စာရေးသူ

အားလုံးမြင်နိုင်ရန်
Remi Oyedele

Remi Oyedele

ရီမီသည် ငွေကြေးဆိုင်ရာကျွမ်းကျင်သူဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကလေးစာပေများ ရေးသားရန် ဝါသနာ ထုံသည့် အလွတ်စာရေးဆရာတစ်ဦးဖြစ်သည်။ သူ၏အပြင်းပြဆုံးဆန္ဒမှာ ကျမ်းစာ၏သမ္မာတရားကို ကလေးများအတွက် ဇာတ်လမ်းသဖွယ် ရေးသား တင်ဆက်ရန် ဖြစ်သည်။ ဆရာကြီး စီအက်လူးဝစ်သည် သူ၏ စံပြပုဂ္ဂိုလ်၊ သူကို တွန်းအားပေးလှုံ့ဆော်သူဖြစ်သည်မှာ အထူးပြောစရာ မလိုပါ။ ရီမီသည် ကလေးစာပေ ရေးသားခြင်း ဘာသာရပ်၌ မဟာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပြီး၊ Christian Writer’s Guild and the Institute of Children’s Literature ၏စာပေးစာယူ သင်ကြားပို့ချမှုများကို ပြီးစီးအောင်မြင်ခဲ့သည်။ သူသည် နိုင်ဂျီးရီးယားနိုင်ငံသူတစ်ဦးဖြစ်ပြီး လတ်တလောတွင် ဖလောရီဒါ အလယ်ပိုင်း ဒေသတွင် နေထိုင်လျက် စာဖတ်ခြင်း၊ wordzpread.com တွင် စာရေးသားခြင်းများ ပြုလုပ်သည်။ သူ့ဘလော့ခ်၏ အဓိကမိတ်ဆွေဖြစ်သည့် ဒေးဗစ်နှင့် အိမ်ထောင်ပြုခဲ့သည်။

စာမူ/ အကြောင်းအရာ များ Remi Oyedele

ပြည့်စုံသော ဘဝအသက်တာ

၁၇ ရာစု ဒဿနိကပညာရှင် သောမတ်ဟိုဘီစ်၏ လူ့ဘဝနှင့် ပတ်သက်သည့် ထင်ရှားသော စကားရှိသည်။ “လူ့ဘဝသည် သူ့သဘာဝကိုက အထီးကျန်သည်၊ ဆင်းရဲသည်၊ ရုန်းရင်းကြမ်းတမ်းသည်၊ ရိုင်းစိုင်းသည်။ တိုတောင်းသည်” ဟု သူ ရေးသားခဲ့သည်။ လူ၏ပင်ကိုယ်ဗီဇစရိုက်သဘောသည် ရုန်းကန်ပြိုင်ဆိုင်ခြင်း သဘော၊ တစ်ပါးသူအပေါ် လွှမ်းမိုးအောင်နိုင်လိုသည့်သဘောသို့ ယိမ်းပါနေ သည်။ ထို့ကြောင့် တရားဉပဒေစိုးမိုးရေးအတွက် အစိုးရအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရန် လိုအပ်ပါသည်။

လူသားနှင့်ပတ်သက်သည့်စိတ်ပျက်ဖွယ်အမြင်သည် သခင်ယေရှုမိန့်ကြား သည့် အခြေအနေနှင့်တူနေသည်။ “ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှသည် သူခိုး၊ ထားပြ ဖြစ်ကြ၏”(:၈)။ သို့သော် စိတ်ပျက်အားလျော့ဖွယ်များကြားတွင် သခင်ယေရှုက မျှော်လင့်ခြင်းကို ပေးနေသည်။ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်စီးခြင်း ငှာသာလာတတ်၏။” သို့သော် သတင်းကောင်းမှာ “ငါမူကား သိုးတို့သည် အသက်လွတ်ရုံမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း”(:၁၀) ဟု သခင်မိန့်မြွက်သည်။…

