စာရေးသူ

အားလုံးမြင်နိုင်ရန်
John Blase

ဂျွန်ဘလိတ်စ်

ဆရာ ဂျွန်ဘလိတ်စ်သည် ၁၀ နှစ်တာမျှ တရားဟောပြောသည့် အမှုတော်ကို ထမ်းဆောင်ခဲ့ပြီးနောက် ကဗျာရေးသား ထုတ်ဝေရောင်းချခြင်းလုပ်ငန်းကို အစပြုခဲ့သည်။ လက်ရှိတွင် ကိုလိုရာဒို ပြည်နယ်၊ ကိုလိုရာဒို စပရင်းဒေသရှိ WaterBrook & Multnomah Publishers စာအုပ်တိုက်အတွက် စာတည်းအဖြစ် လုပ်ကိုင်လျက် ရှိသည်။ သူရေးသားသည့် စာအုပ်များမှာ The Jubilee: Poems; Know When to Hold ’Em: The High Stakes Game of Fatherhood; Touching Wonder: Recapturing the Awe of Christmas, All Is Grace: A Ragamuffin Memoir တို့ဖြစ်ပါသည်။ ဆရာ၌ အလွန်ချောမောသည့် ဇနီးသည်နှင့် မအေတူကလေး ၃ ဦး ရှိခြင်းကြောင့် သူ့ကိုယ်သူ အလွန်ကျေးဇူးတော် ခံစားရသူဟု ဆိုသည်။

စာမူ/ အကြောင်းအရာ များ ဂျွန်ဘလိတ်စ်

ပြည့်စုံသောအသက်တာ

ပထမကမ္ဘာစစ်ပြီးခါနီး ၁၉၁၈ ခုနှစ်တွင် ဓာတ်ပုံဆရာ အဲရစ် အဲန်စတောမ်သည် သူ့လက်ရာ ဓာတ်ပုံများကိုတင်ဆက်ရန် ပြန်လည်စုစည်းခဲ့သည်။ လူများစွာက ဘာမှမရှိသကဲ့သို့ ခံစားနေရချိန်၌ ပြီးပြည့်စုံခြင်းခံစားချက်ကိုဖော်ပြသည့်ဓာတ်ပုံ တစ်ပုံကို သူထည့်သွင်းဖော်ပြလိုသည်။ ထိုဓာတ်ပုံမှာ မုတ်ဆိတ်မွှေးနှင့်အဖိုးအိုတစ်ဉီးသည် စားပွဲ၌ထိုင်ပြီး ခေါင်းငုံ့ဆုတောင်းနေပုံဖြစ်သည်။ သူ့ရှေ့တွင် စာအုပ်၊ မျက်မှန်၊ ဆန်ပြုတ်တစ်ခွက်၊ ပေါင်မုန့်တစ်လုံးနှင့် ပေါင်မုန့်လှီးဓားတစ်လက်ရှိသည်။ ထိုအရာများအပြင် အပိုမရှိ၊ သို့သော် ဘာမှမလို၊ ဘာတစ်ခုမှ လျော့မနေပါ။ ယခုတွင် ထိုဓာတ်ပုံကို အများက အလွန်နှစ်သက် သဘောကျကြသည်။

ဓာတ်ပုံဆရာသည် ရှားပါးမှုကို ထုတ်ဖော်နေခြင်းဟု အချို့ကဆိုမည်။ သို့သော် အဲန်စတောမ်၏ရှုထောင့်က ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းသည် ပြည့်စုံသည့်ဘဝ ဖြစ်သည်။ ဓာတ်ပုံထဲမှအဖိုးအိုသည် ကျေးဇူးသိတတ်မှုဖြင့် ပြည့်စုံသည့်ဘဝကို ရှင်သန်နေသည်။ သင်နှင့် ကျွန်ုပ်လည်း အခြေအနေ မည်သို့ပင် ရှိရှိ၊ ထိုဘဝကို ခံစားနိုင်ပါသည်။ သခင်ယေရှုက ယော…

