နောက်ဆုံးတွင် လွတ်မြောက်ခဲ့ပြီ
လစ်ဘနွန်နိုင်ငံ၏ ပြည်တွင်းစစ်အတွင်း ၅ နှစ်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံရသူ ဗြိတိသျှဂျာနယ်လစ် ဂျွန်မက္ကာသီ သည် သူလွတ်မြောက်ရန်အတွက် ညှိနှိုင်း ပေးသူနှင့် တွေ့ဆုံရန် အနှစ် ၂၀ ကြာမြင့်ခဲ့သည်။ နောက်ဆုံး ကုလသမဂ္ဂသံအမတ် ဂဲန်ဒေါမနီကို ပီကို နှင့် သူတွေ့ဆုံချိန်တွင် “ကျွန်တော့်ရဲ့ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတင်ပါတယ်” ဟု ရိုးရှင်းစွာ ပြောခဲ့သည်။ သူ၏နှလုံးသားမှလာသော စကားလုံးက အလေးအနက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပီကိုသည် မက္ကာသီ နှင့်အခြားသူများ လွတ်မြောက်ရေးအတွက် အန္တရာယ်ကြီးသော ညှိနှိုင်းမှု များကြားတွင် သူ၏အသက်ကိုပင် စွန့်စားခဲ့ရသည်။
ယုံကြည်သူများအနေဖြင့် ခက်ခဲစွာအနိုင်ယူရရှိခဲ့သည့် လွတ်လပ်ခွင့်ကို ကျွန်ုပ်တို့ သိနားလည်နိုင်ပါသည်။ လူသားတိုင်း၏ ဝိညာဥ်လွတ်မြောက်ခြင်းအတွက် သခင်ယေရှုသည် ရောမကားတိုင်ထက် သူ့အသက်ကို စတေးလျက် အသေခံခဲ့သည်။ ရှင်ပေါလုကလည်း ရဲရင့်စွာ ကြွေးကြော်ထားသည့်အတိုင်း ယခု သူ၏သားသမီးများအနေဖြင့် “ခရစ်တော်သည်…
ကျွန်ုပ်တို့၏ကရုဏာတော်ရှင်ဘုရားသခင်
ချမ်းအေးသည့်ဆောင်းတစ်ည၌ မွန်တာနာပြည်နယ်၊ ဘေးလင်း(စ)မြို့တွင် ဂျူးလူမျိုးတို့၏ဟန်နုကာမီးထွန်းပွဲတော်အတွက် ဖယောင်းတိုင် ၈ တိုင် ထွန်းသည့် မယ်နိုးရာမီးတိုင်နှင့် ဒါဝိဒ်၏ကြယ်တို့ ခင်းကျင်းထားသည့် ဂျူးကလေးငယ်၏ အိပ်ခန်းပြတင်းမှန်ကို လူတစ်ဦးက ကျောက်တုံးကြီးဖြင့် ပစ်ခွဲလိုက်သည်။ အိမ်နီးချင်းဂျူးများ၏ နာကျင်မှုနှင့်ကြောက်ရွံ့မှုကို ထပ်တူခံစားရကြောင်း ပြသသည့်အနေနှင့် ယေရှုကိုယုံကြည်သူအများစုပါဝင်သည့် ထောင်ချီသည့် လူများစွာက သူတို့၏ပြတင်းပေါက်များ၌ မယ်နိုးရာ မီးတိုင်ပုံများကို ကပ်ထား ပြီး ရွံ့မုန်းဖွယ်လုပ်ရပ်အပေါ် ကရုဏာမေတ္တာဖြင့် တုံ့ပြန်ခဲ့သည်။
သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့လည်း ကြီးမြတ်သော မေတ္တာကရုဏာကို ရရှိခဲ့ပါသည်။ ကယ်တင်ပိုင်ရှင်သည် ကျွန်ုပ်တို့နှင့်အတူ နေထိုင်ရန် (ယော ၁:၁၄) ကျွန်ုပ်တို့နှင့်ထပ်တူပြုလျက် သူ့ကိုယ်ကို နှိမ့်ချခဲ့သည်။ “ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍... မိမိ၏အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်”ခဲ့သည်(ဖိ၂ :၆-၇)။ ထို့နောက် ကျွန်ုပ်တို့နှင့်ထပ်တူခံစားသည်။ ငိုကြွေးသည်။ ထို့နောက် ကျွန်ုပ်တို့ အသက်ကိုကယ်တင်ရန် သူ့အသက်ကိုစွန့်၍ ကားတိုင်ပေါ် အသေခံခဲ့သည်။…
ဘဝ၏မီးရှူးမီးပန်းများ
နှစ်သစ်ကူးအကြိုညတွင် မြို့များနှင့် ကမ္ဘာတစ်ဝန်းမှမြို့တော်များတွင် မီးရှူးမီးပန်း ပစ်ဖောက်ကြရာ ဆူညံသံများက ကျယ်လောင်လှသည်။ ဖြာထွက်ပေါက်ကွဲသော မီးရှူးမီးပန်းများက လေထုကို နှစ်ခြမ်းခွဲသည့်သဘာဝရှိကြောင်း ထုတ်လုပ်သူများက ပြောပါသည်။ ဆင့်ကာဆင့်ကာပေါက်ကွဲသည့် မီးရှူးမီးပန်းများက အသံ အကျယ်ဆုံး ဖြစ်ပြီး အထူးသဖြင့် မြေကြီးနှင့်နီးလျှင် ပို၍ကျယ်လောင်စွာ ပေါက်ကွဲသည်။
ဒုက္ခအခက်အခဲများသည်လည်း ကျွန်ုပ်တို့၏နှလုံးသား၊ စိတ်နှင့် မိသားစုများ ကြားတွင် ကျယ်လောင်စွာပေါက်ကွဲနိုင်သည်။ ဘဝ၏မီးရှူးမီးပန်းများဖြစ်သည့် မိသားစုအရေးရုန်းကန်ရခြင်း၊ ပေါင်းသင်းဆက်ဆံရေးပြဿနာ၊ အလုပ်မှစိန်ခေါ် မှုများ၊ ငွေကြေးအခက်အခဲနှင့် အသင်းတော်ပြဿနာများသည်ပင်လျှင် စိတ် ခံစားမှုလေထုကို တစ်ဂျိမ်းဂျိမ်းမြည်စေသည့်ပေါက်ကွဲမှုကဲ့သို့ ခံစားရစေနိုင်သည်။
သို့သော် ထိုဆူညံသံများကြားမှ ဆွဲထုတ်သောအရှင်ကို ကျွန်ုပ်တို့သိသည်။ ခရစ်တော်သည် “ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း”ဟု ရှင်ပေါလုရေးသားထားသည် (ဧ ၂:၁၄)။ သခင့်ရှေ့တော်၌ ကျွန်ုပ်တို့တည်နေသောအခါ ကိုယ်တော်၏ ငြိမ်သက်ခြင်းက မည်သည့်အနှောင့်အယှက်အတားအဆီးထက်မဆို ပို၍ကြီးပြီး စိုးရိမ်မှု၊ နာကျင်မှုများနှင့် စိတ်ဝမ်းကွဲမှု ဆူညံသံများကို တိတ်ဆိတ်စေသည်။
၎င်းသည်…
ညင်သာသောစကား
