ပြည့်စုံပါစေ
ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)၏ ကြောက်မက်ဖွယ်ရာ လုပ်ကြံခံရမှုသည် ၁၉၆၀ ပြည့်နှစ်များအတွင်း အမေရိကန်နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု၏ အရှိန်မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း (၄) ရက်ကြာပြီးနောက်၊ သူ့ဇနီးသည် မုဆိုးမ Coretta Scott King (ကော်ရက်တာစကော့ကင်း)သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် သူမ၏ခင်ပွန်းကိုယ်စား ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သည်။ ကော်ရက်တာသည် တရားမျှတမှုအတွက် ဆန္ဒပြင်းပြပြီး အရေးခင်းများစွာတွင် ကြောက်ခမန်းလိလိ အောင်နိုင်သူတစ်ဦးဖြစ်ခဲ့သည်။
“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့” (မ ၅:၆)ဟု ရှင်ယေရှုမိန့်မှာခဲ့သည်။ တစ်နေ့နေ့တွင် ဘုရားသခင်သည် တရားမျှတမှုဖြင့် ကယ်တင်ပြီး အမှားများကို ပြုပြင်ရန်ကြွလာတော်မူမည်ကို ကျွန်မတို့သိသည်။ သို့သော်လည်း ထိုအချိန်မတိုင်မီအထိ ကော်ရက်တာကဲ့သို့ ကမ္ဘာမြေ၌ ဘုရားသခင် ၏တရားမျှတမှု အမှန်တကယ်ဖြစ်လာစေရန်…

ငိုကြွေးမြည်တမ်းမှုမှသည် ချီးမွမ်းခြင်းသို့
မိုနီကာသည် သူမ၏သား ဘုရားသခင်ထံသို့ ပြန်လာရန် အပြင်းအထန်ဆုတောင်း သည်။ သူ၏မနာခံမှုနှင့် ထိန်းကျောင်းရခက်သောအကျင့်တို့ကြောင့် သူမ ငိုကြွေးရပြီး၊ သူနေထိုင်တတ်သည့် မြို့အများအပြားသို့ပင် ခြေရာခံလိုက်ခဲ့သည်။ မျှော်လင့်ချက် မရှိသော အခြေအနေပင်။ သို့သော် တစ်ရက်တွင် မျှော်လင့်ချက်ပြည့်ခဲ့ပါ၏။ သူမ၏ သားသည် ဘုရားသခင်နှင့် နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ပြီး၊ အသင်းတော်၏ အထူးချွန်ဆုံး ဓမ္မပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။ သူ့အား ဟစ်ပိုမြို့၏ဂိုဏ်းအုပ်ဆရာတော် Bishop Augustine (ဘီးရှော့ဩဂတ်စတင်း)အဖြစ် ကျွန်ုပ်တို့ သိကြသည်။
တရားမဲ့သူတို့ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြခြင်းကို ဘုရားသခင် ကယ်တင် တော်မမူသောကြောင့် (ဟဗ ၁:၄) “အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း” (:၂)ဟု ပရောဖက်ဟဗက္ကုတ် မြည်တမ်းခဲ့သည်။ တရားမျှတမှုမရှိခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သည့် ဆေးကုသမှုခံယူခြင်း၊ မပြတ်တမ်းရင်ဆိုင်နေရသည့် ငွေရေးကြေးရေးပြဿနာ (သို့) ဘုရားသခင်အား ကျောခိုင်းသွားသောသားသမီးများ စသည်တို့ကြောင့် မြည်တမ်းရသည့်အချိန်များ၊ ဆောက်တည်ရာမရဖြစ်လျက် ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့ချဉ်းကပ်ခဲ့သည့်…

အသစ်သောစတင်ခြင်း
“ကျွန်တော်တို့ အမှန်တရားလို့ မှတ်ယူထားတာတွေက တကယ်တော့ အလိမ်အညာတွေဖြစ်တယ်လို့ နာကျင်စွာသဘောပေါက်တဲ့အခါ ခရစ်ယာန်အသိစိတ် နိုးကြားမှု စတင်ဖြစ်ပေါ်ပါတယ်” ဟု Eugene Peterson (ယူဂျင်းပီတာဆန်)က ဆာလံကျမ်း ၁၂၀ နှင့်စပ်လျဥ်း၍ ပြင်းထန်သောသုံးသပ်ချက်ကို ရေးသားခဲ့သည်။ ဆာလံသီချင်း ၁၂၀ သည် ယေရုရှလင်မြို့သို့သွားသော ဘုရားဖူးများ သီဆိုသည့် ‘psalms of ascent’ (တောင်တက်ဆာလံများ - ဆာလံ ၁၂၀ မှ ၁၃၄) ထဲမှ ပထမတစ်ပုဒ်ဖြစ်သည်။ ‘A Long Obedience in the Same Direction’ (လမ်းပြမှုတစ်ခုတည်းသို့မြဲမြံစွာနာခံခြင်း) စာအုပ်တွင် ပီတာဆန် လေ့လာသုံးသပ်ခဲ့သကဲ့သို့ ဤဆာလံသီချင်းများသည် ဘုရားရှင်ထံသို့ ချဥ်းကပ်သည့် ဝိညာဉ်ရေးခရီးကို ဖော်ကျူးနေသည်။
အခြားသောအရာတစ်ခုခုကို မိမိလိုအပ်နေကြောင်း နက်နက်နဲနဲ နားလည် သဘောပေါက်ပါမှ ထိုခရီးကို အစပြုနိုင်မည်ဖြစ်သည်။ “လူတစ်ဦးသည် အမှုအရာ…