ချီးမွမ်းခြင်းနှင့်ပြည့်သော ဘဝနေထိုင်မှုပုံစံ

ဝေါလစ် စတက်နာ၏မိခင်သည် အသက် ၅၀ တွင် ကွယ်လွန်ခဲ့သည်။ ဝေါလစ်သည် သူ့အသက် ၈၀ တွင် "Letter, Much Too Late" ဆိုသည့် အလွန်နောက်ကျမှ ရေးဖြစ်သည့် စာတိုလေးကို သူ့မိခင်ထံ ရည်စူးရေးခဲ့သည်။ ထိုစာ၌ အမေရိကန်အနောက်ပိုင်း​ဒေသ တည်ထောင်စကာလ ခက်ခဲကြမ်းတမ်းမှုများကြားတွင် ကြီးပြင်းအရွယ်ရောက်ကာ အိမ်ထောင်ကျပြီး သားနှစ်ဦးကို ပြုစုပျိုးထောင်ပေးသည့် သီလနှင့်ပြည့်စုံသော အမျိုးသမီးကို ချီးမွမ်းထားသည်။ သူသည် နှစ်လိုဖွယ်မရှိသူများကိုပင် ခွန်အားပေးသည့် ဇနီးတစ်ဦး၊ မိခင်တစ်ဦးဖြစ်သည်။ မိခင်ကြီးသည် သူ၏ ခွန်အားကို အသံအားဖြင့်ဖော်ပြခြင်းကို ဝေါလစ် အမှတ်ရ သည်။ “သီချင်းဆိုဖို့ အခွင့်အရေးကို အမေဘယ်တော့မှ အဆုံးရှုံးမခံဘူး” ဟု စတက်နာ ရေးသားခဲ့သည်။ စတက်နာ၏ မိခင်သည် သူအသက်ရှင်နေသရွေ့ ကောင်းချီးကြီးငယ်မဟူအတွက် ကျေးဇူးတင်ပြီး သီချင်းဆိုချီးမွမ်းခဲ့သည်။
ဆာလံဆရာသည်လည်း သီချင်းဆိုချီးမွမ်းရန် အခွင့်အရေးကို အရယူခဲ့သည်။…

ပေးသနားသူကို မမေ့ပါနှင့်

ခရစ်စမတ်မတိုင်မီအချိန်ဖြစ်ပြီး သူ့ကလေးများသည် ကျေးဇူးတရားနှင့်ပတ်သက်၍ အခက်တွေ့နေသည့် အချိန်ဖြစ်သည်။ ထိုသို့သောအတွေးမျိုးဖြင့် အလွယ်တကူအတွေး ချော်သွားနိုင်သည်ကို သူသိသော်လည်း ကလေးများ၏နှလုံးသားအတွက် ပိုကောင်းသော အရာကို သူအလိုရှိကြောင်းကိုလည်း သူသိနေသည်။ သို့နှင့် သူသည် အိမ်အနှံ့ မီးခလုတ်၊ စားစရာများထည့်ထားသည့်ဗီရို၊ ရေခဲသေတ္တာတံခါးရွက်၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်၊ ရေပိုက်ခေါင်း စသည်တို့ အပေါ်တွင် အနီရောင်ဖဲပြားလေးများ လိုက်ကပ်ထားလိုက်
သည်။ ဖဲပြားတစ်ခုချင်းစီနှင့်အတူ “ငါတို့အတွက် ဘုရားပေးထားတဲ့ လက်ဆောင်အချို့ကို လွယ်လွယ်နဲ့ မမြင်လိုက်တာ မျိုးဖြစ်တတ်တယ်။ ဒါကြောင့် အဲဒီလက်ဆောင် တွေအပေါ်မှာ ဖဲပြားတွေ လိုက်ကပ်ထားတာ။ ဘုရားသခင်ဟာ ငါတို့မိသားစုအပေါ်မှာ သိပ်ကောင်းမြတ်တယ်။ လက်ဆောင်တွေ ဘယ်ကလာလဲဆိုတာကို မမေ့ကြစို့နဲ့” ဟု လက်နှင့်ရေးထားသည့် စာတိုလေးများပါရှိသည်။