ကျွန်မ ဖေ့စ်ဘွတ်သုံးရင်း ငြင်းခုန်နေပါသည်။ မှားယွင်းသောအပြုအမူပင်။ လူအများစိတ်ဝင်စားသည့်၊ အထူးသဖြင့် ငြင်းခံုနိုင်ဖွယ် အကြောင်းအရာတစ်ခုနှင့်စပ်လျဥ်း၍ တစ်စိမ်းတစ်ယောက်ကို အမှန်ပြင်ပေးရန် တာဝန်ရှိသည်ဟု ကျွန်မ မည်သို့အတွေးဝင်သွားသည်မသိပါ။ ရလဒ်အားဖြင့် အမုန်းစကားနှင့် နာကျင်ရသောခံစားမှုကိုသာရရှိခဲ့သည် (ကျွန်မဘက်မှခံစားရသည့်အချက်။) သခင်ယေရှု အကြောင်းကို သက်သေခံရန် အခွင့်အရေး ဆုံးရှုံးလိုက်ရသည်။ အချုပ်ဆိုရလျှင် ၎င်းသည် ‘အင်တာနက်ဒေါသ’၏ရလဒ်ပင်ဖြစ်သည်။ ထိုအသုံးအနှုန်းသည် ဘလော့ဂ်ရေးသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်သက်ဝင်နေသည့် ခက်ထန်သောစကားလုံးများကို ရည်ညွှန်းသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက “ဒေါသအမျက်သည် လူထု၏မျှော်မှန်းချက်များကို ဖွင့်ပြသည့်နည်းလမ်းဟု လူတို့ မှားယွင်းစွာ ကောက်ချက်ချထားကြောင်း” ရှင်းပြထားသည်။
တိမောသေအား ရှင်ပေါလုပေးခဲ့သော ပညာအမြော်အမြင်နှင့်ပြည့်စုံသည့်အကြံသည် တန်းတူသတိပေးချက်လည်းဖြစ်သည်။ “မိုက်မဲ၍ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟုသိမှတ်၍ ပယ်ရှားလော့။ သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်” (၂ တိ ၂:၂၃-၂၄)။
ရောမထောင်ထဲမှ ရှင်ပေါလုရေးပေးလိုက်သည့် အကြံကောင်းသည် ဘုရားသခင်၏သမ္မာတရားကိုသွန်သင်မည့်…
ပဋိပက္ခများကို ကျောခိုင်းလျက်...
အဲလ်ဘတ်အိုင်းစတိုင်းသည် ချစ်ခင်နှစ်သက်ဖွယ် သူ့မိတ်ဆွေ၊ ထင်ရှားသော ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ဟဲန်ဒရစ် အေ လောရင့်ဇ်၏ စျာပနာ၌ သူတို့၏ သိပ္ပံဆိုင်ရာ အငြင်းအခုန်အကြောင်းများ မပြောဘဲ သက်သောင့်သက်သာ ရှိသည့် လောရင့်စ်၏အပြုအမူ၊ သဘောထားနှင့် အခြားသူအပေါ် မျှတစွာ ဆက်ဆံတတ်မှု၊ “မပျက်ကွက်သောအကြင်နာတရားရှိသူ”ဟု ပြန်ပြောင်း အောက်မေ့သတိရလျက်၊ “သူက သူတစ်ပါးအပေါ်လွှမ်းမိုးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ အသုံးဝင်တဲ့သူဖြစ်ဖို့ပဲ တွေးတယ်လို့ လူတိုင်းခံစားရလို့ သူ့ရဲ့ ဉီးဆောင်မှုနောက်ကို ဝမ်းမြောက်စွာနဲ့လိုက်ကြတယ်” ဟု ပြောကြားခဲ့သည်။