လူအုပ်ကြီး
ဒဿနပညာရှင်နှင့် စာရေးဆရာမဖြစ်သူ Hannah Arendt (ဟယ်နာအာရန့်ဒ်) (၁၉၀၆-၇၅)က “လူတွေဟာ အာဏာအကြီးဆုံးဘုရင်တွေကို ခုခံတော်လှန်ပြီး သူတို့ရှေ့မှာ ဦးမညွှတ်တတ်ကြတာကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို အတိုက်အခံလုပ်ပြီး အမြင်လွဲနေတဲ့လူအုပ်ကြီးရှေ့မှာ တစ်ဦးတည်း ရပ်တည်တာ၊ လူအုပ်ကြီးရဲ့ ထိန်းမနိုင်သိမ်းမရ ရန်လိုမှုကို လက်နက်မပါဘဲ ရင်ဆိုင်တာကိုတော့ လူနည်းစုမှာပဲ တွေ့ရလေ့ရှိတယ်” ဟုဆိုသည်။ ဂျူးလူမျိုးတစ်ဦးအနေဖြင့် အာရန့်ဒ်သည် သူမ၏မွေးရပ်မြေ ဂျာမဏီနိုင်ငံတွင် ထိုသို့အဖြစ်မျိုးကိုယ်တွေ့ကြုံဖူးသည်။ မိမိပတ်ဝန်းကျင်၏ ငြင်းပယ်စွန့်ပယ်ခံရခြင်းသည် ကြောက်စရာကောင်းလှသည်။
တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့ငြင်းပယ်ခြင်းမျိုး ကြုံခဲ့ရသည်။ ဖာရိရှဲနှင့် ဘာသာရေးဆရာဖြစ်အောင် သင်ကြားခံယူထားသောသူ့ဘဝသည် ရှင်ပြန်ထမြောက်သော သခင်ယေရှုနှင့် တွေ့သည့်အခါ ဖရိုဖရဲဖြစ်သွားသည်။ ၎င်းသည် သခင်ယေရှုကို ယုံကြည်သူများအား ဖိနှိပ်ဖမ်းဆီးရန် ဒမာသက်မြို့သို့ သူသွားနေချိန်က ဖြစ်သည် (တ ၉)။ ပြောင်းလဲပြီးနောက်တွင် တမန်တော်ကြီးသည် သူ့လူမျိုးများ၏ငြင်းပယ်ခြင်းကို ကြုံရသည်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ဟု ကျွန်တော်တို့ သိကြသောသူရေးသည့်စာတွင်…

ကျန်ရှိသော ကျွန်ုပ်တို့၏ဇာတ်လမ်း
သတင်းထောက် Paul Harvey (ပေါလ်ဟာဗီ)သည် နှစ်ပေါင်း ၆၀ ကျော်တိုင် အမေရိကန်ရေဒီယိုဌာန၌ အလုပ်လုပ်ခဲ့သည်။ သူသည် စိတ်ဝင်စားဖွယ်ကောင်းအောင် ဟန်ပါပါဖြင့် “သတင်းကိုတော့ သင်တို့သိပြီးသားပါ။ ခဏနေရင် ‘ကျန်သေးတဲ့အကြောင်းအရာတွေ’ကို သင်တို့ကြားရပါလိမ့်မယ်”ဟု ပြောလေ့ ရှိသည်။ ကြော်ငြာခဏဝင်ပြီးသည့်နောက်တွင် သူသည်လူသိများသူတစ်ဦး၏ လူသိနည်းသည့်အဖြစ်အပျက်တစ်ခုကို ပြောပြသည်။ ထိုပုဂ္ဂိုလ်၏နာမည် သို့မဟုတ် အရေးကြီးအချက်အလက်များကို နောက်ဆုံးမှဖော်ပြပြီးနောက် ခေတ္တရပ်ကာ “အခုတော့ ကျန်နေတဲ့အကြောင်းအရာတွေကို သင်သိသွားပြီနော်” ဟူသည့် သူပြောနေကျစကားဖြင့် နားထောင်သူများအား ပျော်ရွှင်စေလေ့ရှိသည်။
တမန်တော်ယောဟန်ခံရသည့် အတိတ်၊ အနာဂတ်တို့နှင့်ပတ်သက်သည့် ဗျာဒိတ်ရူပါရုံကို အထက်ပါအတိုင်း ကတိစကားဖြင့် ဖွင့်ပြခဲ့သည်။ သို့သော်လည်း သူ့ဇာတ်လမ်းကြောင်းအရာက ဝမ်းနည်းစရာ စာသားများနှင့် အစပြုထားသည်။ နောင်ကာလ၌ဖြစ်မည့်အရာတို့ကို ရှင်းပြမည့်စာစောင်အား ကောင်းကင်နှင့်မြေကြီးပေါ်ရှိ မည်သူမျှ မဖွင့်ပြ၊ မရှင်းပြနိုင်သည်ကို သိရသောအခါ သူများစွာ ငိုကြွေးခဲ့သည် (ဗျာ ၄:၁၊ ၅:၁-၄)။ ထို့နောက်…