လ - ဇန်နဝါရီ 2023

ခြင်္သေ့တွင်းမှကယ်နုတ်၍

တာဟယ်နှင့်သူ့ဇနီးဒွန်ညောတို့သည် ခရစ်တော်ကို ယုံကြည်သူများဖြစ်လာကြစဉ်က သူတို့၏အမိမြေတွင် ဖိနှိပ်ခံရမည့်အန္တရာယ်ရှိကြောင်းကို သိခဲ့ကြသည်။ တစ်နေ့တွင် အမှန်တကယ်ပင် တာဟယ်သည် မျက်လုံးအစည်းခံရ၊ လက်ထိပ်ခတ်ခံရ၊ ထောင်ချခံရပြီး မိခင်ဘာသာကို စွန့်ပယ်မှုနှင့် တရားစွဲခံခဲ့ရသည်။ တရားရုံးသို့ မသွားမီ သူနှင့်ဒွန်ညောတို့သည် ခရစ်တော်ကို သစ္စာမဖောက်ရန် သဘောတူခဲ့ကြသည်။

အမိန့်ချရာတွင် ဖြစ်ခဲ့သောအချင်းအရာက သူ့အား အံ့ဩသွားစေပါသည်။ တရားသူကြီးက “ဘာလို့လဲတော့ငါမသိဘူး။ ဒါပေမယ့် ငါမင်းကို ငါးကြီးနဲ့ခြင်္သေ့ခံတွင်းဝကနေ ကယ်ချင်နေတယ်” ဟုဆိုခဲ့သည်။ ထိုအခါ “ဘုရားသခင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း” တာဟယ် သိလိုက်သည်။ တရားသူကြီးက အဘယ် ကြောင့် သမ္မာကျမ်းပိုဒ် (၂) ခုအား ကိုးကားပြောဆိုသည်ကို သူမရှင်းပြတတ်ပါ (ယောန ၂၊ ဒံ ၆)။ တာဟယ်သည် ထောင်မှလွတ်လာပြီးနောက်ပိုင်း၌ သူ့မိသားစုသည် အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့သည်။

တာဟယ်၏အံ့ဩဖွယ်လွတ်မြောက်မှုသည် ဒံယေလ၏အဖြစ်နှင့်ဆင်တူ သည်။ ဉာဏ်ပညာကြွယ်သောဝန်ကြီး ဒံယေလသည် တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတော့မည်ဖြစ်၍…

ရွေးနုတ်တော်မူသောဘုရား

တရားဒေသနာ သရုပ်ဖော်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စင်မြင့်ပေါ်ရှိ ပန်းချီဆရာတစ်ဦး ဖန်တီးထားသည့် လှပသောပန်းချီကားသို့ ကျွန်ုပ်လျှောက်သွားပြီး အလယ်မှနေ၍ အမဲစင်း ဆွဲချလိုက်သည်။ ဝတ်ပြုနေသောပရိသတ်များ အထိတ်တလန့် မှင်သက်သွားကြသည်။ ပန်းချီဆရာက သူမ ဖန်တီးထားသည့်အရာကို ကျွန်ုပ်ဖျက်ဆီးလိုက်သည်ကို အသာရပ်ပြီး ကြည့်နေသည်။ ထို့နောက် စုတ်တံအသစ်တစ်ချောင်းကို ယူပြီး ပျက်စီးသွားသောပန်းချီကားကို လက်ရာမြောက် အနုပညာလက်ရာအဖြစ် ပြောင်းလဲခဲ့သည်။

သူမ၏ပြန်လည်ပြုပြင်မှုက ကျွန်ုပ်တို့၏အသက်တာတွင် ရှုပ်ထွေးမှုများပြုလုပ်သောအခါ ဘုရားသခင် ပြန်လည်ပြုပေးနိုင်သောအမှုကို အမှတ်ရစေသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးတို့၏ ဝိညာဉ်ရေးရာမျက်စိကန်း၊ နားပင်းခြင်းအတွက် ပြစ်တင်ဆုံးမခဲ့သည် (ဟေရှာ ၄၂:၁၈-၁၉)။ သို့သော်လည်း နောက်ပိုင်းတွင် “မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ” (၄၃:၁)ဟု ဘုရားရှင်၏ ကယ်တင်ခြင်းနှင့် ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ကို ကြွေးကြော်ခဲ့သည်။ ကျွန်ုပ်တို့အတွက်လည်း ကိုယ်တော် အလားတူပြုပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ပြုပြီးနောက် အပြစ်များကိုဝန်ခံပြီး ဘုရားသခင်ထံသို့ လှည့်ပြန်ပါက၊ ကိုယ်တော်သည်…

