
တိုးပွားရန် ဆုတောင်းပါ
Lam Wai Chan (လမ်ဝေချန်း) သည် မိမိဇာတိ စင်္ကာပူမှ သင်းအုပ်အဖြစ်အစေခံရန် ဂျပန်နိုင်ငံသို့သွားခဲ့ပြီးနောက် အလွန်ကြောက်ရွံ့နေသည်။ ထိုအသင်းတော်၌ အသင်းသား ၂၀ သာ ရှိသည်။ နိုင်ငံသား၏တစ်ရာခိုင်နှုန်းသာ ခရစ်ယာန်ကိုးကွယ်သူရှိပြီး၊ ဘုရားရှိခိုးကျောင်း အတော်များများသည် လူမရှိဘဲ အခွံချည်း သက်သက်ဖြစ်၍ “သာသနာပြုတို့၏သင်္ချိုင်း”ဟု ထိုနိုင်ငံတွင် သိမှတ်ကြသည်။ “နစ်မြှုပ်လုဆဲဆဲသင်္ဘောကို လက်လွှဲယူခဲ့သလို လမ် ခံစားရသည်”။ ဘုရားသခင်ထံ သူဟစ်အော်ခဲ့ပြီးနောက် “အဲဒီအသင်းတော်ကို ငါ့လက်ထဲပြန်ပေး” ဟူသည့် အဖြေကို ရသကဲ့သို့ သူခံစားရသည်။
ဝတ်ပြုကိုးကွယ်ပုံ (သို့) သီချင်းဂီတကို ပြင်ဆင်ဆန်းသစ်ခြင်းထက် ဝေချန်းသည် အသင်းသားများအား ၎င်းတို့၏လိုအပ်ချက်များ၊ သခင်ယေရှုကို မသိသေးသော မိသားစုဝင်များနှင့် သူငယ်ချင်းများအတွက် ဆုတောင်းရန် နှိုးဆော်ခဲ့သည်။ တဖြည်းဖြည်းနှင့် အသင်းတော်သည် နှစ်ဆတိုးပွားခဲ့သည်။
သူတို့၏သစ္စာရှိစွာဆုတောင်းခြင်းသည် ရှင်သန်သော၊ ယေရှုကို ယုံကြည်သူ အစုအဖွဲ့တစ်ခုကို တည်ဆောက်သည့် သမ္မာကျမ်းစာလာပုံစံတစ်ခုဖြစ်သည်။ ဦးစွာပထမ…
တံခါးခေါက်ရန် မလိုပါ
အိမ်၌ အလုပ်လုပ်နေစဥ် တံခါးခေါင်းလောင်းသံမြည်လာ၍ “ပက်ထရစ်ပဲနေမှာ” ဟုကျွန်တော်တွေးလိုက်မိသည်။ သူက ကျွန်တော့်သမီး၏ချစ်သူဖြစ်ပြီး၊မကြာမကြာ အကြိမ်ကြိမ်လာဖူးပါသည်။ သို့သော် ကျွန်တော့်၏သားသမီးများကဲ့သို့ ကြိုက်သလို ဝင်ထွက်ခြင်းမရှိဘဲ၊ ခေါင်းလောင်းတီးကာ တံခါးလာဖွင့်ပေးသည်အထိ စောင့်သည်။ တစ်နေ့တွင် သမီးနှင့်လက်ထပ်လျှင် “ဒေါက်၊ ဒေါက်၊ ဒေါက်”ဟု အသံပြုကာ တံခါးကိုဖွင့်ပြီး တန်းဝင်လာခွင့်ရမည်ဖြစ်သည်။ ယခုတွင်တော့ ကျွန်တော်တို့မိသားစုဝင် မဟုတ်သေးပါ။
သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပါက ကျွန်တော်တို့သည် ဘုရားသခင်၏မိသားစုဝင်ဖြစ်လာပြီး၊မိသားစုဖြစ်ခြင်းကြောင့် မိမိ၏လိုအပ်မှု မှန်သမျှကို ကောင်းကင်ဘုံရှင်အဘဘုရားအား ပြောနိုင်ကြောင်း သခင်ယေရှုမိန့်တော်မူသည်။ အဆက်မပြတ် တောင်း၊ ရှာ၊ ခေါက်သင့်သည်(မ ၇:၇)။
ဟေဗြဲဩဝါဒစာရေးသူက ဤသဘောတရားကို ရှေ့ဆက်မည်သို့ခံယူ သည်ကို သင်ဆင်ခြင်ဖူးပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အဘဖြစ်ပြီး၊ ကျွန်ုပ်တို့သည် မိသားစုဝင်များဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ တံခါးခေါက်ရန် မလိုပါ။ ယခုတွင် “ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့…

