အမှိုက်မှ အဖိုးတန်ဘဏ္ဍာသို့
ဘိုဂိုထာမြို့ ဆင်းရဲသားရပ်ကွက်၏ မတ်စောက်သော လမ်းအထက်ပိုင်းတွင် အမှိုက်သမား၏ အိမ်ရှိသည်။ ထိုနေရာ၌ ဘာမျှထူးထူးခြားခြားမရှိပါ။ သို့သော် ကိုလံဘီယာနိုင်ငံမြို့တော်၏ နုံချာလှသောဤနေရာသည် စာအုပ်ပေါင်း ၂၅၀၀၀ ရှိသည့် အခမဲ့စာကြည့်တိုက်ဖြစ်ပါသည်။ စွန်ပစ်ထားသည့်စာအုပ်စာပေများကို သူ့ရပ်ရွာအတွင်းရှိ ကလေးများနှင့် ဝေမျှဖတ်ရှုရန် ဟိုစေး အယ်ဘတ်တို ဂွတ်ထီရာရက်ဇ် ဆိုသူက လိုက်လံ စုဆောင်းထားခြင်းဖြစ်သည်။
စနေ၊ တနင်္ဂနွေ "စာကြည့်တိုက်ဖွင့်ချိန်"တွင် ရပ်ရွာ ထဲမှကလေးများ စုရုံးရောက်ရှိလာကြသည်။ စာအုပ်များ ထားရှိထုပ်ပိုးထားသည့် အခန်းတိုင်းကို လှည့်လည်ကြည့်ရှုပြီး ကလေးများ၏စိတ်ထဲ၌ ဤနေရာသည် ဆီညော်ဟိုစေး ဆိုသူ၏ အိမ်ထက် အဖိုးထိုက်ဘဏ္ဍာတိုက်ဟု သိမှတ်ထားသည်။
ခရစ်တော် နောက်တော်လိုက်သူတိုင်းသည်လည်း ထိုနည်းအတိုင်းပင်။ အလွယ်တကူ အက်ကွဲ၊ ကျိုးပဲ့နိုင်သည့်
နုံချာလှသည့် ရွှံ့မြေမှုန့်ဖြင့် ကျွန်ုပ်တို့ ဖန်ဆင်းခံရသည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချပြီး နာကျင်၊ ပျက်စီးနေသည့်လောကထဲသို့ ခရစ်တော်၏ သတင်းကောင်းကို…
သားတော်၏နောက်တော်လိုက်များ
ကမ္ဘာ့နေရာအနှံ့အပြားတွင် နေကြာပန်းများသည် ဂရုစိုက်ပျိုးထောင်မှု မလိုအပ်ဘဲ သူ့အလိုလို အပင်ပေါက်ကြသည်။ ပျားများမှ ဝတ်မှုံကူးခြင်းအားဖြင့် အပင်များသည် အဝေးပြေးကားလမ်းများဘေး၊ ငှက်စာခွက်များအောက်၊ လယ်ကွင်းများတစ်လျှောက်၊ မြက်ခင်းများနှင့် ပရေရီမြက်ခင်းပြင်များ၌ ရှင်သန်ပွင့်လန်းကြသည်။ သို့သော် သီးနှံ ဖြစ်ထွန်းအောင်မြင်သော ရိတ်သိမ်းမှုအတွက် ကောင်းသော မြေကို လိုအပ်သည်။ ရေနှုတ်မြောင်း ကောင်းကောင်း ဖောက်ပေးခြင်း၊ အက်စစ်ဓာတ် အနည်းငယ်ပါသော၊ မြေဆီ ကြွယ်ဝသောမြေကို မြေသြဇာ ထည့်ပေးခြင်းအားဖြင့် နောက်ဆုံးတွင် အရသာရှိသော နေကြာစေ့များ၊ သန့်စင် သော နေကြာဆီများ ထုတ်လုပ်နိုင်ပြီး အလုပ်ကြိုးစားသော နေကြာစိုက်ဦးကြီးများအတွက် ဝင်ငွေတိုးလာမည်ဟု လယ်သမားလက်စွဲ စာအုပ်တွင် ဖော်ပြထားသည်။
ဝိညာဉ်ရေးကြီးထွားမှုအတွက် ကျွန်မတို့လည်း ကောင်းသောမြေကို လိုအပ်သည် (လု ၈း၁၅)။ မျိုးစေ့ကြဲသူ ပုံဥပမာတွင် ယေရှုသွန်သင်ခဲ့သည့်အတိုင်း ဘုရားသခင်၏ တရားစကားသည် ကျောက်ပေါသောမြေ၊ ဆူးပင်များကြား၌ပင် ရှင်သန်ပေါက်ဖွားနိုင် သည် (း၆-၇)။…
