တုတ်ချောင်းများ၊ အုတ်ခဲများနှင့် ဘုရားသခင်
နောက်တစ်ဆင့်ဘာလုပ်ရမည်၊ ဘုရားသခင် ဘာစေစားမည်နည်းဟု ဆုတောင်း ပြီးနောက် မြို့ပြအချက်အချာနေရာသို့ ပြောင်းရွှေ့ရန်မှာ သူတို့ လုပ်ဆောင်ရမည့် အရာဖြစ်ကြောင်း မာခ့်နှင့် နီနာတို့ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် အိမ်အလွတ် တစ်လုံးကို ဝယ်ခဲ့ကြပြီး၊ ပြင်ဆင်မွမ်းမံမှုကို ဆောင်ရွက်နေစဉ် မုန်တိုင်း တိုက်ခတ် ခဲ့သည်။ “ဒီမနက် အံ့ဩစရာကြုံခဲ့ရတယ်။ ဂျက်ဖာဆင်မြို့တော်မှာ လေဆင်နှာမောင်းတိုက်ခဲ့ပြီး၊ ငါတို့ရဲ့ပြင်ဆင်မွမ်းမံမှုတွေကို တုတ်ချောင်း တွေ၊ အုတ်ခဲတွေဖြစ်အောင် လုပ်ပစ်လိုက်တယ်။ ဘုရားသခင် တစ်ခုခုလုပ် နေတယ်” ဟု မာခ့်က ကျွန်တော့်ထံ စာတိုလေးတစ်စောင် ပို့ခဲ့သည်။
ဘဝ၌ မထိန်းချုပ်နိုင်သောမုန်တိုင်းများသာ ကျွန်တော်တို့ကို အံ့ဩစေလျက် စိတ်ရှုပ်ထွေးစေသည်မဟုတ်ပါ။ ကြမ္မာဆိုးများအလယ်တွင် ဘုရားသခင်ကို မျက်ခြေမပြတ်သွားရန်မှာ ဘဝရှင်သန်နိုင်ရေး၏သော့ချက်ဖြစ်သည်။
ယောဘအသက်တာ၏ဆိုးရွားသောရာသီတွင် အိမ်နှင့်သားသမီးများ ဆုံးရှုံးခဲ့ရခြင်းသည်(၁:၁၉)။ သူရင်ဆိုင်ခဲ့ရသော အံ့သြတုန်လှုပ်ဖွယ်ရာများ အနက် တစ်ခုသာဖြစ်သည်။ ထိုမတိုင်မီ သတင်းဆိုးများ ယူဆောင်လာသော စေတမန်သုံးဦး ရောက်လာခဲ့ပြီးဖြစ်သည်…
မုန်းတီးစိတ်ထက် အားကြီးသော
သူ့မိခင်ရှာရွန်ဒါ သေဆံုးသွားသည့် ၂၄ နာရီအတွင်း ခရစ်သည် “ချစ်ခြင်းစိတ်သည် မုန်းတီးစိတ်ထက် အားကြီးပါ၏” ဟူသည့် တန်ခိုးပါသော ကျေးဇူးပြုသော စာသားကို ရေရွတ်နေမိသည်။ ကာရိုလိုင်းနား ပြည်နယ်တောင်ပိုင်း၊ ချာလစ်တန် ဒေသ ဗုဒ္ဓဟူးနေ့ညပိုင်း ကျမ်းစာသင်တန်း၌ သူ့မိခင်နှင့်အတူ အခြားလူရှစ်ဉီးတို့မှာ အသတ်ခံခဲ့ရသည်။ အထက်ပါ စကားလံုးများကို စိတ်ရင်းမှန်နှင့် နှုတ်မှပွင့်အံကျခဲ့သည်အထိ ဤဆယ်ကျော်သက်လူငယ်လေး၏ဘဝကို မည်သည့်အရာက ပံုသွင်းပေးခဲ့ သနည်း။ ခရစ်သည် သခင်ယေရှုကို ယံုကြည်သူဖြစ်ပြီး သူ့မိခင်မှာ “လူတိုင်းကို စိတ်နှလံုးအကြွင်းမဲ့နှင့် ချစ်ခင်သူ ဖြစ်သည်”။
