အချိုမြိန်ဆုံး ရိတ်သိမ်းချိန်
ကျွန်မတို့အိမ်ဝယ်ချိန်၌ အခြေခိုင်ပြီဖြစ်သောစပျစ်ခြံကို အမွေရရှိခဲ့သည်။ အပင် ချိုင်ပုံ၊ ရေလောင်းပုံ၊ ပြုစုပျိုးထောင်ပုံတို့ကိုသိရှိရန် စိုက်ပျိုးရေးလက်သင်များ အနေနှင့် ကျွန်မတို့မိသားစု အချိန်အတော်လေးမြှုပ်နှံခဲ့ရသည်။ အသီးဆွတ်ချိန်၌ စပျစ်သီးတစ်လုံးခူးပြီး ပါးစပ်ထဲထည့်လိုက်ရာ ချဉ်လွန်းလှ၍ စိတ်ပျက်သွားရသည်။
အပင်ပန်းခံ လုပ်ဆောင်ခဲ့လေသမျှ စပျစ်ခင်း၏ခါးသီးသောရလဒ်ကြောင့် ကျွန်မ၏စိတ်ပျက်မှုက ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅ မှ စကားသံကို ပဲ့တင်ထပ်နေသည်။ ထိုကျမ်း၌ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်၏ ဆက်ဆံရေးကိုဖော်ကျူးထားသည်။ ဘုရားသခင်အား မြေကိုရှင်းလင်း၊ စပျစ် မျိုးကောင်းကိုစိုက်၊ တောကောင်မဖျက်ဆီးအောင် လင့်စင်ထိုးပြီး စောင့်ရှောက်ကာ အသီးဆွတ်ချိန်၌ ထွက်ရှိမည့်ရလဒ်အတွက် အသေအချာပြင်ဆင်ထားသည့် လယ်သမားအဖြစ်တင်စားသည်(၅:၁-၂)။ သို့သော် ဣသရေလလူကို ပုံဆောင် သော စပျစ်ခင်းမှ တစ်ကိုယ်ကောင်းဆန်မှု၊ မတရားမှု၊ ဖိနှိပ်ညှဉ်းဆဲမှုစသည့် လယ်သမား အတွက် စိတ်ပျက်စရာချဉ်သီးများသာ ထွက်ရှိသည်(:၇)။ နောက်ဆုံး၌ တစ်ချိန်တွင် ကောင်းသောအသီးဆွတ်ခူးရရန် မျှော်လင့်ချက်ဖြင့် ဘုရားရှင်သည် အကြွင်းအကျန်အချို့ကို ချန်ပြီး…
မျှော်လင့်ခြင်းကို ရွေးချယ်ခြင်း
ကမ္ဘာအနှံ့အပြား နေ့တာတိုသောဆောင်းရာသီ၌ နေရောင်ခြည်ရရှိမှု အကန့်အသတ်ရှိသော ဒေသများတွင်ဖြစ်လေ့ရှိသည့် ရာသီအလိုက်စိတ်ပိုင်းဆိုင်ရာ ရောဂါ SAD စိတ်ကျဝေဒနာခံစားရသူ သန်းပေါင်းများစွာအနက် ကျွန်မသည် တစ်ဦးအပါအဝင်ဖြစ်သည်။ ရေခဲတစ်မျှ အေးခဲလှသော ဆောင်းတွင်းကျိန်စာ ဘယ်တော့မှအဆုံးမသတ်နိုင်ဟု ကြောက်စိတ်စတင်ဝင်လာစဉ် နေ့တာရှည်ပြီး ပူနွေးသောအချိန်ရောက်လာမည့် လက္ခဏာများကို အလွန်တောင့်တမိသည်။