မနာလိုဝန်တိုမှုကို အဆုံးသတ်လိုက်ပါ
ထင်ရှားကျော်ကြားသော ပြင်သစ် အနုပညာရှင် အက်ဒ်ဂါ ဒီဂတ်စ် အား ဘဲလေး ကချေသည်များပုံပန်းချီကားကြောင့် တစ်ကမ္ဘာလုံးက အမှတ်ရကြသည်။ သို့သော် သူ၏ပြိုင်ဘက် သူ့သူငယ်ချင်း အနုပညာရှင် ပန်းချီဆရာအက်ဒွတ် မာနက် အပေါ်သူ၏ မနာလိုဝန်တိုဖြစ်ခြင်းကို လူသိနည်းသည်။ ဒီဂက်စ် က မာနက်သည် “သူလုပ်သမျှ တိကျမှန်ကန်စွာ ပြီးစီးအောင်မြင်တယ်။ ကျွန်တော့်ကတော့ မပြီးဆုံးနိုင်တဲ့ ခံစားချက်များနဲ့တွေ့ပြီး ဘယ်တော့မှ မှန်မှန် ကန်ကန် အလုပ်ကို အဆုံးမသတ်နိုင်ဘူး” ဟု ပြောပြသည်။
၎င်းသည် စူးစမ်းလိုသည့် စိတ်ခံစားမှုဖြစ်သော မနာလိုခြင်းဖြစ်ပြီး “အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရား သောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊” (ရော ၁း၂၉) စသည့် ရှင်ပေါလု ဖော်ပြသော…
ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း
အညိုရောင်အသားများ တဖြည်းဖြည်း ကွယ်ပျောက်လာသောအခါ အမျိုးသမီးလေးက ကြောက်လန့်မှုကိုခံစားခဲ့ရပြီး သူမပျောက်ကွယ်သွားတော့မလို သူမကိုယ်သူမ ဆုံးရှုံး ရတော့မလိုခံစားခဲ့ရသည်။ ခရုသင်းရောဂါကြောင့် အရေပြားပေါ်မှ အဖြူရောင်အကွက် များကို မိတ်ကပ်အထူကြီးလိမ်းပြီး လူမမြင်အောင်ကာခဲ့သည်။ ခရုသင်းဆိုသည်မှာ အသားရောင်ကိုပေးသော မယ်လနင်းဟု ခေါ်သော အရေပြားဆဲလ်များ ဆုံးရှုံးသွားသောရောဂါဖြစ်သည်။
သို့နှင့် တစ်နေ့တွင် “ငါဘာလို့ ပုန်းကွယ်နေတာလဲ” ဟု သူမကိုယ်သူမ ပြန်မေးခဲ့သည်။ ဘုရားရှင်ထံမှလာသော ခွန်အားဖြင့် သူ့ကိုယ်သူ လက်ခံနိုင်အောင် ကြိုးစားခဲ့ပြီး မိတ်ကပ်ထူထူလိမ်းခြင်းကိုလည်း ရပ်ပစ်သည်။ မကြာပါ။ သူသည် မိမိကိုယ်ကို ယုံကြည်မှုများ ပြန်လည်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့နာမည်ကြီး အလှကုန်တံဆိပ်တစ်ခု အတွက် ပထမဆုံးသော ခရုသင်းနှင့် မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့သည်။
ရုပ်သံသတင်းကြေညာသူအား သူမက ‘ဒါ ကောင်းချီး မင်္ဂလာတစ်ပါးပဲ’ ဟု ပြောရုံသာမက သူမ၏ယုံကြည်ခြင်း၊ မိသားစုနှင့် သူငယ်ချင်းများအားဖြင့် သူမအတွက် အားပေးမှုနှင့်…
