ဘဝအကြောင်းသုံးသပ်စရာ

ငွေကြေး - အဘယ်ကြောင့် အမြဲတမ်းမလုံလောက်ရတာပါလဲ။

ကျွန်ုပ်တို့ထဲတွင် နောက်ထပ်တစ်ဒေါ်လာ ထပ်မလိုချင်သူ မည်သူရှိသနည်း။ ကျွန်ုပ်တို့အားလုံးသည် ဝင်ငွေ၊ စုဆောင်းထားသည့်ငွေကြေး မည်မျှပင်ရှိနေပါစေ လုံလောက်သည်ဟု မည်သည့်အခါမှ ထင်မှတ်လေ့မရှိသကဲ့သို့ဖြစ်နေသည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကျေနပ်တင်းတိမ်မှုမရှိနိုင်သနည်းဟု စဉ်းစားမိကြပါသလား။ ဘာကိုမှမမျှော်လင့်ထားဘဲ၊ ကျွန်ုပ်တို့ကိုချစ်သူ၊ ထာဝရတည်လျက် မပြောင်းလဲသူ၊ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကျွန်ုပ်တို့အတွက် အကောင်းဆုံးကိုသာ နှလုံးသွင်း စဥ်းစားပေးသူ မည်သူရှိသနည်း။ ဘုရားသခင်သည်ခွန်အားအစွမ်းနှင့်ပြည့်စုံ၍ ကျွန်ုပ်တို့ကို သိကျွမ်းသူ၊ ချစ်မြတ်နိုးသူ ဖြစ်သည်။ ကျွန်ုပ်တို့ကို သူဖန်ဆင်းထားခြင်းကြောင့် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို အတိအကျသိရှိသူလည်း ဖြစ်သည်။

ကူညီကြပါ။ ကျွန်ုပ် မနက်ဖြန်ကို ရင်မဆိုင်ရဲဘူး။

သင့်အတွက် မနက်ဖြန်ဟာ ဘယ်အရာတွေကို ဆောင်ကြဉ်းလာမလဲဆိုတာ ကြိုတင်တွေးတော ပူပန်နေပါသလား။ တကယ်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့ တော်တော်များများဟာ မနက်ဖြန်မှာ ဖြစ်လာမယ့်၊ ဖြစ်လာနိုင်ခြေများအတွက် မနက်ဖြန်ကိုရင်ဆိုင်ရမှာ စိုးရိမ်တတ်ကြပါတယ်။ ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မနက်ဖြန်ကတော့ရောက်လာဦးမည်ပင်။ ဖန်ဆင်းရှင် ဘုရားသခင်ဆိုတဲ့ မနက်ဖြန်တိုင်းကို အစိုးရတဲ့ အရှင်သခင်ထံမှ အကူအညီမစမှုနဲ့ အာမခံချက်ကို တောင်းခံနိုင်ပါတယ်။

အိုမင်းလာခြင်းနှင့်အတူ မျှော်လင့်ချက်နှင့်ပြည့်နေသည့် အနာဂတ်နေ့ရက်များ

“အသက်ကြီးလာတာ ဝမ်းနည်းစရာပဲ’’ ... အသက်ကြီးပြီး အိုမင်းလာခြင်းနှင့် ပတ်သက်ပြီး သင်ရော ဤသို့ ခံစားမိပါသလား။ နာတာရှည်ရောဂါ သို့မဟုတ် အထီးကျန်ဆန်ခြင်းများနှင့် ကြိုးစားရုန်းကန်နေရပါသလား။ အသက်ရှင်ရန်အတွက် ဆန္ဒ မရှိသလောက် ဖြစ်နေပြီလား။

စိတ်မကောင်းစရာအချက်မှာ ကျွန်ုပ်တို့အားလုံး မလွဲမသွေ အသက်ကြီးရင့် အိုမင်းလာ ကြရမည် ဖြစ်သည်။ သင်ခံစားရသည်များကို နားလည်ရုံမက အိုမင်းခြင်းခရီးကိုပါ ကျော်လွှားနိုင်အောင် ကူညီနိုင်သူတစ်ဦး ရှိပါသည်ဆိုလျှင်၊ ပြီးတော့ ဤတစ်စုံတစ်ဦးက သင်သူ့ထံလာရန်အတွက် ရင်ခွင်ဖွင့်ပြီး လက်ကမ်းစောင့်ကြိုနေပါသည်ဆိုလျှင် . . . သင်မည်သို့ပြုမည်နည်း။

သေခြင်းတရားကို ကြောက်ရန်မလိုတော့ပြီ

“မည်သူမျှ မသေချင်ပါ။” သေခြင်းထက် ကြောက်စရာကောင်းသည့် အရာ တစ်ချို့ ရှိပါသည်။ သေခြင်းတရားက ကျွန်ုပ်တို့ ခင်မင်တွယ်တာသော အရာအားလုံးကို လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးသွားစေနိုင်ကြောင်း သတိပေးလျက်ရှိပြီး ကျွန်ုပ်တို့အပေါ် အရိပ်ကြီးသဖွယ် လွှမ်းမိုးလျက်ရှိပါသည်။ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အသက်ကြီးရင့်လာခြင်း စသည့်အကြောင်း တစ်ခုခုကြောင့် သေခြင်းတရားကို ရှောင်လွှဲ၍မရဘဲ မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့က သေခြင်းအတွက် ပြင်ဆင်ပြီးဖြစ်သလို၊ လူနည်းစုက သေရန်အသင့်- သေခြင်းကို စောင့်ကြိုလျက်ရှိကြသည်။ ကျွန်ုပ်တို့ အများစုမှာမူ သေခြင်းကို ကြောက်ကြသည်။ ၎င်းသည် သဘာဝကျပါသည်။ အဘယ်ကြောင့်ဆိုသော် သေခြင်းကို အနိုင်ယူရန်၊ သေခြင်းမှလွတ်မြောက်ရန် နည်းလမ်းကို ကျွန်ုပ်တို့ ရှာ၍ မတွေ့ခြင်းကြောင့်ပါ။ သင်သည် သေခြင်းကို ကြောက်နေလျှင် သတိရ လိုက်ပါ။ သင် တစ်ယောက်တည်း မဟုတ်ပါ။