ကောင်းသောပမာဏ

တစ်နေ့ ဓာတ်ဆီဆိုင်တွင် Staci သည် ဘဏ်ကတ်မပါဘဲအိမ်မှထွက်လာသည့် အမျိုးသမီး တစ်ဉီးနှင့် မမျှော်လင့်ဘဲ တွေ့ဆံုခဲ့သည်။ သူမ၏ကလေးနှင့်မတ်တပ်ရပ်ပြီး ဖြတ်သွားဖြတ်လာသူများကို အကူညီတောင်းနေသည်။ ထိုအချိန်မှာ Staci သည် အလုပ်လက်မဲ့ဖြစ်နေသော်လည်း သူစိမ်းတစ်ဦးအတွက် ၁၅ ဒေါ်လာဖိုး ဓာတ်ဆီ ဖြည့်ပေးခဲ့သည်။ နောက်နေ့တွင် Staci အိမ်ပြန်လာသောအခါ အိမ်ရှေ့ဆင်ဝင်၌ ကလေးကစားစရာများထည့်ထားသော လက်ဆောင်ခြင်းတောင်းနှင့် အခြားသော လက်ဆောင်များက စောင့်ကြိုနေသည်ကို တွေ့ခဲ့သည်။ သူစိမ်း၏သူငယ်ချင်းများက Staci ၏ကြင်နာမှုအတွက် အပြန်အလှန်အားဖြင့် သူမ၏ ကောင်းချီး ၁၅ ဒေါ်လာ ကို သူမ၏မိသားစုအတွက် အမှတ်ရစရာ ခရစ္စမတ်အဖြစ်ပြောင်းလဲပေးခဲ့သည်။

ကျေနပ်နှစ်သက်ဖွယ်အကြောင်းလေးပါ။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရံုမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်အချိန်တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား…

နောက်ဖြစ်လာမည့်အရာ

၁၉၆၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ဒေါက်တာမာတင်လူသာကင်းသည် “တောင်ထိပ်သို့ ရောက်ဖူးခဲ့သည်” ဟူသည့် သူ၏နောက်ဆံုး မိန့်ခွန်းကို မိန့်ကြားခဲ့သည်။ ထိုမိန့်ခွန်း၌ သူကြာကြာနေရတော့မည်မဟုတ်ဟု သူယံုကြည်ထင်မှတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ “ပိုခက်ခဲဆိုးဝါးလာမဲ့နေ့ရက်တွေက ရှေ့မှာကြိုနေတယ်။ ကျွန်တော့်အတွက် ဒါက ပြဿနာမဟုတ်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ တောင်ထိပ်ကို ကျွန်တော်ရောက်ခဲ့ဖူးလို့ပဲ။ တောင်ထိပ်ကနေ မြေတစ်ပြင်လံုးကို ကြည့်ခဲ့တယ်။ ကတိတော်ပြည်ကို တွေ့ခဲ့တယ်။ သင်တို့နဲ့ ကျွန်တော် ထိုပြည်ကို ဝင်ရချင်မှဝင်ရမယ်... ဒါပေမဲ့ ဒီကနေ့ည ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော် ဘာကိုမှမပူဘူး။ ဘယ်သူ့ကို မှလည်း မကြောက်ဘူး၊ ကြွလာမဲ့ သခင်ဘုရားရဲ့ဘုန်းတော်ကို ကျွန်တော့်မျက်စိနဲ့မြင်ရပါပြီ”ဟု ပြောကြားခဲ့သည်။ သို့နှင့် နောက်တစ်နေ့တွင် သူလုပ်ကြံခံခဲ့ရသည်။

တမန်တော်ရှင်ပေါလုသည်လည်း သူမသေဆံုးမီတွင် သူ၏သားတပည့် တိမောသေထံ ဤသို့စာရေးပေးခဲ့သည်။ “... ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန်ရောက်လေပြီ။...…

အဖိုးတန်ခွဲခွာမှု

ပန်းပုပညာရှင် Liz Shepherd၏ ၂၀၁၈ ခုနှစ် ပြပွဲတွင် “The Wait - စောင့်စားရချိန်” ပန်းပုရုပ်သည် ဘဝ၌ပေါ်လွင်သော အဖိုးတန်သော အလွန်ထူးကဲမှုကို ပေါ်ထွက်စေ သည်ဟု Boston Globe သတင်းစာမှ ရေးသားခဲ့သည်။ နောက်ဆံုးအချိန် ရောက်နေသည့်ဖခင်ကြီး၏အနီးအပါး၌ အချိန်ကုန်လွန်ခဲ့ရခြင်းကြောင့် သူ့ပြပွဲက တမ်းတစိတ်၊ ဆံုးရှုံးမှု၊ ချစ်ခင်ရသူများက လက်လှမ်းမမီနိုင်သောအရပ်သို့ ရောက်သွားပြီဟူသည့် ထိရှလွယ်သည့်ခံစားချက်အငွေ့အသက်များကို ပေးနေသည်။

