လ - ဇူလိုင် 2017

နက္နဲရာထဲမွ

ရေကူးကန်အတွင်း အန္တရာယ်ဖြစ်စေနိုင်သည့်အရိပ်အယောင် ရှိ၊ မရှိ ကျွန်ုပ် သေချာစွာ စောင့်ကြည့်ရသည်။ အသက်ကယ် စောင့်ကြည့်သူအဖြစ် တာဝန်ချိန် ၆ နာရီအတွင်း ရေကူးသူများ၏ အသက်အန္တရာယ်ကင်းရေးအတွက် ရေကန်၏ထောင့်တစ်နေရာမှ ကျွန်ုပ် စောင့်ကြည့်ခဲ့ရသည်။ စောင့်ကြည့်နေရာမှ ထွက်ခွာမိချိန် (သို့) အလုပ်အပေါ် အာရုံစိုက်မှု လျော့ပါးချိန် အခိုက်အတန့်တွင်ပင် အကျိုးဆက် အနေဖြင့် ကန်အတွင်း ရေကူးနေသူများ၏ အသက်အန္တရာယ် ဖြစ်သွားနိုင်သည်။ ရေကူးသူတစ်ဦးသည် ထိခိုက်မှုကြောင့် ဖြစ်စေ၊ မကျွမ်းကျင်မှုကြောင့်ဖြစ်စေ ရေနစ်ပါက ကျွန်ုပ်၏ တာဝန်မှာ ထိုသူကိုရေထဲမှ ကယ်ထုတ်ပြီး ရေကန် ကုန်းပတ် ပေါ်သို့ အန္တရာယ်ကင်းစွာ ခေါ်ဆောင်လာရန် ဖြစ်သည်။
ဖိလိတ္တိလူတို့နှင့် တိုက်ပွဲဝင်စဉ် ဘုရားသခင်၏ ကူညီ မစမှုကို ဒါဝိဒ်ခံစားခဲ့ရစဉ် (၂ ရာ ၂၁း၁၅-၂၂) တခဲနက်သော ရေထဲက ကယ်ဆယ်ခြင်းခံရသည်နှင့် တူကြောင်း ဒါဝိဒ် ခိုင်းနှိုင်းခဲ့သည်…

ကျွန်ုပ်တို့ပြန်ယူလာသောအရာ

John F. Burns သည် The New York Times အတွက် ကမ္ဘာ့အဖြစ်အပျက်များကို မျက်နှာဖုံးသတင်းအဖြစ် တင်ဆက်ပေးခဲ့သည်မှာ အနှစ် ၄၀ ရှိခဲ့ပြီ။ ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက်မှ သူရေးသော ဆောင်းပါးတစ်ခုတွင် ကင်ဆာရောဂါဖြင့် သေခါနီး ဖြစ်နေသည့် မိတ်ဆွေရင်း၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တစ်ဦး၏စကားကို သတိရမိသည်။ “မင်းခရီးဘယ်လောက် ရောက်ခဲ့လဲဆိုတာ အဓိက မဟုတ်ဘူး။ မင်းဘာသတင်းတွေ ရယူခဲ့လဲဆိုတာက အဓိကပဲဆိုတာ ဘယ်တော့မှ မမေ့နဲ့” ဟု သူက ပြောသည်။
သိုးကျောင်းသားမှ စစ်သည်၊ စစ်သည်မှ ဘုရင် ဖြစ်ခဲ့သော ဒါဝိဒ်၏ ဘဝခရီးလမ်းတစ်လျှောက် သူ မည်သည့် အရာများ ရယူခဲ့သည်ကို ဆာလံ ၃၇ တွင် သုံးသပ်နိုင်သည်။ ဤဆာလံကျမ်းသည် ဖြောင့်မတ်သောသူနှင့် မတရားသော သူ၏ နှိုင်းယှဉ်ချက်နှင့် ထာဝရဘုရားကို…

