လ - ဇန်နဝါရီ 2024

လမ်းဆုံလမ်းခွ၌ရှိသော ဘုရားသခင်

ရက်အတန်ကြာဖျားနာပြီးနောက် ကိုယ်ပူချိန်တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ကျွန်မ၏ ခင်ပွန်းသည် အရေးပေါ်ကုသပြုစုမှုခံရန် လိုအပ်လာသည်။ ဆေးရုံကလည်း သူ့ကို ချက်ချင်းဆေးရုံတက်ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် တိုးတက်မှုရှိလာသော်လည်း ဆေးရုံမှဆင်းနိုင်သည့်အခြေအနေတော့ မရှိသေးပါ။ ခင်ပွန်းနှင့်အတူ ရှိနေပေးရမည်လား (သို့) လူများစွာနှင့် လုပ်ဆောင်ရမည့် စီမံချက်များစွာပါဝင်သည့် အရေးကြီးအလုပ်နှင့် ခရီးထွက်ရမည်လားဟု ရွေးချယ်ရန် ကျွန်မအခက်တွေ့ခဲ့ရပါသည်။ ကျွန်မ၏ခင်ပွန်းကတော့ သူနေကောင်းသွားမှာပါဟု အခိုင်အမာပြောပြီး အလုပ်ကို သွားလုပ်ရန်သာပြောသော်လည်း သူနှင့်အလုပ်ကြားတွင် ကျွန်မဗျာများစိတ်ပူပန်ခဲ့ရပါသည်။

ဘုရားလူများသည်လည်း ဘဝအတွက်ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ကိုယ်တော်၏အကူအညီလိုအပ်ပါသည်။ သို့သော် ဘုရားသခင် ဖော်ပြညွန်ကြားချက်များကို လူတို့စိတ်မစွဲ၊ မလိုက်နာခြင်းက ဆိုးလှသည်။ ထို့ကြောင့် သခင်၏ပညတ်တော်များကို လိုက်နာခြင်းအားဖြင့် “အသက်”ကို ရွေးချယ်ရန် မောရှေက လူတို့အား မေတ္တာရပ်ခံခဲ့သည် (တရား ၃၀:၁၉)။ နောက်ပိုင်းတွင် ထိန်းကြောင်းရန်ခက်ခဲသော ဘုရားသခင်၏လူတို့အား ကိုယ်တော်၏လမ်း၌ လျှောက်လှမ်း လိုက်နာရန် ပရောဖက် ယေရမိက တိုက်တွန်းသွေးဆောင်ခဲ့သည်။ “လမ်းနားမှာ…

ခရစ်တော်၌ ငြိမ်သက်စွာယုံကြည်ခြင်း

သူကို ပထမတော့ ကျွန်တော်သတိမထားမိပါ။ ကျွန်တော်တည်းခိုသောဟိုတယ်တွင် နံနက်စာစားရန်အောက်ထပ်သို့ဆင်းလာလျှင် စားသောက်ခန်းထဲတွင် အရာရာတိုင်းသည် သန့်ပြန့်လျက်ရှိပါသည်။ ဘူဖေးပြင်ဆင်ထားသောစားပွဲ၌ အစားအသောက်များအပြည့်ရှိသည်။ ရေခဲသေတ္တာထဲ၌လည်း အစားအသောက်များအပြည့်နှင့် မီးဖိုချောင်ပစ္စည်းများကို သပ်ရပ်စွာ သိမ်းဆည်းထားသည်။ အရာရာတိုင်း စနစ်တကျရှိနေသည်။

ထို့နောက်မှ ကျွန်တော်သူ့ကိုမြင်သည်။ မာန်မာနမရှိဘဲ၊ နှိမ့်ချလျက် လိုအပ်သည်များကို ဖြည့်ပေး၊ သန့်ရှင်းပေးသည်။ သူ့ကို သတိထားမိ‌အောင် လုပ်နေခြင်းလည်း မဟုတ်ပါ။ သူ့ကို အချိန်ကြာကြာ စောင့်ကြည့်မိလေ ကျွန်တော်ပို၍အံ့သြမိသည်။ သူက သွက်လက်စွာ အလုပ်လုပ်သည်။ မျက်စိလျင်ပြီး အခြားသူများ လိုမှမဟုတ်ဘဲ လျော့သွားသောအစားအစာကို  လျှင်မြန်စွာပြန်လည် ဖြည့်တင်းပေးသည်။ ကျွန်တော်ကိုယ်၌က အစားအသောက်ဝန်ဆောင်မှု‌ပေးသည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့်အတွက် သူ၏အာရုံ မလစ်ဟင်းစေဘဲ အသေးစိတ် စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်းကို သတိထားမိသည်။ သူ့ကို လူအနည်းငယ်သာ သတိပြုချင်ပြုမိမည်ဖြစ်သော်လည်း သူသည် သစ္စာရှိရှိ လုပ်ကိုင်နေခြင်းကြောင့် အရာရာ ကောင်းမွန်ပြည့်စုံနေသည်။