တရားဟောရာကျမ်း ၆ တွင် အနာဂတ် ဣသရေလနိုင်ငံတော်တည်ထောင်ရေး၌ အခိုင်အမာရှိပြီးသား နယ်မြေအချို့ကို သိမ်းပိုက်အောင်နိုင်ရေးက တစ်စိတ်တစ်ပိုင်း ပါဝင် သည်။…

ဘုရား၏ အထူးအဖိုးထိုက္ရတနာ

ရာဇပလ္လင်ကြီးတစ်ခုရှိသည့် အခန်းကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ ပလ္လင်ထက်တွင် ကြီးမြတ်သည့်ရှင်ဘုရင်တစ်ပါး ထိုင်နေသည်။ သူ့ဘေးပတ်လည်တွင် အခြွေအရံ အစေအပါး များစွာတို့ကလည်း ကျိုးနွံရိုကျိုးစွာ ဝန်းရံနေသည်။ ယခုတွင် ရှင်ဘုရင်ကြီး၏ ခြေတော်နားရှိ သေတ္တာတစ်လုံးကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရင်ကြီးသည် မကြာမကြာ သေတ္တာကိုလှမ်းကိုင်ပြီး လက်နှင့်လည်း စမ်းနေတတ်သည်။ သေတ္တာထဲတွင် ဘာရှိသနည်း။ ဘုရင်ကြီးအကြိုက် ရတနာ၊ ရွှေနှင့် အဖိုးထိုက်ကျောက်မျက်များလား။ ဤသေတ္တာထဲတွင် ဘုရင်ကြီး၏ အဖိုးထိုက်ရတနာ၊ ဘုရင်ကြီးအား ဝမ်းမြောက် အားရစေသည့် အရာတစ်ခုရှိသည်။ ထိုပုံမြင်ကွင်းကို သင့်စိတ်ထဲ မြင်နိုင်ပါသလား။

ဟေဗြဲဘာသာဖြင့် ဤရတနာမှာ segulah ဖြစ်ပြီး ‘‘အထူးပိုင်ဆိုင်မှု’’ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံးကို ဣသရေလလူမျိုးတို့အား ရည်ညွှန်းထားသည့် ထွက် ၁၉း၅၊ တရား ၇း၆ နှင့် ဆာ ၁၃၅း၎ စသည့် ဓမ္မဟောင်းကျမ်း၌ တွေ့နိုင်သည်။ ဓမ္မသစ်ကျမ်းထဲတွင်လည်း တမန်တော်ရှင်ပေတရု ရေးသားသော…

ငြိမ်ဝပ်သောဘ၀ကို ရှာဖွေခြင်း

‘‘ကြီးလာရင် ဘာဖြစ်ချင်လဲ’’ ဟူသော မေးခွန်းကို ကလေးဘဝမှစ တစ်ခါတစ်ရံ ကြီးပြင်းလာချိန်ထိ ကျွန်ုပ်တို့အားလုံးကြားဖူးကြသည်။ စူးစမ်းသိလိုသည့်စိတ်မှ ဤမေးခွန်းကိုမေးတတ်ပြီး အဖြေက မိမိ၏ ရည်မှန်းချက်ကို ဖော်ပြနေတတ်သည်။ နှစ်များပြောင်းလာသည်နှင့် ကျွန်ုပ်၏အဖြေလည်း အမျိုးမျိုး ပြောင်းခဲ့သည်။ နွားကျောင်းသား ကောင်းဘွိုင်း၊ ကုန်ကားမောင်းသူ၊ စစ်သား စသဖြင့် ဖြစ်ချင်ပြီး ကောလိပ်ကျောင်းတက်ချိန်တွင် ဆရာဝန်ဖြစ်ရန် ရည်မှန်းခဲ့သည်။ သို့သော် ‘‘ဆိတ်ငြိမ်သော ဘဝ’’ ကို ရှာရန် မည်သူမျှ တစ်ယောက်မျှ အကြံမပေးခဲ့ဖူးပါ။ ကျွန်ုပ်ကိုယ်တိုင်လည်း ရှာရန် စိတ်မကူးခဲ့ဖူးပါ။"

