ခွဲခွာခြင်းနှုတ်ဆက်စကားများ
သူ့ဘဝဆုံးခန်းတိုင်ခါနီးတွင် John M. Perkins (ဂျွန်အမ်ပါကင်းစ်) သည် သူချန်ရစ်ခဲ့ရမည့် လူများအတွက် သတင်းစကားတစ်ခုရှိခဲ့သည်။ လူမျိုးရေး ပြန်လည် သင့်မြတ်ရေးကို အားပေးသူအဖြစ် လူသိများသော ပါကင်းစ် က “နောင်တရခြင်းသည် ဘုရားသခင်ထံ ပြန်သွားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။ နောင်တမရလျှင် သင်တို့အားလုံး ပျက်စီးလိမ့်မည်” ဟုပြောခဲ့သည်။
ဤစကားများသည် သခင်ယေရှုနှင့် သမ္မာကျမ်းစာရှိ အခြားလူများစွာတို့၏စကားကို ထင်ဟပ်စေပါသည်။ ခရစ်တော်က “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုပြောခဲ့သည် (လု ၁၃:၃)။ တမန်တော် ရှင်ပေတရုကလည်း “သင်တို့အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟုပြောခဲ့သည် (တ ၃:၂၀)။
၎င်းတို့ထက်စောပြီး သူ၏လူမျိုးကို ဘုရားသခင်ထံတော်သို့ ပြန်လှည့်စေ လိုသော အခြားသူတစ်ဦး၏စကားကို ကျွန်ုပ်တို့ဖတ်ရှုခဲ့သည်။ ပရောဖက်၊ ယဇ်ပုရောဟိတ်နှင့် တရားသူကြီးဖြစ်သည့် ရှမွေလ၏ “ဣသရေလလူအပေါင်းတို့”ကို (၁…
မျှော်လင့်မထားသောနေရာများရှိ ဧဝံဂေလိတရား
မကြာသေးမီက ရုပ်ရှင်နှင့် တီဗီ တို့၌ မရေမတွက်နိုင်အောင် မြင်ဖူးသည့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်သို့ ကျွန်တော် ရောက်ခဲ့သည်။ ကျော်ကြားလှသည့် လော့စ်အိန်ဂျလိစ်တောင်စွယ်၌ ‘Hollywood’ ဟူသည့်အဖြူရောင် စာလုံးကြီးများက ဝင့်ကြွားစွာ အစီအရီ ရှိနေသည်ကို ကျွန်တော်တည်းခိုသည့် ဟိုတယ်ပြတင်းပေါက်မှ လှမ်းမြင်ခဲ့ရသည်။
နောက်မှ အခြားအရာတစ်ခုကို သတိပြုမိခဲ့သည်။ ဘယ်ဘက်ခြမ်းအောက်ခြေတွင် လက်ဝါးကပ်တိုင်တစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ၎င်းကို ရုပ်ရှင်များ၌ တစ်ခါမှ မတွေ့ဖူးပါ။ ထို့နောက် ကျွန်ုပ်၏ဟိုတယ်ခန်းမှ ထွက်လာသည့်အခါ ဒေသန္တရအသင်းတော်မှ ကျောင်းသားအချို့က ကျွန်ုပ်အား သခင်ယေရှုအကြောင်းကို စတင်ဝေမျှလာသည်။
တစ်ခါတစ်ရံ ဟောလိဝုဒ်ကို ဘုရားသခင်နိုင်ငံတော်နှင့် လုံးဝဆန့်ကျင်ကွဲလွဲနေသော လောကီအရာများ၏ဗဟိုချက်မဟုသာ ကျွန်ုပ်တို့ ထင်မြင်မိမည်။ သို့သော် ထိုနေရာတွင် ခရစ်တော်အလုပ်လုပ်နေပြီး၊ သူ၏တည်ရှိခြင်းက အံ့ဩဖွယ် ကျွန်ုပ်ကို ဖမ်းစားခဲ့သည်။
ဖာရိရှဲများသည် သခင်ယေရှု၏ တည်ရှိပေါ်လာမှုအပေါ် အစဉ် အံ့သြခဲ့ကြသည်။ သူတို့မျှော်လင့်ထားသူများနှင့်…
သင်အထီးကျန်သောအခါ
ည (၇) နာရီတွင် Hui-Liang (ဟွေ့လရန်း)သည် သူ၏ မီးဖိုချောင်၌ ထမင်းနှင့် ငါးအသားလုံး အကျန်ကို စားနေသည်။ တစ်ဘက်ခန်းရှိ Chua (ချွား) မိသားစုသည်လည်း ညစာစားနေကြပြီး၊ သူတို့၏ရယ်မောသံများနှင့် စကားသံများက ဇနီးကွယ်လွန်သွားကတည်းက တစ်ယောက်တည်း နေထိုင်ခဲ့သည့် ဟွေ့လရန်း အခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အထီးကျန်ခြင်းနှင့်နေတတ်ရန် သင်ယူခဲ့ပြီး ဤနှစ်များအတွင်း သူ၏နာကျင်မှုက ဓားနှင့်ထိုးသကဲ့သို့ တစစ်စစ် ထိုးနှက်သည့်ဝေဒနာ ဖြစ်လာသည်။ သို့သော် ယနေ့ညတွင် စားပွဲပေါ်ရှိ ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံ မြင်ကွင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိုးနှက်ခဲ့သည်။
