သမ္မာသတိ နိုးကြားမှုရှိစေရန်ဖြစ်သည်။
မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သိရှိရန်ခက်ခဲသောအဖြေများ
(၁) မည်သည့်အကြောင်းကြောင့် ဒုက္ခဝေဒနာခံစားရသနည်း။
သမ္မာသတိ နိုးကြားမှုရှိစေရန်ဖြစ်သည်။
ဤကမ္ဘာကြီးတွင် ဒုက္ခဝေဒနာခံစားမှု မရှိပါကမည်သို့ဖြစ်မည်နည်း စဉ်းစားကြည့်ပါ။ ၄င်းသည် ကောင်းသည့်ပုံ ပေါ်ပါသည်။ ခေါင်းမကိုက်၊ ကျောမနာ၊ ဗိုက်မအောင့်၊ မည်သည့် နာကျင်မှုဝေဒနာ မရှိပါက ကောင်းလေစွ။ သို့ငြားလည်း…
သိရှိရန်ခက်ခဲသောအဖြေများ
မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သိရှိရန်ခက်ခဲသောအဖြေများ
ဘဝဟူသည် ရှုပ်ထွေးနက်နဲလှ၍ သိနားလည်ရန် ခက်ခဲလှသည်။ ကျွန်ုပ်တို့၏အသက်ရှင်မှုတွင် အကြင်နာကင်းမဲ့သော ရက်စက်ကြမ်းကြုတ်မှုများသည် သွေးအေးအေးဖြင့် (ပရမတ္တသဘောဖြင့်) အမှန်တကယ်ဖြစ်ပျက်နေ၍ ကျွန်ုပ်တို့ ဝမ်းနည်းစိတ်ပျက် စိတ်ရှုပ်ရသည်။ ဒုက္ခဝေဒနာခံစားရခြင်းပြဿနာကြီး၏အဖြေကို ကျွန်ုပ်တို့ လိုလားတောင့်တကြသည်၊ ဆိုးဝါးသောဖြစ်ရပ်များသည် အဘယ်ကြောင့် လူကောင်းသူကောင်းအပေါ်သို့…

နှိမ့်ချခြင်း လိုအပ်သည်
ကျွန်မတို့ ငယ်စဥ်က ကျွန်မတို့နှင့် နှစ်မိုင်ခန့်သာ ဝေးသောနေရာတွင်နေထိုင်ခဲ့သော တစ်ဝမ်းကွဲများသည် ကျွန်မ၏မိသားစုနှင့် အဆက်အသွယ်မလုပ်ရန် တားမြစ်ခံခဲ့ရသည်။ မိသားစုများ ပြန်လည်တွေ့ဆုံပွဲများသို့ သူတို့တစ်ခါမျှ မလာရောက်သလို၊ ရပ်ကွက်ရှိ စျေးဆိုင်များ၌ ဆုံလျှင်လည်း ကျွန်မတို့နှင့် တစ်ခါမျှ စကားမပြောကြပါ။ ထိုစဥ်က ကျွန်မတို့မိသားစုသည် ဘုရားကျောင်း မတက်သောကြောင့်၊ ကျွန်မတို့၏ မကောင်းသောသက်ရောက်မှုများ သူတို့အပေါ် လွှမ်းမိုးမည်စိုးသောကြောင့်ဟူ၍ သူတို့၏မိဘများက ဆိုသည်။ နှစ်များစွာကြာပြီးနောက်၊ ကျွန်မအစ်ကို အကြီးဆုံးနာရေးသို့ တစ်ဝမ်းကွဲတစ်ယောက် ရောက်လာခြင်းက အံ့ဩစရာဖြစ်သည်။ သူသည် သူတို့၏သဘောထားအတွက် ကျွန်မတို့ တစ်ယောက်ချင်းစီအား နှိမ့်ချစွာတောင်းပန်ခဲ့သည်။ သူနှင့် ကျွန်မတို့၏ဆက်ဆံရေးကို တစ်ဖန်ပြန်၍ တည်ဆောက်နိုင်ခဲ့သည်။
ယာကုပ်သည် သူ၏အမြွှာအစ်ကို ဧသောနှင့် ဆက်ဆံရေးကို ပြန်တည်ဆောက်ရန် နှိမ့်ချသောနှလုံးသားကို လိုအပ်ခဲ့သည်။ ဒုတိယသား ယာကုပ်သည် ဧသောအား သိမ်းသွင်း၍ အစ်ကို၏သားဦးအရာကို ခိုးယူခဲ့ပြီး၊ သက်ကြီးရွယ်အိုဖခင်အား လှည့်စား၍၊ သားဦးနှင့်ဆိုင်သော…
မေတ္တာလမ်းစဥ်
ဖေဖော်ဝါရီလခေါင်းစဥ် | နှစ်သက်ဖွယ်အကျင့်သီလကို ပျိုးထောင်ခြင်း
ဂီတပဒေသာတေးသရုပ်ဖော်များကို ရေးစပ်သူ ဂျဲရီဘော့ (Jerry Bock) စီစဥ်သည့် “ခေါင်မိုးပေါ်မှတယောဆရာ” ပြဇာတ်တွင် အဓိကဇာတ်ကောင်ဖြစ်သည့် တေးဗီး (Teyve) က (အောင်သွယ်မှတစ်ဆင့် သူလက်ထပ်ယူခဲ့သည့်) သူ့မိန်းမ ဂိုးလ်ဒီအား သူ့ကိုချစ်လားဟု…

