ခရစ်တော်ထံ အပြည့်အဝအပ်နှံမှု
၁၉၂၀ တွင် တရုတ်သင်းအုပ်ဆရာတစ်ဦး၏ ခြောက်ယောက်မြောက်သားဖြစ်သူ John Sung (ဂျွန်ဆန်း)သည် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားရန် ပညာသင်ဆုရရှိခဲ့သည်။ သူသည် အမြင့်ဆုံးအဆင့်ဖြင့် ဘွဲ့ရခဲ့ပြီး၊ မဟာဘွဲ့ကိုပါ ပြီးမြောက်အောင်မြင်ကာ၊ ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။ သို့သော်လည်း ပညာရေးနောက် လိုက်လျှောက်စဥ် ဘုရားသခင်ထံမှ သူလမ်းလွဲသွားခဲ့သည်။ ထို့နောက် ၁၉၂၇ ခုနှစ်၊ ညတစ်ညတွင် သူ၏အသက်တာကို ခရစ်တော်ထံ အပ်နှံပြီး တရားဟောဆရာတစ်ပါးဖြစ်ရန် ဘုရားသခင်စေခိုင်းသည်ဟု ခံစားခဲ့ရသည်။
တရုတ်ပြည်တွင် လစာကောင်းသော အလုပ်အကိုင်အခွင့်အလမ်းများစွာ စောင့်ဆိုင်းနေသော်လည်း သူ၏အိမ်အပြန်လမ်း သင်္ဘောပေါ်တွင် သူ၏ရည်မှန်းချက်ပေါင်းများစွာကို ဘေးဖယ်ရန် သန့်ရှင်းသောဝိညာဥ်တော်က သူ့အား စိတ်ချသေချာမှုပေးခဲ့သည်။ သူ၏ဝန်ခံအပ်နှံမှု သင်္ကေတအဖြစ် သူ၏ဆုတံဆိပ်အောင်လက်မှတ်များအားလုံးကို ပင်လယ်ထဲသို့ ပစ်ချခဲ့ကာ သူ၏မိဘများကို ရိုသေသမှု ပြုသောအားဖြင့် သူ၏ပါရဂူဘွဲ့တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။
တပည့်တော်ဖြစ်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှု ပြောခဲ့သည့် “လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း”…


ကျွန်ုပ်တို့၏ဘုရင် သခင်ယေရှု
ကမ္ဘာပေါ်တွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံး နိုင်ငံများအနက် တစ်နိုင်ငံတွင် ရေနံတူးနေစဥ် ကြီးမားသော မြေအောက်ရေစီးဆင်းမှုစနစ်ကို တွေ့ရှိခဲ့ခြင်းကြောင့် အံ့ဩထိတ်လန့်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၃ တွင် အဆင့်မြင့် သန့်ရှင်းလတ်ဆတ်သောရေကို အသည်းအသန်လိုအပ်နေသော မြို့များဆီသို့ ရေပိုက်များဖြင့်ရေကို သယ်ယူပို့ဆောင်သော “great man-made river“ (ကြီးမားသော လူလုပ်သည့်မြစ်) စီမံကိန်းကို စတင်ခဲ့သည်။ ထိုစီမံကိန်းအစပြုခဲ့သော နေရာတွင် “ဤနေရာမှ အသက်သွေးကြောစီးဆင်းသည်”ဟု ကဗျည်းကျောက်စာ၌ ရေးထိုးထားသည်။
