အမည်မသိ အမျိုးသမီးများ
Shelia(ရှီလာ)သည် ပိုးသတ်သန့်စင်ဆေးဖြင့် စားပွဲများကို သုတ်ပြီးနောက်၊ တစ်ခါသုံးပန်းကန်ခွက်ယောက် အမှိုက်များနှင့် ပြည့်နေသော အမှိုက်အိတ်ကို ငုံ့၍ ချည်လိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ၊ ဘုရားကျောင်း၏ဘက်စုံသုံးအခန်းကို လှည့်ကြည့်လိုက်သည်။ ၎င်းအခန်း၌ ပြုလုပ်မည့်နောက်အစီအစဥ်အတွက် လုပ်အားပေး သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အဆင်သင့်သုံးနိုင်ကြောင်း သေချာအောင် စစ်လိုက်ရင်း၊ သူမစိတ်၌“တစ်ယောက်ယောက်က ငါ့ကို သတိထားမိမှာလား”ဟု အတွေးတစ်စဝင်လာခဲ့သည်။
ဘုရားသခင်နိုင်ငံတော်အတွက် ကျွန်မတို့၏နေ့စဉ်ပါဝင်မှုများကို လူတို့တန်ဖိုးထားမထား တွေးတောရန် လွယ်လှသည်။ သန့်ရှင်းရေး၊ စာရင်းဇယားများ တွက်ချက်ပေးခြင်း၊ ကျမ်းစာသင်တန်းကို ဦးဆောင်ခြင်း၊ ငွေကြေးပါဝင်လှူဒါန်းခြင်း မည်သည့်အလုပ်ဖြစ်ပါစေ၊ မိမိပါဝင်အစေခံမှုကို လူတို့မမြင်၊ လူရှေ့ နာမည်တပ်ပြီး အချီးအမွမ်းမခံရသူ လူများစွာရှိပါသည်။
ရှင်လုကာ ၈:၁-၂ တွင်၊ သခင်ယေရှုအမှုတော်ဆောင်ချိန်တွင် သစ္စာစောင့်သိသော အမျိုးသမီးများ၏အစေခံမှုကို သမိုင်းဆရာလုကာက မှတ်တမ်းတင်ရာ၌ နတ်ဆိုးဘေးနှင့် အနာရောဂါဘေးများမှ ကင်းလွတ်သော မာဂဒလမာရိ၊ ဟေရုဒ်မင်း၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္န၊ ရှုရှန္န ဟူသည့် အမျိုးသမီးသုံးဦးတို့ကို…


အလုံးစုံတတ်စွမ်းသော ဘုရားသခင်၏တန်ခိုးတော်
ကင်တာကီ(Kentucky)ပြည်နယ် အလယ်ပိုင်းဒေသ၏ သယ်ယူပို့ဆောင်ရေးအေဂျင်စီ(TACK) သည် ၎င်း၏ရုံးချုပ်ကို ပြန်လည် မွမ်းမံသောအခါ၊ လူအများ၏ သတိပြုမိခြင်းကို လိုလားသဖြင့် မသိသာသောဆိုင်းဘုတ်နှင့် ကြော်ငြာများအစား၊ ဝင်ပေါက်တွင် အမြင့်ပေ ၂၂ ပေ နီးပါးရှိသော ကြီးမားသည့်သံမှိုတစ်ခုကို တပ်ဆင်ခဲ့သည်။ ကမ္ဘာ့စံချိန်တင် သံမှိုသည် ဖြတ်သန်းသွားလာသူမည်သူ့ ကိုမျှ လွတ်မသွားစေဘဲ သေချာထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်သည်။
ဒံယေလ ၆ တွင် ဘုရားသခင်သည် လူအများသတိပြုမိအောင် မငြင်းနိုင်သောနိမိတ်လက္ခဏာကို ပြုခဲ့သည်။ သူသည် ဘုရားသခင်ထံ ဆက်လက်ဆုတောင်းခြင်းဖြင့် ဒါရိမင်းကြီး၏အမိန့်တော်ကို ဖီဆန်ခဲ့ခြင်းကြောင့် ခြင်္သေ့တွင်း၌ ပစ်ချခံရပြီး၊ ဘုရားသခင်သည် သူ့အား အံ့သြဖွယ် ကယ်တင်ခဲ့သည် (:၁၀-၂၃)။ ပရောဖက်ဒံယေလသည် “ဘုရားသခင်ကို ယုံကြည်”ခြင်းကြောင့် သေဘေးမှလွတ်မြောက်ခဲ့ပြီးနောက်(:၂၃)၊ ဒါရိမင်းကြီးက ဒံယေလ၏ ဘုရားသခင်သည် မေဒိနှင့်ပေရသိလူတို့၏ သေနေသောရုပ်တုများနှင့် မတူဘဲ၊ “အသက်ရှင်တော်မူသော၊ နိစ္စထာဝရတည်တော်မူသောဘုရားဖြစ်တော်မူ၏”(:၂၆)။ “မစကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။…

ပေးကမ်းစွန့်ကြဲခြင်း၏တန်ပြန်အကျိုး
