကို ထိုးဆိတ်နေကြပြီ။ သို့သော် အစေ့များကို တဝတပြဲ စားသောက်ထားခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ ၂ ဆ ပို၍ကြီးမားနေပြီး ထွက်မပြေးနိုင်တော့ပေ။
တံခါးဝများသည် ကျွန်ုပ်တို့ကို အံ့ဩဖွယ်ရာနေရာများ (သို့) အန္တရာယ်ရှိသောနေရာများသို့ ခေါ်ဆောင်သွားနိုင်သည်။ သုတ္တံကျမ်း အခန်းကြီး ၅ ၌ လိင်မှုနှင့်ဆိုင်သည့် သွေးဆောင်မှုနှင့်ပတ်သက်၍ ရှောလမုန်မင်းကြီး၏ ဆုံးမအကြံပေးချက်တွင် တံခါးသည် အဓိကနေရာမှပါဝင်သည်။ ရမ္မက်အပြစ်သည် ဆွဲဆောင်မှုရှိသော်လည်း လိုက်ပါသွားပါက ဘေးအန္တရာယ်သာတွေ့ရမည်ဟု သူက ဆိုသည်…
ဉာဏ်ကြွယ်သော အကြံပေးချက်
၂၀၁၉ ခုနှစ် ဧပြီလတွင် ပဲရစ်မြို့ရှိ Notre-Dame (နော်ထရီဒမ်) ဘုရားကျောင်း၏ ခေါင်မိုးမီးလောင်စဉ် သက်တမ်းရင့်သစ်သားချပ်များကို မီးကူးပြီး မီးဖိုကြီးသဖွယ် ဖြစ်ကာ ပူလွန်း၍ မီးကိုမထိန်းနိုင်ခဲ့ပါ။ ဘုရားကျောင်းကြီး၏ခေါင်မိုးချွန် ပြိုကျသွားပြီးနောက် ခေါင်းလောင်းစင်ကြီးများသို့ လူတို့အာရုံရောက်သွားသည်။ ကြီးမား သော စတီးခေါင်းလောင်းကြီး၏ သစ်သားအကာအရံများမီးလောင်ပြီး ပြိုကျသွားလျှင် တာဝါနှစ်ခုလုံးပါပြိုကာ ဘုရားကျောင်းကြီး တစ်ခုလုံးပျက်စီးသွားမည်။
ပဲရစ်မီးသတ်ဌာန၏ခေါင်းဆောင် ဗိုလ်ချုပ် Gallet (ဂါးလဒ်)သည် သူ၏ မီးသတ်သမားများကို ဘေးကင်းရာသို့ ဆွဲခေါ်ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားခဲ့သည်။ မီးသတ်သမားတစ်ဦးဖြစ်သူ Remi (ရယ်မီ)က “တာဝါတွေရဲ့အပြင်ဘက်ကို မီးငြိမ်းဖို့ ဗိုလ်ချုပ်ကို လေးစားစွာနှင့် ကျွန်တော် အကြံပြုချင်ပါတယ်”ဟု သူ့ကိုပြောသည်။ မခိုင်ခံ့တော့သောအဆောက်အအုံ၏အခြေအနေကြောင့် ထိုအကြံကို ပယ်ချခဲ့သော်လည်း ရယ်မီက တတွင်တွင် ထပ်ပြောသည်။ မကြာမီ ဂါးလဒ်သည် ကိုယ့်ငယ်သားမီးသတ်သမား၏အကြံဉာဏ်ကို လက်ခံမလား။ (သို့) ဘုရားကျောင်း ကြီး ပြိုကျသည်အထိ…
စစ်မှန်သောပျော်ရွှင်ခြင်း
၁၀ ရာစုနှစ်အတွင်း၌ တတိယမြောက် Abd al-Rahman III (အဘ်ဒ် အဲလ်ရာမန်) သည် စပိန်နိုင်ငံ၊ ကော်ဒိုဘာပြည်ကို အုပ်ချုပ်သောဘုရင်ဖြစ်သည်။ (ပြည်သူတို့ ၏ချစ်မြတ်နိုးမှုခံရသည့်အပြင် သူ့ကို ရန်သူများက ကြောက်ရွံ့ပြီး မဟာမိတ်များက ရိုသေလေးမြတ်ကြသည့်) နှစ်ပေါင်း ၅၀ ထိ အောင်မြင်စွာ အုပ်ချုပ်ခဲ့ပြီးနောက် အဲလ်ရာမန်က သူ့အသက်တာကို အလေးအနက် ပြန်သုံးသပ်ခဲ့သည်။ “စည်းစိမ်၊ ဂုဏ်သိက္ခာ၊ အာဏာနှင့် သာယာမှုတွေက ကျွန်ုပ်လက်ဖျောက်တီးမည့်အချိန်ကို စောင့်နေကြတယ်”ဟု သူ၏အခွင့်ထူးများကိုပြောပြပြီး စစ်မှန်သောပျော်ရွှင်မှု ခံစားခဲ့ရသည့် ရက်ပေါင်းကို ပြန်လည်ရေတွက်ကြည့်ရာ ၁၄ ရက်ခန့်သာရှိသည်ကို တွေ့ခဲ့ရသည်။ အဘယ်မျှ အလေးထားစဥ်းစားစရာ ကောင်းလိုက်သနည်း။
ဒေသနာကျမ်းရေးသားသူသည် အလွန်ချမ်းသာပြီး ဂုဏ်သရေရှိသူ (၂:၇-၉)၊ အာဏာရှိပြီး သာယာမှုများကိုပိုင်ဆိုင်သူ (၁:၁၂၊ ၂:၁-၃) ဖြစ်သည်။ သူ့အသက်တာအပေါ် ဆင်ခြင်သုံးသပ်ချက်ကလည်း အလားတူစဥ်းစားစရာပင်။ စည်းစိမ်ကြွယ်ဝခြင်းသည် ပို၍လိုချင်တပ်မက်စိတ်ကိုသာ ဖြစ်စေပြီး…