ကျေးဇူးတော်ဖြင့် ခိုင်ခံခြင်း
အမေရိကန်ပြည်တွင်းစစ်ကာလက တပ်မှထွက်ပြေးလျှင် သေဒဏ်အပြစ်ပေးခံရသည်။ သို့သော် တပ်ပေါင်းစုက ဝရမ်းပြေးများကို သတ်ဖြတ်ခဲ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စစ်သေနာပတိ အာဗြံဟံလင်ကွန်းက ထိုသူတို့ အားလုံးနီးပါးကို ခွင့်လွှတ်ခဲ့သောကြောင့်ဖြစ်သည်။ လင်ကွန်း၏သက်ညှာမှုသည် ဝရမ်းပြေးများကို သွေးဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်သည့် စစ်ဘက်ဆိုင်ရာ ဝန်ကြီး အက်ဒဝင် စတက်နန်က ထိုကိစ္စကြောင့် အမျက်ထွက်ခဲ့သည်။ သို့သော် တိုက်ပွဲပြင်းထန်ချိန်တွင် စိတ်ဓာတ်ပျက်စီးပြီး တုန်လှုပ်ခြောက်ခြားစွာခံစားရလျက်၊ ကြောက်ရွံ့မှု၌ကျရှုံးသွားသူ စစ်သည်များအပေါ် လင်ကွန်းက ထပ်တူခံစားပေးခဲ့သည်။ သူ၏စာနာမှုက စစ်သည်များနှင့်သူ့ကို ပို၍အစေးကပ်ချစ်ခင်စေသည်။ “အဘလင်ကွန်း”ကို စစ်သည်တို့ အလွန်ချစ်မြတ်နိုးပြီး ထိုချစ်စိတ်ကြောင့် လင်ကွန်း၏လက်အောက်၌ သူတို့တိုး၍တာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ခဲ့သည်။
ရှင်ပေါလုသည် တိမောသေအား သူနှင့်ပူးပေါင်းရန် “ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့ ဆင်းရဲဒုက္ခကို သည်းခံလော့” (၂ တိ ၂:၃) ဟုခေါ်သောအခါ ၎င်းအား အလွန်ခက်ခဲသောအမှုတော်အတွက် ခေါ်ခြင်းဖြစ်သည်။ စစ်သည်တစ်ဉီးသည် သူ့အသက်ကို အကြွင်းမဲ့စွန့်လွှတ်ရမည်။ ကြိုးစားရမည်၊ အတ္တကင်းရမည်။…