စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

ခရစ္စမတ်၏အတူရှိနေခြင်း

ဆရာ ဖိလစ်ဘရွတ်(Phillips Brook)၏လူကြိုက်များသော “ဗက်လင်မြို့ငယ်ကျူး” ဓမ္မသီချင်းမှ “ကြွလာတော်မူခြင်းကို မည်သူမျှမကြား၊ သို့သော် အပြစ်ရှိသောလောကမှ နူးညံ့သောစိတ်ဝိညာဉ်များ ထိုသူကို လက်ခံလိမ့်မည်။ ချစ်လှစွာသော ခရစ်တော်ရှင် ဝင်ရောက်မူလေ” ဟူသည့် စာသားများသည် ခရစ္စမတ်၏ အနှစ်သာရကို ဖော်ညွှန်းနေသည်။ ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ရန် ခရစ်တော်သည် ပျက်စီးသောလောကကမ္ဘာသို့ ကြွလာပြီး သူ့ကို ယုံကြည်သူများအား အသစ်သော၊ အရေးပါသော ဘုရားသခင်နှင့် ဆက်ဆံရေးကို ပေးရန်လာခဲ့သည်။

အထက်ပါဓမ္မသီချင်းကိုရေးပြီး ဆယ်စုနှစ်ခန့်အကြာတွင် သူ၏မိတ်ဆွေ တစ်ဦးထံရေးသောစာတွင် ဘရွတ်က သူ့အသက်တာ၌ခံစားရသည့်ထိုဆက်ဆံရေး၏အကျိုးရလဒ်ကို ရှင်းလင်းစွာဖော်ပြထားသည်။ "ဒီဆက်ဆံရေးက ကျွန်တော့် အတွက် ဘယ်လောက်ရှင်သန်လဲဆိုတာ ပြောမပြတတ်အောင်ပါပဲ၊ သခင်က ကျွန်တော်နဲ့ အတူရှိတယ်။ သူ ကျွန်တော့်ကိုသိသလို ကျွန်တော်ကလည်း သူ့ကိုသိတယ်။ ဒါကို စကားနဲ့ပြောပြလို့မရဘူး။ သူရဲ့အတူရှိခြင်းက ဒီကမ္ဘာမှာ အစစ်မှန်ဆံုး အရာပဲ။ စစ်မှန်တယ်ဆိုတာ နေ့စဥ်အသက်ရှင်မှုမှာလည်း တိုး၍ သေချာစွာ…

ဘုရားသခင်သည် အရာခပ်သိမ်းကို ကြားတော်မူ၏

သမိုင်း၌ စာပို့စနစ်နှောင့်နှေးကြန့်ကြာမှု အကြာဆုံးစံချိန်မှာ ၈၉ နှစ် ဖြစ်သည်။ ယူကေရှိ အိမ်ပိုင်ရှင်တစ်ဦးသည် သူ့အိမ်၌နေထိုင်ခဲ့သော ယခင်အိမ်ပိုင်ရှင်ထံသို့ ပါတီပွဲတက်ရောက်ရန် ၁၉၁၉ ခုနှစ်က ပေးပို့သောဖိတ်စာကို ၂၀၀၈ ခုနှစ်မှ သူရရှိ ခဲ့သည်။ တော်ဝင်စာပို့စနစ်ဖြင့်ပို့သည်ဟူသောမှတ်ချက်ဖြင့် စာတိုက်ပုံးထဲထည့်ခဲ့သော်လည်း အဘယ်ကြောင့် ထိုမျှကြန့်ကြာခဲ့ရသနည်း။ ပဟေဠိဆန်လှသည်။

ဆက်သွယ်ရေးကဏ္ဍ၌ လူသားတို့၏အကောင်းဆုံးအားထုတ်မှုပင်လျှင် တစ်ခါတစ်ရံ စိတ်ပျက်စရာဖြစ်သည်။ သို့သော် ဘုရားသခင်သည် သစ္စာတည်သည့် သူ့လူများ၏စကားကို မပျက်ကွက်ကြားနာသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။ ၃ ရာ ၁၈ တွင် ဧလိယသည် ဗာလဘုရားနှင့် ယေဟောဝါဘုရား ၏ကွဲပြားခြားနားချက်ကို ပေါ်လွင်စွာသရုပ်ပြခဲ့သည်။ ဗာလပရောဖက်များက နာရီကြာမြင့်စွာ ဆုတောင်းပြီးနောက် မည်သူက ဘုရားအစစ်အမှန်ဖြစ်သည်ကို ဖော်ပြရာတွင် ဧလိယက “ကျယ်သောအသံနှင့် ဟစ်ကြလော့။ ... ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ ...တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။…

