ဖြစ်နိုင်လျှင်...
အလက်စကား မိုးမခပင်ကြီးမှာ မိုးသက်မုန်တိုင်းကြား ဟိုဒီယိမ်းထိုးနေသည်။ နွေရာသီ၌အရိပ်ကိုပေးရုံမကာ မိသားစုအတွက် သီးသန့်ဆိတ်ငြိမ်ရာနေရာ ဖြစ်ပေးသည့်အပင်ကြီးကို ရယ်ဂျီချစ်သည်။ ယခုတွင် ကြောက်မက်ဖွယ် လေပြင်းက အပင်ကြီးကို အမြစ်မှဆွဲလှန်နေသည်။ ရယ်ဂျီနှင့် ၁၅ နှစ် အရွယ် သူ့သားတို့ အမြန်ပြေးထွက်လာကာ အပင်ကြီးလဲမသွားအောင် ကျားကန် ထားသော ပေါင် ၉၀ လေးသည့် ထောက်တိုင်ကို တွန်းထားသော်လည်း သူတို့အားနှင့် မတတ်နိုင်ခဲ့ပါ။
အခြားသောမုန်တိုင်းတစ်ခုတွင် ဒါဝိဒ်ဟစ်ခေါ်ချိန်၌ ဘုရားသခင်သည် သူ၏ခွန်အားအစွမ်းဖြစ်ခဲ့သည် (ဆာ ၂၈:၈)။ ဓမ္မပညာရှင်အချို့က ဒါဝိဒ်သည် သူ့ဘဝတစ်စစီပြိုပျက်ချိန်၌ ထိုဆာလံကျမ်းကို ရေးခဲ့သည်ဟု ဆိုကြသည်။ သူ၏ သားရင်းက သူ့ကိုပုန်ကန်ပြီး ထီးနန်းသိမ်းရန် ကြိုးပမ်းခဲ့သည် (၂ ရာ ၁၅)။ အကာအကွယ်မဲ့စွာ အားနည်းစွာ ခံစားရလျက် ဘုရားသခင် နှုတ်ဆိတ်နေပြီး သူသေသွားမည်လားဟု ဒါဝိဒ်မင်းစိုးကြောက်ခဲ့သည် (ဆာ ၂၈:၁)။ “ကိုယ်တော်ကို…
ဉာဏ်အမြော်အမြင် မရှိခြင်း
၂ နှစ်အရွယ် ကဲနက်လေး ပျောက်နေသည်။ သို့သော် သုံးမိနစ်အတွင်း၌ပင် သူ့မိခင်က ၉-၁-၁ ကို ခေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးသမားများက သူ့အိမ် နှစ်လမ်းကျော်ရှိ ပွဲဈေးတွင် သူ့ကို ရှာတွေ့ခဲ့သည်။ ထိုညနေပိုင်းတွင် အဖိုးနှင့်အတူ ပွဲသို့သွားနိုင်သည်ဟု သူ့အမေက ကတိပေးခဲ့သည်။ သို့သော် သူက သူ့ကစားစရာ ထွန်စက်ကားကို မောင်းသွားပြီး သူကြိုက်သည့် အပျော်စီးချားရဟတ်နေရာ၌ ဆိုက်ထားလိုက်သည်။ ကဲနက်လေး အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်ပြီးနောက် သူ့ဖခင်က ကားထဲမှ ဘက်ထရီကို အမြော်အမြင်ဖြင့် ဖယ်လိုက်သည်။
သူသွားလိုသည့်နေရာသို့ ကဲနက်လေးသွားနိုင်ခြင်းက သူအတော် ထက်မြက်သည်ဟုဆိုနိုင်သည်။ သို့သော် ၂ နှစ်အရွယ်ကလေး၌ မရှိသေးသည့် အရေးကြီး သည့်အရာမှာ ဉာဏ်အမြော်အမြင်ဖြစ်ပါသည်။ အရွယ်ရောက်သူများ၌လည်း တစ်ခါတစ်ရံ ဉာဏ်အမြော်အမြင်မရှိကြပါ။ ခမည်းတော်ဒါဝိဒ်၏ အရိုက်အရာကို ဆက်ခံသူရှောလမုန် (၃ ရာ ၂) က သူသည်…
ယုတ္တိမရှိသောကြောက်ရွံ့မှုများ