ပရောဖက်ဟေရှာယသည် အနာဂတ်တွင် ပေါ်ထွန်းမည့်ဖြောင့်မတ်သောရှင်ဘုရင်ကို ခြောက်သွေ့ကန္တာရမြေမှ စီးထွက်သောရေအဖြစ် ပုံဖော်ထားသည် (ဟေရှာ ၃၂)။ “မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ ထိုမင်းတို့သည် ... သွေ့ခြောက်သောမြေ၌ စီးသောချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်ကြလိမ့်မည်” (:၂)။ သို့သော်လည်း အချို့သော အုပ်ချုပ်သူများမှာ ပေးကမ်းမည့်အစား ရယူကြသည်။ သို့သော် ဘုရားသခင်ကို လေးစားဦးထိပ်ထားသော ခေါင်းဆောင်တစ်ဦးသည် အရိပ်အာဝါသ၊ ခိုလှုံရာ၊…

ဂရုပြုခြင်းအားဖြင့် ဝေမျှခြင်း
လူငယ်သင်းအုပ်ဆရာတစ်ပါးသည် သူ့အားဖြင့် တစ်စုံတစ်ဦးကောင်းချီးဖြစ်စေရန် နေ့စဥ်ဆုတောင်းသည်။ မကြာခဏပင် သူဆုတောင်းသည့်အတိုင်း အခြေအနေတစ်ခုခု ပေါ်ပေါက်ခြင်းကြောင့် သူဝမ်းမြောက်ပျော်ရွှင်ရသည်။ တစ်ရက်တွင် သူ၏ဒုတိယအလုပ်၌ အနားယူနေစဥ်အတောအတွင်း နေရောင်အောက်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်အတူ သူထိုင်နေစဥ် ထိုသူက သူ့အား သခင်ယေရှုအကြောင်းကို မေးသည်။ တစ်ဘက်သား၏မေးခွန်းများကို သင်းအုပ်ဆရာက ရိုးရှင်းစွာ ဖြေခဲ့သည်။ စကားကြီးစကားကျယ်မပြော။ ငြင်းခုံမှုမပြုပေ။ ထိုသင်းအုပ်ဆရာက သန့်ရှင်းသောဝိညာဥ်တော်၏ လမ်းပြမှုခံရခြင်းကြောင့် သာမန်ကာလျှံကာ စကားပြောနေခြင်းဖြစ်သော်လည်း ထိရောက်စွာ၊ နှစ်လိုဖွယ်ကောင်းစွာ ပြောနိုင်ခဲ့သည်ဟု မှတ်ချက်ပေးသည်။ ဘုရားရှင်အကြောင်း ပိုမိုသိရှိရန် ဆန္ဒရှိသော မိတ်ဆွေသစ်လည်း ရခဲ့သည်။
သန့်ရှင်းသောဝိညာဥ်တော် ဦးဆောင်ရန် အခွင့်ပေးခြင်းသည် သခင်ယေရှုအကြောင်းကိုပြောရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ကိုယ်တော်သည် တပည့်တော်တို့အား “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည် ဟုမိန့်တော်မူ၏” (တ ၁:၈)။
“ဝိညာဥ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊…

ဘုရားသခင်၏ကျေးဇူးတော် ဆုကျေးဇူး
ကျွန်ုပ်သင်ကြားသော ကောလိပ်ကျောင်းတစ်ကျောင်းမှ စာရေးသားခြင်းသင်ခန်းစာ အတန်းအတွက် ကျောင်းသားများပြုစုထားသော စာတမ်းကို အဆင့်ခွဲသတ်မှတ်ချိန်တွင် တစ်ဦးသောသူ၏စာတမ်းကို ကျွန်ုပ်သဘောကျမိသည်။ ရေးသားမှုမှာ အလွန်ကောင်းသည်။ အလွန့်အလွန်ကောင်းသော ရေးသားမှုဟု ကျွန်ုပ်သတိထားမိပြီး မကြာပါ။ သေချာသည်နှင့် ကျွန်ုပ်အနည်းငယ် စူးစမ်းရှာဖွေလိုက်သည်နှင့် ၎င်းမှာ အွန်လိုင်းမှ ခိုးကူးရေးထားသောစာများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
သူမ၏လှည့်စားမှုကို ရှာဖွေတွေ့ရှိကြောင်း ထိုကျောင်းသူထံ အီးမေးလ်စာ ပေးပို့ခဲ့သည်။ ထိုစာတမ်းအတွက် သူမအမှတ်သုညသာ ရရှိခဲ့သော်လည်း ဂုဏ်ယူစရာ တစ်စိတ်တစ်ဒေသအဖြစ် စာတမ်းအသစ်ကို သူရေးနိုင်ခဲ့သည်။ “ကျွန်မအတော်ရှက်ပြီး တောင်းပန်ပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာရဲ့ ကျေးဇူးပြုမှုကို ကျွန်မ မခံထိုက်ပါဘူးရှင်” ဟုသူမတုံ့ပြန်သည်။ ရှင်ယေရှုသည် ကျွန်ုပ်တို့အား နေ့စဥ်ကျေးဇူးပြုခြင်းကြောင့် ကျွန်ုပ်လည်း သူမကို ကျေးဇူးမပြုဘဲ မနေနိုင်ကြောင်း ပြန်တုံ့ပြန်ခဲ့သည်။
ကျွန်ုပ်တို့၏အသက်တာများကို တန်ဖိုးမြှင့်စေပြီး ကျွန်ုပ်တို့၏ အမှားများမှ ကျွန်ုပ်တို့ကို ကယ်တင်နိုင်သော ဘုရားသခင်၏ကျေးဇူးတော် နည်းလမ်းပေါင်းများစွာရှိသည်။ ရှင်ပေတရုက “သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ…
ရွှင်လန်းစေသော စကားများ
မီးဖိုချောင်ထဲတွင် ရပ်လျက် ကျွန်မ၏သမီးက “မေမေ၊ ပျားရည်ထဲမှာ ယင်ကောင်တစ်ကောင် ရှိတယ်”ဟု ပြောရာ၊ “ရှာလကာရည်(အချဥ်)ထက်စာရင် ပျားရည်နဲ့ဆို ယင်ကောင်တွေကို အမြဲပိုပြီးဖမ်းမိတာပေါ့” ဟု ကျွန်မအကျွမ်းဝင်သောဆိုရိုးနှင့် အရွှန်းဖောက်လိုက်သည်။ ၎င်းသည် ပထမဆုံး အကြိမ် အမှတ်တမဲ့ ပျားရည်နှင့် ယင်ကောင်ကို ဖမ်းမိခြင်းဖြစ်ပြီး၊ ခါးသီးသောသဘောထားထက် ကြင်နာသော တောင်းဆိုမှုက လူကိုပို၍ ဆွဲဆောင်နိုင်သည်ဟူသော အထက်ပါခေတ်သစ်ဆိုရိုး စကား၏အမှန်တရားကို ကျွန်မကိုးကားမိခြင်းဟု သဘောပေါက်လိုက်သည်။
သုတ္တံကျမ်းသည် ဘုရားသခင်၏ဝိညာဥ်တော်မှုတ်သွင်းသော ပညာအမြော်အမြင်နှင့်ပြည့်စုံသော သုတ္တံစကားပေါင်းချုပ်ဖြစ်သည်။ ဤဆိုရိုးစကားများသည် ဘုရားသခင်ကို လေးစားချီးမြှောက်သောနည်းလမ်းဖြင့် မည်သို့ အသက်ရှင်ရမည်ဟု အရေးပါသည့်အမှန်တရားများကို ကျွန်မတို့အား လမ်းပြသွန်သင်ပေးသည်။ သုတ္တံစကား အများစုသည် လူသားချင်းပေါင်းသင်းဆက်ဆံရေးကို အလေးထားဖော်ပြပြီး၊ အခြားသူများအပေါ် ကျွန်မတို့စကားများ၏ သက်ရောက်မှုများလည်း ဖော်ပြပါရှိသည်။
ရှောလမုန်ရေးသော သုတ္တံစကားများတွင် ကိုယ်နှင့်စပ်ဆိုင်သောသူကို ဆန့်ကျင်၍ မှားယွင်းသောစကားများ ပြောခြင်းအားဖြင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုကို သတိပေးထားသည် (သု ၂၅:၁၈)။…