တအိအိကျနေသောနှင်းမှုံများကိုဖောက်ပြီး ပန်းလေးများ အောင်မြင်စွာ ပွင့်လန်းနေခြင်းက နွေဦးရာသီ၏ပထမဆုံးလက္ခဏာဖြစ်သည်။ ၎င်းသည် အမှောင်မိုက်ဆုံးရာသီ၌ပင် ဘုရားသခင်၏မျှော်လင့်ခြင်းသည်လည်း ထိုးဖောက်ဝင်ရောက်လာနိုင်ကြောင်း ကျွန်မကို အစွမ်းကုန်သတိပေးနေသည်။ ဣသရေလ လူတို့ ဘုရားသခင်ကို ကျောခိုင်းသွားခဲ့စဉ်၊ ဤသို့ရှည်လျားသော၊ စိတ်ကြေကွဲဖွယ် ဆောင်းရာသီဝေဒနာကို ပရောဖက် မိက္ခာခံစားခဲ့ရသည်။ သူသည် ဤမှောင်မိုက်သော အခြေအနေကို ကြုံတွေ့ခံစားရစဉ်၊ “ဖြောင့်မတ်သောသူ တစ်ယောက်မျှ မကျန်ရစ်တော့” ဟုမြည်တမ်းခဲ့သည် (မိ ၇:၂)။
အခြေအနေများ ဆိုးရွားနေပုံပေါ်သော်လည်း၊ သူသည် မျှော်လင့်ချက်ကို မစွန့်ခဲ့ပါ။ သက်သေကို မမြင်နိုင်လည်း၊ စိတ်ပျက်ဖွယ်အခြေအနေဖြစ်လည်း ဘုရားသခင်သည်…
အချစ်သော့ခလောက်များ
ချစ်ရသူ၏နာမည်အစ စကားလုံးကိုရေးထိုးပြီး ပဲရစ်မြို့ရှိ ပွန်းဒီစာစ်(the Pont des Arts) တံတားပေါ်တွင် စိတ်ကူးယဉ်ဆန်စွာ ချိတ်ဆွဲထားသော ထောင်ပေါင်းများစွာသော သော့ခလောက်များကိုကြည့်ပြီး ကျွန်မအံ့အားသင့် ရသည်။ စဲန်နေမြစ်ကို ဖြတ်ဆောက်ထားသော လူသွားတံတား၌ အချစ် သင်္ကေတများ၊ ချစ်သူများအကြား ဝန်ခံကြသည့် ထာဝရဆိုသည့်ကတိများက လွှမ်းမိုးနေပါသည်။ ထိုအချစ်သော့ခလောက်များသည် တန် ၅၀ခန့် အလေးချိန်ရှိမည်ဟု ခန့်မှန်းရပြီး တံတားတစ်စိတ်တစ်ပိုင်း ပြိုကျသည်အထိ ဖြစ်သွားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့ကို ဖယ်ရှားခဲ့သည်။
အချစ်သော့ခလောက်များ၏ပြယုတ်သည် လူသားအနေဖြင့် ချစ်မေတ္တာက ပေးသော လုံခြုံစိတ်ချမှုကို အလွန်လိုလားကြောင်းကို ဖော်ပြနေသည်။ ဓမ္မဟောင်းကျမ်းမှ ရှောလမုန်သီချင်းတွင် ချစ်သူနှစ်ဦးကြား အပြန်အလှန် ပြောကြားသော စကားများကို ရေးသားထားသည်။ အမျိုးသမီးက လုံခြုံသော မေတ္တာကို တောင့်တကြောင်း “ကျွန်မကို ကိုယ်တော့်နှလုံးပေါ်မှာ တံဆိပ်ခတ် တော်မူပါ။ လက်ရုံးတော် ပေါ်မှာတံဆိပ်ခတ်တော်မူပါ”ဟု သူမ၏ချစ်သူအားပြောသည့်စကားဖြင့်(သီ…
ဘုရားသခင် အမည်မှည့်ပေးသည်
Riptide. Batgirl. Jumpstart စသည်တို့မှာ ကျွန်မတို့မိသားစု နှစ်စဉ် တက်ရောက်သည့် နွေရာသီသင်တန်း၌ အတိုင်ပင်ခံဆရာများကိုပေးထားသည့် အမည်များဖြစ်၏။ ထိုအမည်ကို အရွယ်တူသူငယ်ချင်းများက ခေါ်ဆိုခြင်းဖြစ်ပြီး အများအားဖြင့် မျက်နှာပူစရာကိစ္စ၊ ရယ်စရာအမူအကျင့်၊ ဝါသနာများကိုအစွဲပြုပြီး သင်တန်းနာမည်ပြောင်ဖြင့် အခေါ်ခံရသည်။