စစ်မှန်သောယေရှု

စာအုပ်အသင်းခေါင်းဆောင်က အဖွဲ့လိုက်ဆွေးနွေးမည့်ဝတ္ထုကို အကျဉ်းချုပ်ပြောပြနေသောကြောင့် အခန်းထဲ၌ အသံများ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျွန်မသူငယ်ချင်း ဂျိုအန်းက အာရုံစိုက်နားထောင်သော်လည်း ဇာတ်ကြောင်းကို မသိခဲ့ပေ။ နောက်ဆုံးတွင် အခြားသူများ ဖတ်ခဲ့သော ရသစာပေနှင့် ခေါင်းစဥ်ဆင်တူသော သုတဝတ္ထုတစ်အုပ်ကို သူမဖတ်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် စာအုပ်“မှား”ဖတ်ပြီး ထိုစာအုပ်ကို နှစ်သက်ခဲ့သော်လည်း ဖတ်ရမည့်စာအုပ် “အမှန်”အကြောင်း သူငယ်ချင်းများနှင့် ဆွေးနွေးကြသောအခါ မပါဝင်နိုင်ခဲ့ပေ။

တမန်တော်ပေါလုသည် သခင်ယေရှုကို ယုံကြည်သည့် ကောရိန္သုယုံကြည်သူ များအား “မှားယွင်းသော” ယေရှုကို မယုံကြည်စေလိုပေ။ မှားယွင်းသောဆရာများသည် အသင်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး အခြားသော “ယေရှု”ကို လူတို့အား ဖော်ပြပြီး၊ ၎င်းတို့က မုသာများကို လက်ခံခဲ့ကြောင်း ထောက်ပြခဲ့သည် (၂ ကော ၁၁:၃-၄)။

ပေါလုသည် ဤအယောင်ဆောင်ဆရာများ၏ မှားယွင်းသောယုံကြည်မှုကို ရှုတ်ချခဲ့သည်။ သူ၏ပထမစာစောင်တွင် သခင်ယေရှုနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ၏အမှန်တရားကို ပြန်လည်သုံးသပ်ခဲ့သည်။ ဤသခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အတွက်…

အထူးသဖြင့် အောင်နိုင်သူများ

ကျွန်မ၏ခင်ပွန်းသည် ကျွန်မတို့သား၏ဘေ့စ်ဘောအသင်းလေးကို နည်းပြလုပ်ခဲ့စဥ်က၊ သူသည် ကစားသမားများအား နှစ်ကုန်ပါတီပွဲတစ်ခုဖြင့် ချီးမြှင့်ပြီး ပြိုင်ပွဲရာသီတစ်လျှောက် ၎င်းတို့၏တိုးတက်မှုများကို အသိအမှတ်ပြုခဲ့သည်။ အသက်အငယ်ဆုံး ကစားသမားဖြစ်သော ဒက်စတင်က ကျွန်မထံလာပြီး “သားတို့ ဒီနေ့ ကစားပွဲရှုံးတာ မဟုတ်ဘူးလား” ဟုမေးသည်။ “ဟုတ်တယ်။ ဒါပေမယ့် သားအစွမ်းကုန် ကစားခဲ့တဲ့အတွက် အန်တီတို့ ဂုဏ်ယူတယ်”ဟု ကျွန်မဖြေလိုက်သည်။ “သားသိတယ်။ ဒါပေမယ့် သားတို့ရှုံးတယ်။ ဟုတ်တယ်မလား” ဟုပြောရာ ကျွန်မခေါင်းညိတ်ပြလိုက်သည်။ “ဒါဆို သားက ဘာလို့ အောင်နိုင်သူလို ခံစားရတာလဲ” ဟု ဆက်မေးသဖြင့် ပြုံးရင်း “သားက အောင်နိုင်သူဖြစ်လို့ပေါ့” ဟုပြောလိုက်သည်။

ကစားပွဲတစ်ခုကို ရှုံးခြင်းသည် သူအကောင်းဆုံးလုပ်ဆောင်ခဲ့သည့်တိုင် အရှုံးသမားဖြစ်သည်ဟု ဒက်စတင် တွေးထင်ခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်မတို့၏တိုက်ပွဲသည် အားကစားနယ်ပယ်၌သာဟု ကန့်သတ် ထားသည် မဟုတ်ပါ။ သို့တိုင်၊ ဘဝ၏ခက်ခဲကြမ်းတမ်းသောရာသီသည် မိမိ၏ တန်ဖိုးကို…