စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sajosiah

ဘုရားသခင်၏မျက်မှောက်တော်၌ ပွဲဝင်ခြင်း

ဇူလိုင်လခေါင်းစဥ် | ဂုဏ်ပြုပွဲဆင်နွဲခြင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာက မြို့တစ်မြို့၌ နံစော်နေသည့် အမှိုက်ပုံကြီးများက ဧရိယာ ကြီးမားစွာ ရာနှင့်ချီရှိနေပြီး၊ ကျန်းမာရေးနှင့် မညီညွတ်မှုကို မြို့ခံလူထုက သတိပြုအာရုံစိုက်မိသဖြင့် ဖိအားပြင်း အနံ့အသက်ပျောက်ဆေးဖြန်းစက် အလုံး (၁၀၀)ကို တပ်ဆင်အသုံးပြု ခဲ့သည်။ ဆေးဖြန်းစက်မှ…

အမှောင်ထုနှင့် ရင်ဆိုင်ရခြင်း

၁၉၆၀ ပြည့်နှစ်အလွန်၌ လူသားတို့၏စိတ်ပိုင်းဆိုင်ရာအပေါ် အမှောင်ထု၏ သက်ရောက်မှုကို သုတေသနပြုရာ၌ လူနှစ်ဦးပါဝင်ခဲ့သည်။ သူတို့သည် ဂူတစ်ဂူစီသို့ဝင်သွားပြီး သုတေသနပြုသူများက သူတို့၏နေထိုင်စားသောက်ခြင်း၊ အိပ်ခြင်း အလေ့အကျင့်များကို လိုက်စစ်သည်။ လူတစ်ဦးမှာ အမှောင်ထုထဲတွင် ၈၈ ရက်ကြာ နေထိုင်ခဲ့ပြီး၊ အခြားတစ်ဦးမှာမူ ၁၂၆ ရက်နေခဲ့သည်။ အမှောင်ထုထဲ သူတို့ဘယ်လောက်ကြာကြာ နေနိုင်မည်နည်းဟု သူတို့မှန်းဆခဲ့ကြပြီး၊ လနှင့်ချီ ကြာပြီးမှ ပြန်ထွက်လာခဲ့သည်။ တစ်ဦးက သူ၏တစ်ရေးတစ်မော အိပ်ချိန်ကို ခဏမျှသာဟု သူထင်ခဲ့သော်လည်း စုစုပေါင်း နာရီ ၃၀ အိပ်စက်ခဲ့ကြောင်း တွေ့ရှိရသည်။ အမှောင်ထုသည် မျက်စိလည် စိတ်ရှုပ်ထွေးစေသည်။

ဘုရားရှင်၏လူများသည်လည်း ပြည်နှင်ဒဏ်ခံရဆဲ အမှောင်ထဲ ရောက်နေကြောင်း သူတို့ကိုယ်သူတို့ တွေ့ရှိခဲ့သည်။ မသေချာမရေရာမှုနှင့် ဘာဖြစ်လာမည်ကို စောင့်ဆိုင်းနေရသည်။ ပရောဖက်ဟေရှာယက သူတို့၏မျက်စိလည်လမ်းပျောက်နေမှုနှင့် ဘုရားရှင်၏စီရင်ခြင်းအကြောင်းကို ပြောကြားသည့်နည်းလမ်းအဖြစ် အမှောင်ထုနှင့်တင်စားပြီး အသုံးပြုခဲ့သည် (ဟေရှာ ၈:၂၂)။ အစောပိုင်း၌…

လျှို့ဝှက်ချက်

ကျွန်မ၏ကြောင်လေးသည် ၎င်းကို ဖယ်ထားပထားမှာကို စိုးကြောက်သည့်ရောဂါ ခံစား နေရသလားဟု တစ်ခါတစ်ရံ ကျွန်မ တွေးမိသည်။ အပြင်မှ ကုန်ပစ္စည်းများ ဝယ်ပြီး ပြန်လာလျှင် ဝယ်လာသည့်အရာများကို သူစူးစမ်းသည်။ ဟင်းရွက်များ ချွေနေလျှင် နောက်ခြေထောက်ထောက်ပြီး ရပ်ကာ သူ့ကိုပေးရန် တောင်းသည်။ သို့သော် သူလိုချင်သည့် အရာ၊ သူတောင်းသည့်အရာကို တကယ်တမ်းပေးသောအခါ သူစိတ်မဝင်စားတော့ဘဲ ပျင်းရိပျင်းတွဲဖြင့် ထွက်သွားသည်။