သင်တန်းများ၌သာ နာမည်ပြောင်များမှည့်ခေါ်ခြင်း မဟုတ်၊ ကျမ်းစာထဲ၌ လည်း ခေါ်ဆိုအသုံးပြုသည်ကို တွေ့ရသည်။ ဥပမာ - ရှင်ယေရှုက တပည့်တော် ယာကုပ်နှင့် ယောဟန် တို့ကို “မိုးကြိုးသားများ” (မာ ၃:၁၇) ဟုခေါ်သည်။ ကျမ်းစာ ထဲ၌ တစ်စုံတစ်ဦးက မိမိကိုယ်ကို နာမည်ပြောင်ပေးခြင်းက ရှားသော်လည်း နောမိ အမည်ရှိသည့် အမျိုးသမီးက လူများကို သူ့အား “ခါးသီးခြင်း” ဟု အဓိပ္ပာယ်ရှိသည့် “မာရ” ဟု ခေါ်ရန် ပြောသည့် အဖြစ်အပျက်ရှိပါသည် (ရု ၁:၂၀)။ သူ့ခင်ပွန်းသည် နှင့်သားနှစ်ဦး…
သစ္စာဖောက်ခံရသည်
၂၀၁၉ ခုနှစ်တွင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် အနုပညာပြပွဲကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပကြသည်။ များစွာသော သူရေးဆွဲသည့် ပုံများနှင့် သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုများကို မှန်လုံခန်း၌ ခင်းကျင်းပြသထား သော်လည်း ဗင်ချီရေးဆွဲသည့် “နောက်ဆုံးညစာ” ပန်းချီကား အပါအ၀င် သူ့လက်ရာ ပန်းချီကား ၅ ချပ်သာ စကြဝဠာတစ်ခုလုံး၌ အသိအမှတ်ပြုခံရသည်။
"နောက်ဆုံးညစာ" ပန်းချီကားမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ သခင်ယေရှု နှင့် တပည့်တော်တို့၏နောက်ဆုံးညစာကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ “သင်တို့ တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်”(ယော ၁၃:၂၁) ဟူသည့် သခင်၏စကားကို တပည့်တော်တို့ နားမလည်ဘဲ ရှုပ်ထွေးခံစားနေရမှုကို အမိအရ ဖော်ကျူးထားသည်။ သစ္စာဖောက်မည်သူဖြစ်သနည်းဟု ဇဝေဇဝါနှင့် တပည့်တော် တို့ မေးမြန်းကြစဉ် ယုဒသည် အမှောင်သို့အသာထွက်သွားပြီး သူ့ဆရာသခင်နှင့် မိတ်ဆွေတို့ရှိနေမည့်နေရာကို အခွင့်အာဏာရှိသူတို့ထံ သတင်းပေးခဲ့သည်။
သစ္စာဖောက်ခံရပါသည်။…
အစွန်ဘက်၌ တွေ့ရှိသည်