အာကာသအလွန်မှအသံကို နားထောင်ခြင်း

မိုဘိုင်းဖုန်း၊ ဝိုင်ဖိုင်၊ ဂျီပီအက်စ်၊ ဘလူးထုသ်၊ မိုက်ခရိုဝေ့ စသည်တို့ မရှိသည့်ဘဝမျိုးကို ကျွန်ုပ်စဉ်းစားမိသည်။ အမေရိကရှိ တိတ်ဆိတ်ငြိမ်သက်မှု အရှိဆံုးမြို့လေး အဖြစ် ထင်ရှားသည့် အနောက်ဗာဂျီးနီးယားရှိ ဂရင်းဘဲန့် မြို့လေး၏ လူမှုဘဝက ထိုသို့ဖြစ်သည်။ မြို့လေးက ကမ္ဘာအကြီးဆံုးရေဒီယိုတယ်လီစကုပ်ထိန်းချုပ်စခန်း Green Bank Observatory ၌တည်ရှိသည်။ အာကာသနက်နဲရာရှိ ကြယ်မှုန်နှင့် နဂါးငွေ့တန်းများ၏လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် သဘာဝရေဒီယိုလှိုင်း များကို တယ်လီစကုပ်မှ ဖမ်းယူ နားထောင်နိုင်အောင် တိတ်ဆိတ်မှု လိုအပ်သည်။ တယ်လီစကုပ်၏ မျက်နှာပြင်ဧရိယာမှာ ဘောလံုးကွင်းတစ်ကွင်းထက် ကြီးမား ကျယ်ပြန့်ပြီး တယ်လီစကုပ်၏အထူးဖမ်းယူနိုင်စွမ်းကို နှောင့်ယှက်မည့် လျှပ်စစ် အဟန့်အတားကို ကာကွယ်ရန် တည်ထောင်ထားသည့် ဧရိယာမိုင်ပေါင်း ၁၃၀၀၀ ကျယ်ဝန်းသည့် National Radio တိတ်ဆိတ်မှုဇံု၏ အလယ်ဗဟိုတွင်ရှိသည်။

ဤသို့ ငြိမ်သက်တိတ်ဆိတ်အောင် ရည်ရွယ်ချက်နှင့်ဖန်တီးထားမှုက သိပ္ပံ ပညာရှင်များအတွက် အာကာသအလွှာမှတေးသံများကို ကြားရစေသည်။…

ဆုတောင်းခြင်းဖြင့် တစ်ပါးသူတို့ကို ချစ်ခြင်း

“လူတွေငါ့အတွက် ဆုတောင်းကြရဲ့လား” ဟု အကျဉ်းကျနေသည့် သာသနာပြုဆရာက သူ့ဇနီးသူ့ထံလာတိုင်းမေးသည့် ပထမဆံုးမေးခွန်းဖြစ်သည်။ သူသည် မတရားမှားယွင်းစွာ စွပ်စွဲခံရပြီး သူယံုကြည်ခြင်းအတွက် ထောင်ဒဏ် ၂ နှစ် အကျဉ်းချခံရသည်။ ထောင်ထဲ၌ အခြေအနေက ဆိုးဝါးပြင်းထန်သဖြင့် မကြာခဏဆိုသလို သူ့အသက်အန္တရာယ်ကြံုရသည်။ ကမ္ဘာအနှံ့အပြားမှ ယံုကြည်သူများကလည်း သူ့အတွက် စိတ်အားကြီးစွာ ဆုတောင်းပေးကြသည်။ သူက ယံုကြည်သူများအား ဆုတောင်းဖြစ်အောင် တောင်းကြစေလိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆုတောင်းများကို ဘုရားသခင်က အစွမ်းထက်သော နည်းလမ်းဖြင့် အသံုးပြုနေသည်ဟု သူယံုကြည်သောကြောင့်ဖြစ်သည်။

တစ်ပါးသူတို့အတွက် ကျွန်ုပ်တို့၏ဆုတောင်းပေးခြင်း - အထူးသဖြင့် မိမိ၏ ယံုကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူများအတွက် ဆုတောင်းပေးခြင်းသည် ၎င်းတို့အတွက် အရေးပါသော ဆုလာဘ်ဖြစ်သည်။ ရှင်ပေါလုသည် ကောရိန္သုမြို့ရှိ ယုံကြည်သူများထံစာရေးစဉ် သူ၏သာသနာပြုခရီးစဉ်တွင် ကြံုရ သည့် အခက်အခဲများနှင့်စပ်လျဉ်း၍ အထက်ပါအချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ “အသက်မလွတ်နိုင်အောင်ဟုထင်ရ၍ မခံနိုင်အောင် အတိုင်းထက်အလွန်…

