လ - ဇန်နဝါရီ 2017

လူသားပေမို့

ဗြိတိသျှ စာရေးဆရာ Evelyn Waugh သည် သူ၏စရိုက်လက္ခဏာသည် အပြစ်မဲ့ကြောင်း
ကလောင်လက်နက်ဖြင့် ထင်ရှားစွာ အခိုင်အမာဖော်ပြသည်။ နောက်ဆုံးတွင် သူ
ခရစ်ယာန်ဖြစ်လာသော်ငြားလည်း ရုန်းကန်နေရဆဲ ဖြစ်သည်။ တစ်နေ့တွင် အမျိုးသမီး
တစ်ယောက်က “Mr. Waugh သင့်ကိုယ်သင် ခရစ်ယာန်လို့ပြောပြီး ဘယ်လိုဘ၀ ရှင်သန်နေတာလဲ”  ဟုမေးရာ၊ သူက “မဒမ် မင်းပြောသလို
ကျုပ်က ဆိုးသွမ်းကောင်း ဆိုးသွမ်းမယ်။ ဒါပေမဲ့ ကျုပ် ပြောတာ ယုံလိုက်။ ဒီဘာသာတရားကြောင့်သာမဟုတ်ခဲ့ရင် ကျုပ်လူပီသမှာတောင်မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။
Waugh သည် “ငါသည် ကျင့်ချင်သောစိတ် ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍ မတွေ့နိုင်” (ရောမ ၇း၁၈)ဟု ရှင်ပေါလု ဖော်ပြသကဲ့သို့ အတွင်းစစ်ပွဲကို ဆင်နွှဲနေ ရသည်။ ရှင်ပေါလုက “ပညတ်တရားက ပြဿနာမဟုတ်ဘူး။ ငါကပြဿနာ ဖြစ်နေတာ၊ ငါကလူဖြစ်တယ်လေ” …

မိုးကြိုးနှင့် လျှပ်စီး

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်နှင့် သူငယ်ချင်းတို့သည် မိုးလေးဖွဲဖွဲရွာချိန်တွင် ဖျံများရှိသည့် ရေကန်၌ သွားရောက်ငါးမျှားခဲ့သည်။ လေလာရွက်လှုပ်ပင်များ ယိမ်းထိုး နေသော တောအုပ်အနီးတွင် မိုးခိုစဉ် မိုးက အဆက်မပြတ် ရွာသွန်းနေဆဲပင်။ ထို့ကြောင့် ပြန်ရန် ဆုံးဖြတ်ရင်း ကားဆီသို့အပြေးသွားခဲ့သည်။ ကားတံခါးဖွင့်စဉ် လျှပ်စီးလက်၍ ကျွန်တော်တို့မိုးခိုခဲ့သည့်အပင်ကို မိုးကြိုးပစ်ချ လိုက်သည်။ သစ်ရွက်များ အစိတ်စိတ်အမွှာအမွှာ ကွဲပြဲပြီး သစ်ပင်အခေါက်မီးလောင်ကာ မီးခိုးငွေ့လေးများ ထွက်လာ သည်။    ထို့နောက်တွင်အရာရာ တိတ်ဆိတ်ငြိမ်သွားသည်။
ကျွန်တော်တို့ တုန်လှုပ်၍ အံ့သြမှင်သက်စွာ ခံစားခဲ့ရသည်။
အိုင်ဒါဟို တောင်ကြားတစ်လျှောက်တွင် လျှပ်စီးများနှင့် မိုးကြိုးများက ခြိမ့်ခြိမ့်ညံ နေပါသည်။ အန္တရာယ်ရှိသော်လည်း ထိုအရာကို ကျွန်တော်နှစ်သက်သည်။ ဗို့အား ပြင်းသည်၊ သက်ရောက်မှုပြင်းထန်သည်။ တုန်လှုပ်အံ့ဩစရာကောင်းသည်။ ကမ္ဘာကြီးနှင့်တကွ အရာအားလုံး တုန်လှုပ်သွားရသည်။ ပြီးမှ အားလုံးငြိမ်သက်သွားသည်။
အဓိကအားဖြင့် မိုးကြိုးနှင့်လျှပ်စီးကို ကျွန်တော်နှစ်သက်ရခြင်းမှာ ၎င်းတို့သည်   …