မော်တော်ဆိုင်ကယ်ပြပွဲတစ်ခု၏ ပရိတ်သတ်များအလယ်တွင် ရင်ခုန်စရာပြကွက်များကို ရင်တစ်မမဖြင့် ခြေဖျားထောက်လျက် ကျွန်မကြည့်မိနေသည်ကို မိမိကိုယ်ကို သတိထားမိသည်။ ဘေးဘီသို့ လှမ်းကြည့်လိုက်သည့်အခါ ကလေးသုံးယောက်လည်း ပရိတ်သတ်ရှေ့သို့ မတိုးနိုင်သဖြင့် အနီးရှိ သစ်ပင် ပေါ်သို့ တက်၍ ထိုင်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
အပေါ်စီးမှကြည့်နေသည့်ထိုကလေးများကိုကြည့်ရင်း ရှင်လုကာ ဖော်ပြ သည့် ချမ်းသာကြွယ်ဝသော အခွန်ခံဇက္ခဲအကြောင်းကို သတိမရဘဲမနေနိုင်ပါ (လု ၁၉:၂)။ ယုဒလူမျိုးများက ရောမအစိုးရအတွက် ကိုယ့်လူမျိုးအချင်းချင်း အပေါ် အခွန်ကောက်ပေးခြင်း၊ မကြာခဏဆိုသလို မတရားသဖြင့် အပိုအခွန်ကောက်ခံပြီး သူတို့အိတ်ထဲထည့်သည့် အခွန်ခံများကို သစ္စာဖောက် အဖြစ် မြင်ကြသည်။ ထို့ကြောင့် ဇက္ခဲအား လူမှုအသိုင်းအဝိုင်းမှ ကြဉ်ထားကြသည်။
သခင်ယေရှု ယေရိခေါမြို့ကိုဖြတ်သွားစဉ် ဇက္ခဲသည် ကိုယ်တော်ကို ဖူးမြော်လိုသော်လည်း အရပ်ပုသဖြင့် လူထုကြီးကို ကျော်၍မမြင်နိုင်ခဲ့ပါ။ ထို့ကြောင့် အထီးကျန်စွာဖြင့် ကြံမိကြံရာ အနီးရှိ သဖန်းပင်ပေါ်တက်၍ ကြည့်ရခြင်း ဖြစ်ကောင်းဖြစ်မည်…
နေကြတ်ခြင်း
မျက်လုံးအတွက် အကာအကွယ်၊ မြင်ကွင်းကောင်းသည့်နေရာ၊ အိမ်လုပ်လမုန့် အချိုတည်းစရာတို့ဖြင့် ကျွန်မအသင့်ရှိနေပါသည်။ အမေရိကန်ရှိ သန်းနှင့်ချီသော လူများနှင့်အတူ ကျွန်မ၏မိသားစုလည်း ဖြစ်လေ့မရှိသည့် လက နေဝန်းကို လုံးဝဖုံးကွယ်သွားသည့် နေကြတ်ခြင်းကို စောင့်ကြည့်ကြသည်။
နေကြတ်ခြင်းကြောင့် သာမန်နွေရာသီနေ့လည်ခင်း၏တောက်ပသောအလင်းကို ပုံမှန်မဟုတ်သည့်အမှောင်ထုက ဖုံးအုပ်သွားသည်။ ဤနေကြတ်ခြင်းက ကျွန်မတို့ အတွက် အပျော်သက်သက်ဖြစ်ပြီး ဖန်ဆင်းခြင်းအရာများအပေါ် ဘုရားရှင်၏ မယုံကြည်နိုင်လောက်အောင် ကြီးမားသည့်တန်ခိုးတော်ကို အမှတ်ရစေသည် (ဆာ ၁၃၅:၆-၇)။ သို့သော် သမိုင်းတစ်လျှောက်တွင် နေ့အချိန်၌ အမှောင်ထု ကျရောက်ခြင်းကို မူမမှန်သော၊ စိတ်ထင့်စရာကိစ္စအဖြစ်ယူဆကြပြီး (ထွ ၁၀:၂၁၊ မ ၂၇:၄၅)၊ အရာခပ်သိမ်းက သူ့နေရာနှင့်သူ ရှိမနေသည့်လက္ခဏာဖြစ်သည်။