သို့သော် ၎င်း၏အဖြစ်ကို ကျွန်မ ဝေဖန်ခြင်းက ကျွန်မ သူတော်ကောင်းဟန်ဆောင်ရာ ရောက်လိမ့်မည်။ ကြောင်လေးက ကျွန်မ၏မရောင့်ရဲနိုင်သည့်စိတ်၊ ပိုလိုချင်သည့် လောဘစိတ်ကို ထင်ဟပ်ပြသည်။

ရှင်ပေါလု၏သွန်သင်ချက်အရ ရောင့်ရဲခြင်းစိတ် သည် သူ့အလိုလို ဖြစ်ပေါ်လာသည် မဟုတ်ဘဲ သင်ယူရခြင်းဖြစ်သည် (ဖိ ၄:၁၁)။ မိမိကို စိတ်ကျေနပ်မှုပေးမည်ဟုထင်သည့်အရာနောက်သို့ ကျွန်မတို့ အရူးအမူးလိုက်ပြီး၊ ၎င်းသည် ထင်သလို မဟုတ်ဟု သိလိုက်သည့် ခဏချင်းတွင် အခြားအရာနောက်သို့…

Mission and Vision (Unicode)

ကျွန်ုပ်တို့၏တာဝန် -အသက်တာကိုပြောင်းလဲစေသည့် သမ္မာကျမ်းစာကို လူတိုင်း နားလည်ရမည်။ လူတိုင်း ရရှိစေရမည်။

ကျွန်ုပ်တို့၏ရူပါရုံ –နိုင်ငံအသီးသီးရှိ လူမျိုးအပေါင်းတို့သည် ခရစ်တော်ကို ကိုယ်တိုင်သိကျွမ်းပြီး ခရစ်တော်နှင့် တိုး၍ရင်းနှီးသောအသက်တာကို ခံစားရရန်၊ ခရစ်တော်၏သဏ္ဌာန်နှင့်သာ၍ တူလာရန်၊ ခရစ်တော်၏မိသားစုဝင်များရှိသည့်အသင်းတော်၌ ပါဝင်၍အစေခံရန် ကျွန်ုပ်တို့ရည်မျှော်မှန်းပါသည်။

How we are funded (Unicode)

၁၉၃၈ ခုနှစ်မှစ Radio Bible Class တစ်ဖြစ်လဲ နေ့စဥ်ခွန်အားသာသနာ့လုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာထံသို့ သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်နှင့် စာစောင် များကို အဖိုးအခမယူဘဲ၊ တာဝန်အရမဟုတ်ဘဲ ကမ်းလှမ်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံသောမိတ်ဆွေများ၊ စာဖတ်သူများအား ငွေကြေးနှင့် စပ်လျဉ်း၍ ဝန်တာမဖြစ်စေရေးဟူသည့် ခံယူချက်ကို ကျွန်ုပ်တို့ ယခုထိတိုင် ခံယူကျင့်သုံးဆဲဖြစ်ပါသည်။ ထိုခံယူချက်ကြောင့် လူများစွာတို့က ကျွန်ုပ်တို့၏လုပ်ငန်းကို ကြီးမားတောင့်တင်းသော အဖွဲ့အစည်းကြီးတစ်ခုခု၊ ဂိုဏ်းဂဏတစ်ပါးပါးက ထောက်ပံ့သည်၊ အာမခံပေးသည်ဟု ထင်မှတ်ကြလည်း ကိစ္စမရှိပါ။ ဂိုဏ်းဂဏ မခွဲခြားသော ကျွန်ုပ်တို့၏လုပ်ငန်းကို ထောင်ပေါင်းများစွာသော လူတစ်ဦးချင်းနှင့်ဖြစ်စေ၊ မိသားစုများဖြစ်စေ၊ အသင်းတော်များနှင့်ဖြစ်စေ အံ့သြစရာကောင်းလောက်အောင် နှစ်ပေါင်း ၇၀ မက ထူးထူးခြားခြား လက်တွဲအမှုဆောင်ခွင့်ရခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိပါသည်။

အင်တာနက်အသုံးပြုသူများအတွက် နေ့စဥ်ခွန်အား ဝက်ဘ်ဆိုက်ကို ဖွင့်လှစ်ကာ နားဆင်စရာ၊ ကြည်ရှုစရာ၊ ဖတ်စရာ၊ မှတ်စရာများကို ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ဤဝက်ဘ်ဆိုက်မှတဆင့် အလှူငွေနည်းများမဆို…

History (Unicode)