လုကာ ၂၃:၂၆-၄၉ တွင် အပြစ်သားနှစ်ဉီးနှင့် အပြစ်ကင်းသူယေရှုတို့ကို ကားတင်သတ်သည့် မြင်ကွင်းကို ထင်ရှားစွာ မြင်တွေ့ရသည် (:၃၂-၃၃)။ သူတို့ သံုးဦးလံုး ကားတင်သတ်ခံရသည်(:၃၃)။ ၎င်းတို့၏ အသက်ရှူသံ၊ သက်ပြင်းချသံနှင့် ညည်းတွားသံများကြားမှ ယေရှု၏စကားသံကို အတိုင်းသား ကြားရ သည်။ “အိုအဘ၊…
ကတိတည်သူ
ကြီးလေးသောကတိကဝတ်၏ဖိစီးမှုကြောင့် ဂျွန်နသန် သည် လက်ရွှန်း အား ပြုသည့် မင်္ဂလာသစ္စာကိုရွတ်ဆိုရင်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာသည်။ ကတိ တည်နိုင်မည်ဟု မယုံဘဲနှင့် မည်သို့ကတိသစ္စာပြုနိုင်မည်နည်းဟု သူတွေးမိသည်။ အစီအစဉ်အဆုံးအထိ ဟန်မပျက်နေခဲ့သော်လည်း သူပြုခဲ့သည့်ကတိသစ္စာကြောင့် ရင်ထဲလေးလံနေဆဲပင်။ ဧည့်ခံပွဲပြီးသည့်နောက် ဘုရားကျောင်းသို့ ဇနီးသည်ကို ခေါ်သွားကာ သူပြုခဲ့သောကတိအတိုင်း သူမအား ချစ်ခင်မြတ်နိုးရန်နှင့် ဂရုစိုက် နိုင်အောင် မစရန် နှစ်နာရီကျော် ကြာအောင် ဘုရားရှင်ထံ ဆုတောင်းခဲ့သည်။
ဂျွန်နသန် ၏ မင်္ဂလာပွဲနေ့ကြောက်စိတ်သည် လူသား၏အားနည်းချက်ကို အသိအမှတ်ပြုခြင်းအပေါ်တွင် အခြေခံသည်။ သို့သော် အာဗြံဟံ၏မျိုးဆက် အားဖြင့် လူမျိုးတကာကို ကောင်းချီးပေးမည်ဟု ကတိပေးခဲ့သော ဘုရားရှင်၌မူ အကန့်အသတ် မရှိပါ (ဂလ ၃:၁၆)။ ဟေဗြဲသြဝါဒစာရေးသားသူက အာဗြံဟံသည် သူ့အား ဘုရားရှင်ပေးထားသော ကတိတော်ပြည့်စုံလာရေးကို သည်းခံလျက် စောင့်စားခဲ့ရကြောင်း ပြန်လည်ဆင်ခြင်သတိရလျက် (ဟေ ၆:၁၃-၁၅)၊ ဂျူးခရစ်ယာန်တို့အား…
ပြောပါ
စားသောက်ဆိုင်မှ သူ၏ လုပ်ဖော်ဆောင်ဖက်များအား ယခင်အခြေအနေတွင် သူနှင့်ပထမဆုံးတွေ့ဆုံခဲ့သူ မဲလ်ဗင်း ကို ရည်ညွှန်းလျက် “အဲဒီလူ၊ အဲဒီလူ”ဟု ဘရစ်တနီ အော်ပြောလိုက်သည်။ မဲလ်ဗင်းသည် ဘုရားကျောင်းမြက်ခင်းကို ပြုပြင်နေစဉ် ပြည့်တန်ဆာဟုယူဆရသည့် အမျိုးသမီးအား စကားစမြည် ပြောရန် ဝိညာဉ်တော်က သူ့အား နှိုးဆော်သည်။ သို့နှင့် ဘုရားကျောင်း၌ လာရောက်ပါဝင်ရန် သူမကိုဖိတ်ခေါ်ရာ သူမက “ကျွန်မဘာလုပ်လဲဆိုတာ ရှင်သိလား။ ကျွန်မကို လူတွေလက်ခံမှာ မဟုတ်ဘူး” ဟု တုံ့ပြန်ခဲ့သည်။ မဲလ်ဗင်းသည် သခင်ယေရှု၏မေတ္တာတော်ကို ပြောပြပြီး ထိုအရှင်၏ တန်ခိုးတော် သည် သူ့ဘဝကို ပြောင်းလဲစေနိုင်ကြောင်းပြောရာ၊ သူမ၏ ပါးပြင်မှ မျက်ရည်များ စီးကျခဲ့သည်။ ထို့နောက် ရက်သတ္တပတ်အတန်ကြာပြီးနောက် အသက်တာကို ပြောင်းလဲစေသော သခင်ယေရှု၏တန်ခိုးတော်သက်သေ၊ ရှင်သန်သောသက်သေ အဖြစ် ဘရစ်တနီ သည် ဝန်းကျင်အသစ်တွင် အလုပ်လုပ်နေပြီဖြစ်သည်။
တမန်တော်ပေါလုသည် ယုံကြည်သူများအား ဆုတောင်းခြင်းအမှု၌…
ကိုးစားလျက်ယုံကြည်ခြင်းသာ
ကလေးအယောက် ၃၀၀ သည် ဝတ်စုံပြည့်နှင့် မနက်စာစားရန်ထိုင်ပြီး အစားအစာ အတွက် ကျေးဇူးချီးမွမ်းဆုတောင်းကြသည်။ သို့သော် မည်သည့်အစာမျှ မရှိပါ။ ဤအခြေအနေမျိုးက မိဘမဲ့ဂေဟာ၏ညွှန်ကြားရေးမှူးနှင့်သာသနာပြုဆရာဂျော့ရှ် မူးလယ် (၁၈၀၅-၁၈၉၈)အတွက် အဆန်းမဟုတ်ပါ။ ယခုလည်း ဘုရားရှင် မည်သို့ ပံ့ပိုးပေးမည်ကို မြင်တွေ့ရမည့် အခွင့်အရေးနောက်တစ်ခု ဖြစ်သည်။ ဆုတောင်းပြီး မိနစ်ပိုင်းအတွင်းတွင် ညကအိမ်မပျော်နိုင်ဖြစ်ခဲ့သည့် မုန့်ဖုတ်သမား က တံခါးဝသို့ ရောက်ရှိလာသည်။ မိဘမဲ့ဂေဟာ၌ ပေါင်မုန့်များလိုမည်ဟုခံစားရပြီး တစ်ပုံကြီး မုန့်ဖုတ်ခဲ့သည်။ မကြာပါ။ နို့ပို့သမားရောက်လာပြန်သည်။ သူ့နို့လှည်းက ဂေဟာရှေ့တွင်ပျက်သွား၍ နို့များအလဟဿမဖြစ်အောင် ဆရာကြီးမူးလယ်ကို သူပေးခဲ့သည်။
စားဝတ်နေရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ မိတ်ဆွေအပေါင်းအသင်း စသည့် ဘဝဖူလုံရေးအတွက် လိုအပ်သည့်အရင်းအမြစ်များ မရှိသည့်အချိန်၌ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု၊ မိမိကိုယ်ကိုသနားသည့်စိတ် စသည်တို့ကို ခံစားရခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ ဘုရားသခင်၏ကူညီမစမှုသည် မျှော်လင့်မထား သည့် အရင်းအမြစ်မှရောက်လာနိုင်ကြောင်း ဆင်းရဲသည့်မုဆိုးမအကြောင်းက…
ကြင်နာသော အမှားပြင်ဆင်ပေးမှု