လူအဖွဲ့အစည်း တည်ထောင်ခြင်း

လူ့အဖွဲ့အစည်းဆိုသည်မှာ မိမိ မနေချင်ဆုံးသူနှင့် အတူနေရသောနေရာဟု Henri Nouwen က ပြောသည်။ ကျွန်ုပ်တို့သည် မိမိအနေချင်ဆုံးသူများနှင့် မိမိကိုယ်ကို ဝန်းရံထားလေ့ရှိပြီး ဤအရာမှာ အစုအဖွဲ့ (သို့) ဂိုဏ်း ကဲ့သို့ဖြစ်နေ၍ လူ့အဖွဲ့အစည်း မဟုတ်ပေ။ မည်သူမဆို ကလပ်အသင်း ထောင်နိုင်သည်။ လူမှုအဖွဲ့အစည်း ထူထောင်ရန်မှာမူ ကျေးဇူးပြုခြင်း၊ အတွေးအမြင် ဝေမျှခြင်းနှင့် ကြိုးစားအားထုတ်ခြင်း သဘောများ လိုအပ်သည်။
ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသား၊ အမျိုးသားနှင့် အမျိုးသမီး၊ ကျွန်နှင့် လူလွတ်တို့ကို တန်းတူညီတူဖြစ်စေသော ခရစ်ယာန်အသင်းတော်သည် သမိုင်းတွင် ပေါ်ပေါက် သည့် ပထမဦးဆုံးသော အဖွဲ့အစည်းဖြစ်သည်။ “ဘုရား သခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာ” ကို ရှင်ပေါလုက လိမ္မာစွာ ထုတ်ဖော် သည်။ “ကောင်းကင်အရပ်တို့၌ အထွတ်အမြတ် အာဏာစက်တို့သည် ဘုရားသခင်၏ ထူးဆန်းသော ပညာတော်ကို အသင်းတော်အားဖြင့်…

ဂုဏ်ပြုမခံရဘူးလား

၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်အတွင်းက ဟောလိဝုဒ် တေးသရုပ်ဖော် အစီအစဉ်သည် အလွန် ရေပန်းစားခဲ့ပြီး အထူးသဖြင့် သရုပ်ဆောင်မင်းသမီး ၃ ဦး ဖြစ်သော အော်ဒရီ ဟက်ဘန်း၊  နာတာလီ ဝုဒ် နှင့် ဒီပိုးရာကား တို့သည် စွဲမက်သွားစေလောက်သော တင်ဆက်မှုများဖြင့် ကြည့်ရှုသူများကို စိတ်ချမ်းသာစေခဲ့သည်။ သို့သော် ထိုမင်းသမီး ၃ ဦး၏ သရုပ်ဆောင် ချက်ကို ပို၍သက်ဝင်အားကောင်းစေသည်မှာ အံ့မခန်း ကောင်းသောသီချင်းသီဆိုမှုအပိုင်း ဖြစ်သည်။ အမှန်စင်စစ် ဂန္ဓဝင်ရုပ်ရှင်ကား၏အောင်မြင်မှုသည် ဇာတ်ဆောင် မင်းသမီး
၃ ဦး ကို တစ်ချိန်လုံး နောက်တန်းမှ ပံ့ပိုးအားဖြည့်ပေးသူ အဆိုတော် မာနီ နစ်ဆင် ကြောင့် ဖြစ်သော်လည်း သူ၏ အရေးပါသော အခန်းကဏ္ဍအတွက် စိုးစဉ်းမျှ ဂုဏ်ပြု မခံရပါ။
ခရစ်တော်၏ခန္ဓာကိုယ်တွင် လူအများနှင့် ထိတွေ့ ဆက်ဆံရသည့်အခန်းကဏ္ဍ-…

ကျွန်မ အရမ်းကြောက်တယ်

ဆေးစစ်ချက်အဖြေကို စောင့်စားနေသူ ဆယ်ကျော်သက်လေးက ဖေ့စ်ဘွတ်မှ သူ့သူငယ်ချင်းများထံ “ကျွန်မ အရမ်းကြောက်တယ်” ဟူသည့် စာကြောင်းလေးကို ဝေမျှရင်း ရင်ဖွင့်သည်။ သူသည် အိမ်မှ ၃ နာရီ ခရီးအကွာအဝေးရှိ မြို့၌ ဆေးရုံတက် နေရပြီး သူခံစားနေရသည့် ဝေဒနာနှင့် စပ်လျဉ်းပြီး အဖြေရှာရန် စစ်ဆေးခံလျက် သောက ပူပန်မှုများနှင့် ဆရာဝန်၏ အဖြေကို စောင့်နေရသည်။
ဘဝတွင် မကြုံတွေ့လိုသော အဖြစ်အပျက်များကို ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ဤကဲ့သို့ ကြောက်စိတ်များ ခံစားရသည်မဟုတ်ပါလား။ သို့ဆိုလျှင် မည်သည့်နေရာတွင် အကူအညီတောင်းခံမည်နည်း။ ဤကဲ့သို့သော အခြေအနေ မျိုးတွင် ကျွန်ုပ်တို့ကို ခွန်အားပေးရန် မည်သည့် ကျမ်းချက်က ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေမည်နည်း။
ကျွန်ုပ်တို့ ခံစားနေရသည့် စုံစမ်းခြင်းများတွင် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင် အမှန်တကယ်ရှိနေကြောင်း အသိက ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်းကို ဖြစ်စေသည်။ ဟေရှာယ…