လ - အောက်တိုဘာ 2026

မျက်နှာဖုံးမရှိ၊ ယေရှုသက်သက်သာ

ရှေးခေတ်ဂရိနိုင်ငံတွင် စင်မြင့်ထက်မှ ပြဇာတ်မင်းသားများသည် ဝမ်းနည်းကြေကွဲမှု (သို့) ပျော်ရွှင်ရယ်မောမှုများကို ဖော်ပြသည့် မျက်နှာဖုံးများကို ဝတ်ဆင်ခြင်းဖြင့် ဇာတ်ကောင်၏ခံစားချက်များကို သရုပ်ဖော်လေ့ရှိကြသည်။ ထို့ပြင် မင်းသားတစ်ဦးတည်းကပင် ပြဇာတ်တစ်ခုတည်း၌ ဇာတ်ကောင်အမျိုးမျိုးအဖြစ် သရုပ်ဆောင်နိုင်ရန် မျက်နှာဖုံးများက အထောက်အကူပြုသည်။ ထိုမျက်နှာဖုံးများသည် အမြဲတမ်းအတည်မဟုတ်သကဲ့သို့ ထိုသူ၏ ဖြစ်တည်မှုအစစ်အမှန်ကိုလည်း ကိုယ်စားမပြုပါ။ ဖျော်ဖြေတင်ဆက်ရန်အတွက်သာ ဝတ်ဆင်ထားခြင်းဖြစ်ပြီး၊ ပြဇာတ်ပြီးဆုံးသွားသောအခါ ထိုမျက်နှာဖုံးများကို ပြန်လည်ချွတ်ပစ်ကြသည်။

ကောလောသဲ ၃:၁၀ တွင် တမန်တော်ပေါလုက သခင်ယေရှုကို ယုံကြည်သူများအား “ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ရန်” တိုက်တွန်းခဲ့သည်။ ၎င်းမှာ လူတို့ကို ဖျော်ဖြေရန်အတွက် ခဏတာဝတ်ဆင်သည့် မျက်နှာဖုံးကဲ့သို့မဟုတ်ဘဲ နေ့ရက်တိုင်းတွင် မြင်တွေ့ရမည့် ဘဝ၏အမြဲတမ်းအစိတ်အပိုင်းအဖြစ် ထင်ဟပ်နေရမည်ဖြစ်သည်။ ခရစ်တော်၌ ကယ်တင်ခြင်း မရမီက ကျွန်ုပ်တို့ အသက်ရှင်ခဲ့သော အပြစ်ရှိသော ဘဝဟောင်း- “လူဟောင်းကို ချွတ်ပယ်ကြ”ရန် (ဧ…

ဘုရားသခင်နှင့်အတူ စတင်လျှောက်လှမ်းပါ

မိုးရွာသွန်းနေသဖြင့် အပူချိန်မှာ ပို၍ပင် ကျဆင်းနေခဲ့သည်။ ကျွန်ုပ်တို့သည် နီပေါနိုင်ငံတွင် ရက်ရှည်တောင်တက်ခရီး ထွက်နေကြခြင်းဖြစ်ပြီး၊ နွေးထွေးလှသော တောင်ပေါ်တည်းခိုဆောင်မှထွက်၍ ခဲလုမတတ်အေးစိမ့်သော ရာသီဥတုထဲသို့ တိုးဝင်ရန်မှာ နံနက်တိုင်း ပို၍ပို၍ ခက်ခဲလာခဲ့သည်။ “သွားကြရအောင်”ဟု လမ်းပြက အတင်းတိုက်တွန်းရင်း “ရာသီဥတုကောင်းလာမယ့်အချိန်ကို စောင့်နေလို့မရဘူး။ စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားတို့နဲ့အတူ ရှိနေမှာပါ”ဟု ဆိုသည်။

