လ - ဇွန် 2023

ဘုရား၏ဥယျာဉ်တော်

ကျွန်တော့်အိမ်ရှေ့တံခါးအပြင်ဘက်တွင် ဘဝ၏ လှပမှုနှင့်တိုတောင်းမှုကို သတိပေးသည့် အပင်တစ်ပင် ပေါက်ရောက်နေသည်။ ပြီးခဲ့သည့်နွေရာသီတွင် ကျွန်တော့်ဇနီးက လပြည့်နှင့်တူသည့် ကြီးမားဝိုင်းစက်သောအပွင့်ဖြူများပါသည့် ‘လပန်းနွယ်ပင်’ကို စိုက်ခဲ့သည်။ ထိုပန်းက တစ်ညတာပွင့်ပြီး နောက်နေ့ မနက်တွင် နေရောင်ကြောင့် ညှိုးနွမ်းကာ ဘယ်သောအခါမှ ပြန်လည် မပွင့်လန်းလာတော့ပါ။ သို့သော် ထိုအပင်သည် ပေါက်ပွားနှုန်းမြန်ပြီး ညနေတိုင်း အသစ်သောပန်းခိုင်ကြီးများနှင့် ဝေဆာနေသည်။ နေ့စဉ် ဖြတ်လျှောက်သွားတိုင်း ထိုအပင်ကို ကြည့်ကာ ကျွန်တော်တို့နှစ်သက်ကြည်နူးရပြီး အိမ်ပြန်လာတိုင်း မည်သို့သော အလှသစ်က ကြိုနေမည်နည်းဟု တွေးနေမိခဲ့သည်။

ထိုနုဖတ်သောပန်းပွင့်များက နှုတ်ကပတ်တော်မှ အရေးကြီးသည့် အမှန်တရားကို အမှတ်ရစေသည်။ တမန်တော်ရှင်ပေတရုက “သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွား(သည်)။ ... လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။…

ယုံကြည်ခြင်းဖြင့် လှမ်းခုန်ခြင်း

Caribbean (ကာရီဘီယန်) ဒေသ၊ St. Lucia (စိန့်လူစီးရာ)ကျွန်းပေါ်ရှိ အမြဲစိမ်းသစ်တော၏ အမြင့်ဆုံးလင့်စင်မှ သွယ်ကြိုးပုခက် (zip line)စီးရန် ပြင်နေစဉ် ကျွန်မ၌ အကြောက်တရားများစုပြုံလာသည်။ မျှော်စင်ပေါ်မှမခုန်မီ စက္ကန့်ပိုင်း အလိုတွင် အလွဲလွဲ အ‌ချော်‌ချော်ဖြစ်သွားနိုင်ချေရှိသမျှကို ကျွန်မစိတ်ထဲ တွေးနေမိသည်။ သို့သော် နောက်လှည့်ပြန်စရာလမ်း မရှိသလောက်မို့ စုစည်းနိုင်သမျှ သတ္တိတို့ကိုစုစည်းကာ ကျွန်မခုန်လိုက်သည်။ ကျွန်မသည် သစ်တောထိပ်ဖျားမှစိမ်းစိုသောသစ်ပင်များကြား ဖြတ်သန်းကျသွားပြီး ကျွန်မဆံနွယ်ကို လေတိုးသွားစဥ် ကျွန်မ၏စိုးရိမ်စိတ်တို့ လျော့သွားသည်။ ‌အောက်သို့ တရွေ့ရွေ့ကျသွားပြီး နောက် လင့်စင်တစ်ခုကို ရှင်းရှင်းမြင်ရပြီးနောက် ညင်ညင်သာသာ ရပ်တန့်မှုကြောင့် ကျွန်မလုံခြုံစွာရောက်သွားပြီဟု သိလိုက်ရသည်။