RBC သာသနာကို စတင်တည်ထောင်သူ M. R. DeHaan သည် ဆရာဝန်တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် သင်းအုပ်ဆရာတစ်ဦးအဖြစ် အမှုတော်မြတ်၌ ပါဝင်ခဲ့သည်။ လေးနက်တည်ကြည်သောအသံနှင့် နှုတ်ကပတ်တော်ကို တစိုက်မတ်မတ်သင်ကြားမှုတို့ကြောင့် ဆရာကြီးကို လူသိများထင်ရှားသည်။ နိုင်ငံအသီးသီးရှိ လူအပေါင်းတို့ ခရစ်တော်ကို ကိုယ်တိုင်ယုံကြည်လက်ခံပြီး၊ ခရစ်တော်၌ ကြီးထွားရင့်ကျက်လာစေရေး ဆရာကြီးက ဤသာသနာလုပ်ငန်းတွင် သစ္စာခံဆက်ကပ်လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၃၈ ခုနှစ်တွင် မီချီဂန်ပြည်နယ် အရှေ့ဘက်ရှိ ရေဒီယိုအသံလွှင့်ဌာနသေးသေးလေးမှ Detroit Bible Class လေး ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ရေးရာ ဆရာဝန်ကြီးသည် ရာထောင်ချီသော နှုတ်ကပတ်တော်ဆာငတ်နေသူ သောတရှင်တိုင်း၏အိမ်သို့ ဖုန်းနှင့်ဆက်သွယ်ခဲ့သည်။ ဆရာကြီး၏ပြတ်သားသော၊ ခက်ထန်မာကျောသောအသံတို့ကြောင့် အသံလွှင့်လုပ်ငန်းနှင့်ပတ်သက်၍ အောင်မြင်မည့်အလားအလာ မရှိသော်လည်း ရေဒီယိုအစီအစဉ်လေးမှာ ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်ခဲ့သည်။ Dr. DeHaan ၏ နှုတ်ကပတ်တော်၌ အဓိကအခြေပြုကာ ထင်ဟပ်သွန်သင်ချက်သည် လူများစွာအတွက် သမ္မာကျမ်းပညာကို လေ့လာဆည်းပူးနိုင်သော…

Contact us - MMODBM

ဆက်သွယ်ရန်

OUR DAILY BREAD MINISTRIES MYANMAR

No. 1 Saw Tay Lane, U Loo Nee Street,
Kayin National Quarter,
Kyeemyindaing Township, Yangon, Myanmar.

TEL : (+95-1) 8210795, (+95) 94 2649 2017

Email: myanmar@odb.org

ဒါလေးများ

မိသားစုတစ်စုသည် ဒီဇင်ဘာလ၌ အိမ်ငှားခပေးချေရမည့်ကိစ္စအတွက် အကူအညီ လိုနေသည်။ နှစ်ကုန်ပိုင်းဖြစ်၍ မမျှော်လင့်သော အခြားကုန်ကျစားရိတ်များကြောင့် ထိုပြဿနာက သူတို့အတွက် အတော်ကြီးလေးသည်။ သို့သော် ဘဏ်စုငွေများ၊ ဘုရားသခင်ပြင်ဆင်သည့် ကောင်းချီးနှင့် ဆွေမျိုးသားချင်းတို့၏ ကူညီမှုများဖြင့် အဆင်ပြေသွားသည်။

ထိုမိသားစုမှ ‘‘ဘာမှမဟုတ်သလို ဒါလေးများဆိုပြီး သင်ပေးကမ်းခဲ့တယ်၊ ကောင်းမှုတစ်ခု သင်ပြုပြန်ပြီ’’ ဟူသည့် စာသားလေးများရေးပြီး ကျေးဇူးတင်ကတ်လေးကို ပေးပို့ခဲ့သည်။

သူတစ်ပါးကို ကူညီခြင်းက ဘာမှမဟုတ်သော်လည်း ဘုရားသခင်အလေးထားပါသည်။ ထိုအချက်ကို ပရောဖက် ဟေရှာယက ဣသရေလလူတို့အား ထောက်ပြခဲ့သည်။ လူတို့သည် အစာရှောင်နေစဉ်မှာပင် အငြင်းပွားလျက် ခိုက်ရန်ပြုနေကြသည်။ ထို့ကြောင့် ‘‘မတရားသော အချည်အနှောင်ကို ချွတ်ရန်၊ သင့်အတွက် အလုပ်လုပ်ပေးသူ အပေါ်တင်သည့် လေးသောဝန်ကို ချရန်၊ ... မွတ်သိပ်သူကို အစာကျွေးရန်၊ နေရာမရှိ ဆင်းရဲသောသူတို့ကို နေစရာပေးရန်၊ အဝတ်မရှိသောသူကို အဝတ်ပေးရန်၊ အကူအညီ လိုသည့်…