လ - မေ 2017

ကြမ်းတမ်းသော ရေပြင်အတွက် လမ်းညွှန်

ပထမဆုံးအကြိမ်အဖြစ် ရေစီးကြမ်းသော လှိုင်းဖြူစီးကြောင်းတွင် ရာဘာဖောင်စီးရာ၌ စိတ်လှုပ်ရှားလျက် ထိုအတွေ့အကြုံကို ကျွန်ုပ်အလွန်နှစ်သက်သည်။ သို့သော် အရှေ့မှရေလှိုင်းများ ပွက်ထမြည်ဟီးသံကို ကြားရသောအခါ တစ်ပြိုင်နက်ထဲတွင် မသေချာမှု၊ ကြောက်ရွံ့မှု၊ မလုံခြုံမှုတို့နှင့်အတူ စိတ်လှုပ်ရှားရသည်။ ရေလှိုင်းဖြူစီးခြင်းသည် အလွန်မှပင် ကောင်းသော၊ ကြောက်စရာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော ကစားနည်းတစ်ခုဖြစ်သည်။ ထို့နောက် အချိန်တိုတိုအတွင်း ပြီးဆုံးသွားသည်။ ဖောင်၏ အနောက်ဘက်တွင် လိုက်ပါလာသော လမ်းညွှန်သူက လမ်းကြောင်းတစ်လျှောက် ညွှန်ကြားမှု ပြုပေးသည်။
ကျွန်ုပ်တို့၏ဘ၀ အဖြစ်အပျက် တစ်ခုမှ နောက်တစ်ခု သို့ ကူးပြောင်းခြင်းသည်လည်း ရေလှိုင်းဖြူစီးခြင်း အတွေ့ အကြုံနှင့် အတူတူပင်ဖြစ်သည်။ မလွဲမသွေ တွေ့ကြုံရမည့် ဘ၀ရာသီခွင်တစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းခြင်း၊ ကောလိပ်ကျောင်းသားဘ၀မှ အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင် ၀င်ရောက်ခြင်း၊ အလုပ်တစ်ခုမှအခြားတစ်ခုသို့ ပြောင်းခြင်း၊ မိဘနှင့်အတူနေရာမှ မိမိတစ်ဦးတည်း (သို့)  အိမ်ထောင်ကျပြီး ဇနီးခင်ပွန်းနှင့်အတူနေခြင်း၊ ၀န်ထမ်းဘ၀မှ…

မနာလိုမှုအတွက်ကုထုံး

ညနေပိုင်းတွင် မိဘများက အပြင်ထွက်လိုသဖြင့် မြေးကလေးများကို ထိန်းပေးရန် ၀မ်းမြောက်စွာ ကျွန်မသဘောတူလိုက်သည်။ သူတို့ကို ဖက်ထားပြီး   ‘‘စနေတနင်္ဂနွေမှာ ဘာတွေလုပ်ကြသလဲ’’ ဟု မေးလိုက်သည်။ ဦးဦး၊ ဒေါ်ဒေါ်တို့ထံ ညအိပ်သွားခဲ့သည့် အသက်သုံးနှစ်အရွယ် ဘရစ်ဂျာက ရေခဲမုန့်စားရကြောင်း၊ ချားရဟတ်စီးရကြောင်း၊ ရုပ်ရှင်ကြည့်ရကြောင်းတို့ကို ပြောပြသည်။ ထို့နောက် အသက် ငါးနှစ်အရွယ် ဆင်မြူရယ် အလှည့် ဖြစ်သည်။ ဘာလုပ်ခဲ့သလဲဟု မေးသော် သူက ‘‘တောထဲမှာ စခန်းချပြီး လျှောက်လည်တယ်’’ ဟုဖြေသည်။ ‘‘ပျော်သလား’’ ဟု ကျွန်မမေးရာ၊ ‘‘ဒီလောက်ကြီးလည်း မဟုတ်ပါဘူး’’ ဟု အထီးကျန်စွာ ပြန်ဖြေသည်။
ဆင်မြူရယ်၌ မနာလိုစိတ်ဝင်နေသည်။ ညီငယ်၏ စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ရသည့် သူ့အတွေ့အကြုံကို ကြားပြီးနောက် သူ့ဖခင်နှင့် ပျော်ရွှင်စွာ စခန်းချခဲ့သည့်ဖြစ်ရပ်များကို ဆင်မြူရယ် မေ့သွား တော့သည်။
ကျွန်မတို့အားလုံးသည်လည်း မနာလိုမှု ကျော့ကွင်းထဲသို့ ကျရောက်နိုင်သည်။…

