လ - မတ် 2018

ဘုရင့်သရဖူ

ကျွန်ုပ်တို့အားလုံး စားပွဲ၌၀ိုင်းထိုင်ကြပြီး အ၀ိုင်းသဏ္ဍာန်ရေမြှုပ်ဖော့ထဲသို့ သွားကြားထိုးတံ များကို တစ်ယောက်ပြီးတစ်ယောက် ထိုးသွားကြသည်။ သွားကြားထိုးတံသည် တစ်နေ့တာအတွင်း ကျွန်ုပ်တို့ပြုမိသည့်အမှားအတွက် ၀မ်းနည်းရခြင်းနှင့် ခရစ်တော်က အပြစ်ကြွေး ဆပ်ပေးရခြင်းကို   ပုံဆောင်သည်။ ရှင်ပြန်ထမြောက်ရာနေ့ ရောက်လာတော့မည့် ရက်သတ္တပတ်အတွင်း ညစာစားပွဲ၌ ထိုဆူးရစ်သရဖူကို  ကျွန်ုပ်တို့ ဆန်းသစ်တီထွင်ထားခြင်းဖြစ်သည်။ ထိုသို့ တစ်ညပြီးတစ်ည လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိ၏ အမှားများအတွက် အပြစ်မကင်းသည့်စိတ်နှင့်ဖြတ်သန်းနေရ ကြောင်း၊ ကယ်တင်မည့်သူတစ်ဦး ကျွန်ုပ်တို့ အဘယ်မျှ လိုအပ် နေကြောင်း သိသာစေသည်။ သခင်ယေရှုသည် ကားတိုင်ထက် အသေခံပေးခြင်းဖြင့် ကျွန်ုပ်တို့အား မည်သို့ကယ်လွှတ်ပေးသည်ကို ဆင်ခြင်မိစေသည်။

သခင်ယေရှုဆောင်းရန်အတွက် ပြုလုပ်ပေးသောဆူးရစ်သရဖူမှာ သူ့အား ကားစင်မတင်မီ ရောမစစ်သားများ၏ရက်စက်ကြမ်းကြုတ်သော ကစားကွက်တစ်ကွက်သာ ဖြစ်သည်။ စစ်သားများသည် သခင့်အား တော်ဝင်ဝတ်ရုံတစ်စုံ  ၀တ်ဆင်စေပြီး ကိုယ်တော့်အားသူတို့ရိုက်နှက်ခဲ့သည့်တုတ်ကိုလည်း သခင့်ထံ ဘုရင့်သန်လျက်အဖြစ် ပေးခဲ့သည်။  သူတို့သည် သခင့်အား လှောင်ပြောင်ပြီး…

ဗီယာ ဒိုလာရိုဇာ

သခင်ယေရှုကားတင်သတ်မခံရမီ နောက်ဆုံးနေ့များအကြောင်းကို သန့်ရှင်းသော ရက်သတ္တပတ် အတွင်း ကျွန်ုပ်တို့အောက်မေ့သတိရကြသည်။ ယေရုရှလင်မြို့လမ်းမကို ဖြတ်၍ ကားတိုင်ဆီသို့ သခင်ယေရှုလျှောက်လှမ်းခဲ့သောလမ်းကို ယခုအခါ ‘‘ဗီယာဒိုလာရိုဇာ (The Via Dolorosa) - ကြေကွဲဝမ်းနည်းဖွယ်လမ်းမ’’ဟု သိရှိကြသည်။

သို့သော် ဟေဗြဲသြ၀ါဒစာစောင်ကို ရေးသားသူကမူ သခင်ယေရှုလျှောက်ခဲ့သောလမ်းကို ကြေကွဲဝမ်းနည်းဖွယ် လမ်းမထက်ပိုပြီး လေးလေးနက်နက် ရှုမြင်သည်။ ဂေါလဂေါသကုန်းမြင့်ဆီသို့ သခင်ယေရှု လိုလိုလားလား လျှောက်လှမ်းခဲ့သော ဝေဒနာခရီးလမ်းက ကျွန်ုပ်တို့ကို ဘုရားသခင်၏မျက်မှောက်တော်သို့ ပို့ဆောင်ပေးမည့် ‘‘အသစ်သောရှင်သန်ခြင်းလမ်း’’ကို ဖန်တီးပေးသည်။