သေခြင်းသည် အဖိုးကြီးကြောင်း အယူအဆက ဗီဇသဘာဝအသိနှင့် ဆန့်ကျင် ကောင်း ဆန့်ကျင်နေမည်။ သို့သော် ဆာလံဆရာက “ထာဝရဘုရားရှေ့တော်၌ မိမိ သန့်ရှင်းသောသူတို့၏သေခြင်းအရာသည် အဖိုးကြီးလှ၏” (ဆာ ၁၁၆:၁၅) ဟု ဆိုထားသည်။ ဘုရားသခင်သည် သူ့လူများ၏သေခြင်းကို တန်ဖိုးထားသည်။ ၎င်းတို့ ခွဲခွာသွားစဉ် ဘုရားရှင်က သူတို့ကို ကြိုဆိုသည်။

ဤဖြောင့်မတ်သော ဘုရားလူများ၊ သစ္စာရှိသောအစေခံများကား မည်သူနည်း။…

ဘုရားသခင်၏ပုံသဏ္ဌာန်တော်အမှန်

ဆရာကြီး စီအက်စ်လူးဝစ် ရေးသားသော The Chronicles of Narnia: The Lion, the Witch and the Wardrobe စာအုပ်တွင် အချိန်အတော်တန်ကြာအောင် ပျောက်ကွယ်ပြီးနောက် ပြန်ပေါ်လာသော ကြီးမြတ်သောခြင်္သေ့အာစလန်ကြောင့် နာနီရာသား အားလုံးတို့ စိတ်လှုပ်ရှားခဲ့ကြသည်။ အာစလန်သည် မကောင်းဆိုးဝါး စုန်းဖြူမကြီး၏ တောင်းဆိုချက်ကို လိုက်လျော ပေးလိုက်ရ သောအခါတွင် သူတို့၏ပျော်ရွှင်မှုသည် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ အာစလန်၏ လောလောလတ်လတ် ကျရှုံးမှုကို တွေ့ခဲ့ပြီးမှ အာစလန်၏နားကွဲလုမတတ် ဟိန်းသံကြောင့် စုန်းမကြီးသည် ကြောက်ရွံ့စွာ ထွက်ပြေးသွား သည်ကို နာနီရာသားများ မြင်လိုက်ရသည်။ အားလုံး ဆုံးရှုံးပြီဟု ထင်ရသော်လည်း အာစလန်သည် ယုတ်မာသော စုန်းမကြီးထက် စွမ်းအားကြီးမားကြောင်း သက်သေပြခဲ့သည်။

ထိုဇာတ်လမ်းထဲမှ အာစလန်၏နောက်လိုက်များ ကဲ့သို့ပင် ဧလိရှဲ၏တပည့်သည် သူနိုးလာစဥ် ရန်သူတပ်များ ဝိုင်းထားသည်ကို တွေ့ရသဖြင့်…

ဘုရားသခင်ကြားဝင်သောအခါ

“This Child Is Beloved - အချစ်ခံရသော ကလေး” ကဗျာတွင် ‘သင်းအုပ်အို’ ဟု အများက ချစ်မြတ်နိုးစွာ ခေါ်ဆိုသည့် ဆရာ Omawumi Efueye က သူ့အား ကိုယ်ဝန်ဆောင်ရစဉ် ကိုယ်ဝန်ဖျက်ချရန် ကြံစည်ခဲ့သည့် သူ့မိဘများအကြောင်းကို ရေးသားထားသည်။ ကလေးဖျက်ချမည့်စီစဉ်လိုက်တိုင်း အစီအစဉ်ပျက်ပျက်သွားသည့် အဖြစ်အပျက်များက ထူးခြားသဖြင့် နောက်ဆုံး ကလေးကိုမွေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူ့အသက်ကို ဘုရားသခင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးကြောင်း အသိကြောင့် Omawumi သည် အကျိုးအမြတ်များစွာရသည့် အသက်မွေးမှုအလုပ်ကိုစွန့်ပြီး အချိန်ပြည့်အမှုတော်‌ေဆောင်ဘဝကို ရွေးချယ်ခဲ့သည်။ ယနေ့တွင် သူသည် လန်ဒန်၌ အသင်းတော်တစ်ပါးကို သစ္စာရှိစွာ ကြည့်ရှုနေသည်။

