
ဖြောင့်မတ်မှန်ကန်သောမြို့
၂၀၀၀ ခုနှစ် နှစ်သစ်ကူးအကြိုနေ့တွင် အမေရိကန်နိုင်ငံ၊ ဒီထရွိုက်မြို့တော်ရှိ အာဏာပိုင်တို့သည် နှစ် (၁၀၀) သက်တမ်းရှိပစ္စည်းများ ထည့်မြှုပ်ထားသည့် သေတ္တာကို ဖွင့်ခဲ့ကြသည်။ ကြေးနီသေတ္တာအတွင်း၌ သာယာဝပြောကြွယ်ဝမှုနှင့် စပ်လျဥ်းသည့်အမြင်ကို ဖော်ပြသော မြို့ခေါင်းဆောင်အချို့တို့၏ မျှော်လင့်ချက်အပြည့်နှင့် ခန့်မှန်းချက်တို့ ပါရှိသည်။ သို့သော် မြို့တော်ဝန်၏သတင်းစကားမှာမူ ကွဲပြားသည်။ သူက “အခြားအရာတွေထက် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် မြို့တစ်မြို့အနေနှင့် ဖြောင့်မတ်မှန်ကန်စွာ တိုးတက်ရှင်သန်လာခဲ့ပြီး၊ ဒီတရားမျှတဖြောင့်မတ်ခြင်းဟာ နိုင်ငံရဲ့အဆင့်အတန်းဂုဏ်သိက္ခာကို ချီးမြှင့်မြှောက်စားတယ်ဆိုတာ အားလုံးနားလည်သဘောပေါက်ခြင်းဆိုတဲ့ သာလွန်မြင့်မြတ်တဲ့ မျှော်လင့်ချက်ကို ဖော်ပြခွင့်ရရှိကြပါစေ” ဟုပြောခဲ့သည်။
အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းထက် အနာဂတ်နိုင်ငံကြီးသားများသည် တရားမျှတပြီး ဖြောင့်မတ်ခြင်း၌ တိုးတက်ရှင်သန်စေရန် မြို့တော်ဝန်က ဆန္ဒပြုခဲ့သည်။ သခင်ယေရှုက “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏” (မ ၅:၆) ဆိုသောအချက်ကို သူကောက်နုတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ပြီးပြည့်စုံသောစံနှုန်းကို တွေးမိသောအခါ…
သောကပွားစိတ်ဝိညာဉ်၊ ရိုးသားသောဆုတောင်း
၁၉၅၇ ခုနှစ် ဇန်နဝါရီလတွင် သူ၏နေအိမ်၌ ဗုံးမပေါက်ကွဲမီ သုံးရက်အလိုတွင် ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)သည် သူ့ဘဝတစ်လျှောက်လုံး အမှတ်ရစေမည့်အရာနှင့် ကြုံတွေ့ခဲ့ရသည်။ ခြိမ်းခြောက်သော ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် ကင်းသည် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုမှ လွတ်မြောက်နိုင်မည့်နည်းဗျူဟာကို တွေးနေခဲ့သည်။ ထို့နောက် သူ၏ဝိညာဉ်မှ ဆုတောင်းခြင်းများထွက်ပေါ်လာသည်။ “မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်တဲ့အရာအတွက် ရပ်တည်နေပါတယ်။ ဒါပေမဲ့ အခုကျွန်တော်ကြောက်နေပြီ။ ကျွန်တော့်ဆီမှာ ဘာမှ မကျန်တော့ဘူး။ ကျွန်တော်တစ်ယောက်ထဲ မရင်ဆိုင်နိုင်တဲ့အဆင့်ကို ရောက်နေပြီ။” သူဆုတောင်းပြီးသောအခါ တည်ငြိမ်သောယုံကြည်စိတ်ချမှုကို ခံစားရပြီး၊ “ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေ ထွက်သွားတယ်။ ကျွန်တော့်ရဲ့မရေရာမှုတွေ ပျောက်သွားတယ်။ ကျွန်တော် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့အသင့် ဖြစ်နေပြီ”ဟု ကင်း ရေးမှတ်ခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် ၁၂ တွင် သခင်ယေရှုက “ငါသည် စိတ်နှလုံးပူပန်ခြင်းရှိ၏” ဟုဝန်ခံခဲ့သည်…

အသက်သရဖူ
အသက် (၁၂) နှစ် အရွယ် LeeAdianez Rodriguez-Espada (လီအဒီယာနက်ဇ် ရိုဒရီဂက်ဇ် အက်စ်ပါဒါ) သည် ၅ ကီလိုမီတာ (၃ မိုင်ကျော်) အပြေးပြိုင်ပွဲတွင် နောက်ကျမည်ကို စိုးရိမ်နေသည်။ သူမ၏စိုးရိမ်စိတ်ကြောင့် သူမ၏ပြေးပွဲ စတင်ချိန်ထက် ဆယ့်ငါးမိနစ်စောပြီး မာရသွန်တစ်ဝက်ပြိုင်ပွဲ (၁၃ မိုင်ကျော်) ပြေးမည့်သူများနှင့် သူတာထွက်ခဲ့သည်။ လီအဒီယာနက်ဇ် သည် အခြားအပြေးသမားများနှင့်အတူ တူညီသောစည်းချက်အတိုင်း ရှေ့ခြေနောက်ခြေချကာ မှန်မှန်ပြေးခဲ့သည်။ လေးမိုင်တွင် ပန်းဝင်စည်းကို မည်သည့်နေရာတွင်မျှမမြင်ရသောအခါ သူမသည် ပိုရှည်လျားပြီး ပိုမိုခက်ခဲသော အပြေးပြိုင်ပွဲကို ပြေးနေကြောင်း သဘောပေါက်လိုက်သည်။ သို့ရာတွင် ပြိုင်ပွဲမှ နုတ်ထွက်ခြင်းမပြုဘဲ ဆက်လက်ပြေးနေခဲ့သည်။ မာရသွန်တစ်ဝက်ပြိုင်ပွဲဝင်တစ်ဦးသည် အမှတ်မထင် (၁၃.၁) မိုင်ပြေးပွဲကို ပြီးမြောက်ခဲ့ပြီး ပန်းဝင်သူ ၂၁၁၁ ဦးတွင် ၁၈၈၅ အဆင့်ကို ရရှိခဲ့သည်။ ၎င်းသည် မဆုတ်မနစ်သော ဇွဲလုံ့လပေတည်း။
ပထမရာစုနှစ်က…


အခြားသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း
ဖိလစ် (Philip) ၏ဖခင်သည် ပြင်းထန်သောစိတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အိမ်မှထွက်ခွာကာ လမ်းပေါ်တွင် လေလွင့်နေထိုင်ခဲ့သည်။ စင်ဒီ (Cyndi) နှင့် သူမ၏သားငယ်လေး ဖိလစ်သည် သူ့အား တစ်နေကုန်ရှာဖွေခဲ့ပြီး ဖိလစ်သည် သူ့ဖခင်ကျန်းမာရေး အတွက် အမှန်ပင် စိုးရိမ်ခဲ့သည်။ သို့နှင့် သူ့မိခင်အား သူ့ဖခင်နှင့်အိမ်ယာမရှိသူများ နွေးထွေးမှုရှိမရှိကို မေးခဲ့သည်။ အဖြေအဖြစ် သူတို့သည် အဆိုပါဒေသရှိ အိုးမဲ့အိမ်မဲ့များအတွက် စောင်များနှင့် အအေးဒဏ်ကို ကာကွယ် ပေးသည့် အသုံးအဆောင်ပစ္စည်းများကို အားထုတ်လျက် စုဆောင်းဖြန့်ဝေခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ စင်ဒီသည် ဆယ်စုနှစ်တစ်စုကျော်ကြာသည်အထိ ထိုအလုပ်ကို သူမ၏အလုပ်ဟု မှတ်ယူခဲ့ပြီး၊ သူမ၏သားအတွက်၊ နွေးထွေးသော အိပ်စရာနေရာမရှိသည့်အခက်အခဲကို သတိပြုမိစေသည့် သူမ၏ဘုရားသခင်အပေါ် နက်ရှိုင်းသော ယုံကြည်ခြင်းအတွက် သူမ၏ ဂုဏ်ယူဝမ်းမြောက်ခဲ့သည်။
သူတစ်ပါး၏လိုအပ်ချက်အပေါ် တုံ့ပြန်ဖြည့်ဆည်းတတ်ရန် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကို သင်ပေးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထွက်မြောက်ရာကျမ်းတွင် မောရှေသည် လိုအပ်မှုများပြားလှသူများအား…

အသက်ကယ်သော ဘုရားသခင်၏ဉာဏ်ပညာတော်
စာများစုပုံလာသည်ကိုတွေ့ရှိပြီးနောက် စာပို့သူ စာတိုက်ဝန်ထမ်းမှာ စာလက်ခံရရှိသူအတွက် စိုးရိမ်လာခဲ့သည်။ ဤအိမ်၌ သက်ကြီးအဖွားအိုတစ်ဦးတည်း နေထိုင်ပြီး နေ့စဉ် သူမ၏စာများကို ထွက်ယူလေ့ရှိကြောင်း သူမသိသည်။ သို့နှင့် အဖွားအို၏ အိမ်နီးနားချင်းတစ်ဦးအား သူမ၏စိုးရိမ်မှုကို ပြောပြခဲ့ခြင်းဖြင့် အမြော်အမြင်ရှိသော ရွေးချယ်မှုတစ်ခုကို ပြုခဲ့သည်။ ဤအိမ်နီးချင်းက အဖွားအို၏အိမ်သော့အပိုရှိသော အခြားအိမ်နီးချင်းတစ်ဦးအား တပ်လှန့် နှိုးဆော်လိုက်ပြီး သော့ဖွင့်ကာ အိမ်ထဲသို့ အတူဝင်ကြည့်ရာ သူတို့၏ အိမ်နီးချင်းအဖွားအိုမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ သူမသည် လွန်ခဲ့သည့် လေးရက် ကတည်းကလဲကျနေခဲ့ပြီး မထနိုင်ခြင်းကြောင့် အကူအညီလည်း မတောင်းနိုင်ခဲ့ပေ။ စာတိုက်ဝန်ထမ်း၏ အမြော်အမြင်ရှိမှု၊ အလေးထားမှုနှင့် ဆုံးဖြတ်ချက်သည် အဖွားအို၏အသက်ကို ကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။
“သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏” (၁၁:၃၀) ဟု သုတ္တံကျမ်းက ဆိုထားသည်။ မှန်သောကျင့်ကြံပြုမူခြင်းနှင့် ဘုရားသခင်၏ပညာတော်နှင့်အညီ အသက်ရှင်ခြင်းမှ ရရှိသော ပိုင်းခြားသိမြင်မှုဉာဏ်သည် မိမိအတွက်သာမက မိမိနှင့်ကြုံတွေ့ရသူများအတွက်လည်း…