ဘယ်သောအခါမှ တစ်ဦးတည်းမဟုတ်
အင်ဒိုနီးရှားနိုင်ငံ၌ သင်းအုပ်များအတွက် သမ္မာကျမ်းစာ လမ်းညွှန်ရေးသားပြင်ဆင်ချိန်၌ စာရေးဖက်မိတ်ဆွေတစ်ဦးက ထိုနိုင်ငံ၏အတူတကွရှိနေခြင်း ယဉ်ကျေးမှုကို ကြာလေတိုး၍ နှစ်သက်ခံစားမိသည်။ အပြန်အလှန်အထောက်အပံ့ပေးခြင်းသဘော (gotong royong)ကို ရွာများတွင် ကျင့်သုံးကြသည်။ အိမ်မိုးခြင်း၊ တံတားပြင်၊ လမ်းပြင်သည့် လုပ်ငန်းများကို အိမ်နီးချင်းများက ကူညီလုပ်ဆောင်ပေးကြသည်။ မြို့ပြ တွင်လည်း ဆရာဝန်နှင့်ပြသရန် ချိန်းဆိုမှုများ စသည့်ကိစ္စ များတွင်လည်း အဖော်နှင့်အတူ သွားကြကြောင်း၊ ယဉ်ကျေးမှုက ထိုသို့ဖြစ်၍ သင်ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောပြသည်။
ကမ္ဘာတစ်ဝှမ်း၌လည်း သခင်ယေရှုကို ယုံကြည်သူ များသည် မိမိသည် ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်းကိုသိလျက် ဝမ်းမြောက်ကြသည်။ သုံးပါးတစ်ဆူ ဘုရားမှ တတိယပုဂ္ဂိုလ် - သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အမြဲထာဝရ အဖော်ဖြစ်သည်။ သစ္စာရှိသော မိတ်ဆွေအဖြစ် ထက်မက ကျွန်ုပ်တို့ကို မစရန်၊ ကျွန်ုပ်တို့နှင့် “အတူအစဉ်မပြတ် တည်နေစေခြင်းငှာ’’…
အလှတရားကို ခံစားခြင်း
ပန်းချီကားက မီးပြတိုက်ပမာ ကျွန်မအမြင်ကို ဆွဲဆောင်ညှို့ထားသည်။ မြို့ကြီးတစ်ခု၏ ဆေးရုံခန်းမတစ်လျှောက် ခင်းကျင်းပြသထားသည့် ညှို့မှိုင်းဖျော့တော့သော ပန်းချီကား တွင် အမေရိကန်ဒေသခံ နာဗဂျို လူရိုင်းပုံလည်း ပါသည်။ ကျွန်မမှာ စိတ်ဝင်စားလွန်း၍ တအံ့တသြ ရပ်ကြည့်ရုံမက ကျွန်မခင်ပွန်း ဒဲန်ကိုလည်း “ကြည့်ပါဦးရှင်” ဟုပင် ပြောမိ သည်။
ဒဲန်က ပန်းချီကားကြည့်ရင်း ဆက်လျှောက်သွား သော်လည်း ကျွန်မက နေရာမရွှေ့နိုင်သေး၊ အခြားပန်းချီကား များကို ဒီအတိုင်း ကြည့်ခဲ့သော်လည်း ဤပန်းချီကားကျမှ “လှလိုက်တာ” ဟုပင် တီးတိုးဆိုမိသည်။
အမှန်ပင်၊ ဘဝ၌ လှပသော အရာများစွာ ရှိပါသည်။ မူရင်းပန်းချီကားများ၊ ရှုခင်းပုံများ၊ လှုံဆော်မှုခံစားချက် ပေးသော ပန်းချီကားများ စသည်ဖြင့် ရှိသည်။ ကလေးငယ်တစ်ဦး၏အပြုံး၊ မိတ်ဆွေတစ်ဦး၏ နှုတ်ခွန်းဆက်မှု၊ ရော်ဘင်ငှက်ဥပြာပြာ၊ ပင်လယ်ခရု၏အခွံမာ စသည်တို့၌လည်း အလှတရားရှိသည်။ ဘဝလောကဓံ၏ ဝန်ထုပ်ဝန်ပိုးများဒဏ်မှ သက်သာစေရေး…
ဘုရားသခင်ဝန်းရံထားသည်