ထိုညသူအိပ်ရာမဝင်မီ ဟွေ့လရန်း သည် သူ့အကြိုက်ဆုံး ဆာလံ ၂၃ ကို ဖတ်ခဲ့သည်။ သူ့အတွက် အရေးအကြီးဆုံးမှာ “ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်” (:၄) ဟူသည့်အချက်ဖြစ်သည်။ သိုးများအပေါ် သိုးထိန်း၏ လက်တွေ့ကျသော…
ရန်သူများအပေါ်တွင် မီးခဲပုံခြင်း
Dan (ဒန်)သည် အကျဉ်းထောင်အစောင့်တစ်ဦးတည်းမှ သူ့အား နေ့စဉ်ရိုက်နှက်မှုကို အောင့်ခံခဲ့ရသည်။ ထိုသူကို ချစ်ရန် သခင်ယေရှု၏လှုံဆော်မှုကို ခံစားရသည့်အတွက် တစ်မနက်တွင် ရိုက်နှက်မခံရမီ ဒန် က “ကျန်ရှိတဲ့ ကျွန်တော့်ဘဝတစ်ခုလုံးမှာ နေ့တိုင်းတွေ့ရမဲ့သူဟာ ဆရာသာဆိုရင် ကျွန်တော်တို့ သူငယ်ချင်းဖြစ်ကြရအောင်လားဆရာ”ဟု ပြောလိုက်သည်။ အစောင့်က “မရဘူးကွ။ ငါတို့ ဘယ်တော့မှ သူငယ်ချင်းမဖြစ်နိုင်ဘူး” ဟုဆိုရာ၊ ဒန် က မရမက တောင်းဆိုရင်း လက်ကမ်းပေးလိုက်သည်။
အစောင့်က မှင်တက်သွားကာ၊ လက်ဆွဲနှုတ်ဆက်ရင်း ဒန်၏လက်ကို မလွှတ် တော့ပါ။ သူ့မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာပြီး၊ သူက “ဒန်၊ ကျွန်တော့်နာမည် ရိုစော့ (Rosoc) ပါ။ မင်းနဲ့သူငယ်ချင်း ဖြစ်ချင်ပါတယ်” ဟုပြောလိုက်သည်။ ထိုနေ့မှစ၍ အစောင့်သည် ဒန်ကို မရိုက်နှက်တော့ပါ။
သမ္မာကျမ်းစာက “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့…
လွယ်လွယ်ရသောငွေ
၁၇၀၀ ခုနှစ်များနှောင်းပိုင်းတွင် လူငယ်တစ်ဦးသည် ကနေဒါနိုင်ငံ၊ Nova Scotia (နိုဗာစကော့ရှား) ဒေသရှိ Oak (အုခ်)ကျွန်းပေါ်တွင် ဆန်းကြယ်သော ချိုင့်ခွက်တစ်ခုကို တွေ့ရှိခဲ့သည်။ သမိုင်းတွင်ထင်ရှားသော စကော့လူမျိုး ကပ္ပတိန် Kidd (ကစ်) ကိုယ်တိုင်ပင် ဖြစ်ကောင်းဖြစ်နိုင်သော ပင်လယ်ဓားပြများက ထိုနေရာတွင် ရတနာများ မြှုပ်နှံထားသည်ဟု မှန်းဆကာ သူနှင့်အဖော်အချို့တို့ စတင်ရှာဖွေတူးဖော်ခဲ့သည်။ မည်သည့်ရတနာကိုမျှ သူတို့ မတွေ့ခဲ့ကြသော်လည်း ကောလဟာလကြောင့် သူတို့၏ဘဝအချိန်များ ဆုံးရှုံးခဲ့သည်။ ရာစုနှစ်များတစ်လျှောက် အခြားသူများလည်း အချိန်နှင့်အသုံးစရိတ်များစွာကို ပိုမိုအကုန်အကျခံကာ ထိုနေရာကို ဆက်တူးဖော်ခဲ့ကြသည်။ ထိုချိုင့်ခွက်သည် ယခုအခါ ပေ ၁၀၀ ကျော် (မီတာ ၃၀) နက်နေပြီဖြစ်သည်။
ထိုသို့သော စွဲလမ်းမှုများက လူ့စိတ်နှလုံး၏ ဗလာနတ္တိဖြစ်မှုကို ပြနေသည်။ လူတစ်ယောက်၏အပြုအမူလုပ်ရပ်က ဗလာနတ္တိဖြစ်နေသည့် သူ့စိတ်နှလုံးကို မည်သို့ပြသနေသည်ကို သမ္မာကျမ်းစာ၏ပုံပြင်တစ်ပုဒ်၌ ဖော်ပြထားသည်။ ဂေဟာဇိသည် ပရောဖက်ကြီးဧလိရှဲ၏…