ထိုသွယ်ကြိုးပုခက်ပေါ်မှအတွေ့အကြုံက ကျွန်မတို့အား အသစ်သောစိန်ခေါ်မှုများကို ဘုရားရှင်ရင်ဆိုင်စေခြင်းနှင့် အလားသဏ္ဌာန်တူပါသည်။ သံသယနှင့်မရေရာမှုတို့ကို ခံစားရသောအခါ “ကိုယ်ဉာဏ်ကိုအမှီမပြု”ရန် (သု ၃:၅) သမ္မာကျမ်းစာက ကျွန်မတို့အား သင်ပြပါသည်။ ကျွန်မတို့၏စိတ်၌ အကြောက်တရားနှင့်သံသယများ ပြည့်နေလျှင် ကျွန်မတို့သွားရာလမ်းများသည်…

ကျွန်ုပ်တို့၏လုံခြုံခိုလှုံရာ

အငြိမ်းစားဆရာမ Debbie Stephens Browder (ဒယ်ဘီ စတီဖန်စ် ဘရောက်ဒါ)သည် သစ်ပင်စိုက်ရန် စည်းရုံးနိုင်သမျှ လူတိုင်းကို လိုက်လံစည်းရုံးနေသည်။ အကြောင်းပြချက်မှာ အပူရှိန်ကြောင့်ဖြစ်သည်။ လွန်ကဲသောအပူချိန်သည် အမေရိကန်နိုင်ငံတွင် ရာသီဉတုနှင့်ဆက်နွယ်သည့် လူသေဆုံးမှု၏ ထိပ်ဆုံးအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် သူမက “သစ်ပင်စိုက်ခြင်းနှင့် အစပြုမည်” ဟု ဆိုခဲ့သည်။ အပူရှိန်ကာကွယ်ပေးသော အမိုးအကာဖြစ်သည့် သစ်ပင်များသည် ပတ်ဝန်းကျင်ကို ကာကွယ်ရန် အရေးပါသည့်နည်းတစ်ခု ဖြစ်သည်။ “ဒါက သေရေး ရှင်ရေးကိစ္စပါ။ ပတ်ဝန်းကျင်ကို အလှဆင်တာပဲ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အပူရှပ်နိုင်ခြေအမြဲတမ်းရှိသည့် အရှေ့အလယ်ပိုင်းဒေသမှ ဆာလံကျမ်း ၁၂၁ ကို ရေးသားခဲ့သည့်ဆာလံဆရာက အရိပ်အာဝါသသည် အားပြည့်လန်းဆန်းစေရုံမျှမက အသက်ကယ်နိုင်သည် ဟူသောအချက်ကို ကောင်းစွာသိလိမ့်မည်။ “နေ့အချိန်၌ နေအားဖြင်လည်းကောင်း၊ ညဉ့်အချိန်၌ လအားဖြင့်လည်းကောင်း၊ အထိအခိုက်မရှိ”အောင် (:၆) ဂရုစိုက်တော်မူသောဘုရားသခင်ကို ကျွန်မတို့၏အားအထားရဆုံး ခိုလှုံရာအဖြစ်…