ဂရုတစိုက် ကိုင်တွယ်ပါ
Stradivarius (စထယ်ဒစ်ဗဲရီးယက်စ်)မိသားစုမှထုတ်လုပ်သည့် တယော၊ ချယ်လိုတယောကြီးနှင့် ဂစ်တာများသည် ကမ္ဘာ့အဖိုးတန်ဆုံး ကြိုးတပ်တူရိယာများတွင် ပါဝင်သည်။ ၁၇ ရာစုနှင့် ၁၈ ရာစုများအတွင်း ပြုလုပ်ခဲ့သော တူရိယာများသည် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပါ။ အလွန်အဖိုးတန်သောအရာသည် အထူးဂရုစိုက်မှု နှင့် ထိုက်တန်သည်။ ထို့ကြောင့် ဓာတ်ပုံရိုက်နေစဉ် ဒေါ်လာ သန်း ၂၀ ကျော်တန်သော ချယ်လိုတယောကြီး စားပွဲပေါ်မှပြုတ်ကျသွားသောအခါ အမှန်တကယ်ပင် တုန်လှုပ်စရာဖြစ်ခဲ့သည်။
စထယ်ဒစ်ဗဲရီးယက်စ်တူရိယာများကို ဂရုတစိုက် ကိုင်တွယ်ရသကဲ့သို့ ဆက်ဆံရေးများကိုလည်း ဂရုစိုက်ရပါမည်။ ခရစ်တော်သည် ကျွန်ုပ်တို့အပေါ် သူ၏ချစ်ခြင်းမေတ္တာကို ပြခဲ့သောကြောင့် ကျွန်ုပ်တို့သည် အခြားသူများကို ချစ်ရမည်။ (ယော ၁၃:၃၄)တွင်၊ ယေရှုက တပည့်တော်များအား “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏”ဟူ၍ ဂရုစိုက်အလေးထားရန်လိုသည့်ပညတ်ကို ပေးခဲ့သည်။ ၎င်းကို အဘယ်ကြောင့်…

ဘုရားသခင်၏ ထာဝရချစ်သူ
စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော မေတ္တာဖွဲ့စာများအနက် စာတစ်စောင်ကို တေးရေးဆရာ လူဗစ်ဗန်ဘီသိုဗင် (Ludwig van Beethoven)က ရေးသားခဲ့ပြီး သူသေဆုံးပြီးနောက် ၁၈၂၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရေးဖြင့် အသော့ရေးထားသောစာ၌ “ထာဝရချစ်သူ... မင်းနဲ့မဟုတ်ရင် ဘဝဟာ မပြည့်စုံဘူး”စသဖြင့် ချစ်မြတ်နိုးစိတ် ထက်သန်သော စာကြောင်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်းနည်းစရာမှာ ထိုစာကို မပို့ဖြစ်ခဲ့ဘဲ၊ သူမည်သူ့ကို ရည်ရွယ်သည်ကိုလည်း မသိခဲ့ရပေ။
ချစ်မေတ္တာကို သူအလွန်အမင်းတောင့်တနေမှုအား စာနာခံစားနိုင်သော စာဖတ်သူများက ဘီသိုဗင်၏စာကို မြတ်နိုးတန်ဖိုးထားကြသည်။ အပြည့်အဝ မကျေနပ်နိုင်သော လူများစွာ၊ အရာများစွာနှင့် အတွေ့အကြုံများတွင် မေတ္တာနှင့်ပြည့်စုံမှုကို ကျွန်ုပ်တို့ရှာဖွေကြသည်။ သို့သော် လူသားအားလုံးအဖို့အလိုငှာ သူပဋိညာဉ်ပြုထားသည့်လူများအပေါ် ဖော်ပြခဲ့သည့် ဘုရားသခင်၏ကြီးမားသော မေတ္တာမှာ ပျောက်ပျက်လွယ်သော အချစ်ဇာတ်လမ်းထက် အဆပေါင်းများစွာ သာ၍ကြီးမားသည်။ ပရောဖက်ယေရမိအားဖြင့် “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌…
သတိရှိပါ
နှစ်ပေါင်းများစွာ ရုန်းကန်ဆုတောင်းအော်ဟစ်ပြီးနောက် ဖရန့်ခ် အရက်ဖြတ်ခဲ့သည်။ သူ့အသက်တာတွင် ဘုရားရှင်ပြုသည့်အမှုကြောင့် အရက်သေစာကို ဆက်လက်ရှောင်ပြီး တည်ကြည်ခဲ့သည်။ သို့သော် အရေးကြီးသော ပြောင်းလဲမှုအချို့ကိုလည်း သူလုပ်ခဲ့သည်။ အိမ်ထဲတွင် အရက်မထားတော့ဘဲ၊ သူ့အတွေးနှင့် စိတ်ခံစားချက်များ၌ သတိပေးသည့် အမှုအရာများကို စောင့်ကြည့်ပြီး၊ အချို့သောအခြေအနေများတွင် သတိရှိရှိ နေထိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး သွေးဆောင်မှု သို့မဟုတ် အပြစ်ကို အခွင့်မပေးရန် သူသိသည်။ နားလည်သည်။
တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅:၈)ဟု သတိပေးခဲ့သည်။ မိမိအသက်တာသည် သည့်ထက်ပို၍မကောင်းနိုင်တော့ဟု ထင်ခြင်း၊ (သို့) ဘဝကဏ္ဍတစ်ခုခုတွင် ငါဘယ်တော့မှ စုံစမ်းခြင်း ခံရမှာမဟုတ်ဟုထင်ခြင်း စသည့်မမျှော်လင့်သော အမှတ်တမဲ့အရာများဖြင့် မာရ်နတ်က မကြာခဏ တိုက်ခိုက်တတ်ခြင်းကြောင့် ကျွန်ုပ်တို့သတိထားရန် လိုအပ်ကြောင်း ပေတရုသိသည်။…