ကျွန်မ၏မိဘနှစ်ပါးစလုံး သုံးလအတွင်း ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားချိန်တွင် သဘာ၀မကျသော်လည်း သူတို့ ကျွန်မကိုမေ့သွားမည်လားဟု စိုးရိမ်ခဲ့သည်။ လောကတွင် သူတို့မရှိတော့၍ ကျွန်မမှာ မသေမချာမရေမရာမှုများစွာကို ခံစားရသည်။ ငယ်ရွယ်၍ အိမ်ထောင်မပြုရသေးသော လူငယ်တစ်ဉီးဖြစ် သဖြင့် မိဘများမရှိဘဲ မည်ကဲ့သို့ဘဝရှင်သန်ရမည်နည်းဟု ကျွန်မအတွေးဝင် မိသည်။ တစ်ကိုယ်တည်းဖြစ်မှုနှင့် အထီးကျန်မှုကို အကြီးအကျယ်ခံစားရပြီး ဘုရားကို ရှာဖွေခဲ့သည်။
မနက်ခင်းတစ်ခုတွင် ကျွန်မ၏ယုတ္တိမတန် ခံစားနေရသော ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုများကို(ကိုယ်တော်သိပြီးဖြစ်သော်လည်း) ဘုရားသခင်အား ပြောပြခဲ့ သည်။ ထိုနေ့ဝတ်ပြုခြင်း၌ ကျွန်မဖတ်မိသောကျမ်းပိုဒ်မှာ ဟေရှာယ ၄၉:၁၅ ဖြစ်သည်။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့ သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့ လျော့။” ဘုရားသခင်သည် ဟေရှာယအားဖြင့် သူ၏လူများကို မမေ့လျော့ကြောင်း အာမခံခဲ့ပြီး၊ နောက်ပိုင်းတွင် သူ၏သားတော်ယေရှုကို စေလွှတ်၍ ပြန်လည် တည်ဆောက်မည်ဟု ကတိပေးခဲ့သည်။…
ကောင်းမြတ်အံ့ဖွယ်သော ဆုလာဘ်
ဆရာမလေးဒုံလန်သည် စာဖတ်သူတစ်ဉီးဖြစ်ပြီး တစ်နေ့တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ခံစားခွင့်ရခဲ့သည်။ သူသည် ခရီးသွားရန်ပြင်ဆင်နေချိန်၌ ရှည်လျားသော ခရီးသွားအာမခံပေါ်လစီများကို စစ်ဆေးဖတ်ရှုရင်း စာမျက်နှာ-၇ အရောက်တွင် ကောင်းမြတ်အံ့ဖွယ်သောဆုလာဘ်ကို တွေ့လိုက်ရသည်။ ကုမ္ပဏီ၏ “စာဖတ်ခြင်း အတွက် အခပေးခြင်း” စာဖတ်ပြိုင်ပွဲနှင့်အကြုံး၀င်သည့် ထိုစာမျက်နှာ-၇ အထိ ပထမဆုံးဖတ်ရှုသူအား ကုမ္ပဏီမှ ဒေါ်လာငွေတစ်သောင်း ချီးမြှင့်ရန် စာချုပ်၌ ပါရှိ ဖြစ်သည်။ ထို့ပြင် ဒုံလန်နေထိုင်သည့်ဒေသရှိ ကျောင်းများသို့လည်း ကလေးသူငယ် စာတတ်မြောက်ရေး အစီအစဉ်အတွက် ဒေါ်လာထောင်နှင့်ချီ၍ ပေးလှူခဲ့သေးသည်။ “ကျွန်မက စာချုပ်ပါအချက်အလက်ကို လျှောက်ဖတ်တတ်တဲ့ အရူးအနှမ်းပေါ့နော်။ ကျွန်မက အခြားသူတွေထက် သြချစရာကောင်းတဲ့သူပဲ” ဟု သူဆိုသည်။
ဘုရားရှင်၏အံ့သြဖွယ်အကြောင်းကို မြင်အောင် သူ့မျက်လုံးများ ပွင့်နေရန် ဆာလံဆရာ လိုလားခဲ့သည် (ဆာ ၁၁၉:၁၈)။ ဘုရားရှင်ကလည်း သူ့အကြောင်းကို လူတို့အားသိစေချင်ကြောင်း ဆာလံဆရာသဘောပေါက်ခဲ့ပါလိမ့်မည်။ ထို့ကြောင့် လည်း…
ကြင်နာတတ်သူ