မိုးနှင့် မြူနှင်းများကြား ခရီးစတင်ထွက်ခွာလာခဲ့ရာ ကျွန်ုပ်မှာ အလွန်တရာ စိတ်ဆင်းရဲစရာဟု ခံစားခဲ့ရသည်။ ခရီးဆက်နေရခြင်းမှာ အဓိပ္ပာယ်မရှိသကဲ့သို့ ထင်ရပြီး ဤမျှအုံ့မှိုင်းနေလျှင် ကျွန်ုပ်တို့ ဘာမြင်ရနိုင်မည်နည်း။ သို့သော်လည်း နာရီများစွာ ကြာပြီးနောက်တွင် ကောင်းကင်ကြီး သာယာကြည်လင်သွားပြီး၊ အဝေးရှိ မြင့်မား လှသော တောင်ထွတ်များ၏ရင်သပ်ရှုမောဖွယ် ရှုခင်းများပေါ်လာသည်။ တည်းခိုဆောင်၌သာကျွန်ုပ်တို့ကျန်ရစ်ခဲ့ပါက ဤမြင်ကွင်းများနှင့် လွဲချော်သွားပေလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၂:၁ တွင် ဘုရားရှင်က “သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့…

သူရဲကောင်းတစ်ဦးအပေါ် မျှော်လင့်ချက်

ရာဇဝတ်မှုများကို ကိုယ်တိုင်နှိမ်နင်းသည့် သူရဲကောင်းတစ်ဦးအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်တစ်ခုတွင် ဇာတ်လိုက်ဖြစ်သူသည် မဖြစ်နိုင်သောအလုပ်တစ်ခုကို ဆင်နွှဲနေရသကဲ့သို့ ဖြစ်နေသည်။ သူနေထိုင်ရာ မြို့ကြီးသည် အကြမ်းဖက်မှုများ၊ ခိုးဆိုးလုနှိုက်မှုများဖြင့် ပြည့်နှက်နေရုံသာမက ရဲတပ်ဖွဲ့၊ တရားရုံးစနစ်နှင့် ပြည်သူ့ဝန်ထမ်းများပါ လာဘ်စားအကျင့်ပျက်နေကြောင်း သူ တွေ့ရှိခဲ့၍၊ ဤမြို့ကို လက်လွတ်စွန့်ခွာသွားချင်စိတ် အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ သို့သော် ကျွန်မတို့၏ သူရဲကောင်းသည် လူတို့အမှန်တကယ် လိုအပ်နေသောအရာမှာ မျှော်လင့်ခြင်း ဖြစ်ကြောင်း နားလည်ခဲ့သဖြင့် သူသည် မြို့တွင် ဆက်နေရန် ရွေးချယ်ခဲ့သည်။

ထိုစိတ်ကူးယဉ်ကမ္ဘာသည် ကျွန်မတို့၏လက်ရှိလောကနှင့် သိပ်ပြီး မကွာခြားလှပါ။ ပတ်ဝန်းကျင်၌ မကောင်းမှုများ ရှိနေသည်။ အာဏာရှိသူများကလည်း ကျွန်မတို့ကို စိတ်ပျက်စေသည်။ သို့သော် အခြေအနေများ မည်မျှပင် မှောင်မိုက်နေပါစေ ဘုရားသခင်သည် သူ၏လူတို့ကို မည်သည့်အခါမျှ စွန့်ပစ်တော်မမူသဖြင့် ဝမ်းမြောက်စရာဖြစ်သည်။ ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ သယ်ယူပြီးနောက် ဒါဝိဒ်မင်းကြီး သီဆိုခဲ့သော…