သင်းအုပ်အိုကဲ့သို့ပင် ဣသရေလလူတို့သည် ၎င်းတို့၏သမိုင်း၌ အားနည်းပြီး ခံနိုင်ရည်မရှိသည့်အချိန်တွင် ဘုရားသခင်၏ ကြားဝင်လာမှုကို တွေ့ကြုံခံစားခဲ့ရသည်။ တော၌လှည့်လည်ခဲ့ရစဉ် မောဘဘုရင် ဗာလက်မင်းနှင့် သူတို့ရင်ဆိုင်ခဲ့ရသည်။ ဣသရေလလူတို့၏…

နေရာတကျစီမံထားသော

ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် နေမှအပူကိုရရှိရန်အတွက် နေရာအကွာအဝေး အတိအကျတွင် ရှိနေကြောင်း သိပ္ပံပညာရှင်များက သိကြပါသည်။ နေနှင့်နည်းနည်းလေးများ နီးသွားခဲ့လျှင် ဗီးနပ်စ်ဂြိုဟ်ကဲ့သို့ ရှိသမျှရေများအားလုံး အငွေ့ပျံသွားမည်။ နည်းနည်းလေးများဝေးသွား ခဲ့လျှင်လည်း မားစ်ဂြိုဟ်ကဲ့သို့ အရာအားလုံး အေးခဲသွားပေလိမ့်မည်။ ကမ္ဘာကြီးသည် လုံလောက်သော ကမ္ဘာမြေဆွဲအားကို ဖြစ်ပေါ်စေရန်အတွက် မှန်ကန်သောအရွယ်အစား ရှိနေပါသည်။ အနည်းငယ်ပေါ့သွား ခဲ့လျှင် လပေါ်မှာကဲ့သို့ အလေးချိန်မရှိ လွင့်နေပေလိမ့်မည်။ ဆွဲအားပိုများခဲ့မည်ဆိုလျှင် ဂျူပီတာဂြိုဟ်ကဲ့သို့ အဆိပ်သင့် ဓါတ်ငွေ့များကြားတွင် လှောင်ပိတ်ခံရပြီး အသက်ရှူကြပ် သေဆုံးကြရမည်ဖြစ်သည်။

ရှုပ်ထွေးနက်နဲသော ရူပအရာ၊ ဓာတ်ငွေ့များ၊ ဇီ၀များဓာတ်ပြုခြင်း စသည့်အရာများက ကမ္ဘာကြီးသည် အလွန်အဆင့်မြင့်သော ဖန်တီးရှင်၏လက်ရာဖြစ်ကြောင်းကို ဖော်ပြနေသည်။ ဘုရားသခင်က ယောဘအား လူ့ဉာဏ်ဖြင့်လိုက်မမှီနိုင်သော အကြောင်းအရာများကို မိန့်ကြားစဥ်တွင် ဤမျှရှုပ်ထွေးစွာ ပုံဖော်တည်ဆောက်ထားသည့် အမှုအရာအကြောင်း တစ်စေ့တစ်စောင်းကို ကျွန်ုပ်တို့သိခွင့်ရပါသည်။ ဘုရားသခင်က “မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ မြေကြီးအတိုင်းအရှည်…

ပေးသူ၏ကြည်နူးဝမ်းမြောက်ဖွယ်

အကောင်းဆုံးခရစ်စမတ်လက်​ဆောင်အခု ၂၀ စာရင်း၀င်သည့် အယ်မို၊ ပက်ချ်ကေ့ဒ်စ်၊ ဖာဘီစသည့် အရုပ်လက်ဆောင်များအနက် သင်မည်သည့်လက်ဆောင်ကို ရဖူးပါ သနည်း။ ထိုစာရင်းတွင် မိုနိုပိုလီ၊ နင်တင်ဒိုဂိမ်းဘွိုင်းနှင့်ဝီအားစားဂိမ်း စသည့် ကလေးများအကြိုက် လက်ဆောင်များလည်း ပါဝင်ပါသည်။

ခရစ်စမတ်အချိန်တွင် လက်ဆောင်ပေးခြင်းကို ကျွန်ုပ်တို့အားလုံး နှစ်သက်ကြသည်။ သို့သော် ပထမဉီးဆုံး ခရစ်စမတ်လက်ဆောင်ပေးခဲ့သူ ဘုရားသခင်၏ ဝမ်းသာကြည်နူးမှုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပါ။ ထိုလက်ဆောင်သည် ကလေးသူငယ်အသွင်သဏ္ဌာန်ဖြင့် ရောက်လာပြီး ဗက်လင်မြို့နွားစားခွက်တွင် မွေးဖွားခဲ့သည် (လု ၂:၇)။