ရှေးခေတ် ဣသရေလပြည် နှစ်ပိုင်းကွဲသည့်ကာလတွင် ပရောဖက်အာမုတ် အတွက် အမှောင်ထုသည် မူမမှန်သည့်နိမိတ်ကိုပြသည့်အရာပင်ဖြစ်သည်။ ဘုရား သခင်၏အထံတော်မှ ဆက်ပြီးစွန့်ခွာသွားပါက ပျက်စီးခြင်းရောက်ရှိလာမည့် ဖြစ်ကြောင်း အာမုတ်က မြောက်ပိုင်းနိုင်ငံကို သတိပေးသည်။…
ကန့်လန့်ကာကို ဖယ်လိုက်ပြီ
လေယာဉ်ပျံသန်းနေချိန်တွင် လေယာဉ်မယ်က ပထမတန်းနှင့်ရိုးရိုးတန်းကို ကန့်လန့်ကာဖြင့် ပိုင်းခြားကာလိုက်သည်။ လေယာဉ်ပေါ်မှ သိသာလွန်းသည့် ပိုင်းခြား ခွဲခြားမှုကို ကျွန်မလည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ အချို့ခရီးသွားများက လေယာဥ်ပေါ်သို့ အရင်တက်ရပြီး ပိုကောင်းသည့်ထိုင်ခုံ၌ ခြေချစရာနေရာကျယ်ကျယ်ဖြင့် သီးသန့် ဝန်ဆောင်မှုများကို ရရှိကြသည်။ ထိုကန့်လန့်ကာသည် ထိုအခွင့်အရေးကို ကျွန်မ မရအောင် ပိုင်းခြားထားသည့်အရာဖြစ်ကြောင်း ကျွန်မ သိနားလည်လိုက်ရသည်။
ယေရုရှလင်မြို့ရှိ ဘုရားသခင်၏ဗိမာန်တော်တွင်လည်း ငွေပိုပေးနိုင်သည့်တိုင် အခွင့်အရေးမရရှိနိုင်သည့်အဖြစ်အပျက်အပါအဝင် အခွင့်ထူးမရအောင် လူအစုအဖွဲ့ များကြား ကွာဟပိုင်းခြားထားမှုများကို သမိုင်းတစ်လျှောက် တွေ့ရသည်။ ဂျူးလူမျိုး မဟုတ်သော တစ်ပါးအမျိုးသားများသည် ဗိမာန်တော်၏အပြင်ကန္နားပြင်တွင်သာ ဝတ်ပြုကိုးကွယ်ခွင့် ရရှိကြသည်။ ထို့နောက် အမျိုးသမီးများအတွက် ကန္နားပြင် ရှိသည်။ ဗိမာန်တော်နှင့်ပိုနီးသည့်နေရာကိုမူ အမျိုးသားများအတွက် သတ်မှတ်ထား သည်။ ဘုရားသခင်က သူ့ကိုယ်ကို ထင်ရှားပြသောနေရာအဖြစ် သတ်မှတ်သည့် ဒုတိယတဲတော် ဟဂျာဟဂျုန် သန့်ရှင်းရာဌာနတော်ကို ကန့်လန့်ကာဖြင့် ကာထားပြီး ဘုန်းကြီးသော…
ပြည့်စံုစွာဖော်ပြခြင်း
Mary Poppins Returns ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင် အယ်မလီ ဘလန့်၏ သာယာနာပျော်ဖွယ်အသံကို ပရိသတ်ကြီးကြားနာခဲ့ရသည်။ အံ့ဩဖွယ်ရာမှာ ၎င်း တို့၏ အိမ်ထောင်သက် ၄ နှစ် မရှိတရှိတွင် သူ့ခင်ပွန်းက သူမ၏အသံစွမ်းရည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ သူ့ခင်ပွန်းက သူသီချင်းဆိုသံကို ပထမဆံုးကြားလိုက်ရစဉ် အလွန် အံ့ဩခဲ့ရပြီး “ဒီလောက်အသံကောင်းတာကို