လ - မေ 2017

ဘုရားသခင်အပေါ်နားလည်မှုအမြင်

ကာရီကချယ်  ရုပ်ပြောင်ရေးဆွဲသူ အနုပညာရှင်တို့သည် လူစည်ကားသည့်နေရာများတွင်  သင့်တင့်သောဈေးနှုန်းဖြင့်  ရွှင်မြူးဖွယ်ရာပုံများကို ရေးဆွဲကြသည်။ သူတို့ရေးဆွဲသော ပုံများသည် မျက်နှာ၏ထင်ရှားသောအစိတ်အပိုင်းကို အသားပေးရေးဆွဲထားပြီး တစ်ဘက်က ချဲ့ကားထားသော်လည်း တစ်ဘက်တွင် အရေးမကြီး၊ ကိစ္စမရှိသည့် သဘောဖြစ်သည်။ မိမိပုံမှန်းသိနိုင်၍ ရယ်စရာ ကောင်းသည်။
သို့သော် ဘုရားသခင်၏ဂုဏ်တော်ကို  တစ်ဘက်က
ချီးမြှောက်ပြီး တစ်ဘက်တွင် အရေးမကြီးသကဲ့သို့ ရှုမြင်ခြင်းက မဖြစ်သင့်ပါ။ ဘုရားသခင်၏ဂုဏ်တော်ကို   ပေါ့တန်စွာ တွေးလျှင် လူတို့ အမြင်စောင်းပြီး အလေးမထား
ကြတော့ပါ။ ဘုရားသခင်သည် အမျက်တော်ထွက်ပြီး မညှာမတာ စီရင်တတ်ကြောင်း အချက်ကို ပေါ့တန်စွာ ရှုမြင်သောအခါ ဘုရားသခင်၏သနားခြင်း ကရုဏာ သဘောကို အလွဲသုံးစားလုပ်ရန် သွေးဆောင်ခံရတတ် သည်။ ဘုရားသခင်ကို ကြင်နာတတ်သူ ဘိုးဘိုးအဖြစ် မြင်သူများသည် ၎င်းတို့ မတရားခံရသည့်အချိန်တွင် ဘုရားသခင်သည် ကြင်နာခွင့်လွှတ်ကြောင်းကို လက်သင့် မခံနိုင်။ ဘုရားသခင်ကို အသက်ရှင်သောနှစ်သက်ဖွယ်…

ထွက်မြောက်ရာလမ်းကို ရှာဖွေခြင်း

ကယ်လီဖိုးနီးယားပြည်နယ် Santa Barbara မြို့တွင် ထူးခြားသည့် နာမည်ရှိသော လမ်းတစ်လမ်းရှိသည်။ ‘‘ဖြစ်နိုင်ရင် ထွက်သွားပါ’’ ဟုအဓိပ္ပာယ်ရှိသည့် ‘‘Salsipuedes’’ လမ်း ဖြစ်ပါသည်။ ထိုလမ်းကို ပထမဆုံး နာမည်ပေးခဲ့စဉ်က ဘေးပတ်လည်တွင် ရေ၀ပ်ပြီး တစ်ခါတစ်ရံ ရေကြီးတတ်သောကြောင့် မြို့ပြတွင်နေထိုင်သူ စပိန်လူမျိုး များက လိမ္မာပါးနပ်စွာဖြင့် ထိုနေရာကို ဝေးဝေးရှောင်ရန် နာမည်ပေးခဲ့ခြင်းဖြစ်သည်။
ဘုရားရှင်၏ နှုတ်ကပတ်စကားတော်သည်လည်း ကျွန်ုပ်တို့အား အပြစ်သွေးဆောင်ခြင်း၏ ‘မှားယွင်းသောလမ်း’ မှ ဝေးစွာရှောင်ရန်  သတိပေးထားသည်။ ‘‘သူတို့လမ်းကို ကြဉ်ရှောင်ကြလော့။ လိုက်မသွားနှင့်။ လွဲ၍သွားလော့’’ (သုတ္တံ ၄း၁၅)။ နှုတ်ကပတ်တော်မှ ‘ဖြစ်နိုင်ရင် ထွက်သွားပါ’  မျှသာ မဆို၊ စိတ်ချမှုနှင့် မည်သည့်ဘက်သို့ လှည့်ရမည်ကိုပါ ဖော်ပြထားပါသည်။ ‘‘ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့် ပေးတော်မမူ။ သင်တို့သည်…