ထိုသူ၏ စေ့စေ့စပ်စပ် အလုပ်လုပ်တတ်မှုကိုကြည့်ပြီး…

မျှော်လင့်ခြင်းကို လိုက်လံရှာဖွေခြင်း

အဏ္ဏဝါဗေဒပညာရှင် Sylvia Earle (စေးလ်ဗီယာ အာလ်)သည် သန္တာကျောက်တန်းများ ပျက်စီးယိုယွင်းမှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ သို့နှင့် ကမ္ဘာလုံးဆိုင်ရာ “hope spots” (မျှော်လင့်ခြင်းနေရာများ) ပေါ်ပေါက်လာအောင် လှုပ်ရှားဆောင်ရွက်သည့် ‘Mission Blue’ (အပြာရောင်မစ်ရှင်)အဖွဲ့ကို သူမတည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ထိုထူးခြားသောနေရာများသည် “ပင်လယ်သမုဒ္ဒရာ ကျန်းမာရေးအတွက် အ‌ရေးပါသောနေရာများ”ဖြစ်ပြီး ကမ္ဘာမြေရှိ လူသားတို့၏ဘဝ ရှင်သန်ရပ်တည်မှုအပေါ် သက်ရောက်မှုဖြစ်စေသည်။ ထိုနေရာများကို ရည်ရွယ်ချက်ဖြင့် ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ရေအောက်ကမ္ဘာ၏ဖွဲ့စည်း ဖြစ်တည်မှုကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပျောက်ဆုံးတော့မည့်ရေသတ္တဝါမျိုးစိတ်များကိုပြန်လည်ထိန်းသိမ်းခြင်း၏ အပြန်အလှန်ဆက်နွယ်မှုကို သိပ္ပံပညာရှင်များ မြင်တွေ့ခဲ့သည်။

ဆာလံ ၃၃ တွင် ဘုရားသခင်သည် နှုတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖြစ်တည်စေပြီး ထိုအရာအားလုံး ခိုင်ခံ့မြဲမြံစေရေးကိုလည်း သေချာ‌စွာ စီမံထားကြောင်း ဆာလံဆရာက သိမှတ်ဝန်ခံသည် (:၆-၉)။ ဘုရားရှင်သည် လူမျိုးအဆက်ဆက်နှင့် တိုင်းနိုင်ငံများကို အုပ်စိုးတော်မူသည်နှင့်အညီ (:၁၁-၁၉) ဆက်ဆံရေးများကို ပြန်လည်သင့်မြတ်စေခြင်း၊ အသက်ကယ်တင်ခြင်းနှင့် မျှော်လင့်ချက်များ ရှင်သန်တက်ကြွစေခြင်းတို့ကို…

မြန်မာပြည်အတွက် အလင်းဖြစ်စေ

ကလေးသူငယ်များသည် ကျွန်ုပ်တို့၏အနာဂတ်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ၎င်းတို့၏အနာဂတ်နှင့် မျှော်လင့်ခြင်းများ ပျောက်ဆုံးနေပါသည်။ Discovery House Distributors Singapore နှင့် နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းတို့ ပူးပေါင်းလျက်၊ ဤခရစ္စမတ် အချိန်နှင့် ၂၀၂၄ နှစ်သစ် အချိန်ခါမယတွင် ဆိုလာစွမ်းအင်သုံးမီးအိမ်သာမက နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် “ကလေးသူငယ်များအတွက် နေ့စဥ်ခွန်အား” ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်ကို အတူပူးတွဲလျက် ကလေးသူငယ် ၁,၀၀၀ ဆီသို့ ကမ်းလှမ်းပေးပို့ရန် စီစဥ်လုပ်ဆောင်လျက်ရှိနေပါသည်။

ပိုမိုသိရှိလိုပါက "မြန်မာပြည်အတွက်အလင်းဖြစ်စေ" ဝဘ်စာမျက်နှာ သို့သွားရောက်ဖတ်ရှုပါ။

သားတော်သည်လည်း ထမြောက်တော်မူ၏

Ernest Hemingway (အဲနက်စ် ဟဲမင်းဝေး) ၏ ပထမဆုံးထုတ် ဝတ္ထုရှည်ထဲတွင် ပထမကမ္ဘာစစ်ဒဏ်ကို မကြာမီကခံခဲ့ရသော အရက်သမား သူငယ်ချင်းတစ်စုအကြောင်းကို ရေးထားသည်။ အပျက်အစီးများသည့်စစ်ပွဲကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရသည့်ဒဏ်ရာအမာရွတ်များကို ဖြေဖျောက်ရန် ပါတီပွဲသွားခြင်း၊ စွန့်စားမှုများပြုလုပ်ခြင်း၊ နေရာအနှံ့သွားရောက် အနားယူကြသည်။ အမြဲပင် အရက်သေစာဖြင့် နာကျင်ခံစားမှုများကို ဖြေဖျောက်စေသော်လည်း မည်သူမျှ မပျော်ရွှင်ပါ။

ဟဲမင်းဝေး က သူ့ဝတ္ထုကို ‘The Sun Also Rises’ (နေမင်းကြီးလည်းထွက်လာပြီ) ဟုအမည်ပေးထားပြီး၊ ၎င်းကို ဒေသနာကျမ်းမှ (၁:၅) တိုက်ရိုက်ယူ၍ သုံးထားသည်။ ဒေသနာကျမ်းတွင် ရှောလမုန်မင်းကြီးက သူ့ကိုယ်သူ “ဒေသနာဆရာ” အဖြစ် ရည်ညွှန်းပြီး (:၁)၊ “ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြသည်” ဟုသူသတိပြုမိ၍ (:၂)၊ “လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုး ရှိသနည်း” ဟုမေးခွန်းထုတ်ခဲ့သည် (:၃)။ နေသည် ဝင်လျက်ထွက်လျက်ရှိခြင်း၊ လေသည်လည်း…