လ - မတ် 2017

လန်းဆန်းစေသော နွေဦးမိုး

ခေတ္တခဏ အနားယူလိုသဖြင့် အနီးရှိ ပန်းခြံထဲ ကျွန်မလမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလေးအတိုင်း ရှေ့ရှုလျှောက်သွားရာ စိမ်းစိမ်းစိုစိုနှင့် အပင်ပေါက်လေးက ကျွန်မ၏ အာရုံကို ဖမ်းစားသည်။ ရွှံ့တောထဲမှ အပင်အစို့အညှောင့်လေးများ ရှင်သန် ထွက်ပေါ်လာသည်။ နွေးထွေးသောရာသီ ရောက်လာတော့မည့်အကြောင်း နွေဦး၏ ရှေ့တော်ပြေး အ၀ါရောင်ပန်းလေးများက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖူးပွင့်လာတော့မည်။ ဆောင်းတစ်ရာသီ ကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။
ဟောရှေအနာဂတ္တိကျမ်းကို ဖတ်ရှုရသည့်အခါ မဆုံးနိုင်တော့သည့် အေးစက်သည့် ဆောင်းရာသီအလား ခံစားမိစေသည်။ ဖန်ဆင်းရှင်က သူ့လူမျိုးတော် ဣသရေလ လူတို့ကို ချစ်ကြောင်း ပုံနမူနာပြသည့်အနေနှင့် (၁း၂-၃) ဘုရားသခင်သည် ပရောဖက်ဟောရှေအား အားကျစရာ မကောင်းသည့် သစ္စာမဲ့အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်စေခိုင်းခဲ့သည်။ ဟောရှေ၏ဇနီးဂေါမာသည် သူတို့၏ထိမ်းမြားခြင်းဝန်ခံကတိကို ချိုးဖောက်ခဲ့သည်။ သို့သော်လည်း သူ့အပေါ် အကြွင်းမဲ့ချစ်တုံ့ပြန်လာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဟောရှေက သူ့အား ပြန်လာရန် ကမ်းလင့်ကြိုဆိုခဲ့သည် (၃း၁-၃)။ ထိုနည်းတူ ဘုရားသခင်သည်လည်း…

ပြေးခြင်းနှင့် အနားယူခြင်း

‘‘နားရမည့်နေ့ရက်များသည် အပြေးသမားများအတွက် အရေးကြီးသည်’’ ဆိုသော စာတန်းလေးကို ကျွန်မစိတ်ဝင်စားမိသည်။ U.S တောင်ပတ်ပြေးသောအဖွဲ့(Mountain Running Team)၏ အဖွဲ့ဝင်ဟောင်း Tommy Manning ၏ ဆောင်းပါးတွင်  စိတ်နှစ်ပြီး ကစားသော အားကစားသမားများသည် တစ်ခါတစ်ရံတွင် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက် နားရန်လိုသော်လည်း  ထိုအချက်ကို လျစ်လျူရှုထားတတ်ကြကြောင်း ဖော်ပြထားသည်။ ဇီဝကမ္မဗေဒအရ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်သော ဇီဝသပ္ပာယ (ခန္ဓာနရီ၏ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း)သည် နားနေသည့်အချိန်တွင်သာ ဖြစ်ပေါ်သည်။ ၎င်းသည် နားနေချိန်သည် လေ့ကျင့်မှုထက် အရေးကြီး သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း Manning က ရေးသား ခဲ့သည်။
ယုံကြည်ခြင်းခရီးနှင့် အစေခံခြင်းလမ်းကို လျှောက်လှမ်းရာ၌လည်း ထို့အတူပင်ဖြစ်သည်။ ပင်ပန်းအားကုန်လျက် စိတ်ဓာတ်ကျ သည့် အဖြစ်မျိုးကို ရှောင်ရှားရန် ပုံမှန်အနားယူခြင်းသည် မရှိမဖြစ် လိုအပ်သည်။ သခင်ယေရှု လောက၌ ကျင်လည်ခဲ့စဉ်…