ပျားပန်းခတ်နေသော လေယာဉ်ကွင်းထဲတွင် မိခင်ငယ်တစ်ဦးသည် တစ်ယောက်တည်း ရုန်းကန်နေရသည်။ သူ၏ကလေးငယ်က လေယာဉ်ပေါ်မတက်ချင်သောကြောင့် ဒေါသတကြီးနှင့် အော်ဟစ်ကန်ကြောက်နေသည်။ ကိုယ်ဝန်အရင့်အမာနှင့်မို့ ထိုအပူသည် မိခင်လေးမှာ မောဟိုက်စွာဖြင့် အရှုံးပေးပြီး ကြမ်းပြင်ပေါ်တွင် စိတ်ပျက် လက်ပျက်ထိုင်ချပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ စတင် ငိုကြွေးပါတော့သည်။
ရုတ်တရက်ပင် သူစိမ်း ခရီးသွားအမျိုးသမီး ခြောက်ယောက် ခုနှစ်ယောက်ခန့်က ထိုမိခင်နှင့်ကလေး အနားရောက်လာပြီး မုန့်ပဲသွားရေစားနှင့် ရေများ ဝေမျှကာပွေ့ဖက်ရုံသာမက ကလေးချော့တေးများပါ သီဆိုပေးကြ သည်။ ထိုမေတ္တာအဝန်းအဝိုင်းလေးသည် ထိုမိခင်နှင့် ကလေးငယ်အတွက် သက်သာမှုဖြစ်စေပြီး ထို့နောက် လေယာဉ်ပေါ် တက်သွားသည်။ ကျန်အမျိုးသမီးများလည်း မိမိနေရာ မိမိပြန်လာထိုင်ကြပြီး သူတို့လုပ်ခဲ့သောအရာအပေါ် ဘာမှဆွေးနွေးစရာပင်မလို၊ သူတို့၏ပံ့ပိုးထောက်မမှုသည် ထိုမိခင်ငယ် လိုအပ်နေသော အရာဖြစ်ပြီး သူ့အတွက်ခွန်အားဖြစ်စေခဲ့ကြောင်း သိကြသည်။
ဤအဖြစ်အပျက်လေးသည် ဆာလံ ၁၂၅ မှ လှပသော အမှန်တရားတစ်ခုကို ဖော်ပြနေပါသည်။ အငယ် ၂…
ချေဖျက်လိုက်ပြီ
ဗြိတိသျှအင်ဂျင်နီယာ Edward Nairne သည် ခဲတံရှိ ခဲဖျက်ကို တီထွင်သည့်အချိန်က အမှန်တွင် သူသည် ပေါင်မုန့်ကို လှမ်းယူခြင်းဖြစ်သည်။ ၁၇၇၀ ခုနှစ်က ရေးမှတ်ထား သည်များကို ဖျက်ရန် ပေါင်မုန့်အပေါ်သားကို အသုံးပြုခဲ့သည်။ သူသည် ပေါင်မုန့်အစား ရာဘာစေးကို မှားယူမိပြီး ၄င်းက အမှားကို ဖျက်နိုင်ပြီး ကျန်ရစ်သည့်ရာဘာလိပ်များကို လက်ဖြင့် အလွယ်တကူ ဖယ်ရှားရုံသာဖြစ်ကြောင်း Nairne တွေ့ရှိခဲ့သည်။
ကျွန်ုပ်တို့ဘဝ၏ အဆိုးရွားဆုံးအမှားများကိုလည်း ဖျက်ပစ်နိုင်ပါသည်။ အသက်မုန့်ဖြစ်သည့် သခင်ယေရှုသည် သူ့အသက်အားဖြင့် အပြစ်များကို သန့်ရှင်းစင်ကြယ်စေပြီး ကျွန်ုပ်တို့၏အပြစ်များကို မည်သည့်အခါမှ အမှတ်မရတော့ ကြောင်း ကတိပေးသည်။ “ငါတစ်ပါးတည်းသာလျှင် ကိုယ် အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ ဒုစရိုက် တို့ကို မအောက်မေ့” ဟု မိန့်ကြားသည် (ဟေရှာ ၄၃း၂၅)။
ဤအမှုအရာမှာ မှတ်သားလောက်သည့် ပြုပြင်ခြင်း ဖြစ်ပြီး…
ဖီကာ စိတ်သဘော