၎င်းသည် သက်သာလောနိတ်မြို့သားများကို ရှင်ပေါလု အသေအချာပြောခဲ့သည့်စကားဖြစ်သည်။ ရှေးဦးစွာ သက်သာလောနိတ်မြို့သားများအား အချင်းချင်း ချစ်ကြရန်၊ အထူးသဖြင့် ဘုရားသခင်၏မိသားစုဝင်များအားလုံးကို ပိုချစ်ရန် ရှင်ပေါလု တိုက်တွန်းသည် (၁ သက် ၄း၁၀)။ ထို့နောက် သက်သာလောနိတ်မြို့သားတို့၏လက်နှင့် လုပ်ဆောင်သမျှတို့တွင် သတိထားရန်၊ ‘‘ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကို…

သင့် ချပ်ဝတ်တန်ဆာကို ယုံပါ

သက်နုစာရေးဆရာဖြစ်သည့်အလျောက် စာအရေးအသား သင်တန်းများတွင် တခါတရံ မိမိကိုယ်ကိုမိမိ မရေရာမသေချာသလို ခံစားရသည်။ သင်တန်းခန်းမကိုကြည့်ပြီး လူထွားကြီးများအပြည့် (စနစ်တကျလေ့ကျင့်ထားသော စာရေးဆရာ (သို့) ဝါရင့် စာရေးဆရာများ) ရှိသောအခန်းဟုသာ မြင်မိသည်။ ကျွန်တော်က စနစ်တကျ သင်တန်းတက် လေ့ကျင့်ထားခြင်းမရှိ၊ ဝါရင့်စာရေးဆရာ တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် ကျွန်တော်၌ ဘာသာစကားအယူအဆ၊ အသံနေအထား၊ ကာရံများနှင့် ဖွဲ့စည်းထားသည့် ကင်းဂျိမ်းစ်ဗားရှင်း အင်္ဂလိပ် သမ္မာကျမ်းစာကို နားလည်နိုင်သော စွမ်းရည်ရှိသည်။ ပြောရလျှင် ၎င်းသည် ကျွန်တော့်တွင်ရှိသော ချပ်ဝတ်တန်ဆာ ဖြစ်ပြီး ကျွန်တော်နှင့် အကျွမ်းတ၀င်ရှိသည်။ ၎င်းသည် ကျွန်တော်၏ စာရေးဟန်နှင့် လေသံကို ပုံဖော်ပေးသဖြင့် ကျွန်တော်ဝမ်းမြောက်မိသည်။ အခြားသူများအတွက်လည်း ဝမ်းမြောက်ခြင်းကို ဖြစ်စေမည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

ဒါဝိဒ်သည် ဂေါလျက်ကိုတိုက်ရန် ရှောလု၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်သောအခါ သူသည် မသေချာမရေရာစွာ ခံစားရမည်ဟု ကျွန်တော်တို့ မထင်မိပါ…

နောက်ဆုံးအတည်ဖြစ်သောအရာ

ကျောင်းသားဘဝတုန်းက စာရာလင်း ဆိုသော ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား ခဲ့ဖူးသည်။ သူမရယ်လိုက်လျှင် အံ့သြဖွယ်ကောင်းလောက်အောင် နားထောင်ကောင်း လှသည်။ ကျွန်တော် သဘောကျတာကို သူမ သိမသိကို မသေချာသော်လည်း ကျွန်တော့်အထင်တော့ သူမ သိနေသည်။ ဘွဲ့ယူပြီးနောက် သူမနှင့် အဆက်အသွယ် ပြတ်သွားသည်။ ကျွန်တော်တို့ ဘဝများသည် မတူညီသော ဘ၀ဦးတည်ရာအတိုင်း အသီးသီး ကွဲပြားသွားပေတော့သည်။