ငါ့ကိုဘယ်အချိန်ကျမှ ဖွင့်ပြော မှာလဲ” ဟုပင်တွေးမိခဲ့ကြောင်း တွေ့ဆံုမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွင်လည်း မထင်မှတ်သောအရာ မသိသေးသော အရာကို သိလိုက်ရချိန်တွင် ကျွန်ုပ်တို့အလွန်အံ့ဩသွားတတ်သည်။ ရှင်မာကုခရစ်ဝင် ကျမ်းတွင် ခရစ်တော်၏တပည့်တော်များသည် အစပိုင်း၌ သခင်ယေရှု၏သဏ္ဌာန်ကို မစံုမလင်သိရှိပြီး ကိုယ်တော်မည်သူမည်ဝါဖြစ်သည်ကို နားမလည်နိုင်၊ နားလည်အောင် ကြိုးစားခဲ့ရသည်။ တစ်ကြိမ်တွင် ဂါလိလဲပင်လယ်၌ သခင်ယေရှုသည် သဘာဝတရား ကို ထိန်းချုပ်နိုင်သော အစွမ်းတန်ခိုးကို ဖော်ပြလျက် သူ့ကိုယ်သူ ထင်ရှားပြခဲ့သည်။
လူ ၅၀၀၀ ကျော်ကို…
စာအုပ်ထဲ၌ ပျော်မွေ့နစ်မျောခြင်း
Tsundoku။ ကျွန်မအမြဲလိုအပ်သောစကားလုံးလေးဖြစ်ပါသည်။ ဂျပန်ဝေါဟာရ ဖြစ်ပြီး ဖတ်မည့်သူကိုစောင့်နေသည့် ကုတင်ဘေးရှိစားပွဲတွင်တင်ထားသော စာအုပ် များကို ဆိုလိုပါသည်။ စာအုပ်စာပေများသည် သင်ယူရန်အခွင့်အလမ်းကိုပေးသည်။ စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်သည်။ စာမျက်နှာများမှရရှိသည့် ဝမ်းမြောက်မှုနှင့် အတွေးအမြင်များကို ကျွန်မတောင့်တသည်။ ထိုကြောင့် စာအုပ်ပုံကြီး ဆက်လက် ရှိနေခြင်းဖြစ်ပါသည်။
ဝမ်းမြောက်မှုနှင့်အကူအညီကို စာအုပ်များမှရနိုင်သည်ဟုဆိုလျှင် စာအုပ်ထိပ်ခေါင် သမ္မာကျမ်းစာမှဆိုလျှင် ပို၍ပင်မှန်နေတော့သည်။ လူမျိုးတော်ကို ကတိတော်ပြည်သို့ ပို့ဆောင်ရန်စေခိုင်းခံရသူ ဣသရေလလူတို့၏ခေါင်းဆောင်သစ်ယောရှုအား ဘုရားရှင် ပေးအပ်ခဲ့သော လမ်းညွှန်မှုများပါဝင်သောကျမ်းစာတွင် နစ်မျောပျော်ဝင်ရန် အားပေးနေမှု ကိုကျွန်မခံစားရသည် (ယောရှု ၁:၈)။
ရှေ့တွင်ရှိသောအခက်အခဲများကို သိသောကြောင့် ဘုရားရှင်က ယောရှုအား သင်နှင့် အတူရှိမည် (:၅) ဟုစိတ်ချမှုပေးခဲ့သည်။ ဘုရားသခင်၏ပညတ်တော်များကို ယောရှု နာခံခြင်းအားဖြင့် အထံတော်မှကူညီမစမှုများရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား “ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်”(:၈) ဟုမိန့်ကြား ခဲ့သည်။…