လ - ဇန်နဝါရီ 2017

ထင်သလို ဖြစ်မလာ...

ဒွန်သည် စကော့တလန်နိုင်ငံ လန်းနက်ရှိုင်း (Lanarkshire) တောင်ပိုင်း လယ်တော၌
နေထိုင်သည့် သိုးထိန်းခွေးတစ်ကောင်ဖြစ်သည်။ တစ်မနက်တွင် သခင်ဖြစ်သူတွမ်နှင့်   တိရိစ္ဆာန်များ၏အခြေအနေကို စစ်ဆေးရန် လယ်တောသုံး ကုန်တင်ယာဉ်လေးစီးကာ ထွက်လာကြသည်။ လယ်တောသို့ရောက်သော် တွမ်က ကားဘရိတ် မနင်းထားဘဲ ကားထဲမှ ထွက်သွားမိသည်။ သို့နှင့် မောင်းသူနေရာရှိ ခွေးကြီးဒွန်မှာ တောင်ကုန်းပေါ်မှ လိမ့်ဆင်းသွားသော ကားနှင့်
ပါသွားပြီး ကားလမ်းနှစ်ခု ဆုံသည့် လမ်းဆုံတွင် ကားရပ်သွား သည်။ ယာဉ်ထိန်းရဲများအဖို့ ခွေးတစ်ကောင်က ကားမောင်း ထွက်လာသလားဟု ထင်ရသည်။ သို့သော် မိမိအထင် အတိုင်း ကိစ္စရပ်များက ထင်သလိုဖြစ်မနေပါ။
ဧလိရှဲနှင့် ကျွန်ဖြစ်သူတို့မှာ ၀န်းရံဖမ်းဆီးခံရပြီး ရှုရိရှင်ဘုရင်ထံ ခေါ်ဆောင်ခံရတော့မည်ဟု ထင်ရသည်။ ဘုရင့်တပ်မဟာက ဧလိရှဲနှင့် သူ၏ ကျွန်တို့နေထိုင်ရာမြို့ကို ၀န်းရံထားသည်။ ကျွန်ဖြစ်သူက သူတို့ သေကြေပျက်စီးရတော့မည်ဟု ယုံကြည်နေ သော်လည်း ဧလိရှဲက…

အကောင်းဆုံးလက်ဆောင်

ခရစ်စမတ်အပြီး ရက်သတ္တပတ်သည် အမေရိကန်နိုင်ငံ၏ နှစ်တစ်နှစ်တွင် အလုပ်အရှုပ်ဆုံး
အချိန်ဖြစ်သည်။ အကြောင်းမှာ လူတို့က သူတို့အလိုမရှိသည့် လက်ဆောင်များကို သူတို့ တကယ်လိုချင်သည့်ပစ္စည်းများနှင့် ပြန်လဲလှယ်ကြခြင်းကြောင့်ဖြစ်သည်။ အကောင်းဆုံး လက်ဆောင်ကို အမြဲပေးတတ်သည့် လူတစ်ဦးစ နှစ်ဦးစကို သင်သိကောင်းသိမည်။ ထိုသူတို့က အခြားသူများ ဘာကို မြတ်နိုးတန်ဖိုးထားသည်ကို သိသည်။  ဘယ်အချိန် ဘယ်ပွဲ၌ ပေးရမည်ကို  သိသည်။ အကောင်းဆုံး လက်ဆောင်ပေးနိုင်ခြင်း၏ သော့ချက်မှာ ငွေကြေး
မဟုတ်ပါ။ တစ်ပါးသူကို နားထောင်ပေးခြင်း၊ သူတို့နှစ်ခြိုက်  သဘောကျသည့်အရာ၊ သူတို့စိတ်ဝင်စားသည့်အရာကို ဂရုစိုက်ပေးခြင်းသာဖြစ်သည်။
ဤအချက်က မိသားစုနှင့် မိတ်ဆွေများအတွက် မှန်သည်။ သို့သော် ဘုရားသခင်အတွက်ဆိုလျှင် မည်သို့နည်း။ ဘုရားအတွက် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသောအရာ မည်သည့် အရာမျိုးကို ကျွန်ုပ်တို့ပေးနိုင်မည်နည်း။ ကိုယ်တော်၌ မရှိသည့် အရာတစ်ခုခုများ ရှိပါသလား။
ရောမ ၁၁း၃၃-၃၆ သည် ဘုရားသခင်၏…

ကျေးဇူးတင်လျက် အသက်ရှင်ခြင်း

ဝိညာဉ်ရေးရာအသက်တာ၌ ကြီးထွားရင့်ကျက်ပြီး ပို၍ ကျေးဇူးတော်ချီးမွမ်းတတ်သူ ဖြစ်လိုခြင်းကြောင့် `ကျေးဇူးတင်သော အသက်တာ´ ဟု အမည်ပေးထားသော အိုးလေး တစ်လုံးကို စူး စတင်ထားရှိခဲ့သည်။ ညတိုင်းတွင် ဘုရားသခင်အား ကျေးဇူးတင်စရာ အကြောင်းကို စာရွက်ပိုင်းလေးပေါ်၌ရေးပြီး အိုးလေးထဲ သူထည့်သည်။ အချို့နေ့ရက် များတွင် ချီးမွမ်းစရာအကြောင်းများစွာ ရှိသော်လည်း ခက်ခဲသောနေ့များဆိုလျှင် ချီးမွမ်းစရာ တစ်ခုရဖို့ အနိုင်နိုင်
ရုန်းကန်ရသည်။ နှစ်ကုန်သော် သူက အိုးကို မှောက်ချ လိုက်ပြီး ရေးသားထားချက်လေးများကို ပြန်လှန် ဖတ်ကြည့် မိသည်။ ဘုရားသခင် လုပ်ဆောင်ပေးသည့် အရာတိုင်း အတွက် နောက်တစ်ဖန် ဘုရားရှင်အား ချီးမွမ်းမိသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်ခွင့်ရခဲ့သည့် လှပသော ညနေ ဆည်းဆာချိန် (သို့) အေးမြသော ညနေချမ်းအချိန်၊ ခက်ခဲ သည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘုရားသခင် ကျေးဇူးပြုသည့်အချိန် (သို့)…