အန္တိမလှိုင်း

ကမ္ဘာတစ်ဝန်းရှိ အားကစားပွဲအခမ်းအနားနှင့် ပဒေသာကပွဲတွင် လူအချို့သည် မတ်တပ်ရပ်ပြီး သူတို့၏လက်ကို မြှောက်ကြသည်။ ခဏအကြာတွင် ၎င်းတို့အနီးရှိ လူများဆက်၍ လုပ်ကြသည့် ‘လှိုင်းပုံဖော်ခြင်း’လှုပ်ရှားမှုက ခေတ်စားပြီး လူတို့နှစ်သက်စွာလိုက်လုပ်ကြသည်။ ၎င်းသည် အဆက်မပြတ်လှုပ်ရှားရန်ဖြစ်ပြီး ခန်းမကို တစ်ပတ်ပတ်မိသည်အထိ ဆက်တိုက်ပါဝင်လုပ်ဆောင်ကြရန် ဖြစ်သည်။ တစ်ပတ်ပြည့်သွားလျှင် အစပြုခဲ့သူများမှာ ပြုံးလျက်အားရရွှင်လန်းသည်။ ထိုနောက် ဆက်ပြီး နောက်တစ်ကျော့ ပြုလုပ်ကြသည်။

မှတ်တမ်းများအရ ပထမဆုံးသော လှိုင်းပုံဖော်ခြင်းသည် ၁၉၈၁ ခုနှစ် Oakland Athletics နှင့် New York Yankees ဘေ့စ်ဘောအသင်းတို့၏ ပြိုင်ပွဲမှစတင်ခဲ့သည်ဟု ဆိုသည်။ ပျော်စရာကောင်းခြင်းကြောင့် ထိုသို့လှိုင်း ပုံဖော်ခြင်း၌ ပါဝင်ရသည်ကို ကျွန်ုပ်နှစ်သက်သည်။ ထိုသို့ လက်မြှောက် ‘လှိုင်း’ ဖော်ကြစဉ် ခံစားရသည့် ပျော်ရွှင်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုက ဧဝံဂေလိတရား ကို သတိရတွေးမိစေပါသည်။ ရှင်ယေရှုအားဖြင့်ဖြစ်သည့် ကယ်တင်ခြင်း သတင်းကောင်းသည် ချီးမွမ်းခြင်းနှင့်မျှော်လင့်ခြင်း၌တည်နေသည့်…

ရည်ရွယ်ချက်အတိုင်း အသက်ရှင်

အပန်းဖြေခရီး၏ပထမခြေလှမ်းအဖြစ် ကားစထွက်သည်နှင့် ကျွန်တော့်ဇနီးက သုံးနှစ်အရွယ် မြေးလေး အော်စတင်ကို “ဖွားဖွားတို့ အပန်းဖြေခရီး သွားကြမယ်” ဟု စိတ်အားထက်သန်စွာနှင့်ပြောလိုက်သည်။ အော်စတင်လေးက တွေးတွေးဆဆ နှင့် အဖွားဖြစ်သူကိုကြည့်လိုက်ပြီး “သားက အပန်းဖြေခရီးသွားတာ မဟုတ်ဘူး၊ အထူး တာဝန်ဆောင်ရွက်ဖို့ သွားတာပါ ”ဟု တုံ့ပြန်လိုက်သည်။

“အထူးတာဝန်”ဆောင်ရွက်ရန်သွားသည်ဟူသောအတွေးကို မြေးလေး ဘယ်က ရလာသည်ကိုမသိသော်လည်း လေယာဉ်ကွင်းသို့သွားသည့်လမ်း တစ်လျှောက် သူ့မှတ်ချက်က ကျွန်တော်အတွက် စဉ်းစားစရာဖြစ်ခဲ့သည်။ ဤအပန်းဖြေခရီး ထွက်လာပြီး ရက်အနည်းငယ်အနားယူနေစဉ် ဘုရားသခင်နှင့် အတူ၊ ဘုရားသခင်အတွက် အချိန်တိုင်း အသက်ရှင်ခြင်းဟူသော “အထူးတာဝန်” ကို ကျွန်တော် ဆောင်ရွက်နေကြောင်း စိတ်ထဲသိမှတ်ပါသလား။ မိမိလုပ်ဆောင် သည့်အရာတိုင်း၌ အရှင့်အား အစေခံရန် သတိရပါသလား။