တိရိစ္ဆာန်များကို ယဇ်ပူဇော်ခြင်းနှင့် ပညတ်တော်များကို စောင့်ရှောက်ရန် ကြိုးစားအားထုတ်ခြင်း များအားဖြင့် ဘုရားသခင့်မျက်မှောက်ဝင်ရောက်နိုင်ရန် ယုဒလူတို့ ရာစုနှစ် များစွာ ကြိုးစားခဲ့ကြသည်။ သို့သော် ‘‘ပညတ်တရားသည် နောင်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကို မပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍’’ ‘‘နွား၊ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ’’ (း၁၊၄)။…

ချစ်ခြင်းရေအင်တုံ

လွန်ခဲ့သောနှစ်များစွာက ရူပဗေဒအတန်း၌ ဆရာက နောက်သို့ လှည့်မကြည့်ဘဲ အခန်းနောက်ဘက်နံရံ၏အရောင်ကို ပြောခိုင်းသည်။ ကျွန်မတို့ သတိမပြုမိခဲ့သည့် အတွက် မည်သူမျှ မဖြေနိုင်ခဲ့ပါ။

တစ်ခါတစ်ရံ၌ ကျွန်မတို့လည်း ဘ၀အသက်တာရှိ ‘‘အမှုအရာ’’ တို့ကို သတိမမူ ဂူမမြင် ကျော်သွားတတ်သည်။ အကြောင်းမှာ အားလုံးကို မမြင်နိုင်၍ဖြစ်ပြီး တစ်ခါတစ်ရံ တစ်ချိန်လုံးရှိနေသည့် အရာကို ကျွန်မတို့ မတွေ့မြင်ခြင်းကြောင့် ဖြစ်သည်။

ကျွန်မလည်း ထိုသို့ဖြစ်ခဲ့သည်။ မကြာမီက သခင်ယေရှု တပည့်တော်များ၏ခြေကို ဆေးပေးသည့် အကြောင်းကို ထပ်မံပြီး ဖတ်ရှုခဲ့သည်။ ဤအကြောင်းကို သခင်ယေရှု ကားစင်တင်သတ်ခံရမည့် ရက်သတ္တပတ်၌ မကြာခဏ ဖတ်ကြ၍ ၎င်းကိုကြားဖူးနေကြဖြစ်သည်။ ကျွန်မတို့၏ကယ်တင်ရှင်နှင့် ရှင်ဘုရင်က တပည့်တော်များ၏ ခြေကို သန့်စင်ပေးရန် ကိုယ်ကိုကိုင်းညွတ်ပေးခဲ့ခြင်းက ကျွန်မတို့ကို အံ့သြတုန်လှုပ်စေပါသည်။ သခင်ယေရှု၏ခေတ်အချိန်က ဤအလုပ်ကို နှိမ့်ကျသည့်အလုပ်အဖြစ် ရှုမြင်ကြခြင်းကြောင့် ယုဒကျွန်များပင်လျှင် ဤအလုပ်နှင့် ကင်းလွတ်ခွင့်ရခဲ့သည်။…