သဏ္ဌာန်တူခြင်း

‘‘ကျွန်ုပ်တို့၌ တူညီသောအရာရှိကြသည်။’’  ပုံသဏ္ဌာန်ဆင်သည်၊ ရုပ်ချင်းဆင်တူသည်ဟု အချို့က ဆိုသည်။ သွေးသားမတော်စပ်သော်လည်း မိမိနှင့် အလွန်မှ ရုပ်ချင်းဆင်သူများ ရှိကြသည်။
ကျွန်ုပ်ကမူ အနုပညာနယ်ပယ်မှ ဂီတကြယ်ပွင့် ဂျိမ်းစ်တေလာ နှင့် တူသည်။ သူ၏ဂီတပွဲကိုသွားကြည့်တိုင်း ခေတ္တအားလပ်ချိန်တွင် ပရိသတ်က ကျွန်ုပ်ကို နှစ်ခါပြန် လှည့်လှည့်ကြည့်ကြသည်။ အလိုလေး၊ သီချင်းဆိုချိန်နှင့် ဂီတာတီးခတ်ချိန်တွင်မူ ကျွန်ုပ်သည် ဂျိမ်းစ်တေလာ မဟုတ်ပါ။ ကျွန်ုပ်တို့နှစ်ဦးသည် မတော်တဆ ရုပ်ချင်းဆင်တူခြင်းသာ ဖြစ်သည်။
သင် မည်သူနှင့်တူသနည်း။ ထိုမေးခွန်းကို ချင့်ချိန် တွေးဆရာ၌ ၂ ကော ၃း၁၈ ၌ ရှင်ပေါလုက ကျွန်ုပ်တို့အား
မိန့်ကြားသည့် ‘‘ငါတို့သည် ဘုန်းအသရေတိုးပွား၍ (ဘုရားသခင်၏) ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရ
ကြ၏’’ ဟူသည့်အချက်ကို ထင်ဟပ်ဆင်ခြင်ပါ။ ကျွန်ုပ်တို့၏ အသက်တာတွင် ခရစ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမြှောက်ရန် ရှာကြံရာ၌ ကျွန်ုပ်တို့၏ ရည်မှန်းချက်တစ်ခုမှာ…

ဘုရားသခင်ကို ကာကွယ်ခြင်း

မော်တော်ကားဘမ်ပါပေါ်မှ ဘုရားသခင်ကို ဆန့်ကျင်သော စတစ်ကာစာတန်းများက တက္ကသိုလ်ပါမောက္ခကြီးတစ်ဦး၏အာရုံကို ဖမ်းစားခဲ့သည်။ သူသည် ယခင်က ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်ခဲ့သည့်အလျောက် ထိုကားပိုင်ရှင်သည် ယုံကြည်သူများ ဒေါသထွက်အောင် လုပ်ခြင်း ဖြစ်မည်ဟု သူထင်မိသည်။ ‘‘ဘုရားမဲ့ဝါဒီအတွက် ဘုရားမဲ့ဝါဒဟာ မှန်ကြောင်း အကြောင်းပြဖို့ ဒေါသစိတ်က အထောက်အကူပြုတယ်’’ ... ‘‘အများအားဖြင့်တော့ ဘုရားမဲ့ဝါဒီတွေဟာ သူတို့ရှာနေတဲ့ အရာကို အတိအကျ တွေ့သွားတယ် ’’ ဟု ဆိုသည်။
သူကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ယုံကြည်ခြင်း ခရီးစဉ်ကို ပြန်လည်ဆင်ခြင်ရင်း၊ ခရစ်တော်၏ အမှန်တရားကို ဆင်ခြင်ရန် ခရစ်ယာန်မိတ်ဆွေများက ၀န်တာထားပြီး ဖိတ်ခေါ်ခဲ့ခြင်းကို ပါမောက္ခကြီးက သတိပြုမှတ်မိသည်။
‘‘ အမြန်တုံ့ပြန်ရန် အရေးကြီးကြောင်း မိတ်ဆွေများက ပြော လည်း အမျက်ဒေါသကို လုံးဝ မတွေ့ရ။’ ထိုနေ့က သူလက်ခံ ရသည့် စစ်မှန်သောလေးစားမှုနှင့်အတူ ကရုဏာကျေးဇူးကို သူဘယ်တော့မှ…

မျက်တောင်ခတ်တိုင်း ဘုရားရှင်အကြောင်း ဆင်ခြင်ပါ

‘‘ဘုရားသခင်ဟာ မျက်ခွံနဲ့တူတယ်’’ ဟု ကျွန်မ၏သူငယ်ချင်း ရဲလီ က ဆိုသဖြင့် အံ့ဩစွာဖြင့် ကျွန်မ မျက်တောင်ခတ်လိုက်မိသည်။ သူဘာကိုဆိုလိုသနည်း။
‘‘ပိုရှင်းအောင် ငါ့ကို  ပြောစမ်းပါအုံး’’ ဟု ကျွန်မက ပြန်ပြောသည်။ ကျွန်မတို့ အတူတကွ ကျမ်းစာကို လေ့လာရာ၌ ဘုရားသခင်ကို သားဖွားခြင်းဝေဒနာ ခံစားရသော မိခင်အဖြစ်လည်းကောင်း (ဟေရှာ ၄၂း၁၄)၊ ပျားကို ထိန်းချုပ်သူ အဖြစ်လည်းကောင်း (၇း၁၈) ပုံဖော်ထားသည်ကို တွေ့ရသော်လည်း သူပြောသည့်အရာက ကျွန်မအတွက် အသစ်အဆန်း ဖြစ်နေသည်။ ဘုရားသခင်သည် သူ့လူမျိုးတော်အား ဂရုတစိုက်ပြုစုကြောင်း မောရှေချီးကျူး ထောမနာပြုသည့် တရားဟောရာကျမ်း ၃၂ ကို ရဲလီ ကပြသည်။ အခန်းငယ် ၁၀ တွင် ဘုရားသခင်သည် သူ၏ လူမျိုးတော်ကို မျက်လုံးထဲမှ မျက်ဆံတော်ကဲ့သို့ စောင့်ရှောက် တော်မူမည် ဟု ဖော်ပြထားသည်။
အင်္ဂလိပ်ဘာသာတွင်…