အထူးသဖြင့် ပထမကမ္ဘာစစ်နောက်ပိုင်းတွင် လောရင့်စ်က သိပ္ပံပညာရှင်များ အား နိုင်ငံရေးအရဘက်လိုက်မှုကိုဘေးဖယ်ကာ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြရန် နှိုးဆော်ခဲ့သည်။ “စစ်ကြီးမပြီးခင်ကတည်းက ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးအတွက် စိတ်နှစ်ပြီး သူလုပ်ဆောင်ခဲ့တယ်” ဟု သူ၏ လုပ်ဖော် ဆောင်ဖက် နိုဘယ်ဆုရှင်ကြီးလောရင့်စ် အကြောင်းကို အိုင်းစတိုင်းပြောခဲ့သည်။
သင့်မြတ်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းသည်…
သစ်ပင်များကိုအားပေးနှစ်သိမ့်သူ
အချို့က သူ့ကို “သစ်ပင်များကို အားပေးနှစ်သိမ့်သူ” (tree whisperer) ဟု ခေါ်ကြသည်။ စင်စစ် တိုနီရီနောဒို(Tony Rinaudo)သည် ဝေါဗွီးရှင်း-သြစတြေးလျ မှ သစ်တောစိုက်ပျိုးသူဖြစ်သည်။ သူသည် ဆာဟာရကန္တာရ တောင်ပိုင်း၊ အာဖရိက ဆာဟဲနယ်တစ်လျှောက် သစ်တောပြုန်းတီးခြင်းကိုကာကွယ်ပြီး ပြန်လည် စိမ်းလန်းစိုပြေရန် နှစ်ပေါင်း ၃၀ ကြိုးစားအားထုတ်ခြင်းအားဖြင့် ခရစ်တော်အကြောင်း ဝေငှခဲ့သော သာသနာပြုနှင့် စိုက်ပျိုးရေးပညာရှင်ဖြစ်သည်။
သေးညှက်နေသော “အပင်ပုများ” သည် အမှန်တွင် ကြီးထွားမှုတန့်နေသော သစ်ပင်များဖြစ်ကြောင်း သူသိသဖြင့် အကိုင်းချိုင်၊ ပြုစုလျက် ရေလောင်းပေး ခဲ့သည်။ သူ့လုပ်ဆောင်ချက်က ထောင်ပေါင်းများစွာသောလယ်သမားများ အတွက် လှုံ့ဆော်မှုဖြစ်ခဲ့ပြီး သူတို့သည် အနီးအနားရှိ သစ်တောများကို ထိန်းသိမ်းခြင်း၊ မြေဆီလွှာပြုန်းတီးမှုကို ပြုပြင်ခြင်းအားဖြင့် စိုက်ပျိုးမရသည့် သူတို့၏လယ်ယာမြေများ ပြန်ကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဥပမာ - နိုင်ဂါရှိလယ်သမားများသည် သီးနှံနှစ်ဆထွက်ရှိပြီး ဝင်ငွေနှစ်ဆရသဖြင့် တစ်နှစ်လျှင်…
အဝတ်လျှော်ဖွပ်သောနေ့
ကိုလိုရာဒို ဘုရားကျောင်းအနီးရှိ ဝင်ငွေနည်းရပ်ကွက်ကိုဖြတ်၍ ကားမောင်းသွားစဉ် သင်းအုပ် ချတ်ဒ် ဂရေဟမ်သည် သူနှင့်စပ်ဆိုင်သူများ အတွက် ဆုတောင်းပေးသည်။ထိုနောက် အများသုံးအဝတ်လျှော်ဆိုင်ကိုတွေ့ပြီး ဆင်းကြည့်ရာ အသုံးပြုသူများပြည့်လျက်ရှိသည်ကို တွေ့ရသည်။ လူတစ်ယောက်က အဝတ် အခြောက်ခံစက် သုံးလိုသဖြင့် ဂရေဟမ် ထံမှ ငွေအကြွေတောင်းခဲ့သည်။ ၎င်းသည် ဂရေဟမ်၏ စိတ်ကို ထိတွေ့ခဲ့ပြီး အသင်းတော်၏ “အဝတ်လျှော်သောနေ့” အစီအစဥ်လေး ဖြစ်လာသည်။ အဝတ်လျှော်စက်၌သုံးမည့် ငွေအကြွေနှင့် ဆပ်ပြာကိုအသင်းတော်မှ အသင်းသားများက အပတ်စဥ် ထောက်ပံ့ပေးပြီး အဝတ်လာလျှော် သူများနှင့်အတူဆုတောင်းသည်။ စက်ပိုင်ရှင်ကိုလည်း လိုအပ်သောစက်ပစ္စည်းများ ပံ့ပိုးပေးသည်။
အသင်းတော်၏ ကိုယ်နှင့်စပ်ဆိုင်သူများသို့ဧဝံဂေလိပြုခြင်းတွင် 'အဝတ် လျှော်သောနေ့' အစီအစဥ်ပါဝင်လာခြင်းက သခင်ယေရှု၏ မဟာစေစားချက်ကို ထင်ဟပ်ပြသည်။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏…
အရေးပါသောတုံ့ပြန်မှု
ကြမ်းတမ်းသောစကားသည် နာကျင်ရပါသည်။ ကျွန်မ၏သူငယ်ချင်း ဆုရ စာရေးဆရာသည် သူ့အပေါ်ဝေဖန်မှုများကို မည့်သို့တုံ့ပြန်ရမည်နည်းဟု တွေးရင်း ရုန်းကန်နေရသည်။ သူ့စာအုပ်အသစ်သည် အရည်အသွေးအကဲဖြတ်မှု အမြင့်ဆံုး စာရင်းနှင့် အထူးဆုရစာရင်းဝင်ခဲ့သည်။ သို့သော် လေးစားရသောမဂ္ဂဇင်း သုံးသပ်သူတစ်ဉီးက သူ့အား ပုတ်ခတ်နေလား၊ ချီးမွမ်းနေလား၊ မသဲကွဲသော အမွမ်းတင်စကားကို ပြောခဲ့သည်။ သူ့စာအုပ်ကို ကောင်းမွန်သောစာအုပ်ဟု ဆိုသော်လည်း ပြင်းထန်သောစကားလုံးဖြင့် ဝေဖန်ပြောဆိုထားသည်။ သို့နှင့် “မည်သို့တုံ့ပြန်သင့်သနည်း”ဟု သူငယ်ချင်းများထံမှ အကြံံတောင်းခံလိုက်သည်။
သူငယ်ချင်းတစ်ဉီးက “ထားလိုက်ပါ” ဟုပြောပါသည်။ ကျွန်မသည် သူ့အား လုပ်စရာရှိတာဆက်လုပ်၊ စာရေးစရာရှိတာဆက်ရေး၊ ဝေဖန်မှုကို လျစ်လျူရှု၊ သို့မဟုတ် သင်ခန်းစာယူစရာရှိတာယူ စသည့်အကြံများပေးဖြစ်ခဲ့သည်။
နောက်ဆုံး ပြင်းထန်သောဝေဖန်မှုအား မည်သို့တုံ့ပြန်ရန် သမ္မာကျမ်း၏ အကြံပြုချက်ကို ရှာကြည့်ရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ယာကုပ်သြဝါဒစာ တွင် “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ”ဟု( ၁:၁၉) အကြံပြုထားပြီး၊…
အာရုံစိုက်ထား