ကြည့်ပြီးတိတ်တိတ်နေ

‘‘Look at Him’’ ဆိုသော သီချင်း၌ မက္ကဆီကန်သီချင်းရေးဆရာက ကားတိုင်ထက်မှ ယေရှုကို ဖော်ကျူးထားသည်။ ကားတိုင်ထက်၌ သခင်ယေရှုပြသခဲ့သည့် ချစ်မေတ္တာ၏ ရှေ့မှောက်၌  ပြောစရာဘာမျှမရှိခြင်းကြောင့် သခင်ယေရှုကိုကြည့်ပြီး တိတ်တိတ်နေရန် သူက ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ ယုံကြည်ခြင်းအားဖြင့် ခရစ်ဝင်ကျမ်းများ၌ ဖော်ပြ ထားသည့်မြင်ကွင်းကို ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်သည်။ ကားတိုင်နှင့် အသွေးတော်၊ သံမှိုများနှင့် နာကျင်မှုတို့ကို ကျွန်ုပ်တို့ စိတ်ကူးခံစားကြည့်နိုင်သည်။

သခင်ယေရှု နောက်ဆုံးထွက်သက်ရှူပြီးနောက် ‘‘ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင် ရင်ပတ်ကိုခတ်၍ ပြန်သွား ကြ၏’’ (လု ၂၃း၄၈)။ အခြားသူများကလည်း ‘‘အဝေးက ကြည့်ရှု၍ ရပ်နေကြ၏’’ (း၄၉)။ သူတို့သည် ကြည့်ရှုပြီး တိတ်တိတ်သာနေကြသည်။ တပ်မှူးတစ်ဦးတည်းသာလျှင် ‘‘စင်စစ် ဤသူသည် ဖြောင့်မတ်သောသူ မှန်ပေ၏’’ ဟု ပြောဆိုခဲ့သည် (း၄၇)။

ဤကြီးမားသောမေတ္တာကို ဖော်ပြရန် သီချင်းများ၊ ကဗျာများ…

ကြီးထွားစေသူသည် ဘုန်းကြီးစေသတည်း

ကျွန်ုပ်တို့၏ကားအ၀င်အထွက်လမ်း၏ညာဘက်ခြမ်း၌ အ၀ါရောင်လေးများကို တစ်နေ့က အမှတ်တမဲ့ သတိထားမိလိုက်သည်။ ကြီးမားသော ကျောက်တုံးနှစ်တုံးကြား ညှပ်နေသည့် ရွှေဝါရောင် နှင်းပန်းခြောက်ခိုင်က တောက်တောက်ပပ ရဲရဲဝံ့ဝံ့နှင့် ပွင့်ဖူး နေကြသည်။ ကျွန်ုပ် မစိုက်ပျိုး၊ မြေသြဇာမကျွေး၊ ရေပင်မလောင်း ပေးခဲ့ခြင်းကြောင့်   ကျွန်ုပ်တို့၏ ခြံထဲ၌ ပန်းကလေးများ မည်သို့မည်ပုံ အညှောက် ပေါက်လာသည်ကို ကျွန်ုပ် မတွေးတတ်အောင်ရှိနေသည်။

မျိုးကြဲသည့် ပုံဥပမာ၌ သခင်ယေရှုက ၀ိညာဉ်ရေး ကြီးထွားမှု၏နက်နဲဆန်းကြယ်မှုကို သရုပ်ဖော်ပြခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်ကို မျိုးစေ့ကြဲသည့်လယ်သမား တစ်ဦးနှင့် သခင်နှိုင်းယှဉ်ပြခဲ့သည် (မာ ၄း၂၆)။ မျိုးကြဲသူက သူတတ်နိုင်သမျှ မြေကြီးကို ထွန်ယက်ခဲ့ပြီးဖြစ်မည်။ သူအိပ်နေသည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ၊ အပင်ပေါက်လာပုံ ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မျိုးစေ့မှာ အပင်ပေါက်လာသည်ဟု ရှင်ယေရှု မိန့်ကြားခဲ့သည် (း၂၇-၂၈)။ သူလုပ်ဆောင်သည့်အရာ (သို့) မြေကြီးအောက်၌ ဖြစ်ပျက်နေသောဖြစ်စဉ်ကို သူနားလည်မှုရှိခြင်းမရှိခြင်းနှင့်မဆိုင်ဘဲ ရိတ်သိမ်းချိန်တွင် မြေပိုင်ရှင်သည်…