နွေဦးအစရာသီသည် လန်းဆန်းလွန်းလှသဖြင့် ကျွန်တော်၏ခရီးသွားဖော် ချစ်ဇနီး အတွက် သည့်ထက်ပို၍ဆိုဖွယ်မရှိတော့ပါ။ သို့သော် ကျွန်တော်လမ်းကြောင်းမှားနေခြင်းကို သတိပေးသည့် အနီအဖြူရောင်ဆိုင်းဘုတ် ပေါ်မလာလျှင် အတူရှိနေ ရသည့် လှပသောထိုအချိန်အခိုက်အတန့်လေးသည် မနှေးအမြန် ပျက်စီးသွား မည်ပင်။ ယာဥ်ကြော၌ လွတ်လွတ်ကင်းကင်း မမောင်းသဖြင့် မဝင်ရဟူသည့် ဆိုင်းပုဒ်ကို နီးမှဘွားကနဲမြင်လိုက်ရသဖြင့် ယာဥ်ကြောအမှန်သို့ အမြန်ပြန်မောင်း ခဲ့ရသည်။ သို့သော်လည်း လမ်းမှားနေသည်ဟု သတိပေးချက်ကို လစ်လျူရှုခဲ့ပါက ကျွန်တော်ကိုယ်တိုင်နှင့် ဇနီးသည်အပါအဝင် အခြားသူများအပေါ် မည်မျှ အန္တရာယ်ရောက်စေနိုင်မည်ကို တွေးမိပြီး တုန်လှုပ်မိပါသည်။
အမှားပြင်ဆင်ခြင်း၏အရေးကြီးပုံကို ရှင်ယာကုပ်က သူရေးသားသည့် စာစောင်၏အဆုံးတွင် ဖော်ပြထားသည်။ နာကျင်စေခံစားရစေမည့်လမ်း၊ အပြုအမူ၊ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုဆန္ဒများမှမိမိကိုပြန်လည်ဆွဲခေါ်မည့် ဂရုစိုက်သူများကို မလိုအပ်သူ ကျွန်ုပ်တို့တွင် မည်သူရှိသနည်း။ ရဲရင့်စွာဖြင့် တစ်စုံတစ်ယောက်က မှန်သောအချိန်တွင် ကြားဝင်မကူညီခဲ့ပါက မိမိကိုယ်ကို (သို့) သူတစ်ပါးတို့အား မည်မျှအနာတရဖြစ်စေမည်ကို မည်သူသိပါသနည်း။
"အပြစ်ရှိသောသူကို…
ခရစ်တော်၏ဒဏ်ချက်တော်
ဂရက်ဒီနှင့် စကားပြောပြီးသွားသောအခါ ဂရက်ဒီသည် အဘယ်ကြောင့် လက်ဆွဲ နှုတ်ဆက်ခြင်းထက် လက်သီးတိုက်ကာနှုတ်ဆက်ရခြင်းကို ပိုကြိုက်သနည်းဟု ကျွန်ုပ် တွေးမိသည်။ လက်ဆွဲနှုတ်ဆက်ခြင်းသည် ဂရက်ဒီ သူ့ကိုယ်သူထိခိုက်အောင် လုပ်ခဲ့စဉ်က ကျန်ခဲ့သောလက်ကောက်ဝတ်မှအမာရွတ်ပေါ်သွားမည်ကိုစိုးသောကြောင့်ဟု ယူဆမိသည်။ (သူတစ်ပါးကြောင့်ရသည်ဖြစ်စေ၊ မိမိကြောင့်ရသည် ဖြစ်စေ) အပြင်ပိုင်းဒဏ်ရာသာမက စိတ်ဒဏ်ရာအပါအဝင် ဒဏ်ရာအနာတရများကို အများမမြင်အောင် ကျွန်ုပ်တို့ဖံုးကွယ်တတ်ကြသည်။
ဂရက်ဒီနှင့်ကျွန်တော် စကားပြောအပြီးတွင် ခြေနှင့်လက်ဖဝါးပေါ်တွင် သံမှိုရိုက်ခံရသောဒဏ်ချက်၊ နံဘေးတွင် လှံထိုးခံရသောဒဏ်ချက်စသည့် ခရစ်တော်၏ဒဏ်ချက်တော် အကြောင်းကို ကျွန်တော်တွေးမိသည်။ ခရစ်တော် သည် သူ့အမာရွတ်များကို ဖံုးကွယ် မည့်အစား တပည့်တော်များအား ပြသခဲ့သည်။
ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်လာသည်ကို သောမ ယံုမှားသံသယ ဖြစ်သောအခါ ခရစ်တော်က “သင်၏လက်ညိုးကိုဆန့်၍ ငါ့ကို ကြည့်လော့။ သင်၏ လက်ကို ဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယံုမှားခြင်းမရှိနှင့်။ ယံုလော့” (ယော ၂၀: ၂၇) ဟု ပြောခဲ့သည်။…
အကြွေးချေဖျက်ပေးသူ
၂၀၁၉ ခုနှစ် ဂျော်ဂျီယာ ပြည်နယ် အက်တလန်တာ ဒေသရှိ မိုးဟောက်စ် ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဧည့်ပရိသတ်ကြီး၏တုံ့ပြန်မှုကို ဖော်ပြရလျှင် “အံ့သြမှင်သက်ခြင်း” ဆိုသည့်စကားလံုးက လုံလောက်ပါသည်။ အခမ်းအနားမှူးက သူနှင့်သူ့မိသားစုသည် ဘွဲ့ရကျောင်းသားအားလုံး၏အကြွေးကို ချေပေးရန် ဒေါ်လာ သန်းပေါင်းများစွာကို လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ သူတို့၏ပျော်ရွှင်မှုကို မျက်ရည်ကျလျက် အော်ဟစ်ဖော်ပြကြသည့် ဝမ်းသာကြည်နူးနေသော ဘွဲ့ရများတွင် ချေးငွေဒေါ်လာ ၁ သိန်း ရှိသော ကျောင်းသားတစ်ဉီးလည်းပါသည်။
ကျွန်ုပ်တို့အများစုသည် အိမ်အတွက်၊ ကား၊ ပညာရေး၊ ကျန်းမာရေးစရိတ် (သို့) အခြားသောအရာများအတွက် ပေးရန်ရှိသည့် အမျိုးမျိုးသော အကြွေးများကို ကြုံဖူး ကြပါသည်။ ထို့ပြင် ပြေစာတွင် “ရှင်းပြီး”ဟုရိုက်နှိပ်ထားပါက ထူးခြားသည့် သက်သာမှုမျိုးကို ကျွန်ုပ်တို့ခံစားရသည်။
ရှင်ယောဟန်သည် သခင်ယေရှုကို “သစ္စာစောင့်သောသက်သေခံ၊ သေခြင်းမှ ပထမဉီးဆုံးထမြောက်သောသူနှင့် လောကီဘုရင်တို့၏ အထွတ်”ဟု ကြွေးကြော်…
အတူတကွ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်သည်
ညဥ့်သန်းခေါင်ယံအချိန်၌ အသင်းသားတစ်ယောက်မှသူ့အိမ်သို့လာရန် ခေါ်ဆိုသော ဖုန်းကို သင်းအုပ်ဆရာ Samuel Baggaga လက်ခံရရှိခဲ့သည်။ သူရောက်သွားသော အခါ ထိုအိမ်မီးလောင်နေသည်ကို တွေ့ရသည်။ ဖခင်ခမျာ မီးလောင်ဒဏ်ရာရ လျက်နှင့် သူ့ကလေးကိုကယ်ထုတ်ရန် အိမ်ထဲဝင်သွားပြီး သတိမေ့မျောနေသော သမီးကို ကယ်ထုတ်ခဲ့သည်။ ယူဂန်ဒါဒေသ၏မြို့ပြအနေအထားအရ ဆေးရုံမှာ ခြောက်မိုင် (၁၀ ကီလိုမီတာ) အကွာအဝေးတွင် တည်ရှိသည်။ ကားအသွားအလာ လည်းမရှိသဖြင့် သင်းအုပ်ဆရာနှင့် ဖခင်သည် ထိုကလေးကို သယ်ပိုးလျက် ဆေးရုံသို့ အပြေးနှင်ခဲ့သည်။ ဒဏ်ရာရနေသောကလေးမလေးကို သယ်ဆောင် ခရီးနှင်ရင်း တစ်ယောက်မောလျှင် ကျန်တစ်ယောက်က လက်ပြောင်းသယ်သည်။ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆေးရုံရောက်သွားသည်။ သို့နှင့် ဖခင်နှင့် သမီးတို့ ဆေးကုသမှုခံယူပြီးနောက် အပြည့်အဝပြန်လည်ကျန်းမာလာသည်။
ထွက်မြောက်ရာကျမ်း ၁၇:၈-၁၃ မှ ကြီးမားသောအောင်ပွဲအတွက် ဘုရားသခင်စီမံကွပ်ကဲသည့်တိုက်ပွဲတွင် စစ်တလင်း၌ ဉီးဆောင်တိုက်ခိုက်ရသော ယောရှုနှင့် ဘုရားသခင်၏လှံံကိုကိုင်လျက် လက်ကိုမြောက်ထားသောမောရှေတို့ ၏…
သူငယ်များပေးသောသင်ခန်းစာ
ကင်ညာနိုင်ငံ နိုင်ရိုဘီဒေသရှိ ဆင်ခြေဖုံးရပ်ကွက်နားသို့ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းတို့ နှစ်ယောက်သား ကားအတူစီးလာစဥ် မြင်တွေ့ခဲ့ရသော ဆင်းရဲမှုအခြေအနေ ကြောင့် ကျွန်ုပ်တို့နှလုံးသားကြေကွဲခဲ့ရသည်။ သို့သော် ကလေးငယ်လေးများက ဆွာဟီလီ ဘာသာဖြင့် "သင်းအုပ်ဆရာ" ဟုအော်ခေါ်ပြီး ပြေးလာသည်ကို မြင်လိုက်ရသောအခါ စမ်းရေပမာ ရင်ထဲအေးမြကြည်လင်မှုကို ခံစားလိုက်ရသည်။ ကျွန်ုပ်တို့ကားပေါ်၌ ပါလာသော သူတို့၏ဝိညာဉ်ရေးခေါင်းဆောင်ကို မြင်ပြီး ပျော်ရွှင်မှုအပြည့်နှင့် တုံ့ပြန်နေ ခြင်းဖြစ်သည်။ ဤကဲ့သို့ ညင်သာသောအော်ခေါ်သံဖြင့် ကလေးငယ်များသည် သူတို့ကိုကာကွယ်စောင့်ရှောက်ပေးသူ၊ ဂရုစိုက်ပေးသူအား ကြိုဆိုနေခြင်းဖြစ်ပါသည်။
မြည်းစီးလျက် ယေရုရှလင်မြို့သို့ သခင်ယေရှုဝင်လာစဥ် “ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ … ဒါဝိဒ်၏သားတော် ဟောရှဏ္ဏ ဖြစ်စေသတည်း” (မ ၂၁:၉၊ ၁၅)ဟု သူ့ကို ကြိုဆိုသူများတွင် ဝမ်းမြောက်နေသည့် ကလေးသူငယ်များလည်းပါဝင်သည်။ လေထဲပျံ့နှံ့နေသည့်အသံများတွင် သခင်ယေရှုကိုချီးမွမ်းသည့်အသံတစ်ခုတည်း မဟုတ်ပါ။ လူများ၏ တိုးဝှေ့လမ်းလျှောက်သံ၊ သခင်ယေရှု…