အွန်လိုင်းဖိုရမ်များတွင် တစ်နှစ်ထဲကျောင်းပြီးသည့် ကျောင်းသားဟောင်းများနှင့် အဆက်အသွယ် ပြန်ရသဖြင့် စာရာလင်း ဆုံးသွားပြီဖြစ်ကြောင်း သတင်းကြားရသောအခါ အင်မတန်မှ ဝမ်းနည်းခဲ့ရသည်။ သူမ ဘ၀ကို မည်သို့ ဖြစ်သန်းခဲ့သနည်းဟု ကျွန်တော်တွေးမိသည်။ အသက် ကြီးလာသည်နှင့်အမျှ ချစ်သောသူငယ်ချင်းများ၊ မိသားစုများကို ဆုံးရှုံးရသည့်အခါ ထိုအကြောင်းကို ပိုမို ဆင်ခြင်မိ လာသည်။ သို့သော် လူအများစုက ထိုအကြောင်းကို မပြောဘဲ ရှောင်လွဲလိုကြသည်။

ကျွန်တော်တို့ ဝမ်းနည်းရစဉ်မှာပင် ထိုသေတတ်သောအရာများသည်…

သီဆိုကျူးဧရခြင်း၏အကြောင်းရင်း

စည်းနှင့်ကမ်းနှင့် နေထိုင်သူအနေဖြင့် ကျွန်တော့်ဘက်မှ ပျက်ကွက်မှုဟုဆိုရပါမည်။ ကျွန်တော် အိပ်ပျော်သွားခြင်းကြောင့်ပါ။ ကျွန်တော့်ကလေးများသည် ညပိုင်းတွေ့ဆုံပွဲ အတွက် အပြင်သို့ထွက်သည့်အခါ ၎င်းတို့ကို အချိန်ကန့်သတ်ပေးထားသည်။ ကလေးများက လိမ္မာပါသည်။ စည်းကမ်းနာခံကြသည်။ သို့သော် ကျွန်တော့်အကျင့်က အိမ်ရှေ့တံခါးမကြီးဖွင့်သံ ကြားရသည့်အထိ စောင့်ဆိုင်းနေ တတ်သည်။ သူတို့အိမ်သို့ လုံခြုံစွာ ပြန်လည်ရောက်ရှိကြောင်း သိလို၍ ဖြစ်သည်။ ထိုသို့စောင့်ရန်မလိုသော်လည်း ကျွန်ုပ်က စောင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်ညတွင် ကျွန်တော်နိုးလာစဉ် သမီးက ပြုံးလျက် “ဖေဖေ၊ ကျွန်မ ဘေးအန္တရာယ်ကင်းစွာ ပြန်ရောက်ရှိလာပါပြီ။ ဖေဖေ ပြန်အိပ်တော့လေ” ဟု ပြောပါသည်။ သတိထား သော်လည်း တစ်ခါတစ်ရံ အဖေများ အိပ်ပျော်သွားတတ်သည်။ ငါစောင့်နေရတာဟုဝါကြွားစရာမရှိ၊ အဖေလည်း လူသားပေမို့ မဟုတ်ပါလား။

သို့သော် ဘုရားသခင်သည် မည်သည့်အခါမျှ ထိုကဲ့သို့မဖြစ်ပါ။ ဆာလံ ၁၂၁ ၌ ကိုယ်တော်သည် သူ၏သားသမီးများအား…