တမန်တော်ရှင်ပေါလုက ရောမအင်ပါယာ၏မြို့တော် ရောမမြို့ရှိ ယုံကြည်သူ များအား “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့”(ရော…

လေးလံနှေးကွေးလည်း ခရီးဆက်ဆဲ

ထာဝရဘုရားသည် လူတို့မျက်စိလျှမ်းသွားသူများကို အသံုးပြုလိုသည်။ ဝီလီယမ် ကယ်ရီ သည် ၁၇၀၀ ပြည့်နှစ်အစောပိုင်းက သေးငယ်သော ရွာလေးတစ်ရွာတွင် မွေးဖွားကြီးပြင်းလာခဲ့ပြီး ပညာလည်း အနည်းငယ်သာတတ်သည်။ သူရွေးချယ်ခဲ့ သည့် ကုန်သည်အလုပ်ကလည်း မအောင်မြင်သလောက်ဖြစ်ပြီး ဆင်းရဲစွာ နေထိုင် ခဲ့ရသည်။ သို့သော် ဘုရားသခင်သည် သတင်းကောင်းဝေငှလိုသည့်စိတ်ဇောကို သူ့အားပေးခဲ့ပြီး သာသနာပြုတစ်ဉီးဖြစ်စေခဲ့သည်။ ကယ်ရီသည် ဂရိဘာသာ၊ ဟေဗြဲဘာသာနှင့် လက်တင်ဘာသာ စကားများ လေ့လာခဲ့ပြီး ဘင်္ဂါလီ ဘာသာသို့ ဓမ္မသစ်ကျမ်းကို ပထမဉီးဆံုး ဘာသာပြန်ဆိုခဲ့သည်။ ယနေ့ခေတ်တွင် သူသည် မျက်မှောက်ခေတ်သာသနာဖခင်ကြီးဟု သတ်မှတ်ခြင်းခံရသည်။ သူ့တူထံ ရေး‌သောစာတွင် "နှေးပေမဲ့ ငါဆက်လုပ်နိုင်တယ်။ အခက်အခဲရှိလည်း ငါဇွဲနဲ့ ဆက်လုပ်နိုင်တယ်" ဟု သူ၏စွမ်းရည်အပေါ်စိတ်နှိမ့်ချမှုသဘောကိုတွေ့ရသည်။

ထာဝရဘုရားသခင်သည် အလုပ်တာဝန်တစ်ခုပေးအပ်ပါက မိမိ၌မည်သည့် အားနည်းချို့ယွင်းချက်ရှိနေပါစေ စွမ်းဆောင်နိုင်သည့်ထက်သာလွန်သော ခွန်အား အစွမ်းကိုပါပေးသည်။ တရားသူကြီးမှတ်စာ ၆:၁၂ တွင် “ထာဝရဘုရား၏…

ကျရှုံးမှုထဲမှ မိတ်ဆွေ

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇၊ ရတနာသိုက်မုဆိုး သုံးဦးတို့သည် ရိုက်ကူးရေးအဖွဲ့နှင့် အတူ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဟောလီးဝုဒ်ဘိုး အားကစားကွင်း အပြင် ဘက် ကတ္တရာလမ်းကို စတင်တူးကြသည်။ လွန်ခဲ့သော ၇၅ နှစ်ခန့်က ထိုနေရာ၌ ရွှေ၊ စိန်၊ ပုလဲများမြှုပ်နှံထားသည်ဟုကောလဟာလထွက်ခဲ့သည့် ခါဝမ်းဂါ တောင်ကြား ရတနာသိုက်ကို သူတို့ရှာဖွေနေခြင်းဖြစ်သည်။

သို့သော် သူတို့ ဘာကိုမှရှာမတွေ့ပါ။ ၂၄ ရက်မျှ တူးဖော်ပြီး ကျောက်ဖျာကို ဆောင့်တူးမိတော့မှ သူတို့ရပ်လိုက်ကြသည်။ ဖြစ်မြောက်သွားသည့်အရာမှာ အကျယ် ၉ ပေ၊ အနက် ၄၂ ပေရှိသည့် တွင်းကြီးသာဖြစ်သည်။ စိတ်ပျက်လက်ပျက် နှင့် သူတို့ ထွက်သွားပါတော့သည်။