ဒုက္ခဆင်းရဲများမှတစ်ဆင့် ကြံ့ခိုင်သန်မာခြင်း

ကျွန်မ စာအိတ်အချို့ကို လှန်လှောပြန်ဖွင့်ကြည့်မိစဉ် “သားမျက်လုံးစစ်ပြီးပြီ” ဟု ရေးထားသောကပ်ခွာကို တွေ့ရာ၊ အမှတ်တရများ ပြန်ပေါ်လာသည်။ ကျွန်မ၏ (၄) နှစ်အရွယ်သားလေးက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည့် မျက်စဉ်းခတ်ပြီးနောက် ထိုကပ်ခွာအား ဂုဏ်ယူစွာ ကပ်ထားခဲ့ပုံကို ကျွန်မပြန်မြင်ယောင်လာသည်။ မျက်လုံးကြွက်သားအားနည်းသဖြင့် အားနည်းသည့်မျက်လုံး အားကောင်းလာစေရန် သူသည် အားမနည်းသည့်မျက်လုံးတွင် မျက်လုံးကာကို နေ့စဉ် နာရီများစွာ တပ်ခဲ့ရသည်။ ခွဲစိတ်မှုလည်းပြုခဲ့ရသည်။ အားပေးနှစ်သိမ့်မှုအတွက် မိဘများဖြစ်သော ကျွန်မတို့ကို သူမျှော်ကြည့်လျက်၊ ကလေးသူငယ်တစ်ဦး၏ယုံကြည်မှုမျိုးဖြင့် ဘုရားသခင်ကို အားကိုးလျက် သူသည် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့သည်။ ထိုစိန်ခေါ်မှုများမှတစ်ဆင့် သူ၏ကြံ့ကြံ့ခံနိုင်ရည်တိုးလာခဲ့သည်။

ဒုက္ခဆင်းရဲခြင်းကို ရင်ဆိုင်ကျော်လွှားခဲ့သူများသည် ထိုအတွေ့အကြုံများ အားဖြင့် ပြောင်းလဲသွားတတ်ကြသည်။ သို့သော် တမန်တော်ရှင်ပေါလုက ထိုထက်မက “ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိ”ရန် ဆိုသည်။ အကြောင်းမှာ ဒုက္ခဆင်းရဲခြင်းမှတစ်ဆင့် ကျွန်မတို့သည် သည်းခံခြင်းစိတ် တိုးလာပါသည်။ သည်းခံခြင်းမှတစ်ဆင့် သက်သေထင်ရှားခြင်း၊…

ချစ်ခင်စွာ သတိပေးခြင်း

၂၀၁၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းဆွယ်ကို tsunami (ဆူနာမီ)ရေလှိုင်းတိုက်ခတ်ခဲ့ပြီး လူ (၄၀၀) ကျော် သေဆုံးခဲ့သည်။ သို့သော် ဆူနာမီသတိပေးစနစ်ကသာ ကောင်းကောင်း အလုပ်လုပ်ခဲ့ပါက သေဆုံးမှုများကို ကာကွယ် (သို့) လျှော့ချနိုင်ခဲ့လိမ့်မည်။ ဆူနာမီထောက်လှမ်းရေးကွန်ယက်ဖြင့် ချိတ်ဆက်ထားသည့် ရေကြောင်းပြဗော်ယာများ ပြုတ်သွားပြီး ပင်လယ်ထဲ မျောပါသွားသည်။

အပြစ်မှနောင်တမရခြင်း အပါအဝင် ဝိညာဉ်ရေးကို ထိခိုက်နိုင်သည့်အရာများအတွက် အချင်းချင်းကို သတိပေးရန် တပည့်တော်များ၌ တာဝန်ရှိကြောင်း သခင်ယေရှုက ဆိုပါသည်။ ပြစ်မှားခံရသော ယုံကြည်သူသည် နှိမ့်ချစွာ၊ တစ်ဦးချင်းတွေ့ဆုံပြီး၊ ဆုတောင်းလျက် ပြစ်မှားသောယုံကြည်သူ၏အပြစ်ကို “ပြ”ရမည့်နည်းလမ်းကို သခင်ယေရှု ပြသခဲ့သည် (မ ၁၈:၁၅)။ ပြစ်မှားသူက နားထောင်ပါက ပဋိပက္ခပြေလည်ကာ ချစ်ခင်ရင်းနှီးမှုကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အကယ်၍ ထိုသူက နားမထောင်ပါက “လူနှစ်ဦးသုံးဦး” သက်သေခံ၍ ပဋိပက္ခကို ဖြေရှင်းနိုင်ပါသည် (:၁၆)။ သည့်တိုင် အပြစ်ကျူးလွန်သူသည်…