စိတ်ပျက်လက်ပျက်ဖြစ်ပြီး၊ ပိုမိုအဓိပ္ပာယ်ရှိသောဘဝကို လိုချင်သဖြင့် လီယွန် သည် ဘဏ္ဍာရေးဌာနမှအလုပ်ထွက်ခဲ့သည်။ ထို့နောက် တစ်နေ့တွင် “ကြင်နာမှု သည် အကောင်းဆုံးဆေးဖြစ်၏”ဟူသော ဆိုင်းဘုတ်ကိုကိုင်ထားသည့် အိမ်ယာမဲ့ တစ်ဦးကို သူတွေ့ခဲ့သည်။ “အဲဒီစကားတွေက ကျွန်တော့်ကိုတည့်တည့် လာမှန်တာပဲ။ အသိတရား တွေ ခေါင်းထဲဝင်လာတယ်”ဟု လီယွန် ပြောခဲ့သည်။
ကြင်နာမှုကိုမြှင့်တင်ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခြင်း ဖြင့် ဘဝသစ်စတင်ရန် လီယွန်ဆုံးဖြတ်ခဲ့သည်။ သူသည် သူ့အား အစားအသောက် ပေးသူ၊ ဆီဖြည့်ပေးသူ၊ တည်းခိုစရာနေရာပေးသူ သူစိမ်းများအပေါ်မှီခိုလျက် ကမ္ဘာအနှံ့ခရီးထွက်သည်။ ထို့နောက် သူ၏အဖွဲ့အစည်းမှတစ်ဆင့် မိဘမဲ့များကို ကျွေးမွေးခြင်း၊ ဆင်းရဲနွမ်းပါးသောကလေးများအတွက် ကျောင်းဆောက်ပေးခြင်း စသော ကောင်းမှုများအားဖြင့် ထိုသူတို့ကို ချီးမြှင့်သည်။ “ကြင်နာမှုက နူးညံ့ပျော့ပြောင်းတယ်လို့ထင်ရပေမယ့် ကြီးမားတဲ့ခွန်အားဖြစ်ပါတယ်”ဟု သူပြောသည်။
ဘုရားသခင်သည် ကောင်းမြတ်သည့်အတွက် သူ့ထံမှ အကြင်နာတရားက သဘာဝအတိုင်းစီးဆင်းနေကြောင်း ခရစ်တော်က အနှစ်ချုပ်ဖော်ပြသည်။ မုဆိုးမ၏ တစ်ဦးတည်းသောသား…
အထက်ရှုထောင့်အမြင်များ
၁၉၇၀ ခုနှစ်က သတ္တုစမ်းသပ်ရှာဖွေသောကိရိယာကို အသုံးပြုခြင်းသည် ပီတာဝက်ချ် ၏ဝါသနာမျှသာ ဖြစ်သည်။ သို့သော် ၁၉၉၀ ခုနှစ်မှစ၍ သတ္တုစူးစမ်း ရှာဖွေခြင်းခရီးစဉ်များဖြင့် ကမ္ဘာတစ်ဝန်းမှ လူများကို သူဉီးဆောင်ခဲ့သည်။ ဓားများ၊ ရှေးဟောင်း ရတနာများ၊ အကြွေစေ့များ စသည်ဖြင့် ရှာဖွေတွေ့ရှိမှုထောင်ပေါင်းများစွာ ရရှိခဲ့သည်။ ဂြိုဟ်တုပံုရိပ်ကို အမှီပြုတီထွင်ထားသော Google Earth ကို အသုံးပြု၍ အင်္ဂလန်ရှိ လယ်မြေများကို စူးစမ်းရှာဖွေခဲ့သည်။ ထိုရှာဖွေမှုမှ ရှေးရာစုနှစ်များစွာကရှိခဲ့သည့် လမ်းများ၊ အဆောက်အဉီများနှင့် အခြားသော ရှေးမြို့ပြဖွဲ့စည်းတည်ဆောက်မှုကို တွေ့ရှိခဲ့သည်။ "အပေါ်စီးမှကြည့်သည့်အမြင် က ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်"ဟု ပီတာ က ပြောပြသည်။
ပရောဖက်ဟေရှာယခေတ်ရှိ ဘုရားလူများသည် အထက်မှအမြင်ကို ရရှိရန် လိုအပ်သည်။ ဘုရားသခင်၏လူမျိုးတော်ဟုဆိုလျက် သူတို့ဂုဏ်ယူဝင့်ကြွားနေစဉ် တစ်ဘက်တွင် နာခံခြင်းမရှိ၊ ရုပ်တုဆင်းတုများကိုလည်း မစွန့်လွှတ်နိုင်။ သို့သော် ဘုရားသခင်၌ အခြားသောအမြင်ရှိသည်။ သူတို့မနာခံသော်လည်း…
လက်ဖွင့်ကြိုဆို
