… ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည် သာ၍ ချစ်သလော။ … (ယော ၂၁:၁၅)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၅-၂၅

၁၅ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ ၁၆ တဖန် ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ၁၇ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။ ၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၉ ထိုသို့ မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။ ၂၀ ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊ ၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ၂၂ ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၂၃ ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆိုကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။ ၂၄ ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။ ၂၅ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။

သင်သည် ငါ့ကို ချစ်သလား

ကျွန်တော်တို့ သမီး (၄)နှစ်အရွယ်၌ တစ်နေ့တွင် သူမ၏ ခြေထောက်လေးများက (ကလေးငယ် ရပ်/ထိုင်စရာအတွင်းရှိကာ) တစ်အိမ်လုံးဆီသို့ သူမကို မောင်းနှင်တွန်းပို့နေသည်။ အိမ်ရှေ့တံခါးဆီသို သူမ ဦးတည်သွားရင်း၊ ရုတ်တရက် ဘရိတ်ကိုထိမိကာ ဘီးတစ်ပတ်လည်သွားသည်။ ကလေးသဘာ၀ အရေးပေါ်အာရုံအသိနှင့်၊ “မေမေ့ကို သမီးချစ်တယ်” ဟု သူမ အော်ပြောလိုက်သည်။ ပြီးနောက် သူမ လှည့်ထွက်သွားကာ တစ်ဖန် ပြေးနေပြန်တော့သည်။ သူမသည် မိဘများ၏စိတ်နှလုံးကို အမှန်တကယ် ပျော့ညွတ်သွားစေမည်ဖြစ်ပါသည်။

တူညီသောမြင်ကွင်း၊ သို့သော် ခြားနားသော အခြေအနေများကို စဉ်းစားကြည့်ပါ။ စားပွဲသို့လာရန် တတိယအကြိမ် သူမ အပြောခံရသည်ဟု ယူဆကြပါစို့။ ချက်ခြင်း ပြန်ကြည့်ရှုနိုင်သည့် ဗီဒီယိုခလုတ်ကို ယခုနှိပ်လိုက်ပါ။ “မေမေ့ကို ချစ်တယ်”ဟု သူမ ရပ်ပြီးပြောကာ၊ ပတ်ချာလည်ပြီး အရှေ့တံခါးဘက်သို့ ပြေးထွက်သွားသည်။ ထိုသို့သော အခင်းအကျင်းတွင် အထက်ပါ စကားလုံးများသည် မည်သူကိုမျှ နွေးထွေးစေမည် မဟုတ်ပါ။

ကျွန်ုပ်တို့၏ သခင်ဘုရားသည်လည်း လုပ်ဆောင်ချက်ပါသော “အရှင်ဘုရားကို ကျွန်ုပ်ချစ်ပါသည်” ဆိုသည့်စကား သားသမီး/ကလေးများထံမှ မျှော်လင့်ပါသည်။ “သင်သည် ငါ့ကိုချစ်သလား” (ယော ၂၁:၁၅) ဟု ရှင်ပေတရုအား သခင်ယေရှု မေးစဉ်က “ဟုတ်ကဲ့၊ သခင်။ ကျွန်ုပ်သခင့်ကိုချစ်တာ သခင်သိပါတယ်” ဟူသော သာမန်ကာလျှံကာဖြစ်သည့် စကားလုံးများနှင့် ဖြေသည်ကို သခင် မကျေနပ်နိုင်ပါ။ တပည့်တော်များ၏ တုံ့ပြန်မှုကို “ပေတရု၊ ငါ့ကိုချစ်ရင် ငါ၏သိုးတို့ကိုကြည့်ပါ။ ပေတရု၊ ငါ့ကိုချစ်ရင် ငါ့နောက်ကို လိုက်ပါ” ဟု သခင်ယေရှု တုံ့ပြန်ခဲ့ပါသည်။

အကယ်၍ ဤမေးခွန်းကို သင့်အား သခင်ဘုရားမေးခဲ့ပါက သင် မည်သည့်အရာကို ပြန်ပြောမည်နည်း။ “ဟုတ်ပါတယ် သခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ပါတယ်”ဟု သင် ပြန်ဖြေမည်လား။ အကယ်၍ သင်သည် နာခံသောသားသမီးဖြစ်ခဲ့လျှင် သခင်ဘုရား၏စိတ်နှလုံးတော်ကို ရွှင်လန်းဝမ်းမြောက်စေမည်ဖြစ်ပါသည်။ – Mart DeHaan

ကိုယ်တော်ရှင်ကို ပို၍ချစ်မည်၊ ခရစ်တော်ရှင်
ဒူးထောက်လျက် တောင်းခံသည်၊ နားညောင်းပါ သခင်
ကျွန်ုပ် စိတ်ထက်သန် အသနားခံခြင်းဖြစ်ပါသည်။
ပိုမိုမေတ္တာ ခရစ်တော်ထံ ပွားများမည်၊
ချစ်မေတ္တာများ၊ တိုးပွားနေမည်။

ဘုရားရှင်ကို ချစ်မြတ်နိုးခြင်းသည် ဘုရားရှင်အား နာခံ၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။


ထင်ဟပ်ဖော်ပြချက်

ရှင်ပေတရုအား “ချစ်သလား”ဟု သခင်ယေရှု (၃)ကြိမ် မေးခြင်းသည် သခင်ယေရှု အဖမ်းခံရစဉ် ရှင်ပေတရု(၃)ကြိမ် ငြင်းခဲ့ခြင်းနှင့် တူညီ မျဉ်းပြိုင်နေပါသည်။

 

<<ပြန်ဖတ်ရန် | ဆက်ဖတ်ရန်>>

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။