သေးငယ်သော မီး

၁၆၆၆ ခုနှစ် စက်တင်ဘာလ တနင်္ဂနွေနေ့တစ်ညတွင် Pudding လမ်းရှိ Thomas Farriner ၏ မုန့်ဖုတ်ရုံမှစ၍ မီးလောင်ချိန်တွင်  လူအများစုမှာ အိပ်မောကျနေကြသည်။ မကြာမီ  တစ်အိမ်ပြီးတစ်အိမ် မီးကူးကား ကြီးမားလှသည့် မီးတောက်များအကြားတွင် လန်ဒန်မြို့ကြီး ၀ါးမြိုခံခဲ့ရသည်။ မြို့၏ ၅ ပုံ ၄ ပုံ ပျက်စီးပြီး လူဦးရေ ၇၀၀၀၀ ကျော်    အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။ ဤသေးငယ်သောမီးက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
သမ္မာကျမ်းစာထဲတွင်   သေးငယ်သော်လည်း ပျက်စီးစေတတ်သော အခြားမီးတစ်မျိုးအကြောင်း သတိပေး ထားသည်။   ‘‘ထိုနည်းတူ လျှာသည် ငယ်သောအင်္ဂါ ဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင် သည်ကို ကြည့်ပါလော့’’ ဟု ရေးသားခဲ့စဉ်က  (ယာ ၃း၅) ရှင်ယာကုပ်သည် အဆောက်အအုံထက်  အသက်တာနှင့် ပေါင်းသင်းဆက်ဆံရေးများအပေါ်…

တစ်ခုခု မှားနေတယ်

ကျွန်မသားလေး အယ်လင် မွေးပြီးသည့် မနက်တွင် ဆရာဝန်က ခုတင်ခြေရင်းနားရှိ ထိုင်ခုံတွင် ထိုင်ရင်း ‘‘ကလေးက တစ်ခုခု မှားနေတယ်’’ ဟုပြောပါသည်။ အပြင်ပန်း ကြည့်လျှင် သားလေးသည် ပြီးပြည့်စုံပါသော်လည်း အသက်အန္တရာယ်ရှိသည့် မွေးရာပါ ရောဂါ ပါလာ၍ ချက်ခြင်းခွဲစိတ်မှုခံယူရန်အတွက် မိုင် ၇၀၀ ခန့်ဝေးသော ဆေးရုံသို့ လေယာဉ်ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
သင့်ကလေး၌ ရောဂါတစ်စုံတစ်ရာရှိနေပြီဟု ဆရာဝန်က ပြောသောအခါ သင့်ဘ၀ကြီးပါ ပြောင်းလဲသွား သည်။ ကြိုမမြင်ရသောအရာကို စိုးရိမ်ကြောက်ရွံ့နေခြင်းက စိတ်နှလုံးကို ကြေမွစေပြီး လူကို ပြိုလဲသွားစေသည်။  ထို့ပြင် ကလေးကို ပြုစုနိုင်အောင် မိမိကို ခွန်အားပေးမည့် ဘုရားသခင်ကို အသည်းအသန် ရှာပါတော့သည်။
ချစ်ခြင်းမေတ္တာရှင်ဘုရားက ဤအဖြစ်မျိုးကို ခွင့်ပြု သည်လား၊ ကျွန်မကလေးကိုရော ဂရုစိုက်ပါရဲ့လား၊ ကိုယ်တော် ရှိပါသလား စသည်ဖြင့် ဟိုရောက်ဒီရောက် အတွေးများက ထိုမနက်တွင်…

ကယ်ဆယ်ရေးလုပ်ငန်းတာဝန်

ကယ်ဆယ်ရေးလုပ်ငန်းတာဝန်

Saving Private Ryan ရုပ်ရှင်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အမေရိကန်စစ်တပ်မှ လေထီးစစ်သည်အား ကယ်ဆယ်ရေးအကြောင်း ဇာတ်လမ်းရိုက်ကူးတင်ဆက်ထားပါသည်။ တိုက်ပွဲအတွင်း Priviate James Ryan ညီအစ်ကို ၃ ဦး ကျဆုံးခဲ့ရာ၊ ငယ်ရွယ်သော တပ်သားသာ မိသားစုနာမည်နှင့်…