ဘုရားသခင်၏မျက်မှောက်တော်၌ ပွဲဝင်ခြင်း
ဇူလိုင်လခေါင်းစဥ် | ဂုဏ်ပြုပွဲဆင်နွဲခြင်း
လွန်ခဲ့သောနှစ်ပေါင်းများစွာက မြို့တစ်မြို့၌ နံစော်နေသည့် အမှိုက်ပုံကြီးများက ဧရိယာ ကြီးမားစွာ ရာနှင့်ချီရှိနေပြီး၊ ကျန်းမာရေးနှင့် မညီညွတ်မှုကို မြို့ခံလူထုက သတိပြုအာရုံစိုက်မိသဖြင့် ဖိအားပြင်း အနံ့အသက်ပျောက်ဆေးဖြန်းစက် အလုံး (၁၀၀)ကို တပ်ဆင်အသုံးပြု ခဲ့သည်။ ဆေးဖြန်းစက်မှ…

အာကာသမှပွဲတော်မင်္ဂလာ
၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် အပိုလို ၁၁ ၏ Eagle lunar module (အီးဂဲ လူနာ မော်ဂျူး) အာကာသယာဥ်သည် လပေါ်ရှိ Sea of Tranquility (ငြိမ်သက်ခြင်းပင်လယ်)စခန်း၌ ဆင်းသက်သောအခါ အာကာသယာဥ်မှူးများသည် လမျက်နှာပြင်ပေါ်ခြေမချမီ ကိုယ်ခန္ဓာတည်ငြိမ်မှုရရန် အချိန်ယူခဲ့ရသည်။ အာကာသယာဉ်မှူး Buzz Aldrin (ဘဇ်အောဒရင်း)သည် ပွဲတော်သုံးဆောင်ရန်အတွက် မုန့်နှင့်စပျစ်ရည်ယူဆောင်လာရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်။ ကျမ်းစာဖတ်ပြီးနောက် လပေါ်တွင် ပထမဆုံးသောအစာကို အရသာခံစားခဲ့ရသည်။ “အသင်းတော်က ပေးလိုက်တဲ့ခွက်ထဲ စပျစ်ရည်လောင်းထည့်လိုက်တဲ့အခါ လရဲ့ခြောက်ပုံတစ်ပုံဆွဲငင်အားမှာ စပျစ်ရည်က ခွက်တစ်ဘက်ကို ဖြည်းညင်းစွာ ကွေးညွှတ်တက်သွားတယ်”ဟု နောက်ပိုင်းတွင် သူရေးသားခဲ့သည်။ အောဒရင်းသည် အာကာသ၌ ပွဲတော်ခံယူခြင်းအမှုကို ကြည်နူးသည်နှင့်အမျှ သူ၏လုပ်ရပ်က ခရစ်တော်ကားတိုင်ပေါ်တွင် အသက်စွန့်ပူဇော်ခဲ့ခြင်းနှင့် ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်း အာမခံချက်ကို သူ့ယုံကြည်ကြောင်း ကြွေးကြော်ခြင်းဖြစ်သည်။
“ရန်သူလက်သို့အပ်နှံခြင်းကို ခံသောနေ့ည”တွင်…