ဝါကြွားရမည့်အရာ

‘‘စစ်မှန်ခြင်း’’၏ ဆိုလိုရင်းကား အဘယ်နည်း။ ထိုမေးခွန်းကို ‘‘ကတ္တီပါယုန်လေး’’ ဆိုသော ကလေးပုံပြင်စာအုပ်မှ အဖြေပေးထားသည်။ ကတ္တီပါယုန်လေး၏ဇာတ်လမ်းမှာ သူငယ်လေးတစ်ယောက်၏ အရုပ်များအကြောင်း ဖြစ်ပြီး ထိုအရုပ်များထဲမှ ကတ္တီပါသားနှင့် ချုပ်လုပ်ထားသော ယုန်ရုပ်လေးသည် သူငယ်လေး၏ ချစ်မြတ်နိုးမှုကို ခံရခြင်းဖြင့် သူ၏ဖြစ်တည်မှုအမှန်နှင့် ရှင်သန်နိုင်တော့သည်။ ပညာရှိ မြင်းရုပ်အဟောင်းကြီးက စက်တပ်အရုပ်လေး များသည် ဝင့်ကြွားစွာ ရောက်ရှိလာပြီး၊ မကြာမီ တစ်စတစ်စ ပျက်စီးပျောက်ကွယ်သွားခဲ့သည်ကို မြင်ခဲ့ရသည်။ ထိုအရုပ် များမှာ အထင်ကြီးလောက်စရာဖြစ်သော်လည်း ၎င်းတို့၏ ဝါကြွားမှုမှာ ချစ်ခြင်းမေတ္တာနှင့် နှိုင်းယှဉ်လာလျှင် ဘာမျှ မပြောပလောက်တော့ပါ။

ကိုယ့်ကိုယ်ကို အမွန်းတင် ဝါကြွားခြင်း၏အရှိန်အဝါ သည် ကြီးမားသော်လည်း အဆုံးတွင် တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသည်။ ယေရမိအနာဂတ္တိကျမ်း ၉း၂၃ တွင် ယေရမိက ဝါကြွားဂုဏ်ယူစရာ ပညာ၊ ခွန်အားအစွမ်းသတ္တိနှင့် ဥစ္စာ စည်းစိမ် စသည့် အချက်…

မိမိသွန်သင်သည့်အတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း

စာရေးဆရာနှင့်သင်းအုပ်ဆရာဖြစ်သူ ယူဂျင်းပီတာဆင်သည် လေးစားကြည်ညိုဖွယ် ဆရာဝန်နှင့် သင်းအုပ်အကြံပေးပုဂ္ဂိုလ် ဆွဇ်လူမျိုး ဒေါက်တာ ပေါလ်တိုးနီးယား၏ ဟောပြောချက်တစ်ခုကို နားထောင်ခွင့်ရခဲ့သည်။ ဒေါက်တာတိုးနီးယား၏ ဆောင်ရွက် ချက်များကို သူဖတ်ဖူးပြီး သူ၏ဆေးကုသပုံနည်းလမ်းများကို သူနှစ်သက်သည်။ တစ်ဖန် ဒေါက်တာ၏ဟောပြောချက်ကို နားထောင်ခဲ့ရပြန် သဖြင့် ဆရာ ပီတာဆင် သည် ဒေါက်တာ့အပေါ် အလွန် အထင်ကြီးလေးစားမိသည်။ ဟောပြောချက်ကို သူနားထောင်ရင်းမှ ဒေါက်တာ တိုးနီးယားသည် ပြောသည့် အတိုင်း အသက်ရှင်ပြီး၊ သူ အသက်ရှင်သည့်အတိုင်း သူဟောပြောသည်ဟု ခံစားမိသည်။ သူ၏ခံစားချက်ကို “ထပ်တူညီသည်” ဟူသော စကားလုံးဖြင့် ဖော်ပြရန် ရွေးချယ် ခဲ့သည်။ အဲဒါ ကျွန်ုပ်စဉ်းစားလို့ရတဲ့ အကောင်းဆုံး စကားလုံးပဲ” ဟု သူပြောသည်။

“ထပ်တူညီခြင်း” ကို အချို့က “ပြောသည့်အတိုင်း ပြုကျင့်လုပ်ဆောင်ခြင်း” ဟု ရည်ညွှန်းဆိုကြသည်။ တမန်တော်ယောဟန်က ကျွန်ုပ်တို့သည် “အလင်း၌…