ဘုရားသခင်ဖြစ်တော်မူသောကြောင့်

၆ နှစ်သမီးလေး တီယာနာသည် ဘုရားကျောင်း ရှေ့တံခါးဝသို့ကြည့်ကာ လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရင်း ဆုတောင်းနေခဲ့သည်။ သူမ၏ အတန်းဖော်များက ဖခင်များနေ့ ဖျော်ဖြေပွဲသို့ ကြွရောက်လာသော ဧည့်သည်များကို လက်ဝှေ့ယမ်း နှုတ်ဆက်ကြပြီး၊ ဖခင်များနှင့် ဖခင်သဖွယ်ဖြစ်သူများကလည်း ပြန်လည်နှုတ်ဆက်ကြသည်။ သို့သော် တီယာနာကိုမူ မည်သူမျှ လက်မယမ်းပြခဲ့ကြချေ။ ဆရာမက သံစုံအဖွဲ့၌ ပါဝင်ရန် တိုက်တွန်းသော်လည်း တီယာနာမှာ မလှုပ်မယှက် ရပ်နေခဲ့သည်။ ထိုစဉ် ရုတ်တရက် တံခါးဝမှ သူမ၏ဖခင် အပြေးအလွှားဝင်လာပြီး၊ လက်ယမ်းပြလျက် ဝင်ထိုင်လိုက်မှ တီယာနာသည် ပြုံးပြကာ မျက်ရည်များဝဲလျက် စင်ပေါ်သို့ တက်သွားတော့သည်။

အသက်အရွယ် မည်မျှပင်ရှိစေကာမူ ကျွန်မတို့ တစ်ဦးစီ၏ အတွင်းစိတ်၌ အသိအမှတ်ပြုခံရရန်၊ အလေးထားခံရရန်နှင့် အချစ်ခံရရန် တောင့်တနေသည့် ကလေးငယ်တစ်ဦး၏ နူးညံ့သောနှလုံးသား ရှိနေတတ်စမြဲ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူ၏သားသမီးများအတွက် မည်သို့ အချိန်ကိုက်ပေါ်လာပြီး…

ကျေးဇူးသိတတ်ခြင်းဖြင့် ကြွယ်ဝသောအသက်တာ

နာဇီအစိုးရကို ဆန့်ကျင်မှုကြောင့် အကျဉ်းချခံရပြီး ၅ လအကြာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်စွဲဖြင့် ရေးသားသော ပေးစာတစ်စောင်တွင် ဒီထရစ် ဘွန်ဟိုဖာ (Dietrich Bonhoeffer)က သူ၏မိဘများထံသို့ စာအုပ်နှင့် စက္ကူများ ပေးပို့ရန် တောင်းဆိုခဲ့သည်။ သူသည် မိဘများ၏ ကူညီစောင်မမှုများအတွက် ကျေးဇူးတင်လျက် “တခြားသူတွေအပေါ်မှာ ဒီလောက်အထိ လုံးလုံးလျားလျား မှီခိုနေရတာဟာ ထူးဆန်းတဲ့ ခံစားချက်ပါပဲ။ ဒါပေမဲ့ အဲဒီအခြေအနေက ကျေးဇူး သိတတ်ဖို့ သင်ခန်းစာပေးပါတယ်။ ဒါကို ကျွန်တော်ဘယ်တော့မှ မမေ့ပါ။ သာမန် ဘဝမှာတော့ ကိုယ်ပေးဆပ်တာထက် ပိုပြီးတော့ အများကြီး လက်ခံရရှိနေတယ်ဆိုတာကို ကျွန်တော်တို့သတိမထားမိတတ်ကြဘူး။ တကယ်တော့ ကျေးဇူး သိတတ်မှသာ ဘဝဟာ ကြွယ်ဝလာတာပါ”ဟု ရေးသားခဲ့သည်။

တိမောသေဩဝါဒစာ ဒုတိယစောင်တွင် “ရာဇဝတ်ကောင်ကဲ့သို့ ဒုက္ခရောက်စဉ်”(၂:၉-ခေတ်သုံး) သူ့ကို ချစ်ခင်စောင့်ရှောက်သူများအား အလွန်တရာ ကျေးဇူးတင်…