လူဆိုသည်မှာ အမှားပြုမိသည်သာ။ ကျွန်ုပ်တို့အားလုံး အမှားလုပ်မိကြသည်။ ဧဝံဂေလိခရီးစဉ်၌ မာကုသည် ပေါလုနှင့်ဗာနဗတို့နှင့် “ခွာ၍ အမှုထမ်းရာသို့ မလိုက် မသွား”ဟု ကျမ်းစာက ဆိုသည်။…

ရွေးနှုတ်ခြင်း၏မျှော်လင့်ရာ

ထိုလူသည် ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်ရသည်။ သူ၏ပြစ်မှုများမှာ (လူ ၆ယောက်သေခဲ့သည့်) လူ ၈ ယောက်ကို သေနတ်ဖြင့်ပစ်ခြင်း၊ ၁၉၇၀ ခုနှစ် နယူးယောက်မြို့ အကြမ်းဖက်မှုတွင် ရှို့မီး ၁၅၀၀ နီးပါးကို စတင်ခြင်းတို့ ပါဝင်သည်။ သူက အမှုဖြစ်သည့်နေရာများတွင် ရဲများကိုခနဲ့သည့်စာများထားခဲ့ပြီး နောက်ဆုံး အဖမ်းခံခဲ့ရသည်။ လူသတ်မှုတစ်ခုလျှင် ၂၅ နှစ် ဆက်တိုက် ပြစ်ဒဏ်ပြန်ပေးဆပ်ရန် စီရင်ချက်ကျခဲ့သည်။

သို့သော် သူ့ထံသို့ ဘုရားသခင် ကြွရောက်ခဲ့သည်။ ယနေ့ သူသည် နေ့ရက်တိုင်း သမ္မာကျမ်းစာဖြင့်သာ အချိန်ကုန်နေသည့် ခရစ်တော်ကိုယုံကြည်သောသူ ဖြစ်လာ သည်။ သူ့ပြစ်မှု၏ဓားစာခံမိသားစုဝင်များကို အလွန်ဝမ်းနည်းကြောင်းဖော်ပြပြီး သူတို့အတွက် ဆက်ဆုတောင်းပေးသည်။ နှစ်ပေါင်း ၄၀ ကျော်မျှ ထောင်ကျခဲ့ပြီး ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်မှတ်ရလည်း ဤသူသည် ဘုရားသခင်ထံ၌ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့ပြီး၊ “ကျွန်ုပ်၏လွတ်မြောက်ခြင်းသည် ယေရှုဟူသော စကားတစ်လုံး၌သာ တွေ့ခဲ့တယ်” ဟု ပြောခဲ့သည်။…

အလင်းထိန်းသိမ်းသူများ

“အလင်းထိန်းသိမ်းသူများ”။ အမေရိကန်ပြည်ထောင်စု ကာရိုလိုင်းနား မြောက်ဘက် ကမ်းရိုးတန်း၏ မလှမ်းမကမ်းရှိ Hatteras ကျွန်းအငူရှိ မီးပြတိုက်၌ ၁၈၀၃ ခုနှစ် ကတည်း က မီးတိုင်များ စတင်ပြုလုပ်ခဲ့သူများအတွက် အမှတ်တရ အထိမ်းအမှတ် မှတ်တိုင်တစ်ခု ရှိသည်။ ကမ်းရိုးတန်းတိုက်စားခံရခြင်းကြောင့် ကျန်ရှိသော မှတ်တိုင်အပိုင်းကို အတွင်းပိုင်း ဒေသ နေရာသစ်သို့ပြောင်းရွှေ့ခဲ့ပြီး​နောက် အလင်းထိန်းသိမ်းသူများ၏အမည်များကို မှတ်တိုင်၏အုတ်မြစ်ဟောင်းကျောက်တုံးများတွင် ထွင်းလျက် ထိုကျောက်တံုးများကို နေရာသစ်သို့မျက်နှာမူပြီး ပွဲကြည့်စင်အဝိုင်းပံုသဏ္ဌာန် စီထားခဲ့သည်။ ယနေ့တွင် လာရောက်လည်ပတ်သူများသည် သမိုင်းဝင် အလင်းထိန်းသိမ်းသူများ၏ ခြေရာအတိုင်း လိုက်ပြီး ဆိုင်းဘုတ်တစ်ခု၌ ဖော်ပြထားသည့်အတိုင်း မီးပြတိုက်ကို "စောင့်ကြည့်နိုင်ပါပြီ။"

သခင်ယေရှုသည် အန္တိမအလင်းပေးသူဖြစ်သည်။ “ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်တော်မူ၏ (ယော ၈:၁၂)။ ၎င်းသည် လူတိုင်းရရှိနိုင်သော အခွင့်အရေးဖြစ်သည်။…