ကလေးသူငယ်ကို အသင့်ပြင်ဆင်

ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ ၀က်ဆိုက်များစွာ အနက် ၀က်ဆိုက် တစ်ခုတွင် ‘‘လမ်းခရီးအတွက် သင့်ကလေးအား ပြင်ဆင်ပေးပါ။ သင့်ကလေးအတွက် လမ်းကို ဖောက်လုပ်ပေးရန်မဟုတ်’’ ဟူ၍ ဆိုထားသည်။ အသက်တာတွင် ကလေးများအတွက် အခက်အခဲအတားအဆီးများကို ဖြိုဖျက်ကာ လမ်းဖောက်ပေးမည့်အစား ရှေ့၌ရှိသော လမ်းခရီးတွင် ကြုံဆုံရမည့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် ပြင်ဆင်လေ့ကျင့်မှုပြုသင့်သည်။
ဆာလံဆရာက ‘‘သားမြေးတို့မှ မ၀ှက်မထား၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို လည်းကောင်း၊ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကို လည်းကောင်း ဖြစ်လတ္တံ့သောသူတို့အား ဖော်ပြကြမည်။ ... ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍၊ ဖြစ်လတ္တံ့သော အမျိုးတည်းဟူသော ဘွားမြင်လတ္တံ့သော သူတို့သည် သိနားလည်၍ နောက်တစ်ဖန် မြေးမြစ်တို့အား ပြသမည်အကြောင်း ပညတ်တော်မူပြီ’’ (ဆာ ၇၈း၎-၈)။ ရည်ရွယ်ချက်မှာ ‘‘ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် ဘုရားသခင်၏အမှုတော်တို့ကို မမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ ပညတ်တော်တို့ကို…

ဘုရားသခင်က လွှမ်းခြုံပေးသည်

ကျွန်မ၏သားသမီးလေးများ ကလေးဘ၀အရွယ်က စိုရွှဲလျက် ရွှံ့ဗွက်ထနေသောခြံထဲတွင် ကစားတတ်ပြီး မကြာခင်မှာပင် ရွှံ့ဗွက်များဖြင့် ပေကျံကုန်တော့သည်။ သူတို့ကို သန့်ရှင်းရေးလုပ်ရန်နှင့် ကြမ်းခင်း မပေကျန်စေရန်အတွက် တံခါးဝ၌ သူတို့ကို အင်္ကျီ ချွတ်ပေးပြီး ကိုယ်သုတ်ပုဝါတဘက်နှင့်ပတ်ကာ ရေချိုးခန်းထဲသို့ ပွေ့ချီသွားသည်။ ထို့နောက် ဆပ်ပြာနှင့်ရေတို့ဖြင့် သူတို့ကို ညစ်ပေသော အခြေအနေမှ သန့်ရှင်းစင်ကြယ်သော အခြေအနေသို့ ပြောင်းပစ်လိုက်ရသည်။
ဇာခရိအား ဖော်ပြသောရူပါရုံတွင် ယဇ်ပရောဟိတ် အကြီး ယောရှုသည် အပြစ်နှင့် မှားယွင်းသောအမှုများကို ပုံဆောင်သော ညစ်ညူးသည့်အ၀တ်ကို ၀တ်ဆင်ထားသည် (ဇာ ၃း၃)။ သို့သော် ဘုရားရှင်သည် သူ့ကို ပြန်လည် သန့်စင်ပေးပြီး ညစ်ပေသောအ၀တ်များ ဖယ်ရှားကာ
တင့်တယ်သောအ၀တ်ကို ယူတင်ဝတ်ဆောင်ပေးသည် (၃း၅)။ အသစ်သော ခေါင်းပေါင်းနှင့် အ၀တ်က သူ၌ရှိသောအပြစ်များကို ဘုရားသခင် ယူဆောင်သွားကြောင်း ဖော်ညွှန်းသည်။
ထို့အတူ ကျွန်မတို့သည်လည်း သခင်ယေရှု၏ကယ်တင်တော်မူခြင်း အမှုအားဖြင့်…

ခြင်္သေ့များနှင့် အတူရှိခြင်း

ချီကာဂိုပြည်နယ်ရှိ ပြတိုက်တစ်ခုသို့ ကျွန်မသွားရောက်လည်ပတ်စဉ်၊ ကြောက်စရာ မျက်နှာ အမူအရာရှိပြီး အတောင်ပံပါသည့် ခြင်္သေ့ပုံ(the original Striding Lion of Babylon )  မူရင်းနံရံဆေးရေးပန်းချီကို တွေ့ခဲ့ရသည် ။ ၎င်းသည် ဗာဗုလုန်မှ အချစ်နှင့် စစ်နတ်ဘုရားမ  Ishtar ကို ကိုယ်စားပြုပြီး  လွန်ခဲ့သော ဘီစီ (၆၀၄ - ၅၆၂) အတွင်းက ဗာဗုလုန်မြို့တွင်းသို့ စီတန်းလှည့်လည်သွားသည့် လမ်းမ နံရံ၌ အစီအရီရေးဆွဲထားသည့် ပုံစံတူ ခြင်္သေ့အကောင် ၁၂၀ အနက် တစ်ကောင်ဖြစ်သည်။
သမိုင်းပညာရှင်များ၏အဆိုအရ ယေရုရှလင်မြို့ကို ဗာဗုလုန်တို့ အောင်နိုင်ပြီးနောက်ပိုင်း နေဗုခဒ်နေဇာမင်းကြီး လက်ထက်တွင် ဟေဗြဲသုံ့ပန်းများသည် ဤခြင်္သေ့များကို တွေ့ရှိခဲ့မည်ဖြစ်ပြီး၊ အချို့သော ဣသရေလလူများက ဣသရေလတို့၏ဘုရားကို Ishtar နတ်ဘုရားက အနိုင်ရ
ခဲ့သည်ဟု ယုံကြည်ခဲ့ဟန်တူသည်ဟုလည်း မှတ်ချက် ချသည်။
ဟေဗြဲအကျဉ်းသားများအနက်…