အချည်းနှီး မဟုတ်ပါ

ကျွန်တော်နှင့်သိကျွမ်းသော ငွေကြေးဆိုင်ရာ အကြံပေးသူက ငွေကြေးရင်းနှီးမြှုပ်နှံခြင်း နှင့်စပ်လျဉ်း၍ ‘‘အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ပါ’’ ဟု ဖော်ပြခဲ့သည်။ ဘ၀အသက်တာ၌ မိမိချမှတ်ခဲ့သော ဆုံးဖြတ်ချက်တိုင်းလိုလို၏ ရလဒ်များမှာ သေချာရေရာမှုမရှိပါ။ ဘာပဲဖြစ်လာဖြစ်လာ အဆုံးသတ်တွင် အချည်းနှီးသက်သက် မဟုတ်ကြောင်း သိနိုင်သည့် လမ်းတစ်လမ်းရှိသည်။ ထိုလမ်းကို ကျွန်တော်တို့
ရွေးချယ်လျှောက်လှမ်းနိုင်သည်။              စာရိတ္တပျက်ပြားနေသောမြို့အဖြစ် နာမည်ကြီးသည့် ကောရိနသုမြို့တွင် ယုံကြည်သူများနှင့် တမန်တော်ကြီး ရှင်ပေါလု တစ်နှစ်နီးပါး နေခဲ့သည်။ ထိုမြို့မှ သူထွက်ခွာ ပြီးနောက် စာရေးကာ ခွန်အားပေးခဲ့သည်။ စာ၌ ခရစ်တော် အတွက် ၎င်းတို့၏သက်သေသည် အချည်းနှီးဖြစ်သည်ဟု မတွေးရန်၊ စိတ်မပျက် အားမလျော့ရန်  တိုက်တွန်းခွန်အား ပေးခဲ့သည်။ သခင်ပြန်လာမည့်နေရက် ရောက်လာမည့် အကြောင်းနှင့် သေခြင်းသည် အောင်ခြင်း၌ နှစ်မြှုပ်မည့် အကြောင်း အခိုင်အမာ ဖော်ပြသည်…

ဘာမှ မလို

ခရီးဆောင်အိတ်မပါဘဲ ခရီးသွားရန် တွေးကြည့်လိုက်ပါ။ အခြေခံလိုအပ်ချက်များ၊ လဲစရာ အ၀တ်အစားများ၊ ပိုက်ဆံ (သို့) အကြွေးနှင့်ဈေးဝယ်နိုင်သည့် ခရက်ဒစ်ကတ်များ မပါ၊ မိုက်မဲပြီး ထိတ်လန့်စရာ မဟုတ်ပေဘူးလား။
သို့သော် တပည့်တော် ၁၂ ပါးအား ပထမဦးဆုံးအကြိမ် ဟောပြောရန်နှင့် အနာငြိမ်းစေရန် သခင်ယေရှု စေလွှတ်ခဲ့စဉ်က အထက်ပါ အတိုင်း မိန့်ကြားခဲ့သည်။ သခင်ယေရှုက “သင်တို့သည် တောင်ဝေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။ ခြေနင်းကို စီးကြလော့။ အင်္ကျီ နှစ်ထပ် မဝတ် ကြနှင့်” ဟု မှာထားတော်မူ၏ (မာကု ၆း၈-၉)။
သို့သော်ငြားလည်း  သူပြန်တက်ကြွပြီးနောက်တွင် တပည့်တော်များ လုပ်ဆောင်ရမည့်အမှုအရာများအတွက် သခင်ပြင်ဆင်ရာ၌   ၎င်းတို့အား
“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အ၀တ်ကို…

ဘုရားသခင်၏ မျက်နှာတော်

စာရေးဆရာအဖြစ် လုပ်ကိုင်ခဲ့ရသည့် ကာလတစ်လျှောက် ကျွန်တော်သည် နာကျင်မှု ပြဿနာများဖြင့် လုံးလည်ချာလိုက်နေခဲ့သည်။ မကျက်သေးသော အနာဟောင်းကို ဆွသည့် မေးခွန်းများနှင့် ထပ်ခါတလဲလဲလည်နေသည်။ ကျွန်တော့် စာဖတ်ပရိသတ်များ၏ သတင်းနှင့် သူတို့၏ ပြင်းထန်နာကျင်သော ဇာတ်လမ်းများအားဖြင့် ကျွန်တော့်သံသယ ဖြစ်ခဲ့ဖူးသကဲ့သို့ ခံစားနေရသည့် လူ့မျက်နှာများကို မြင်ရ သည်။ လူငယ်သင်းအုပ်တစ်ပါး၏ ဇနီးနှင့်သမီးသည် မသန့်သောသွေးသွင်းမိရာမှ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကူးကာ သေလုနီးပါး ဖြစ်နေသည်။ သူက ကျွန်တော့်ကို ဖုန်းခေါ်ပြီး “ဘုရားသခင်သည် မေတ္တာရှင်ဖြစ်ကြောင်း ကျွန်တော့် လူငယ်အဖွဲ့ကို ဘယ်လိုပြောရမလဲ” ဟု မေးလာ ပါသည်။
ထိုလူငယ် သင်းအုပ်၏ဇနီးကျမှ ဘာလို့ မသန့်သည့်သွေး ဖြစ်ရတာလဲ။ ဘာလို့ လေဆင်နှာမောင်းက ဒီမြို့ကို ၀င်ရောက်ဖျက်ဆီးပြီး  ဟိုမြို့ကိုတော့ ကျော်သွား တာလဲ။  ကျန်းမာဖို့  ဆုတောင်းတာ ဘာလို့ အဖြေမရတာလဲ။ `ဘာလို့လဲ´…