Saydee နှင့်သူ့မိသားစုသည် "လက်ကိုဖွင့်၊ အိမ်ကိုဖွင့်" ဟူသောဒဿနကို ကိုင်စွဲ ခံယူသည်။ လူတိုင်းကို အထူးသဖြင့် စိတ်ဓာတ်ကျစိတ်ပျက်သူများကို သူတို့အိမ်၌ နွေးထွေးပြူငှာစွာ ကြိုဆိုကြောင်း သူကပြောပြသည်။ လစ်ဗျားနိုင်ငံတွင် ထိုသို့သော အိမ်ထောင်၌ သူတို့မောင်နှမကိုးယောက် ကြီးပြင်းခဲ့ရသည်။ သူတို့မိဘများက အခြားသူများကို မိသားစုထဲအမြဲကြိုဆိုခဲ့သည်။ သူက “ကျွန်တော်တို့က အဲဒီလို အသိုင်းအဝန်းနဲ့ ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ တစ်ဦးအပေါ်တစ်ဦးတာဝန်ယူတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တယောက်ချစ်ဖို့၊ဂရုစိုက်ဖို့၊ ကာကွယ်ပေးဖို့ အဖေသွန်သင်ခဲ့တယ်”ဟု သူပြောသည်။
ဒါဝိဒ်မင်းကြီးအကူအညီလိုအပ်ချိန်တွင် အထက်ပါ ချစ်ခြင်းကရုဏာမျိုးကို ဘုရားရှင်ထံ၌ သူတွေ့ရှိခဲ့သည်။ ရာဇဝင်ချုပ်ဒုတိယစောင်တွင် (ဆာလံ ၁၈ တွင်လည်း ပါသည်) သူ့အသက်တာတစ်လျှောက် ဘုရားရှင်ထံ၌ ခိုလှုံရာအဖြစ်တိုးဝင်ခဲ့သည့်အချိန် များအကြောင်းကို သီချင်းဖွဲ့ကာ မှတ်တမ်းတင်ထားသည်။ ဒါဝိဒ်မင်းက “ငါသည် ဆင်းရဲ ငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။…
ဂရုစိုက်ခံရသည်
အိမ်သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင် ဒဲဘီ သည် သူမ၏လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အလုပ်အပ်မည့်သူများကို အမြဲရှာဖွေရသည်။ တစ်ကြိမ်တွင် အမျိုးသမီးတစ်ဦးနှင့် ဖုန်းပြောရင်း ထိုအမျိုးသမီးက "ကျွန်မအခုတော့ အခကြေးငွေ မတတ်နိုင်သေးဘူး။ ကျွန်မကင်ဆာရောဂါကို ကုနေရလို့ပါ" ဟုဆိုခဲ့သည်။ ထိုခဏမှာပင် ကင်ဆာဝေဒနာခံစားနေရသည့် မည်သည့်အမျိုးသမီးအတွက်မဆို မငြင်းပယ်ဘဲ ဝန်ဆောင်မှုပေးရန်၊ ၎င်းတို့အတွက် အခမဲ့ဝန်ဆောင်မှုများ ကမ်းလှမ်း ရန် ဒဲဘီ ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ကင်ဆာဝေဒနာနှင့် တိုက်ခိုက်နေရသော အမျိုးသမီးများအတွက် သန့်ရှင်းရေးဝန်ဆောင်မှုကို အခမဲ့ပေး သည့် အမြတ်အစွန်းအတွက်မဟုတ်သော အဖွဲ့အစည်းတစ်ခုကို အစပြုခဲ့သည်။ ဤဝန်ဆောင်မှုကြောင့် အမျိုးသမီးတစ်ယောက်သည် သန့်ရှင်းသောအိမ်သို့ပြန်လာသောအခါ ယုံကြည်စိတ်ချမှုအငွေ့အသက်များကို ခံစားခဲ့ရပြီး "ပထမဆုံးအနေနဲ့ ငါကင်ဆာရောဂါကိုတိုက်နိုင်တယ်ဆိုပြီး ယုံကြည်ချက်ရှိလာတယ်" ဟုပြောပါသည်။