ခန်းမထဲ၌ အယ်လ်ဘတ်အိုင်းစတိုင်းဆေးကောလိပ်မှ ဆေးကျောင်းသားများဖြင့် ပြည့်နှက်နေပြီး၊ အသက် ၉၀ အရွယ် Ruth Gottesman(ရုသ်ဂေါ့တစ်စမန်)ပြောသောစကားကို စေ့စေ့နားထောင်နေကြသည်။ အဆုံး၌ ရုသ်က ကျောင်းသားများ ကျောင်းလခကင်းလွတ်ခွင့်ဖြင့် ပညာရေးဆုံးခန်းတိုင်စေရေး ဒေါ်လာတစ်ဘီလီယံကို လှူဒါန်းခဲ့ကြောင်း ကြေညာရာ၊ ကျောင်းသားများ၏အံ့ဩလှိုက်ဖိုမှုနှင့် ပျော်ရွှင်စွာ အော်ဟစ်သံများ လွှမ်းသွားသည်။ ၎င်းသည် ဆေးကျောင်းသို့ ပေးလှူသမျှတွင် အကြီးမားဆုံးအလှူဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းအင်တာဗျူးများတွင် ဂေါ့တစ်စမန်သည် လက်ဆောင်ကို လက်ခံရရှိခဲ့သူဟု ထင်ရလောက်အောင် ဝမ်းမြောက်ကျေနပ်လျက်၊ သူမ၏ငွေများကို လှူဒါန်းနိုင်ခဲ့သည့်အတွက် သူမ ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။
ဤသည်မှာ စွန့်ကြဲခြင်း၏သဘောတရားဖြစ်ကြောင်း သုတ္တံကျမ်းများက ဆိုထားသည်။ “စွန့်ကြဲ”တတ်သောသူ၌ ယုတ်လျော့ခြင်း(သို့) ဆင်းရဲနွမ်းပါးခြင်းများ ကင်းဝေးပြီး၊ ၎င်းတို့ မမျှော်လင့်ထားသော ကောင်းချီးမင်္ဂလာများကို ရရှိတတ်သည်(၁၁:၂၄)။ ကျွန်ုပ်တို့ အခြားသူများအား ပေးကမ်းသောအခါ၊ ယုတ်လျော့သွားခြင်းမရှိဘဲ၊ “ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကိုခံရလိမ့်မည်”ဟု သမ္မာကျမ်းစာက ဆိုသည်(:၂၅)။ မိမိပိုင်ဆိုင်သမျှကို…
သွား၍ သခင်ယေရှုအကြောင်း ကြားပြောကြပါ
ကျွန်မတို့စီးလာသောဘတ်စ်ကားသည် အင်ဒီးစ်(Andes)တောင်တန်း၏ ကျဉ်းမြောင်းသောလမ်းတွင် အမြင့်ပိုင်းသို့ ဖြည်းဖြည်းချင်း ခရီးနှင်လာစဉ်၊ ကျွန်မတို့အဖွဲ့သားများက ရယ်မောပြီး သီချင်းဆိုနေကြသည်။ ထိုအခိုက် အပြင်ဘက်သို့ ကျွန်မလှမ်းကြည့်မိရာ၊ ကျွန်မတို့၏ညာဘက်ခြမ်းတွင် အကာအရံ များမရှိဘဲ ချောက်ကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ အမြင့်ပိုင်းရောက်လေလေ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရလေဖြစ်ပြီး၊ ဤမျှလောက်ဝေးလံခေါင်သီသောနေရာသို့ ကျွန်မတို့၏ရက်တိုသာသနာပြုအဖွဲ့ အဘယ်ကြောင့် ရောက်လာရသနည်းဟု တွေးမိသည်။ ထိုအချိန်ကျမှ ဘုရားသခင်သည် ဤသူတို့အတွက် အသေခံရန် သူ၏သားတော်ကို စေလွှတ်သည်ဆိုပါက၊ ကိုယ်တော်သည် ဤလူမျိုးများကို အမှန်တကယ်ချစ်၍သာဖြစ်မည်ဟု ကျွန်မနားလည်ခဲ့ရသည်။ ထိုမေတ္တာတော်ကို သူတို့အား ဖော်ပြရန် ကြောက်စရာ ဘတ်စကားခရီးကို ကျွန်မ ဧကန်စီးနိုင်ရပါမည်။
နေ့ရက်တိုင်းတွင် အတိုချုံး ကျမ်းစာသင်၊ သက်သေခံကြပြီး၊ ကျွန်မတို့သွားခဲ့သည့်မြို့အသီးသီးမှ ကျွန်မတို့ကို လက်ခံကြိုဆိုသူများနှင့်အတူ ဆုတောင်းရခြင်းအတွက် ဝမ်းမြောက်လျက် ခရီးစဥ်ပြီးဆုံးခဲ့သည်။
လူအပေါင်းတို့ ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်မည်အကြောင်း တမန်တော် ရှင်ပေါလုသည် သခင်ယေရှုအကြောင်းကို အခြားသူများအား…