ပျားရည်ထက်ပိုချိုသည်
Jarrett(ဂျားရက်)၏မျက်နှာပေါ်၌ အပြုံးပန်းတွေ့လိုလျှင် သူ့အား ပျားအကြောင်းကို မေးကြည့်လိုက်ပါ။ သူသည် ပျားမွေးမြူရေးတွင် ကျွမ်းကျင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏အိမ်နောက်ကွက်လပ်တွင် ပြုလုပ်သောတွေ့ဆုံပွဲသည် ပျားအကြောင်း ဆွေးနွေးရန် မဟုတ်ဘဲ၊... အာလာပ သလ္လာပ စကားစမြည်ပြောရန် အစပျိုးခြင်းသာဖြစ်သည်။ သို့သော်“ပျားအကြောင်း”ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသောအရာမှာ ဂျာရက်၏ပျားများ ကြိုးစားထုတ်လုပ်ပေးထားသော လတ်ဆတ်ချိုမြသည့် ရွှေရောင်အဆင်းပျားရည်အရသာကို မြည်းစမ်းကြည့်ခြင်းပင် ဖြစ်သည်။ အလွန်အရသာရှိပေစွ။
ဆာလံ ၁၁၉:၁၀၃ တွင်ဆာလံဆရာက “မိန့်တော်မူချက်တို့သည် အကျွန်ုပ် အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏”ဟု ဖော်ပြထားသည်။ အပိုဒ်ငယ် ၉၇-၁၀၄ ကိုသေချာစွာလေ့လာပါက “ပျားရည်ထက် သာ၍ချိုကြပါ၏”ဟူသည့်စကားသည် “ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ထက်၊ အကျွန်ုပ်ကို သာ၍ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် သာ၍ နားလည်ပါ၏။ ကိုယ်တော်၏ဥပဒေသများကိုစောင့်သောကြောင့် အသက်ကြီးသူတို့ထက်…


သေချာသောအရာတစ်ခု
အေးသောရာသီဥတုတွင် သစ်ပင်များသည် “မာကျောမှု” ဖြစ်စဥ်အားဖြင့် ဆောင်းရာသီ၌ ခံနိုင်ရည်ရှိရန် ပြင်ဆင်ရသည်။ အပင်ခဲသွားခြင်း၊ ပြန့်သွားခြင်း၊ အက်ကွဲခြင်းများ မဖြစ်စေရန် သစ်ပင်ဆဲလ်များမှရေများကို စီးထွက်စေသည်။ ဆဲလ်တစ်ခုနှင့်တစ်ခုကြားတွင်ကျန်နေသော ရေသည် သန့်စင်လွန်း၍ ရေခဲပုံဆောင်ခဲလေးများဖွဲ့ရန် ခက်ခဲပြီး၊ အပင်၏အပူချိန် သုညဒီဂရီအောက် ၄၀ အထိကျသွားလည်း အပင်အက်ကွဲခြင်း မဖြစ်နိုင်တော့ပေ။ ပုံသေထားသည့်ပြက္ခဒိန်စနစ်မှ နေ့တာတိုသောရက်များ၏နိမိတ်ပြမှုအားဖြင့် အပင်များသည် နှစ်စဥ် တူညီသောအချိန်တွင် မာကြောလာသည်။ အပင်များသည် အချိန်အခါမဟုတ် နွေးထွေးသည့်ရာသီဥတုအပေါ် မမှီခိုဘဲ၊ တစ်ခုတည်းသော စိတ်ချရသည့် နေမင်းကြီးကိုသာ အားကိုးကြသည်။
နေကိုဖန်ဆင်းသော သားတော်သည် ယခုတိုင်အောင် သာ၍ စိတ်ချ ယုံကြည်ရသူဖြစ်သည်။ သူသည် “မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော် ဖြစ်၏။ ဝေနေယျ သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ ထိုသခင်အားဖြင့်လည်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြပြီး” “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏”(ကော၁:၁၅-၁၇)။ နှစ်စဉ် မာကျောမှု လိုအပ်ကြောင်း…

အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သူဖြစ်သနည်း
သက်ကြီးအမျိုးသမီးတစ်ဦးသည် အလွန်ပူပြင်းသောလူသွားစင်္ကြံလမ်းဘေးတွင် ချော်လဲ၍သတိလစ်နေသည်။ လမ်းသွားလမ်းလာတော်တော်များများက အကူ အညီ ပေးကြသည်။ တစ်ဦးက ၉၁၁ ကို လှမ်းခေါ်သည်။ အခြားတစ်ဦးက သူ့ကုတ်အင်္ကျီကို သူမ၏ခေါင်းအောက်တွင် ညင်သာစွာ ခုခံပေးသည်။ အချို့က သူမ၏လက်အောက်တွင် တဘက်ခံထားပေးပြီး၊ တစ်ဦးက ဆေးကုအဖွဲ့ရောက်လာသည့်အထိ သူမ၏ခေါင်းကို ထီးမိုးပေးထားသည်။ ထိုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့သူက အသက်အရွယ်စုံ၊ လူမျိုးစုံတို့ အသွားအလာရပ်ပြီး၊ အားလုံးက ဒုက္ခရောက်နေသူကို ဝိုင်းဝန်းကူညီပေးသည့် အလွန်စိတ်ကြည်နူးစရာ ကောင်းသော မြင်ကွင်းပါဟု ရေးသားခဲ့သည်။
ကျမ်းတတ်တစ်ယောက်က သခင်ယေရှုအား မည်သူသည် ကျွန်ုပ်နှင့်စပ်ဆိုင်သနည်း ဟုမေးခဲ့သည်(လု ၁၀:၂၉)။ သူ၏မေတ္တာကို မည်သူအား ပြအပ်သနည်းဟု သူဆိုလိုခြင်းဖြစ်၍၊ သခင်ယေရှုက ဓားပြများ၏ ပြင်းထန်စွာရိုက်နှက်မှုကြောင့် လမ်းဘေးတွင် လဲကျကာ သေလုနီးပါးလူတစ်ဦး၏အကြောင်းကို ပြောပြသည် (:၃၀-၃၁)။ ပုရောဟိတ်တစ်ယောက်၊ ထိုနောက် လေဝိလူတစ်ယောက်တို့ အနီးသို့ချဉ်းကပ်လာသော်လည်း မကူညီဘဲ ဖြတ်ကျော်သွားသည်။…