ဘဝတွင် ကျွန်ုပ်တို့ဘာကိုပဲကြည့်ကြည့် ၎င်းအပေါ် ကျွန်ုပ်တို့၏အမြင်က ကျွန်ုပ်တို့၏နောက်ခြေလှမ်းများအပေါ်၊ ကျွန်ုပ်တို့၏ကံကြမ္မာကိုပင် လွှမ်းမိုးမှု ရှိသည်ဟူသည့် စာရေးဆရာ မာ့ခ် တွိုင်း(Mark Twain)၏စကားက မှန်သည့်ပုံပေါ်ပါသည်။ တွိုင်းပြောသကဲ့သို့ပင် “သင့်အမြင်အာရုံသည် ဦးတည်ချက် မရှိပါက သင့်မျက်လုံးများအပေါ် အမှီပြု၍မရနိုင်ပါ။”
‘တင့်တယ်’ဟုအမည်ရသည့် ဗိမာန်တော်တံခါးဝ၌ ပေတရုနှင့်ယောဟန် တို့အား ခြေမသန်သည့် သူတောင်းစားက စွန့်ကြဲရန်တောင်းသောအခါ သူ့အား စကားပြန်ပြောရာ၌ ရှင်ပေတရုက အမြင်အာရုံအကြောင်းကို ပြောခဲ့သည် (တ ၃:၂)။ ပေတရုနှင့်ယောဟန်တို့က ထိုသူကို စေ့စေ့ကြည့်ပြီး “ငါတို့အား မျှော်ကြည့်လော့” ဟု ပေတရု ဆိုလိုက်သည် (:၄)။
ထိုစကားကို အဘယ်ကြောင့်ပြောရသနည်း။ ပေတရုသည် ခရစ်တော်၏ သံတမန်အနေနှင့် သူတောင်းစားအား သူ၏အားနည်းချက်၊ သူလိုအပ်နေသည့် ငွေကြေး၌ပင် အာရုံမပြုစေချင်သောကြောင့်ဖြစ်မည်။ တမန်တော်များကို မျှော်ကြည့်သည့်အခါ ခရစ်တော်၌ ယုံကြည်ခြင်းအစစ်အမှန်ကို သူမြင်ရပေမည်။
ရှင်ပေတရုက “ငါ၌ ရွှေငွေမရှိ။…
ကိုယ်တော်၏တေးဂီတဖန်တီးခြင်း
သံစံုသီချင်းအဖွဲ့ကို ဉီးဆောင်ညွှန်ကြားသူ အာရီယံ အေဘယ်လာသည် ငယ်စဉ်ကလေးဘဝက လက်ပေါ်ဖင်ခုထိုင်ပြီး သူ့လက်များကို ဖွက်ခဲ့သည်။ သူ၏လက် နှစ်ဘက်လံုးတွင် မွေးရာပါ လက်ချောင်းများမစံုမလင်ပူးကပ်လျက် ဘယ်ခြေမပါရှိသလို၊ ညာခြေချောင်းများလည်း မစံုပါ။ တေးဂီတကို မြတ်နိုးပြီး စပရာနို သီဆိုသူဖြစ်သဖြင့် သူသည် စမစ် အစိုးရကောလိပ်၌ တေးဂီတဘာသာရပ်ကို အဓိကသင်ယူရန် စီစဥ်ပြင်ဆင်ခဲ့သည်။ တစ်နေ့တွင် တေးသံစံုသီချင်းအဖွဲ့မှ ဆရာက ကွာယာအဖွဲ့ကို ဉီးဆောင်ရန် သူ့ကို ပြောရာ၊ ၎င်းသည် သူ့လက်ကို လံုးဝထင်ရှားစွာ ဖော်ပြရမည့်အရာဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍ သူလုပ်ကိုင် ရမည့် အသက်မွေးမှုအလုပ်ကို သူသိလိုက်ရသည်။ ထိုနောက်တွင် အသင်းတော် သံစံုအဖွဲ့ကို ဆက်လက်ဉီးဆောင်လျက် အခြားတက္ကသိုလ်တစ်ခုတွင်လည်း ကွာယာ သံစံုအဖွဲ့ကို ညွှန်ကြားသူအဖြစ် အစေခံလျက်ရှိသည်။ “ကျွန်မအထဲ မှာရှိတဲ့ တစ်စံုတစ်ရာကို ကျွန်မဆရာများက မြင်တယ်” ဟု သူရှင်းပြသည်။
အားပေးလှံု့ဆော်မှုကို ဖြစ်ပေါ်စေသည့် သူ့အကြောင်းအားဖြင့်…