မြင်တော်မူသောသူ
မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် “အမလေး ကုန်ပါပြီ” ဟု ကျွန်တော့်ဇနီး၏အော်သံ ထွက်ပေါ်လာသည်။ ထိုသို့အော်လိုက်ချိန်တွင် ကျွန်တော်တို့၏ ပေါင် ၉၀ ရှိသည့် လာဘရာဒေါခွေးကြီးမက်က မီးဖိုခန်းမှ ရုတ်တရက်ကဆုန်ဆိုင်းပြေးထွက်လာသည်။
စားပွဲအစွန်းဘေးတွင် တင်ထားသည့် သိုးပေါင်မရှိတော့ပါ။ မက် စားလိုက်သဖြင့် အိုးပြားအလွတ်သာကျန်တော့သည်။ ခုတင်အောက်၌ဝင်ပုန်းရန် သူကြိုးစားသည်။ သို့သော် သူ့ခေါင်းနှင့်ပခုံးသာဆံ့သည်။ ကျွန်တော် သူ့ကိုရှာတွေ့သည့်အချိန်တွင် သူ့တင်ပါးနှင့်အမြီးတို့က သူရှိနေသည့်နေရာကို ပြသနေသည်။
“အို မက်၊ မင်းအပြစ်က မင်းကိုလိုက်လို့မီတာပဲ” ဟု ရေရွတ်မိသည်။ ဘုရား သခင်အားနာခံရန်နှင့် ပေးထားသည့်ကတိများတည်ရန် ဣသရေလအမျိုးအနွယ် နှစ်မျိုးကို မောရှေသွန်သင်ဆုံးမသည့်စကားကိုကျွန်တော်ငှားသုံးခြင်းဖြစ်သည်။ မောရှေက “ထိုသို့မပြုလျှင်မူကား သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည် အတိုင်း၊ ထိုအပြစ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်”ဟုဆုံးမသည် (တော ၃၂:၂၃)။
အပြစ်လုပ်ပြီးနောက် အချိန်ခေတ္တမျှ အဆင်ပြေမည်ဖြစ်သော်လည်း ဘုရားနှင့် ကွင်းကွာရသည့် အဆုံးစွန်နာကျင်မှုကို ဖြစ်စေပါသည်။ ဘုရားသခင် မသိမမြင်သည့်…
လူမှုအစုအဖွဲ့၏အမှတ်ရစရာ
ဓမ္မပညာရှင် ရစ်ချက် မော ရေးသော Restless Faith စာအုပ်၌ အတိတ်မှ သင်ခန်းစာများကို မှတ်မိရန် အရေးကြီးပုံကို ပြောထားသည်။ သူက “ကောင်းမွန် ကြံ့ခိုင်သောနိုင်ငံများသည် လူမှုအစုအဖွဲ့၏အမှတ်ရစရာများရှိသောနိုင်ငံများ ဖြစ်သည်” ဟူသော လူမှုဗေဒပညာရှင် ရောဘတ်ဘဲလာ၏အဆိုကို သူကိုးကားထားသည်။ ဘဲလာက ထိုအခြေခံသဘောတရား ကို မိသားစုကဲ့သို့သော လူမှုအဖွဲ့အစည်း၏နှောင်ဖွဲ့မှုအထိ ဆက်နွယ်ပါဝင်စေခဲ့သည်။
လူမှုအစုအဖွဲ့၏အမှတ်ရစရာများ၏တန်ဖိုးကို သမ္မာကျမ်းစာကလည်း သွန်သင် ထားပါသည်။ အဲဂုတ္တုပြည်၌ ကျွန်ဘဝမှကယ်နုတ်ရန် ဘုရားသခင်ပြုခဲ့သည့်အမှုကို အောက်မေ့သတိရစေရန် ဣသရေလလူတို့အား ပဿခါပွဲကိုပေးထားသည် (ထွက် ၁၂:၁-၃၀)။ ယနေ့ထိတိုင် ကမ္ဘာအနှံ့မှ ဂျူးလူမျိုးများသည် နွေဦးအချိန်ရောက်တိုင်း လူမှု အစုအဖွဲ့၏ အမှတ်ရစရာနှင့် ပြည့်သည့်အရပ်သို့ ပြန်လည် လာရောက်လည်ပတ်ကြသည်။
ပဿခါပွဲသည် ကားတိုင်ထက်၌ ကယ်တင်ရှင်မေရှိယ ပြုပေးခဲ့သည့်အမှုကို အစဥ်အမြဲညွှန်ပြနေခြင်းကြောင့် ခရစ်တော်၏နောက်တော်လိုက်များအတွက်လည်း ပဿခါပွဲသည် ကြီးမြတ်သောအဓိပ္ပာယ်ဆောင်ပါသည်။ ပဿခါပွဲကာလအတွင်း ကားတင်မခံရမီညတွင် ရှင်ယေရှုက…
သစ်ကိုင်းများပေါ် တည်မှီရှင်သန်ခြင်း
စိတ်ဖိစီးမှုနှင့်ပြည့်သည့်သီတင်းပတ်ကိုကြုံရပြီးနောက် ကျွန်မ၏ နိမ့်လိုက်မြင့်လိုက် စိတ်ခံစားမှုများကို ကျွန်မ၏အကြံပေးမိတ်ဆွေအားပြောပြရာ သူက သေချာစွာ နားထောင်ပြီး ကျွန်မကို အပြင်ရှိ ဆောင်းဦးရာသီ၏ လိမ္မော်ရောင်ရွှေရောင်လွှမ်းသော သစ်ပင်များ၊ လေတိုက်၍ယိမ်းထိုးနေသောသစ်ကိုင်းများကို ကြည့်ခိုင်းသည်။
လေနှင့်အတူ ပင်စည်များလှုပ်ရှားမှုမရှိကြောင်း သူက ညွှန်ပြရင်း “ငါတို့လည်း အဲဒါမျိုးဖြစ်နေတယ်။ ဘဝမှာ ဘက်ပေါင်းစုံကနေ ငါတို့ကိုတိုက်ခိုက်လာတဲ့အခါ ငါတို့ရဲ့ စိတ်ခံစားမှုကလည်း တက်လိုက်ကျလိုက်၊ ချာချာလည်နေတာလည်း အမှန်ပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ ငါတို့မှာ သစ်ကိုင်းချည်းပဲ ရှိနေသလိုမျိုး ရှင်သန်ကြတယ်။ အခု ငါတို့ရဲ့ပန်းတိုင်က မင်းရဲ့ပင်စည်ကို မင်းရှာတွေ့အောင်ကူညီဖို့ဖြစ်တယ်။ မင်းရဲ့ပင်စည်ကို တွေ့တဲ့အခါ အဘက်ဘက်က ကိုယ့်ကိုဆွဲချတဲ့အချိန်မှာ အကိုင်းတွေပေါ် မင်းရှင်သန် တော့မှာ မဟုတ်တော့ဘူး။ မင်းဟာ လုံခြုံတည်ငြိမ်စွာရှိနေမှာ” ဟု ရှင်းပြ၏။
ထိုပုံရိပ်က ကျွန်မ၏စိတ်ထဲစွဲထင်ခဲ့ပြီး ၎င်းသည် ဧဖက်မြို့ရှိ ယုံကြည်သူအသစ်များကို ရှင်ပေါလုပေးသည့် ပုံရိပ်နှင့်ဆင်တူပါသည်။ ကြီးမြတ်လှသည့်ရည်ရွယ်ချက်နှင့်တန်ဖိုးရှိ သည့်…