ကောင်းမွန်စွာနေထိုင်ခြင်းသည် လုံလောက်သောကောင်းမွန်ခြင်းလား

ကျွန်ုပ်တို့အများစုသည် လူကောင်းဖြစ်လိုစိတ် ရှိသည်။ ၎င်းသည် သဘာဝအလျောက်ရှိနေသည့် ဗီဇစိတ်သဘောဖြစ်ပုံရသည်။ သို့သော် မည်သူသည် “လူကောင်း” တစ်ဦးဖြစ် သနည်း။ “ကောင်းမွန်ခြင်း” ဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ ကောင်းမွန်စွာ နေထိုင်ရန်အတွက် ယေဘုယျအားဖြင့် နည်းနှစ်သွယ်ရှိသည်ကို တွေ့ရသည်။ မိမိ၏အသိစိတ်ဖြင့်နေထိုင်ခြင်းနှင့် လူမှုပတ်ဝန်းကျင်၏စည်းမျဥ်းသတ်မှတ်ချက်များ၊ လူ့ကျင့်ဝတ်များအတိုင်း လိုက်နာခြင်းတို့ဖြစ်သည်။ ၎င်းတို့ကို အသေးစိတ် လေ့လာကြည့်ကြပါစို့။

ဘဝမျှော်လင့်ချက်

“ဘဝမျှော်လင့်ချက်” သည် ဖန်ဆင်းခြင်း၊ လူသားများအပြစ်သို့ ကျဆင်းခြင်း၊ သခင်ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်း၊ နောင်တရရန်နှင့် ယုံကြည်ရန် လိုအပ်ခြင်းစသည့် ဧဝံဂေလိသတင်းစကားကို ရှင်းလင်းပြသည်။

ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော် ...

သမ္မာကျမ်းစာ၊ ဘာသာတရား၊ အပြစ်တို့နှင့်ပတ်သက်သည့် သင့်မေးခွန်းများအတွက် အဖြေ

ဤစာစောင်၌ မယုံကြည်သူများ၌ရှိနေသည့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနှင့် သံသယများ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကို မိတ်ဆက်ပေးထားပါသည်။

ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော် ...

မိသားစုဓလေ့ထုံးတမ်းများ၊ ခရစ်ယာန်တို့၏ အမူအကျင့်များနှင့်ပတ်သက်သည့် သင့်မေးခွန်းများအတွက် အဖြေ

ဤစာစောင်၌ မယုံကြည်သူများ၌ရှိနေသည့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနှင့် သံသယများ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကို မိတ်ဆက်ပေးထားပါသည်။

ကျွန်ုပ်ယုံကြည်လိုပါသည်။ သို့သော် ...

ဗတ္တိဇံမင်္ဂလာ၊ အသင်းတော်၊ ခရစ်ယာန်ကတိကဝတ်များ နှင့်ပတ်သက်သည့် သင့်မေးခွန်းများအတွက် အဖြေ

ဤစာစောင်၌ မယုံကြည်သူများ၌ရှိနေသည့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနှင့် သံသယများ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကို မိတ်ဆက်ပေးထားပါသည်။

ကျန်းမာရေး ယိုယွင်း အားနည်းလာခြင်း --- သင်ဘာလုပ်နိုင်သလဲ။

နာမကျန်းဖြစ်လာမည်ကို သင်စိတ်ပူနေသလား။ ဆရာဝန်နှင့် တွေ့ဆုံရန် ဝန်လေးနေသလား။ ဆေးဝါးများ ဈေးကြီးခြင်းကြောင့် ဝန်လေးနေသလား။ အနာရောဂါအသစ် ဖြစ်ပေါ်လာသည်ဟု သိရှိလာပါက စိုးရိမ်လျက် စိတ်အနှောင့်အယှက် ဖြစ်နေသလား။ မိမိကြည့်ရှုပြုစု စောင့်ရှောက်နေရသော သက်ကြီးရွယ်အို မိဘများ၊ သို့မဟုတ် ကလေးငယ်များ၏ကျန်းမာရေး အတွက် စိတ်ပူနေသလား။ နာမကျန်းဖြစ်လာခြင်းအတွက် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများနှင့် စိတ်ပူပန်မှုများအားလုံးကို ဖြေရှင်းပေးရန် နည်းလမ်းမရှိဟု ဆိုလိုပါသလား။ ဤအချက်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် နည်းလမ်း ရှိပါသလား၊ ကျွန်ုပ်တို့ကို နှစ်သိမ့်မှုနှင့် ယုံကြည်စိတ်ချမှုပေးနိုင်သည့် အဖြေ ရှိပါသလား။ ခရစ်ယာန်တို့၏ယုံကြည်ခြင်း အခြေခံဖြစ်သော သမ္မာကျမ်းစာတွင် ဤအဖြေကိုရှာရန် ဖိတ်ခေါ်လိုပါသည်။