လ - ဩဂုတ် 2022

အသက်နှင့်ယှဉ်သော ဆုံးမခြင်း

“ဖြစ်ချင်တော့ဟယ်၊ မကြာသေးခင်က ငါတို့စကားအချေအတင် ဖြစ်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး မပျော်ရွှင်ရပါဘူး။ ဒါပေမဲ့ သူ့အနားက လူတွေ မနာကျင်ရ လေအောင် သူမရဲ့စိတ်ထားနဲ့ အပြုအမူတွေကို ပြောပြဖို့လိုတယ်လို့ ငါခံစားရတယ်” ဟု ရှယ်လီက သူမပြုစုပျိုးထောင်ပေးနေရသည့် မိန်းမပျိုလေးအကြောင်း ပြောပြသည်။ အဆင်မပြေဖြစ်ခဲ့သော်လည်း သူတို့စကားပြောခြင်းသည် အကျိုးဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့သည်။ ရက်သတ္တပတ်များကြာပြီးနောက် သူတို့နှစ်ဦးသည် နှိမ့်ချခြင်းနှင့်ပတ်သက်သည့် ခေါင်းစဥ်ဖြင့် အသင်းတော်အတွင်း ဆုတောင်းခြင်းကို ဦးဆောင်ခဲ့သည်။

အသင်းတော်ပြင်ပ သာမန်ပြုစုပျိုးထောင်ခြင်းတွင်လည်း ကျွန်ုပ်တို့သည် ခရစ်ယာန် ညီအစ်ကိုမောင်နှမများနှင့် ခက်ခဲသည့်စကားဝိုင်း (၁)ခု (သို့) (၂)ခု ရှိစမြဲ ပင်။ မပြောင်းလဲသောဉာဏ်ပညာနှင့် ပြည့်စုံသည့် သုတ္တံကျမ်းတွင် ဆုံးမခြင်းနှင့် ဆုံးမမှုကိုခံယူတတ်သည့် နှိမ့်ချခြင်း၏အရေးပါမှုကို ထပ်ခါထပ်ခါ ဖော်ပြထား သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများသည် အသက်နှင့်ယှဉ်ပြီး စစ်မှန်သည့် ဉာဏ်ပညာဆီသို့ ပို့ဆောင်ပေးသည် (သု ၁၅:၃၁)။…

မိသားစုသည် ပဓာနကျပါ၏

ဩဂုတ်လခေါင်းစဥ် | မိသားစု

မည်သည့်နေရာရောက်ရောက်၊ မည်မျှပင် ပင်ပန်းပြီးအလုပ်များနေပါစေ၊ ဂျိုအန်းသည် အသက်ကြီးပြီးဖြစ်သည့် သူ့မိခင်ထံသို့ ညစဉ် (၇)နာရီတွင် ဖုန်းခေါ်သည်။ အကြောင်းကြောင်းကြောင့် ထိုအချိန်တွင် စကားပြောရန်အဆင်မပြေလျှင် အမေသိအောင် အမေ့ထံ စာပို့ဖြစ်အောင် ပို့ထားသည်။ တစ်နေ့ပြီးတစ်နေ့ ဤသို့…

အတူတကွရှိနေခြင်းအမှု၌

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်တွင် ကယ်လီသည် ဦးနှောက်ကင်ဆာ‌ကြောင့်အသေအလဲခံစားခဲ့ရသည်။ ထို့နောက် သူမ၏နှလုံးနှင့်အဆုတ်တို့တွင် အရည်များ စုလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်သူမ၏မိသားစုဝင်များ သူ့ကိုလာရောက်မကြည့်ရှုနိုင်ခဲ့ပါ။ သူမ၏ခင်ပွန်း‌ ဒေ့ဗ်သည် တစ်စုံတစ်လုပ်ပေးရန် စိတ်ဆုံးဖြတ်ခဲ့သည်။

ချစ်ခင်ရသူများကို အတူတကွစုဝေးစေပြီး မိမိပြောလိုသည့်အကြောင်းများပါသည့် ဆိုင်းဘုတ်ကြီးများကို ပြုလုပ်ပေးရန် သူတို့ကို တောင်းဆိုခဲ့သည်။ သူတို့လုပ်ပေးခဲ့ကြသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ထားသည့် လူအယောက် (၂၀)သည် ဆေးရုံအပြင်လမ်းမကြီးပေါ်၌ “အကောင်းဆုံးမေမေ”၊ “ချစ်တယ်”၊ “ငါတို့ နင်နဲ့အတူရှိတယ်” စသည့် ဆိုင်းဘုတ်ကြီးများကိုင်ကာ ရပ်နေကြသည်။ သူနာပြု၏ အကူအညီဖြင့် ကယ်လီသည် လေးလွှာရှိ ပြတင်းပေါက်ဆီသို့ ရောက်ရှိခဲ့သည်။ “ကျွန်တော်တို့ မြင်ရသမျှက နှာခေါင်းစည်းနှင့် ဝှေ့ယမ်းပြနေတဲ့ လက်တစ်ဘက်ပဲ။ ဒါပေမဲ့ လှပတဲ့နှာခေါင်းစည်းနဲ့ ဝှေ့ယမ်းပြနေတဲ့လက်ပါ”ဟု သူမ၏ခင်ပွန်းက လူမှုကွန်ရက်ပေါ်၌ ထိုကဲ့သို့တင်ခဲ့သည်။

သူအသက်ကြီးရင့်လာချိန်တွင် ရောမ၌အကျဉ်းချခံရစဥ် တမန်တော်ရှင်ပေါလုသည် အားအင်လျော့ကာ အထီးကျန်မှုကို ခံစားခဲ့ရပြီး “ဆောင်းကာလမရောက်မီ…