စိန်ခေါ်မှုများကိုရင်ဆိုင်ရသောအခါ မိမိကိုဂရုစိုက်လျက် ထောက်ပံ့အားပေးမှုကို ခံစားရသည့် စိတ်ခံစားမှုသည် ဆက်လက်ရပ်တည်နိုင်အောင် မစပေးနိုင်သည်။ ဘုရား မျက်မှောက်တော်နှင့် သူ၏မစထောက်ပံ့မှုကို သိရှိခံစားရခြင်းကလည်း စိတ်ဝိညာဉ်…
Whack-a-mole ကစားနည်း
ခွဲစိတ်ကုသမှုအပြီးတွင် မေ့ဆေးဆရာဝန်ခ၊ ခွဲစိတ်ဆရာဝန်ခ၊ ခွဲစိတ်ခန်းခနှင့် ကိရိယာတန်ဆာ ပလာဖိုးတောင်းခံသည့်ပြေစာများ အဆက်မပြတ်ရောက်ရှိလာပါတော့သည်။ အရေးပေါ် ခွဲစိတ်ခန်းဝင်ခဲ့ရပြီးနောက် ဤအရာများကို ဂျေးဆန်ရင်ဆိုင်နေရသည်။ ထိုအခြေအနေကို သင်လည်း နားလည်ကောင်းနားလည်ပါလိမ့်မည်။ သူက ‘အာမခံကြေးပေးပြီးနောက် ဒေါ်လာထောင်ချီပြီး အကြွေးတင်ခဲ့တယ်။ ဒီအကြွေးတွေ ကျေသွားတဲ့နေ့ကတော့ ဘဝကြီး သာယာပြီး ကျွန်တော်လည်း စိတ်အေးကျေနပ်နိုင်မယ်။ ကစားကွင်းက ပလတ်စတစ်မှဲ့ကောင် လေးတွေ အပေါက်က ထွက်လာတဲ့အခါ တုတ်နဲ့ အားပါးတရ ရိုက်ရတဲ့ Whack-a-mole ကစားနည်း ကစားနေရသလို ကျွန်တော် ခံစားနေရတယ်” ဟုသူညည်းမိသည်။
အချို့အချိန်များတွင် ဘဝကြီးသည် ထိုအတိုင်းဖြစ်နေတတ်ပါသည်။ တမန်တော်ကြီး ရှင်ပေါလုသည်လည်း ၎င်းကိုနားလည်သဘောပေါက်ခဲ့သည်။ သူက “ရှုတ်ချခြင်းကို လည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ” ဟုဆိုခဲ့သည် (ဖိ ၄:၁၂)။ သူ့ လျှို့ဝှက် ချက်ကားအဘယ်နည်း။…
သက်ဆိုင်ပတ်သက်မှု အမှတ်နေရာ
ရော်ဘီ နှင့် ဆဘရီးနာ တို့သည် သူတို့၏ ပထမအိမ်ထောင်များကို ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရပြီး နှစ်အတန်ကြာသည့်နောက် သူတို့နှစ်ဦးသည် ချစ်ကျွမ်းဝင်လျက် အိမ်ထောင်ပြုကာ သူတို့၏မိသားစုနှစ်စုကို ပေါင်းစည်းခဲ့သည်။ သူတို့နှစ်ဦးသည် အိမ်သစ်တစ်လုံး ဆောက်လုပ်ပြီး Havilah ဟု အမည်ပေးခဲ့သည်။ (ဟေဗြဲဘာသာ စကားအရ ထိုစကားလုံး၌ နာကျင်မှုဖြင့် မချိမဆန့် တွန့်လိမ်ခြင်း၊ တစ်စုံတစ်ရာကို ထုတ်ဆောင်ခြင်း ဟု အဓိပ္ပာယ်နှစ်မျိုးရှိသည်။) ၎င်းသည် နာကျင်မှုမှ လှပသောတစ်စုံတစ်ခုကို ပြုလုပ်ခြင်းသဘောကို ရည်ညွှန်းသည်။ သူတို့သည် သူတို့၏ အတိတ်ကို မေ့ပျောက်ရန် ထိုအိမ်ကို ဆောက်လုပ်ခဲ့ခြင်း မဟုတ်ဘဲ ၀မ်းနည်းခြင်းပြာမှုန့်မှ အသက်ကို ထုတ်ဆောင်ရန်၊ မျှော်လင့်ခြင်း အောင်ပွဲ ဆင်နွဲရန် ဆောက်လုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။ သူတို့နှစ်ဦးအတွက် ထိုနေအိမ်သည် သက်ဆိုင် ပတ်သက်မှုကို ဖော်ပြသည့် နေရာ၊ ဘဝကို အောင်ပွဲဆင်သည့်နေရာ၊ အနာဂတ်အတွက် ကတိတော်များကို…