နှိမ့်ချသော မွေးဖွားခြင်းဖြစ်သော်လည်း ထိုကလေးပေါ်ထွန်းခြင်းကို ကောင်းကင်တမန်တစ်ပါးသည် အတိအလင်း ဖော်ပြခဲ့သည်။ “လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” ဟုကြေညာခဲ့သည်။ ထိုသတင်းကို
ကြားပြောပြီးနောက် ကောင်းကင်ဗိုလ်ခြေအများတို့သည် ထင်ရှား၍ “ကောင်းကင်ဘဝဂ်ဝယ်…

လောဘနှင့်ဆုပ်ကိုင်ထားခြင်း

“လူကလေးနှင့် သစ်ချသီးအစေ့” ဟူသော ရှေးခေတ်ပုံပြင်တစ်ပုဒ်တွင် လူကလေး တစ်ဦးသည် သစ်ချသီးထည့်ထားသည့် ပုလင်းထဲလက်လျှိုပြီး သစ်ချသီးကို လက်အပြည့် နှိုက်လိုက်သည်။ လက်ထဲတွင် သစ်ချသီး အပြည့်ဖြစ်နေသဖြင့် ပုလင်းဝတွင် တစ်နေ သည်။ သို့သော် လက်ထဲရှိသစ်ချသီးကို နည်းနည်းလေးမျှ မလွတ်ချလိုဘဲ သူစပြီး ငိုတော့သည်။ နောက်ဆုံးတွင် သစ်ချသီးအချို့ကို လွတ်ချ လိုက်မှ ပုလင်းထဲမှလက်ကို ထုတ်နိုင်မည်ဟု နားချခဲ့ရသည်။ လောဘသည် ခက်ထန်သည့် အရှင်သခင် ဖြစ်နိုင်သည်။

ဒေသနာကျမ်းကိုပြုစုသည့် ပညာရှိဆရာကြီးက လက်သင်ခန်းစာနှင့် ထိုသင်ခန်းစာသည် ကျွန်ုပ်တို့ အကြောင်းကို မည်သို့ပြောထားသည့်ကို သရုပ်ဖော်ထား သည်။ သုခမိန်ကြီးက လူပျင်းနှင့် လောဘကြီးသူ လူနှစ်ဦးကို နှိုင်းယှဉ်ထားပြီး သူတို့၏ကွဲပြားခြားနားမှု ကိုလည်း ရေးသားထားသည်။ ‘‘မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍ မိမိအသားကို စားတတ်၏။ ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို…

ကျွန်ုပ်တို့ချီးမွမ်းအေးကျူးသောအခါ

၂၀၁၄ ခုနှစ်တွင် အသက် (၉) နှစ်အရွယ် ဝီလီလေး အိမ်ရှေ့ပန်းခြံမှ ပြန်ပေးဆွဲခံရစဉ်က သူ့အကြိုက် Every Praise ဆိုသော ဘုရားသီချင်းကို ထပ်ခါထပ်ခါသီဆိုနေခဲ့သည်။ ပြန်ပေးသမားများက ကားဖြင့် ခေါ်ဆောင်လှည့်ပတ်မောင်းနေသည့် ထိတ်လန့်ဖွယ် (၃) နာရီကာလအတွင်း သူ့အား တိတ်တိတ်နေရန် ပြောသည်ကို လျစ်လျူကာ ဝီလီလေးသည် ချီးမွမ်းသီဆိုမြဲသီဆိုခဲ့သည်။ နောက်ဆုံး၌ ပြန်ပေးသမားက သူ့ကို အန္တရာယ်မပြုဘဲ ပြန်လွှတ်ပေး ခဲ့သည်။ သူ့၏ကြောက်စိတ်ကို ယုံကြည်ခြင်းဖြင့် ပုံအပ် လိုက်သောအခါ ပြန်ပေးသမားများသည် ထိုသီချင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံရသည်ဟု နောက်ပိုင်းတွင် ဝီလီက သူ့အတွေ့အကြုံကို ပြန်ပြောပြခဲ့သည်။

သူ့အတွက် ကြောက်မက်ဖွယ်အခြေအနေ၌ ဝီလီ၏ တုံ့ပြန်မှုက ပေါလုနှင့်သိလတို့ သက်သေခံဝေမျှခဲ့သည့် အတွေ့အကြုံနှင့် အတူတူပင်ဖြစ်သည်။ ရိုက်နှက်ညှဉ်းဆဲခံရပြီး ထောင်ထဲ အချုပ်ခံ ရပြီးနောက် သူတို့သည် ‘‘ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်…