ကျွန်မ၏အိမ်အနီးဝန်းကျင်ရှိ ကော်ဖီဆိုင်၏အမည်မှာ ဖီကာ ဖြစ်သည်။ ၎င်းသည် ဆွီဒင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ မိသားစုများ၊ လုပ်ဖော်ဆောင်ဖက်များ၊ မိတ်ဆွေ များနှင့်အတူ ကော်ဖီနှင့်မုန့် လာသုံးဆောင်ရင်း ခေတ္တအနားယူပါဟူ၍ ဖြစ်သည်။ ကျွန်မက ဆွီဒင်လူမျိုး မဟုတ်ပါ။ သို့သော် ထိုအဓိပ္ပာယ်က ကိုယ်တော်သည်လည်း မုန်တစ်ဖဲ့ကိုယူ၍ အခြားမိတ်ဆွေများနှင့် အနားယူသည် ဟူသော ကျွန်မအနှစ်သက်ဆုံး သခင်ယေရှုအကြောင်း တစ်ချက်ကို ဖော်ပြနေသည်။
ကျွမ်းကျင်ပညာရှင်များက သခင်ယေရှု စားသော အစာသည် ကြုံရာကျပန်းစားခြင်း မဟုတ်ဟု ဆိုသည်။ ဓမ္မပညာရှင် မာ့ဂလဲန်ဗေးက ထိုအစာသည် ဓမ္မဟောင်း ကျမ်းမှ ဣသရေလလူတို့ စားသောက်ပွဲနှင့် ပွဲတော်ကျင်းပ ချိန်၌ စားသည့် ဝမ်းမြောက်စိတ်နှင့် စားသည့်အစာဟု ဆိုသည်။
ဣသရေလလူတို့အနေဖြင့် ဘုရားသခင်ကို ဗဟိုပြု အာရုံပြုလျက် ဝမ်းမြောက်ရန်၊ ပွဲတော်ဆင်နွဲရန်၊ တစ်လောကလုံးအပေါ် တရားမျှတစွာ စီရင်ရန် ကိုယ်တော် အလိုရှိသည်။…
ဘုရားသခင်မြင်ပါသည်
ကျွန်မ ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးက ကျွန်မ၏အမြင်အာရုံကို တောက်ပ လင်းလက်သွားစေသည်။ ကျွန်မက အနီးမှုန်သဖြင့် မျက်မှန်ဖြင့် ကြည့်လိုက်စဉ် အရာရာ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ မျက်မှန်မပါပါက အခန်းတွင်းရှိ ပစ္စည်း (သို့) အဝေးတစ်နေရာရာကို ကြည့်လျှင် အမြင်က မှုန်ဝါးနေသည်။ အသက် ၁၂ နှစ် အရွယ်က ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးဖြင့် ကျောက်သင်ပုန်းပေါ်မှ စာလုံး ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ကျွန်မအမှန်ပင် အံ့သြတုန်လှုပ်သွားသည်။
ကျွန်မနှုတ်ဆက်စဉ် သူငယ်ချင်းများက ပြန်ပြုံး ပြသည်ကို မြင်ရ၍ သူများကိုမြင်ရခြင်းနှင့် အခြားသူများ မိမိကိုမြင်ခြင်းသည် ထူးမြတ်သောဆုဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့သည်။
သခင်မစာရဲ၏မကြင်နာမှုကြောင့် ထွက်ပြေးခဲ့ရ သည့် ကျွန်မဟာဂရသည် အထက်ပါအချက်ကို သိနားလည် ခဲ့သည်။ သူ၏ယဉ်ကျေးမှုအသိုင်းအဝန်း၌ သူသည် ‘‘အလကားလူ’’၊ ကိုယ်လေးလက်ဝန်နှင့် အထီးကျန်နေသူ၊ ကူညီရာမဲ့ မျှော်လင့်ရာမဲ့စွာ ကန္တာရတောထဲ ထွက်ပြေးနေရသူဖြစ်သည်။…